Liberty Mee Mee
You can’t buy happiness , but you can buy plants & that’s basically the same thing.
23/05/2026
🌱 🌸 Morning Flower ပျိုးထုပ်နဲ့ပျိုးညွန့်လေးတွေ🌸🌱
ဒီတစ်ပတ်အတွက် အော်ဒါလေးတင်ထားလို့ရပြီနော်
၃ ရက်ခြားတစ်ခါ ပန်းခူးပြီးပို့နေတာမလို့ ရက်သိပ်မစောင့်ရဘူးနော်
🌸Morning Flower ပျိုးထုပ်🌸
✨ရွက်ပြား တစ်ထုပ် - ၉၀၀/-(၁၅ရောင်ရှိ)
💕၅ထုပ်ဝယ် ၁ထုပ် လက်ဆောင်
အရောင်ရွေးယူလျှင် တစ်ရောင် ၅ထုပ် အနည်းဆုံးယူပေးပါရှင့်
🌱မောနင်းဖလားဝါးလေးတွေ အညွန့်ပဲရောင်းလားဆိုပြီးမေးနေကြလို့ အညွန့်သီးသန့်လည်း ရောင်းပါတယ်ရှင့်
🌱မောနင်းဖလားဝါးအညွန့်
🌱မောနင်းရွက်ပြား ၃၀ ညွန့် - ၆၀၀၀/-(အရောင် ၁၅ ရောင် အစုံ)
🌱မောနင်းရွက်ပြား ၁၀၀ ညွန့် - ၁၅၀၀၀/-(အရောင် ၁၅ ရောင် အစုံ)
✨တစ်ရောင်ချင်းစီ လိုချင်တာဆိုလည်း အနည်းဆုံးတစ်ရောင်ကို အညွန့်၃၀ ကစပြီး မှာလို့ရပါတယ်ရှင့်
🩵မောနင်းအပွင့်အားဆေး - ၂၀၀၀/-
🤍ဆားခါး -၂၅၀၀/-
🤎မြေဆီ - ၂၅၀၀/-
🩵မြေဆွေး -၅၀၀၀/-
🧉🥥အုန်းဆံမှုန့်တုံး -၂၀၀၀/-
🪴စိုက်ပျိုးပြုစုနည်း🪴
✅ဒါလေးတွေက ပျိုးထုပ် နဲ့ ပျိုးညွန့်လေးတွေပါရှင်
❎မျိုးစေ့လုံးဝမဟုတ်ပါဘူးနော်❎❗️❗️
❎အမြစ်လုံးဝမပါပါဘူးနော်❎
👩🌾နေ့တိုင်း ခြံကနေ ပျိုးထုပ် နဲ့ အညွန့် ခူး ထုပ်ပေးတာမို့
ဝယ်ဝယ်ခြင်း ❎အမြစ်မပါပါဘူးနော်
🌱ပျိုးထုပ် တစ်ထုပ်မှာ အညွန့်၆ညွန့်ပါပါတယ်ရှင်
🌿အညွှန့်လေးတွေချိုးစိုက်ပီး ၂ရက် / ၃ရက် နေရင် အမြစ်လေးတွေ ထွက်လာပါတယ်ရှင်
☔ပျိုးထုပ် နဲ့ အညွန့်စိုက်ထားတာကို ရေသာအများကြီးမလောင်းမိဖို့ပါပဲနော်
💧✔️အမြစ်စွဲပီးမှ ရေကို အဝလောင်းလို့ရပါမယ်နော်
❗ရေအဝလောင်းလို့ဆိုပင်မယ့် ရေမဝပ်သွားအောင်တော့လောင်းပေးနော်❗
🌱ပျိုးထုပ်ကို အိုးနဲ့ပြောင်းစိုက်ပီးရင်လည်း
၂ရက် ကျော်ရင် အသာလေးဆွဲနှုတ်ကြည့်ရင် အမြစ်တွေ တွေ့ပါလိမ့်မယ်ရှင်
🌼မရှင်မှာတော့ မပူကြပါနဲ့နော်🥰
❤️Morning flower ပြုစုနည်း❤️
မောနင်းဖလားဝါးက ဘယ်လိုစိုက်စိုက်ရှင်တဲ့အမျိုးပါ။ အပင်သန်ပြီး အပွင့်လိုက်ဖို့ တစ်ယောက်နဲ့တစ်ယောက်ပြုစုပုံတော့ မတူကြပါဘူးနော်။
အရေးကြီးဆုံးက မြေပွပွလေးနဲ့ ရေဆင်းကောင်းတဲ့ အိုးဖြစ်ရပါမယ်။ တစ်လတစ်ခါလောက် မြေပြင်ပေးရပါတယ်။
နေရောင်ကြိုက်လို့ နေ တစ်နေ့အနည်းဆုံး ၅ နာရီကနေ ၈ အထိ ရဖို့လိုပါတယ်။ ပျိုးဆိုင်က စပ်မြေ၊သဲ၊မြေဆွေး၊ဖွဲပြာ ဆတူရောမွှေစိုက်နိုင်ပါတယ်။
(၁) ဆန်ဆေးရည်တစ်ညသိပ်ထားပြီး လောင်းပေးပါ။ ချက်ချင်းလောင်းရင် mlo ခေါ်တဲ့ micro local organism လေးတွေ မပေါက်ဖွားသေးလို့ ထိရောက်မှာမဟုတ်ဘူး။
(၂) ကြက်သွန်ခွံတစ်ညသိပ် အခွံရေစစ်လောင်းပေးပါ။
(၃)လက်ဖက်ခြောက်ညသိပ် အဖတ် ရေစစ်လောင်းပေးပါ။* အဖတ်ပါထည့်ရင် မှိုလိုက်တတ်လို့ အဖတ်မထည့်ပါနဲ့။
(၃) ကြက်ဥခွံရေဆေး၊အမှုန့်ကြိတ်ပြီ အပင်ခြေရင်းထည့်ပေးပါ။* ရေမဆေးရင် ပုရွက်ဆိတ်တက်တတ်ပါတယ်။တစ်လနှစ်ခါလောက် ထည့်ပေးရင်ရပါတယ်နော်။
(၅) ရေတစ်လီတာမှာ ဆားခါး လက်ဖက်စားဇွန်းတစ်ဇွန်းထည့်ဖျော်ပြီး တစ်ပတ် တစ်ကြိမ်လောက်ဖျန်းပေးပါ။
(၆) ရေတစ်ဂါလံမှာ B1 တစ်ဖုံးစာရောပေးပြီး ၁၅ ရက် တစ်ခါဖျန်းပေးပါ။
(၇)နွားချေးလည်းထည့်လို့ရပါတယ်။
အထက်ပါအချက်တွေထဲက အဆင်ပြေတာလိုက်လုပ်နိုင်ပါတယ်နော်။
တစ်ချို့က ကြက်သွန်ခွံရည်လေးလောင်းရုံနဲ့ အဆင်ပြေတယ်။
သူများဆီကရသမျှ မှတ်သားထားတာပါ။ အားလုံးပဲ လှပတဲ့ပန်းခင်းကြီး ပိုင်ဆိုင်နိုင်ကြပါစေ။
ရန်ကုန်မြို့အတွင်းမြို့နယ်အလိုက်
ပို့ခအသီးသီးဖြင့်ပို့ပေးပါသည်
နယ်မြို့များ ငွေကြိုလွှဲရပါမည်
📲09 444 555 316 😊
#မောနင်းဖလားဝါး
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Address
No. 1003, Ward 29, Aung Tagon Street, North Dagon Township
Yangon
11421
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 12:00 |