Thet Lon Hospital

Thet Lon  Hospital

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Thet Lon Hospital, Hospital, ၄၃၁-၄၃၂ ၊မေဓါဝီလမ်း၊မြောက်ဥက္ကလာ, Yangon.

13/08/2021

ကိုဗစ်ဖြစ်လျှင်

၁) CRP တက်ပါတယ်။
၂) D- dimer တက်ပါတယ်။
၃) ferritin တက်ပါတယ်။

1️⃣ C-Reactive Protein ( CRP ) တက်ခြင်း ။

ခန္ဓာကိုယ်အတွင်းမှာ ရောဂါပိုးဝင်တာနဲ့ ၊ ရောင်ကိုင်းမှုဖြစ်တာနဲ့ CRP ကတက်ပါတယ်။ ကိုဗစ်ကူးစက်တိုက်ခိုက်ခံရတဲ့အခါ ရောင်ကိုင်းခြင်းဖြစ်ပေါ်တဲ့အတွက် CRP တက်တာတော့မထူးဆန်းပါဘူး။

CRP ရဲ့ ထူးခြားချက်က တုန့်ပြန်မှုမြန်တဲ့အတွက် ရောင်ကိုင်းမှုဖြစ်ပေါ်တာချက်ချင်းသိရပါတယ်။ ရောဂါပိုးဝင်ပြီး ၆ နာရီကနေ ၈ နာရီအတွင်း တဟုန်တိုးမြင့်တက်ပါတယ်။ ၄၈ နာရီအတွင်းမှာ 300-350 mg/L အထိတက်ပါတယ်။ ရောင်ကိုင်းမှုပြင်းထန်လျှင် CRP က အဆငါးသောင်းလောက်တက်ပါတယ်။

ခန္ဓာကိုယ်ထဲ ရောဂါပိုးဝင်မှု၊ ရောင်ကိုင်းမှုမဖြစ်နေလျှင် CRP မဖြစ်ပေါ်နေပါဘူး။

CRP က ရောဂါပိုးဝင်ရင်၊ ရောင်ကိုင်းနေလျှင် မြင့်တက်လေ့ရှိတဲ့အတွက် ၊ CRP မြင့်တက်တာနဲ့ COVID လို့ပြောလို့မရပါဘူး။ တစ်ခြားရောဂါပိုးတစ်ခုခုဝင်ရင်လည်း CRP မြင့်တက်ပါတယ်။

2️⃣ D-dimer တက်ခြင်း။

ကိုဗစ်ဖြစ်လျှင် ခန္ဓာကိုယ်ခံစွမ်းအား၏ တိုက်ခိုက်မှုကြောင့် ရောင်ကိုင်းမှုဖြစ်သလို ၊ သွေးယိုစိမ့်မှုလည်းဖြစ်ပါတယ်။ သွေးယိုစိမ့်မှုကို သွေးခဲပြီးပြန်ဖာပါတယ်။ အဲ့ဒီနေရာပြန်ကောင်းသွားရင် သွေးခဲပြီးပြန်ဖာထားတဲ့အစလေးတွေဟာ အမှုန်အမွားဖြစ်ပြီးသွေးထဲကို ပြန်ပြုတ်ကျပါတယ်။ အဲ့ဒီအမှုန်အမွားလေးတွေကို D-dimer တွေလို့ခေါ်ပါတယ်။

သွေးထဲမှာ D-dimer မြင့်တက်နေပြီဆိုရင် ခန္ဓာကိုယ်ထဲ တိုက်ပွဲတွေ၊ စစ်ပွဲတွေဖြစ်ပွါးပြီး ခန္ဓာကိုယ်ထဲရောင်ကိုင်းမှုတွေ၊ သွေးယိုစိမ့်မှုတွေဖြစ်ခဲ့တယ်ဆိုတာပြနေပါတယ်။

COVID-19 ဝင်ပြီဆိုရင် ကိုယ်ခံအားစနစ်နဲ့တိုက်ပွဲတွေဖြစ်ပါတယ်။ ဒါကြောင့် ရောင်ကိုင်းမှုတွေ သွေးယိုစိမ့်မှုတွေဖြစ်ပါတယ်။ ပြန်လည်ဖာတေးမှုတွေလုပ်ရပါတယ်။ ဖာထေးတဲ့နေရာပြန်ကောင်းသွားရင် အဲ့ဒီဖာထေးစတွေ အမှုန်အမွှားအဖြစ်သွေးထဲကိုကွာကျပါတယ်။ အဲ့ဒီအတွက် D-dimerမြင့်တက်ပါတယ်။

D-dimer ပမာဏဟာအများဆုံး 500 ပဲရှိရပါမယ်။ 1000 ကျော်နေပြီဆို သတိထားစောင့်ကြည်ပြီး၊ ကျန်တဲ့စစ်ဆေးမှုတွေလုပိရပါတယ်။

CRP နဲ့မတူတဲ့အချက်က CRP က မည်သည့် ရောဂါပိုးဝင်ခြင်းမဆို၊ ရောင်ကိုင်းမဆိုမြင့်တက်ပါတယ်။ ဒါကြောင့် CRP ဟာမည်သည့်ရောဂါပိုးဝင်ဝင်မြင့်တက်ပါတယ်။

D-dimer မြင့်ခြင်းဟာ ယောင်ကိုင်း၊ သွေးယိုမှုဖြစ်ပြီး၊ သွေးပြစ်၊ သွေးခဲမှုဖြစ်တာဖြစ်ခဲ့မှသာဖြစ်တာပါ။ COVID ဗိုင်းရပ်တိုက်ခိုက်ခံရသူတွေမှာ အဖြစ်များပါတယ်။

3️⃣ Ferritin မြင့်တက်ခြင်း

Ferritin ဆိုတာက ခန္ဓာကိုယ်ထဲမှာ သံဓါတ်ကိုထိန်းထားတဲ့ ပရိုတိန်းပါ။ သွေးထဲမှာ သံဓါတ်များနေရင်သိမ်းထားပေးတယ်။ နည်းနေရင်ထုတ်ပေးပါတယ်။ Ferritin အများစုကို သွေးနီဥတွေဖြစ်ပေါ်မှုအတွက်ပါ။

Ferritin ဟာ ခန္ဓာကိုယ်ခံအားစနစ်ရဲ့ ကင်းထောက်တပ်သားတွေဖြစ်တဲ့ macrophages တွေကိုလှုံဆော်ပေးပါတယ်။ ရန်သူကိုတွေ့ပြီဆိုရင် macrophages တွေက ရန်သူကိုတိုက်ခိုက်ချေမှုန်းပြီး ရန်သူနဲ့ပက်သက်တဲ့ သတင်းအချက်အလက်တွေကို cytokines နှင့်အတူထုတ်ပေးပါတယ်။ အဲ့ဒီသတင်းအချက်တွေကို cytokines စစ်သားတွေကသယ်ဆောင်လှုံဆော်ပေးတဲ့အတွက် ကိုယ်ခံအားစနစ်ရဲ့တပ်ဖွဲ့အစုံကသိရှိပြီးရန်သူကိုဝိုင်းတိုက်ခိုက်ကြပါတယ်။

ပုံမှန်အခြေအနေတွေမှာ cytokines တွေက ရန်သူဗက်တီးရီးယား နဲ့ ဗိုင်းရပ်တွေကိုတိုက်ထုတ်ဖို့လှုံဆော်တဲ့စနစ်ဖြစ်တဲ့အတွက် ခန္ဓာကိုယ်ခံစွမ်းအားစနစ် ပေါင်းစည်းအလုပ်လုပ်နိုင်ဖို့ ကူညီတဲ့သူတွေပါ။

COVID-19 လိုပြဿနာမျိုးမှာ Cytokines Storm ဖြစ်ပေါ်လာခဲ့ရင် လူကြီးတွေအတွက် အသက်အန္တရယ်ရှိပါတယ်။

Ferritin ဟာ ကင်းထောက်တပ်သားတွေဖြစ်တဲ့ macrophages တွေကိုလှုံဆော်သူဖြစ်တဲ့အတွက် ရန်သူများလေ ferritin မြင့်တက်လေလေဖြစ်ပါတယ်။

to author

23/01/2021

#မြန်မာနိုင်ငံတွင်ရောက်ရှိနေသော COVISHIELD
ကာကွယ်ဆေးအကြောင်း။💉💉💉
================================
COVISHIELD ကာကွယ်ဆေးသည် Oxford
တက္ကသိုလ်နှင့် ဗြိတိန်ဆေးကုမ္ပဏီAstraZenecaတို့
ပူးပေါင်းပြီး ထုတ်လုပ်ခဲ့သည့် ကာကွယ်ဆေးဖြစ်
ပါတယ်။ကိုဗစ်ကြောင့် ခံစားရသည့်လက္ခဏာတွေကို
(၇၀) ရာခိုင်နှုန်းအထိ ကာကွယ်တားဆီးနိုင်ခဲ့ကြောင်း
စမ်းသပ်မှုများလုပ်ဆောင်ပြီးနောက် (၂၀၂၀)
နှောင်းပိုင်းမှာ ခွင့်ပြုချက်ရရှိခဲ့တာ ဖြစ်ပါတယ်။
အချက်အလက်များအရ အသက်ကြီးသူများက
ကောင်းမွန်တဲ့ ကိုယ်ခံအားစနစ်ဖြစ်လာကြောင်း
ကိုလည်း ပြသနေပါတယ်။

ဆေးကို ပြည့်ပြည့်ဝဝထိုးနှံလိုက်ခြင်းက (၉၀)
ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်ပါတယ်။ နှစ်ကြိမ်
ထိုးနှံရပါမယ်။ ဒီကာကွယ်ဆေးက အရမ်းအေးတဲ့
အပူချိန်မှာ ထိန်းသိမ်းထားစရာမလိုတဲ့အတွက်ကြောင့်
ဖြန့်ဝေဖို့ အတွက်လည်းအလွယ်ကူဆုံး ဆေးတစ်မျိုး
ဖြစ်ပါတယ်။ ကာကွယ်ဆေးကို (၄) ပတ်ကနေ
(၁၂)ပတ်ကြား နှစ်ကြိမ်ထိုးနှံရမှာ ဖြစ်ပြီး (၂) ဒီဂရီ
ဆက်ဆီးယက်စ် ကနေ (၈) ဒီဂရီ ဆက်ဆီးယက်စ်
ကြားမှာ ဘေးကင်းစွာ သိုလှောင်ထားနိုင်ပါတယ်။

COVISHIELD ကာကွယ်ဆေးရဲ့ အတွေ့များသော
ဘေးထွက်ဆိုးကျိုးများက ဆေးထိုးသည့်နေရာ
အဖုအပိန့်ဖြစ်ခြင်း၊ ဖျားနာခြင်း၊ အော့အန်ခြင်း၊
ခေါင်းကိုက်ခြင်း၊ အဆစ်အမြစ်များ နာကျင်ကိုက်ခဲခြင်း၊
ကြွက်သားများ နာကျင်ကိုက်ခဲခြင်းနှင့် တုပ်ကွေး
လက္ခဏာများ ဖြစ်သည့် ကိုယ်ပူခြင်း၊ လည်ချောင်း
နာခြင်း၊နှာစေးခြင်း၊ ချောင်းဆိုးခြင်းနှင့် ချမ်းတုန်ခြင်း
တို့ ဖြစ်ကြပါတယ်။

လူအနည်းငယ်မှာ တွေ့ရတတ်သည့် ဘေးထွက်
ဆိုးကျိုးအနည်းငယ်လည်း ရှိပါသေးတယ်။
၎င်းတို့က မူးဝေခြင်း၊ အစားစားချင်စိတ်
လျော့ကျခြင်း၊ ဗိုက်အောင့်ခြင်း၊ အရည်ကြည်ဖုများ
ထွက်ခြင်း၊ ချွေးအလွန်အကျွံထွက်ခြင်း၊ အရေပြား
ယားယံခြင်းနှင့် အနီပိန့်များ ထွက်ခြင်း စသည်တို့
ဖြစ်ပါတယ်။

Reference - BBC News

20/01/2021

COVID-19 ကာကွယ်ဆေးနှင့် ပတ်သက်သောမေးခွန်းနှင့် အဖြေများ (အပိုင်း ၁)
Frequently Asked Questions (FAQ) (Part 1)
(၂၀-၁-၂၀၂၁)

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


၄၃၁-၄၃၂ ၊မေဓါဝီလမ်း၊မြောက်ဥက္ကလာ
Yangon
11031