Aung Ko Myanmar

Aung Ko Myanmar

Share

Aung Ko Myanmar Pageမှ Products & Promotionများကို ​ရောင်းချသ?

17/11/2020

"(၁၀) စက္ကန့်အတွင်းဆွဲဆောင်နည်း "

ယနေ့ခေတ်အတွင်း မြောက်များစွာသော အွန်လိုင်းကြော်ငြာများအတွင်း မိမိ ကုန်အမှတ်တံဆိပ်ကို ဂရုပြုမိဖို.ရာ နည်းလမ်းမျိုးစုံဖြင့်ကြိုးစားလျှက်ရှိကြပါတယ်။ ဖျတ်ခနဲ သတိပြုမိဖို.ရာ အထောက်အကူပြုမည့် နည်းလမ်း (၃) မျိုးကိုဖော်ပြပေးလိုက်ပါတယ်။

(၁) Post Title
ထိရောက်ပြီးတိုတိုနဲ့ရှင်းလင်းစွာရေးပါ ၊ ဥပမာ ။ ။ သင်က ခေါင်းလျှော်ရည် ရောင်းတယ်ဆိုရင် "ဆံပင်ကျွတ်တတ်သူတိုင်းအတွက် အဖြေတစ်ခု" ဒီလောက်ဆိုလုံလောက်ပါပြီ။ အများကြီးတွေ ရေးရင် Focus ပျောက်သွားပါမယ်။

(၂) Post Design
ရှင်းလင်းပြီး Color Theory ကိုကျနစွာ အသုံးပြုပြီး ဖန်တီးပါ။ အစားအသောက်ဆိုရင် ဘယ်လိုအရောင်သုံးမယ်၊ အလှကုန်ဆို ဘယ်လိုအရောင်သုံးမယ် စသဖြင့် အတိအကျ သတ်မှတ်ချက်တွေရှိပါတယ်။ စာတွေလည်းအများကြီးမထည့်ပါနှင့် Facebook AI က သတ်မှတ်ထားတဲ့ Text Potion ကိုကျော်သွားရင် သင့်ကြော်ငြာက Reach တွေကျသွားပါလိမ့်မယ်။ အဓိက ကြော်ငြာ တွေကို တော့ Motion Graphic လေးတွေသုံးစေခြင်ပါတယ်။ ရိုးရိုး Design တွေထက် Motion Graphic လေးတွေကို ပိုမိုစိတ်ဝင်စားကြပါတယ်ဗျ။

(၃) Promotion Idea
ယနေ့ခေတ်မှာ ကျွန်တော်တို.ရဲ့ Consumer တွေက Promotion and Lucky Draw ကိုစွဲလန်းနေကြပါပြီ၊ သင့် Product က ဘယ်လောက်ကောင်းနေသည်ဖြစ်စေ ဆွဲဆောင်မှုတစ်ခုအနေဖြင့် လက်ဆောင်လေးတစ်ခုကိုတော့ ဖန်တီးပေးရမှာ ဖြစ်ပါတယ်။ ဒီနေရာ မှာလည်း မိမိရဲ့ Promotion Idea ကဆန်းသစ်နေဖို.အဓိက လိုအပ်ပါတယ်။ ကျွန်တော်တို. ဆီက ဆင်ကြီးဝယ်ပါ ချွန်းတစ်လက် လက်ဆောင်ပေးပါ့မယ်ဆိုတဲ့ Promotion မျိုးကိုတော့ ရှောင်ရှားရပါလိမ့်မယ်။

အနှစ်ချုပ်ရသော အောင်မြင်သော Promotion Campaign တစ်ခုကိုဖန်တီးမည်ဆိုပါ က
များစွာသော Strategy များချမှတ်၍ အကောင်အထည်ဖော်ဆောင်နိုင်မှသာ မိမိတို.လိုလားသော Right Target သို.ထိရောက်စွာဖန်တီးနိုင်မည်ဖြစ်ပေသည်။

ယခု Post လေးသည် တစ်ထောင့်တစ်နေရာမှသင့်အတွက် အထောက်အကူပြုပါ က Comment Box မှာ " AKM" ဟုမန့်ခဲ့ပေးပါခင်ဗျာ။

Want your business to be the top-listed Shop in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon