Win & Win
Garment & Sewing
28/12/2024
မနက်ဆို ဝန်ထမ်းတွေကို မှာစရာရှိတာမှာ ပြီးတော့ မှာထားတဲ့အတိုင်း ဖြစ်လာ မလာ ကြည့်.... ပြီးတော့ ထပ်ပြီး Remind လုပ်....မနက်စာစား.....အလုပ်အတွက်လိုအပ်တဲ့ Accessories တွေအပြင်ထွက်ဝယ်....Client ရဲ့ Warehouse ဆီ အထည်တွေ အချိန်မှီပို့....ချုပ်ရုံခွဲတွေစီ အထည်လိုက်စစ်...သိမ်း....ချပေး....ငွေရှင်း.... ပြီးတော့ ကိုယ်ချုပ်ရုံဆီပြန်လာ....Daily Result တွေစစ်....ဝန်ထမ်းတွေကို Ferry လိုက်ပို့.....တခါတရံမုန့်လိုက်ကြွေး....အိမ်ပြန်....စာရင်းလုပ်....ဖုန်းသုံးဖို့ကြည့်တော့ ည ၁၁ နာရီ ......ခဏလောက်တော့ကြည့်....ဒီလိုနဲ့ ၂၀၂၄ ကုန်ဆုံးတော့မယ်.....
WELCOME 2025.......
အလုပ်တွေပိုကြိုးစားမယ်......
ချစ်ရတဲ့ ဒုတိယမိသားစု ဝန်ထမ်း ညီမလေးတွေကို.....
၂၀၂၅ မှာ လစာ ပိုတိုးပေးမယ်......
ဘုရား တရား ပိုလုပ်နိုင်အောင်ကြိုးစားမယ်......
မိဘ ဆရာ ရိုသေကန်တော့မယ်......
🍀စေတနာကောင်းလျှင်ကံကောင်းမည်......
#အထည်ချုပ်ရုံ #စေတနာကောင်းလျှင်ကံကောင်းမည်
17/10/2024
🕯🎆🎇ယခုလိုဝါလကင်းလွတ်သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) အခါသမယမှာ မိသားစုနဲ့တူတူ ချစ်ခင်ရသူတွေနဲ့အတူ ကောင်းမွန်ပြည့်စုံသောအချိန်အခါလေးများကို ပျော်ရွှင်စွာဖြတ်သန်းနိုင်ကြပြီး လိုအင်ဆန္ဒများလည်းပြည့်ဝကြပါစေကြောင်း Win & Win Garment မိသားစုမှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗျာ....
🍀စေတနာကောင်းလျှင်ကံကောင်းမည်.....
#စေတနာကောင်းရင်ကံကောင်းမည်
17/10/2024
🕯🎆🎇 Thadinggyut Full Moon Day
🙏🙏🙏 ကျေးဇူးရှင်မိဘနှစ်ပါးအား သီတင်းကျွတ်လပြည့်နေ့အခါမှာ လက်ဆယ်ဖြာဦးထိပ်ပန်ဆင်လျှက် ငွေကျပ် ၂၀၀၀၀၀ ဖြင့်ရိုသေစွာကန်တော့ခဲ့ပါသည်.....
🙏🙏🙏 ခင်ပွန်းကြီးဆယ်ပါးထဲ ၁ပါးပါဝင်သော ဆရာ ကိုစိုးလွင်ကိုလည်း သီတင်းကျွတ်အချိန်အခါမှာ တက်နိုင်သလောက် လက်ဆောင်လေးဖြင့်သွားရောက်ကန်တော့ခဲ့ပါသည်....
🙏🙏🙏 သင်ဆရာ မြင်ဆရာ အားလုံးအားရိုသေစွာကန်တော့ပါသည်.....
🍀 စေတနာကောင်းလျှင်ကံကောင်းမည်.....
#စေတနာကောင်းရင်ကံကောင်းမည်
Click here to claim your Sponsored Listing.
Category
Website
Address
North Dagon
Yangon