utmz68
news and knowledge
18/10/2023
လူ ၅၀၀ နီးပါး သေဆုံးခဲ့သည့် ဂါဇာဆေးရုံ ပေါက်ကွဲမှု ဖြစ်ပွားနောက် အီရန်က အချိန်စေ့သွားပြီဟု အစ္စရေးကို သတိပေး
လူ ၅၀၀ နီးပါးသေဆုံးခဲ့ရသည့် ဂါဇာ ဆေးရုံပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် အချိန် စေ့သွားပြီဟု အောက်တိုဘာ ၁၈ ရက်တွင် ဆီးရီးယားနိုင်ငံရှိ အီရန်သံရုံးက အစ္စရေးကို သတိပေးလိုက်သည်။
ဂါဇာ၌ ပါလက်စတိုင်းများအပေါ် ကျူးလွန်သော ရာဇဝတ်မှုများအတွက် အစ္စရေး တာဝန်ရှိသူများကို တရားစွဲရမည်ဟု အီရန်ဥသျှောင် အယာတိုလာခါမေနီက အစောပိုင်းတွင် ပြောကြားခဲ့သည်။
ဆီးရီးယားနိုင်ငံရှိ အီရန်သံရုံးက ၎င်း၏ တရားဝင်လူမှုမီဒီယာ X တွင် “အချိန်စေ့ပြီ” ဟု ရေးထားသောပို့စ်ကို အောက်တိုဘာ ၁၈ ရက်တွင် တင်ခဲ့သည်။
■ Read More - - - >>> https://news-eleven.com/article/255342
Ref: India today
Photo: AFP
07/10/2023
စစ်ပွဲမှာ ယူကရိန်း ရှုံးနိမ့်ရင် ရုရှားက အခြားတိုင်းပြည်တွေကို တိုက်ခိုက်လိမ့်မယ်လို့ သမ္မတ ဇီလန်စကီးက ဉရောပခေါင်းဆောင်တွေကို သတိပေး
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၇ ရက်
ဉရောပနိုင်ငံတွေက ယူကရိန်းအတွက် ပံ့ပိုးကူညီမှု မပြုတော့လျင် ရုရှားနိုင်ငံက ၅ နှစ်အတွင်း စစ်ရေး စွမ်းပကား ပြန်လည်တည်ဆောက်ကာ အခြားတိုင်းပြည်တွေကို တိုက်ခိုက်နိုင်တယ်လို့ ယူကရိန်းသမ္မတ ဇီလန်စ ကီးက ဉရောပခေါင်းဆောင်တွေကို သတိပေးလိုက်ပါတယ်။
အမေရိကန်နိုင်ငံနဲ့ အခြားဉရောပတိုင်းပြည်တွေမှာ နိုင်ငံရေးမုန်တိုင်းတွေ ရှိလင့်ကစား ယူကရိန်းသို့ ငွေ ကြေးအကူအညီ ဆက်လက် ထောက်ပံ့မယ်လို့ ယုံကြည်ကြောင်း စပိန်နိုင်ငံမှာကျင်းပတဲ့ ဉရောပ နိုင်ငံရေးအ သိုင်းအဝိုင်း ထိပ်သီးဆွေးနွေးပွဲ တက်ရောက်နေတဲ့ ဇီလန်စကီးက ဆိုပါတယ်။
ရုရှားရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ယူကရိန်းအရှေ့ပိုင်း၊ ကာကတ်ဗ်မြို့တော်မှာ ကလေးငယ် တွေဟာ မြေအောက်ဘူတာရုံတွေမှာ စာသင်နေရတယ်လို့ သူက မိန့်ခွန်းတစ်ခုအတွင်း စိတ်ထိခိုက်စွာ ပြောပါ တယ်။
အောက်တိုဘာလ ၅ ရက်က ယူကရိန်းနိုင်ငံ၊ ကာကတ်ဗ်ဒေသရှိ ကျေးရွာတစ်ရွာအပေါ် ရုရှားရဲ့ တိုက် ခိုက်မှုကြောင့် ၆ နှစ်အရွယ် ကလေးငယ်တစ်ဉီး အပါအဝင် လူ ၄၉ ဉီးထက်မနည်း သေဆုံးခဲ့တယ်လို့ ယူကရိန်း တာဝန်ရှိသူတွေက ပြောပါတယ်။
ယူကရိန်းသို့ စစ်လက်နက်တွေ ထောက်ပံ့ပေးခြင်းအားဖြင့် ဉရောပတိုင်းပြည်တွေဟာ ရုရှားနိုင်ငံက ဉ ရောပတိုက်ရှိ အခြားတိုင်းပြည်ကို မတိုက်ခိုက်အောင် ကူညီပေးနိုင်တယ်လို့ ဇီလန်စကီးက ပြောပါတယ်။
“ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ကမ္ဘာ့အခြားဒေသတွေအပေါ် တိုက်ခိုက်ခွင့်ပေးလို့ မရပါဘူး။ အခြား တိုင်းပြည်တစ်ခုမှာ ရုရှားစစ်တပ်ရှိနေတာဟာ ကျွန်တော်တို့အားလုံးအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်ပါတယ်။ ရု ရှားကို အခြားတိုင်းပြည်တွေကနေ မောင်းထုတ်နိုင်ဖို့ ကျွန်တော်တို့ အတူလက်တွဲဆောင်ရွက်ရပါမယ်” လို့ သူက ဆိုပါတယ်။
၂၀၂၄ ခုနှစ်မှ ၂၀၂၇ ခုနှစ်အထိ ၃ နှစ်တာကာလအတွင်း ယူကရိန်းသို့ ယူရို ၅၀ ဘီလီယံ ထောက်ပံ့ပေးဖို့ လုပ်ဆောင်နေပြီး အမေရိကန်နိုင်ငံက ယူကရိန်းသို့ ဆက်လက်ပံ့ပိုးမယ်လို့ ယုံကြည်ကြောင်း ဉရောပကော်မရှင် အကြီးအကဲ အူဆူလာ ဗွန်ဒါလီယန်းက ပြောပါတယ်။
စပိန်က ယူကရိန်းသို့ လေကြောင်းရန်ကာကွယ်ရေးစနစ်နဲ့ ဒရုန်းဖျက်စနစ်တွေ ထောက်ပံ့ပေးမယ့်အပြင် ယူကရိန်းတပ်ဖွဲ့ဝင်တွေကို လေ့ကျင့်ပေးမယ်လို့ စပိန်အစိုးရ သတင်းရင်းမြစ်တစ်ခုက ပြောပါတယ်။
ကိုးကား - Reuters
Ref; Zelenskiy tells Europe: Russia will attack others if Ukraine loses
04/10/2023
အယ်လ်ဟီလေ အသင်းအတွက် ပထမဆုံးဂိုးသွင်းယူပေးခဲ့တဲ့ နေမာ
နေမာကတော့ သူ့ရဲ့ဆော်ဒီကလပ်အယ်လ်ဟီလေ အတွက် ပထမဆုံးဂိုးကို AFC Champion League ပွဲမှာ သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ အယ်လ်ဟီလေဟာ
အီရန်ကလပ် Nassaji အသင်းနဲ့ ကစားခဲ့ရပြီး အဝေးကွင်းမှာ ၃-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။ ဒီမှာနေမာဟာ ခြေစွမ်းပြနိုင်ခဲ့ပြီး တစ်ဂိုးသွင်း တစ်ဂိုးဖန်တီး်မူပြုလုပ်ခဲ့ပါတယ်။
04/10/2023
★ ချန်ပီယံလိဂ်အုပ်စုပွဲစဉ် (၂) (ပထမနေ့)
ပွဲစဥ်အလိုက် အကောင်းဆုံးဆုရှင်များ
03/10: Union Berlin 2-3 Braga – Bruma
03/10: Salzburg 0-2 Real Sociedad – Brais Méndez
03/10: Man United 2-3 Galatasaray – Rasmus Højlund
03/10: Copenhagen 1-2 Bayern – Joshua Kimmich
03/10: Lens 2-1 Arsenal – Elye Wahi
03/10: PSV Eindhoven 2-2 Sevilla – Noa Lang
03/10: Napoli 2-3 Real Madrid – Jude Bellingham
03/10: Inter 1-0 Benfica – Lautaro Martínez
Photos: Teams' Facebook
04/10/2023
★ ချန်ပီယံလိဂ်အုပ်စုပွဲစဉ် (၂) (ပထမနေ့) ပွဲပြီးရလဒ်များ
နာပိုလီ ၂-၃ ရီးယဲလ်မက်ဒရစ်
နာပိုလီ - အော်စတီဂတ် (၁၉')၊ ဇီလင်စီကီး (၅၄')
ရီးယဲလ်မက်ဒရစ် - ဗင်နီစီယပ်စ် (၂၇')၊ ဘယ်လင်ဟမ် (၃၄')၊ မယ်ရတ် (၇၈' OG)
အင်တာမီလန် ၁-၀ ဘင်ဖီကာ
အင်တာမီလန် - မားကပ်စ်သူရမ် (၆၂')
ကိုပင်ဟေဂင် ၁-၂ ဘိုင်ယန်မြူးနစ်
ကိုပင်ဟေဂင် - လီရာဂါ (၅၅')
ဘိုင်ယန်မြူးနစ် - မူဆီယာလာ (၆၇')၊ မက်သိုင်းTel (၈၃')
မန်ယူ ၂-၃ ဂါလာတာစာရေး
မန်ယူ - ဟွိုင်လန်း (၁၇'၊ ၆၇')
ဂါလာတာစာရေး - ဇာဟာ (၂၃')၊ အက်တာကိုဂလူး (၇၁')၊ အီကာဒီ (၈၁')
လန်းစ် ၂-၁ အာဆင်နယ်
လန်းစ် - သောမတ်ဆန် (၂၅')၊ ဝါဟီ (၆၉')
အာဆင်နယ် - ဂျေးဆူး (၁၄')
PSV ၂-၂ ဆီဗီလာ
ဆာလ်ဇ်ဘာ့ဂ် ဝ-၂ ဆိုစီဒက်
အူန်ယွန်းဘာလင် ၂-၃ ဘရာဂါ
Photos: Twitter
04/10/2023
Siam Paragon ပစ်ခတ်မှုကြောင့် သေ-ဆုံးသူများထဲတွင် မြန်မာရွှေ့ပြောင်းလုပ်သား အမျိုးသမီးတစ်ဦးပါဝင်နေ
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Siam Paragon ဈေးဝယ်စင်တာတွင် အောက်တိုဘာ (၃) ရက် ညနေပိုင်းက ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုတွင် သေ-ဆုံးသူများထဲ မြန်မာရွှေ့ပြောင်း အမျိုးသမီး လုပ်သားတစ်ဦး ပါဝင်ခဲ့ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားချက်အရ သိရသည်။
ဘန်ကောက်မြို့ Siam Paragon Shopping Mall အတွင်း ပစ်ခတ်မှု တစ်ခုဖြစ်ပွားခဲ့ရာ လူ (၄) ဦး သေ-ဆုံးပြီး (၅) ဦးခန့် ဒဏ်ရာရရှိခဲ့ကာ သေ-ဆုံးသည့်ထဲ ပါဝင်သူ မြန်မာရွှေ့ပြောင်းလုပ်သား အမျိုးသမီးမှာ မမိုးမြင့်ဖြစ်ကြောင်း ထိုင်းသတ င်းများအရ သိရသည်။
မမိုးမြင့်အား ဆေးရုံတွင် (၁) နာရီခန့်ကြာအောင် ကုသပေးသော်လည်း သေ-ဆုံးခဲ့ရကြောင်း ထိုင်းသတင်းများအရ သိရသည်။
အဆို ပစ်ခတ်မှု ဖြစ်စဥ်နှင့် ပတ်သက်၍ အသက် (၁၄) နှစ်အရွယ် လူငယ် တစ်ဦးကို ဖမ်းဆီးထားကြောင်း သိရသည်။
ပစ်ခတ်ခံရမှူကြောင့် သေ-ဆုံးသူများ၏ ဈာပနအတွက် ဘုရင့်တော်ဝင်နန်းတော်မှ တာဝန်ယူသွားမည် ဖြစ်ကြောင်း သိရသည်။
သေ-နတ်ဖြင့် ပစ်ခတ်မှူ ဖြစ်စဥ်များသည် ထိုင်းနိုင်ငံတွင် အဖြစ်များသော ဖြစ်ရပ် တစ်ခုဖြစ်ပြီး ပြီးခဲ့သည့်နှစ်ကလည်း ရဲအရာရှိဟောင်းတစ်ဦး၏ ကျောင်းအတွင်းဝင်ရောက်ပစ်ခတ်မှုကြောင့် ကလေးငယ် (၂၂) ဦး သေ-ဆုံးခဲ့မှုလည်း ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။
Photo - AFP
Click here to claim your Sponsored Listing.
Category
Website
Address
9th Street
Yangon