Summer Gorgeous

Summer Gorgeous

Share

Fair Price & Gorgeous Service For My Customers �

19/04/2022

(Emergency contraceptive pill)✅✅✅
=====================================

✅အရေးပေါ်သန္ဓေတားဆေးဆိုတာ ဘာလဲ❓

မတော်တဆ အကာအကွယ်မဲ့ အတူနေမိပြီးသွားတဲ့အချိန်မှာ သောက်ရတဲ့ ဆေးကဒ်ဖြစ်ပါတယ်။ ပရိုဂျက်စတင် ဟော်မုန်းတစ်မျိုးတည်းသာ ပါ၀င်ပါတယ်။ (နှစ်မျိုးပါတဲ့ ဆေးကဒ်လည်း ရှိပါသေးတယ်၊ ဒါပေမယ့် အသုံးများတာက တစ်မျိုးပါဆေးကဒ်တွေ ဖြစ်ပါတယ်)
တချို့ဆေးကဒ်တွေက ဆေးလုံးနှစ်လုံးပါ၀င်ပြီး ခုနောက်ပိုင်းမှာတော့ ဆေးလုံးတစ်လုံးတည်း ပါ၀င်တဲ့ဆေးတွေလည်း ရှိနေပါပြီ။

✅အလုပ်လုပ်ပုံ

ကိုယ်၀န်ရတယ်ဆိုတာ အမျိုးသမီးခန္ဓာကိုယ်ထဲက မမျိုးဥနဲ့ အမျိုးသားဆီက သုက်ပိုးနဲ့ ပေါင်းစပ်မိတဲ့အခါ ဖြစ်လာတာပါ။ ဒီဆေးကတော့ အမျိုးသမီးရဲ့ ခန္ဓာကိုယ်ထဲမှာ မမျိုးဥမကြွေအောင် လုပ်ပေးနိုင်သလို၊ ကြွေတာကိုလည်း နှေးကွေးစေပါတယ်။ ဒီနည်းလမ်းနဲ့ ကိုယ်၀န်မရအောင် တားပေးပါတယ်။

✅ ဘယ်လိုအသုံးပြုရတာလဲ

ဒီဆေးကို အကာအကွယ်မဲ့ လိင်ဆက်ဆံပြီး နာရီ ၁၂၀ (၅ရက်) အတွင်း သောက်ဖို့ လိုပါတယ်။ နာရီ ၁၂၀ ဆိုပေမယ့် စောစောသောက်လေ ကောင်းလေပါပဲ။
အရင်ကတော့ ဆေးလုံးနှစ်လုံးပါတဲ့ ဆေးကဒ်တွေဆို ပထမတစ်လုံးသောက်၊ ၁၂ နာရီခြားပြီးမှ နောက်တစ်လုံးထပ်သောက်ခိုင်းပါတယ်။ ခုနောက်ပိုင်းမှာတော့ နှစ်လုံးစလုံးကို တစ်ပြိုင်တည်း သောက်ခိုင်းပါတယ်။ ဒီတော့ ဒုတိယတစ်လုံးသောက်ဖို့ မေ့သွားတယ်ဆိုတာမျိုး မရှိတော့ဘူးပေါ့။
တစ်လုံးတည်းပါတဲ့ ဆေးကဒ်ဆိုရင်တော့ အဲဒီတစ်လုံးတည်း သောက်လိုက်ရင် ရပါပြီ၊၊

ဟော်မုန်းပမာဏများတာမို့ အန်တတ်ပါတယ်။ ဆေးသောက်ပြီး ၂နာရီအတွင်း အန်ထွက်တယ်ဆိုရင်တော့ ထပ်သောက်ရပါမယ်။ အဲဒါကိုမှ ထပ်အန်နေတယ်ဆိုရင် အအန်ပျောက်ဆေးနဲ့တွဲပြီး သောက်လို့ရပါတယ်။

✅ထိရောက်မှု

ပုံမှန်အသုံးပြုလို့ရတဲ့ သားဆက်ခြားနည်း မဟုတ်တာကြောင့် အသုံးပြုပြီး တစ်နှစ်အတွင်း အမျိုးသမီးဘယ်နှယောက် ကိုယ်၀န်ရနိုင်တယ် ဆိုတာမျိုး ပြောလို့မရပါဘူး။
ပြောလို့နိုင်တာကတော့ ကိုယ်၀န်ရနိုင်တဲ့ရက်တွေမှာ ဆက်ဆံမိတဲ့ အမျိုးသမီးအယောက်(၁၀၀)မှာ ဒီဆေးကို မသောက်ဘူးဆိုရင် (၈)ယောက် ကိုယ်၀န်ရနိုင်ပြီး သောက်လိုက်မယ်ဆိုရင်တော့ (၁)ယောက်ပဲ ကိုယ်၀န်ရနိုင်ပါတယ်။
စောစောသောက်လေ ထိရောက်မှုပိုကောင်းလေ ဖြစ်ပါတယ်၊၊

(၁၀၀)မှာ (၁)ယောက်ဆိုတော့ ရုတ်တရက်ကြည့်လိုက်ရင် ထိရောက်မှုကောင်းတယ် ထင်ရပေမယ့် တခြားသော သောက်ဆေး၊ ထိုးဆေး၊ ပစ္စည်းထည့်တာတို့လို သားဆက်ခြားနည်းတွေနဲ့ ယှဉ်လိုက်ရင်တော့ ထိရောက်မှုနည်းတာကို တွေ့ရ့ပါတယ်။ ဒါကြောင့်လည်း ❌ဒီနည်းလမ်းကို ပုံမှန်သားဆက်ခြားနည်းတစ်ခုအနေနဲ့ အသုံးမပြုသင့်တာပဲ ဖြစ်ပါတယ်။❌

✅အားသာချက်တွေက ဘာတွေလဲ

✔️ အကာအကွယ်မဲ့ လိင်ဆက်ဆံမှုတွေမှာ သုံးလို့ရတယ်။ ဥပမာ အဓမ္မပြုကျင့်ခံရတဲ့အခါ၊ အိမ်ထောင်သည်တွေ ဘာသားဆက်ခြားနည်းမှ မသုံးရသေးချိန်မှာ အတူနေမိတာ၊ ကွန်ဒုံးသုံးရက်နဲ့ ပေါက်ပြဲသွားတာ၊ သုက်ရည်ကို အပြင်မှာ စွန့်ထုတ်ဖို့ နောက်ကျသွားတာ၊ နောက်ပြီး ချစ်သူရည်းစားတွေ မတော်တဆ ချစ်နယ်ကျွံမိတာမျိုးတွေမှာ သုံးလို့ရပါတယ်။

✔️ မတည့်တဲ့ အမျိုးသမီးရယ်လို့ မရှိဘဲ ဘယ်သူမဆို အသုံးပြုလို့ ရပါတယ်။

✅အားနည်းချက်တွေက ဘာတွေလဲ

❌ အတူမနေခင် ကြိုတင်အသုံးပြုပြီး ကာကွယ်ထားလို့ မရပါဘူး။ အတူနေပြီးသွားမှသာ သောက်လို့ရတယ်။

❌ တခြားသားဆက်ခြားနည်းတွေနဲ့ ယှဉ်ရင် ထိရောက်မှုနည်းတယ်။ ဒါကြောင့် ပုံမှန်သားဆက်ခြားနည်းအနေနဲ့ စွဲသုံးလို့မရဘူး။

❌ အဓမ္မအကျင့်ခံလိုက်ရတယ်ဆိုရင် လိင်ကတစ်ဆင့် ကူးစက်တဲ့ရောဂါတွေ ရနိုင်ချေ ရှိပါတယ်။ ဒီဆေးက အဲဒီရောဂါတွေကိုတော့ ကာကွယ်နိုင်မယ် မဟုတ်ပါဘူး။

✅ ဘေးထွက်ဆိုးကျိုး ဘယ်လိုရှိလဲ

ဆေးသောက်ပြီးစ (၂)ရက်လောက်မှာ သွေးနည်းနည်းဆင်းတာ၊ ပုံမှန်ရာသီပေါ်ရမယ့်ရက်ထက် စောပြီးပေါ်တာ၊ ဒါမှမဟုတ် နောက်ကျသွားတာမျိုးတွေ ဖြစ်တတ်ပါတယ်။

နောက်ပြီး ဟော်မုန်းပါတဲ့အတွက် ဟော်မုန်းကြောင့်ဖြစ်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ခံစားရနိုင်တယ်။ ခေါင်းမူးတာ၊ ဇက်ကြောတက်တာ၊ ပျို့အန်တာ၊ ရင်သားတွေတင်းပြီး နာတာ၊ ဒါတွေဖြစ်နိုင်ပါတယ်။

✅မသုံးစွဲသင့်သော အခြေအနေများ

ဒီဆေး မသောက်သင့်တဲ့ အမျိုးသမီးရယ်လို့ မရှိပါဘူး။ ဘယ်သူမဆို အသုံးပြုလို့ ရပါတယ်။

✅လွဲမှားတဲ့ အယူအဆများ

✔️ (၅)ရက်အတွင်း သောက်လို့ရတယ်ဆိုပေမယ့် စောစောသောက်လေ ကောင်းလေပါပဲ။ ဒါကြောင့် ဆေးသောက်ဖို့ကို အချိန်ဆွဲမနေသင့်ပါဘူး။

✔️ တချို့ကလည်း မေးတတ်ကြတယ်၊ ဒီဆေးကို တစ်လ ဘယ်နှကြိမ်အများဆုံး သုံးလို့ရသလဲ တဲ့။

ဒီဆေးဟာ အရေးပေါ်အခြေအနေအတွက်ပဲ အသုံးပြုရတာ ဖြစ်ပါတယ်။ ဒါကြောင့် တစ်လ ဘယ်နှကြိမ်အများဆုံးသုံးလို့ရတယ် ဆိုပြီး တိတိကျကျ ပြောထားတာ မရှိပါဘူး။ တကယ်လို့ ကိုယ်က ဒီလိုခဏခဏအရေးပေါ်နေမယ်၊ ဆိုလိုတာက အိမ်ထောင်သည်ဖြစ်ဖြစ်၊ ဒါမှမဟုတ် အိမ်ထောင်တော့မရှိသေးပေမယ့် အိမ်ထောင်သည်လိုပဲ ပုံမှန်ဆက်ဆံမှုရှိနေရင်ဖြစ်ဖြစ် ဒီနည်းလမ်းကို အသုံးမပြုသင့်ဘဲ ဒီထက်ပိုစိတ်ချရတဲ့ သားဆက်ခြားနည်းတခုခုကို ပုံမှန်အသုံးပြုဖို့ လိုပါတယ်။

✔️ဒီဆေးကတော့ ပုံမှန်အသုံးပြုသင့်တဲ့ နည်းလမ်းမဟုတ်ဘဲ အရေးပေါ်အခြေအနေအတွက်သာ ရည်ရွယ်ထုတ်လုပ်ထားတဲ့ ဆေးဖြစ်ပါတယ်။ ဒါကြောင့် မမျှော်လင့်ဘဲ အကာအကွယ်မဲ့ အတူနေမိလိုက်တဲ့အခါမျိုးမှာ ကိုယ်၀န်ရမသွားအောင် ဒီဆေးကို အသုံးပြုလို့ရပြီး၊ ပုံမှန်ဆက်ဆံမှုရှိနေတဲ့ အမျိုးသမီးတွေကတော့ ဒီထက်ပိုစိတ်ချရတဲ့ တခြားသားဆက်ခြားနည်းတခုခုကို အသုံးပြုဖို့ လိုအပ်ပါမယ်။

Credit to ဒေါက်တာဖြိုးသီ

03/02/2022

Omicron ကူးစက်ပါက

1. ဖျားခြင်း ချမ်းတုန်ခြင်း
2. လည်ချောင်းခြောက်ခြင်း /လည်ချောင်း နာ ခြင်း /ချောင်းခြောက်ဆိုးခြင်း
3. ခန္ဓာကိုယ်နဲ့ ကြွက်သားများ ကိုက်ခဲခြင်း
4. မောပန်းနွမ်းနယ်ခြင်း
5. နှာခေါင်းပိတ်ခြင်း /နှာစေးခြင်း
6. ည တွေ အေးမြသောအခန်းတွင်ရှိသော်လည်း ဇောချွေး များ ထွက်ခြင်း
7. အရင် လိုအနံ့ အရသာ ပျောက် ခြင်း သိပ်မရှိသောကြောင့် တုပ်ကွေးလက္ခဏာများ နှင့် ဆင်တူပါသဖြင့် မိမိတွင်ကူးစက်မိပါက သတိမထားမိ လျှင် ဆိုးဝါးသော အဆင့်ကို ရောက် သွားနိုင်ပါသဖြင့် လက္ခဏာများအား မိမိကိုယ် တိုင်သံသယဖြစ်လျှင် နီးစပ်ရာ ဆရာဝန်နှင့် စနစ်တကျ စစ်ဆေး ကုသမှုခံယူပါရန်
တိုက်တွန်း အပ်ပါသည်

Crd: Samitivej Hospital
အထက်ပါအချက်များကို မျှဝေပေး သော
ကူးစက်ရောဂါ အထူးကု ဆရာဝန်ကြီး
Dr. On-Umar Banpamaiအား အထူးပင်ကျေးဇူးတင်ပါသည်

30/01/2022

🎀 ​ဟေ့......ယူတို့ ရဲ့ တခြမ်းတို့ အပြည့်တို့ ကျိတ်ခွက်ရှ်တာတို့ ရှိတဲ့ သူ​တွေ SG မ​ပေးလို့ မင်းမဟုတ်တဲ့ အခြားတ​ယောက်ဆီက SG ရသွားလို့ ရင်မှာခံစား သူမမြင်နိုင်တယ်ဆိုပြီး ​ဖြစ်သွားရင် မင်မင်လည်း မ​ပြောတတ်ဘူး​နော် အဲ့တာ​ကြောင့် ကိုယ်က အရင်ဦးထားမှ စိတ်ချရမှာ 😌

အဲ့လို​တွေမဖြစ်ရ​အောင် မင်မင့်ဆီမှာ Suprise Gift ​တွေ လက်ခံ​နေပြီ​နော် 🎀

ရက်အတိအကျ ပို့​ပေးရမယ်ဆို မင်မင်ကို ၅ရက်​နေ့ ​နောက်ဆုံးထားပြီး order တင်​ပေး​နော် 😚

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon