A & T Fancy Store
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from A & T Fancy Store, Clothing Store, Yangon.
31/01/2024
တိုက်တန်းနစ် မှာ လူမသိ သူမသိ ပျောက်ကွယ်နေတဲ့ ဖြစ်ရပ်ကလေးတွေ ရှိတယ်။ .
တိုက်တန်းနစ် ကို ကြည့်တော့..အားလုံးက ဂျက် ..၊ ကျန်တစ်ဝက် က ရိုစီ ဖြစ်ခဲ့ကြဖူးတာ အပြစ်မဆိုသာပေဘူး။ ဇာတ်လမ်းသွားနဲ့ရော၊ ခမ်းနားမှုနဲ့ရော တည်ဆောက်ခဲ့တာမို့ တခြားဇာတ်ရုပ်တွေနဲ့ ပျောက်ကွယ်နေတာလေးတွေကို မျက်စိမှောက်ခဲ့ဖူးတယ်။
🔸 🔸 ဖြစ်ရပ် (၁)
တစ်ယောက်လက်မောင်း ကို တစ်ယောက်တွယ်ဖက်ပြီး
နူးညံ့တဲ့ ချစ်ခြင်းတရား တွေနဲ့အတူတူ ငြိမ်းချမ်းတဲ့ သေဆုံးခြင်းကိုသာ ရွေးချယ်သွားခဲ့တဲ့ ဇနီးမောင်နှံ
နှစ်ယောက် ရှိတယ်။
ဂျူးသူဌေးတွေပါ၊
တော်တော့်ကိုချမ်းသာတဲ့ အထဲ မှာ ပါတယ်။
အဖိုးကြိး က Isidor ၊ အဖွားကြီး က Ida တဲ့။
တိုက်တန်းနစ်မြုပ်ခါနီး အချိန််မှ အသက်အရွယ်ကြီးမြင့်တဲ့အတွက် နှစ်ဦးစလုံးအသက်ကယ်လှေပေါ်မှာ နေရာပေးခံရပါတယ်။
ဒါပေမယ့် သူဌေးကြီး Isidor ဟာ သူတို့နေရာ ကို
ကလေးတစ်ယောက် နဲ့ အမျိုးသမီးတစ်ယောက်ကို
ပေးပြီး စွန့်လွှတ်ခဲ့ပါတယ်။
တစ်ယောက်လက်မောင်းကို တစ်ယောက်ဆုပ်ကိုင်ထားတဲ့ သူတို့ နှစ်ယောက်ကို အဖြူအမည်း မြင်ကွင်းဓါတ်ပုံ နဲ့အတူ တိုက်တန်းနစ်အကြောင်းတွေတိုင်းမှာ တွေ့ဖူးကြပါလိမ့်မယ်။( ရုပ်ရှင် ဇာတ်ကားထဲမှာလည်း သူတို့နှစ်ဦးရဲ့ တကယ့်ဖြစ်ရပ်ကို ထည့်သွင်းရိုက်ကူးခဲ့ပါတယ်)
🔸 🔸 ဖြစ်ရပ် (၂)
သင်္ဘောနစ်မြုပ်နေတဲ့အချိန်မှာ အပျော်စီးသင်္ဘောကြီးတွေ မှာ ပါတတ်တဲ့ သင်္ဘောရဲ့ သံစုံတီးဝိုင်းက တယော၊ နှဲစတဲ့ ဂီတပညာရှင်တွေဟာ သင်္ဘောနစ်မြုပ်နေစဥ် မှာပဲ ဆောက်တည်ရာမရ ဖြစ်နေကြတဲ့ ခရီးသည်တွေကို နောက်ဆုံးချိန်အထိ ဖျော်ဖြေခဲ့ကြတယ်။
𝗦𝗼𝗻𝗴𝗲 𝗱’𝗔𝘂𝘁𝗼𝗺𝗻𝗲 ဆိုတဲ့သီချင်းက သူတို့နောက်ဆုံးတီးခတ်သွားတဲ့သီချင်းပါ။
(ယူကျူမှာ .. Titanic orchestra လို့ ရှာရင် ရှိပါတယ်။)
🔸 🔸 ဖြစ်ရပ် (၄)
ခရစ်ယာန်ဘုန်းတော်ကြီးတစ်ပါးဟာ အသက်ကယ်လှေပေါ်ကိုတက်ဖို့ အခွင့်အရေး (၂) ကြိမ်ရခဲ့တယ် တဲ့။
ဒါပေမယ့် အဲဒိ (၂) ကြိမ်စလုံးငြင်းဆန်ခဲ့ကာ သင်္ဘောပေါ်မှာပဲ ဆုတောင်းရင်း လူ့ကျင့်ဝတ်နဲ့ အညီ ငြိမ်းချမ်းရာ ကို လိုက်သွားရှာသတဲ့။
- တိုက်တန်းနစ် နစ်မြုပ်မှုကနေ အသက်ရှင်ကျန်ခဲ့သူကတော့ (၇၀၆) ဦးရှိပါသတဲ့။ ဒါပေမယ့် အဲဒီအထဲမှာ သင်္ဘောအင်ဂျင်နီယာတွေ တစ်ယောက်မှမပါခဲ့ဘူးတဲ့
- သူတို့ဟာ သင်္ဘောကို ချက်ချင်းမနစ်မြုပ်စေဖို့ သူတို့ရဲ့ တတ်စွမ်းသမျှ အလုပ်တွေကို နောက်ဆုံးထွက်သက်အထိ လုပ်ဆောင်သွားကြတယ်။
- သင်္ဘောကပ္ပတိန် Edward John Smith ကလည်း
နောက်ဆုံးချိန်ထိ သင်္ဘောပေါ်မှာပဲ ကျန်ရစ်ခဲ့တယ်။
သူ့ရဲ့ရုပ်အလောင်းကိုတော့ ရှာဖွေတွေ့ရှိခဲ့ခြင်း မရှိဘူး။
🔸 🔸 ဖြစ်ရပ် (၅)
jack နဲ့ ရိုစီ ဟာ တကယ်တော့ မရှိပါဘူး။
နောက်ပြီးတော့ အပြင်လောက ရဲ့ တည်ဆောက်မှုအရ
ဆိုရင် တတိယတန်းခရီးသည် နဲ့ ပထမတန်းခရီးသည် ဟာ တွေ့ဆုံခွင့် မရှိအောင် ပိုင်းခြားထားတဲ့ သင်္ဘောပါ။
🔸 🔸 ဖြစ်ရပ် (၆)
တိုက်တန်းနစ် သင်္ဘောကြီး မြုပ်တော့
အနီးအနားမှာ သင်္ဘော ၃စီး ရှိနေခဲ့ပါတယ်။
1️⃣ "ဆမ်ဆွန်" ဆိုတဲ့ သင်္ဘေ က ၇ မိုင်အကွာ၊
- တိုက်တန်းနစ် ဆီ က ပစ်လွှတ်တဲ့ အန္တရာယ်အချက်ပေး
မီးကျည်တွေ တွေ့ခဲ့တယ်။
- မကယ်ခဲ့ဘူး။
- ဘာလို့လဲဆိုတော့ သူတို့ကိုယ်တိုင် က ပင်လယ်ဖျံတွေကို တရားမဝင် ခိုးဖမ်းတဲ့ သင်္ဘော၊ သွား ကူလိုက်မှ ကွိုင်တွေ ရှုပ်လာမှ တိုင်ပတ်ကုန်မယ် လို့ သူတို့တွေးတယ်။
2️⃣ "ကယ်လီဖော်နီးယန်း"ဆိုတဲ့သင်္ဘော က
၁၄ မိုင် အကွာမှာပါ
- အချက်ပြမီးကျည်တွေကို မြင်ပေမယ့် ကပ္ပတိန်နဲ့ သင်္ဘောသားတွေ က
- "ဘာမှ မဖြစ်နိုင်ပါဘူးလေ" ဟု ဆုံးဖြတ်တယ်။
3️⃣ "ကာပါသီယာ" ဆိုတဲ့ သင်္ဘော က မိုင် ၆၀ အကွာ၊
- သူက ပြန်လှည့်လာပြီး ခရီးသည် ၇၀၅ ယောက်
ကယ်ခဲ့တယ်။ ..
ဖြစ်ရပ်တွေ ကို ပြောပြပြီးခဲ့တဲ့နောက်မှာ
ကျွန်တော် မေးစရာ ရှိတာ က ...
တွေးကြည့်ဖူးသလား ....
🔹 ကျွန်တော်နိုင်ငံဟာ
🔹 ကျွန်တော်တို့တွေ ဟာ တိုက်တန်းနစ်သင်္ဘောကြီး နစ်မြုပ်မှုကြီး နဲ့ တူနေတယ် လို့ တွေးကြည့်ဖူးသလား ???
- တွေးကြည့်လိုက်ရအောင် ..
ခင်ဗျား က ဘယ်သူများလဲ ... ???.
ကျွန်တော်ကတော့
အမှတ် (၂) က Entertaining Author တစ်ယောက်ပါ အခက်အခဲတွေဖြစ် ဒုက္ခတွေများမြောင်နေတဲ့အချိန်မှာ
ကျွန်တော့် ရဲ့ စာတိုလေးတွေ နဲ့ ဖြစ်ဖြစ်
ခေတ္တခဏလေး အေးချမ်း သွားပါစေ
အမှတ်တမဲ့လေး ဖြစ်ဖြစ် ပျော်ရွှင်သွားပါစေ
ပျောက်နေတဲ့လမ်းကလေးတွေ ပြန်လည်ရှာတွေ့ပါစေ ...ဆိုတဲ့ အိပ်မက်တွေ တပုံကြီး ကို
နူးညံ့စွာ တည်ဆောက်ချင်သူပါ။
ကျွန်တော်တို့ Entertainer လောကမှာပဲ လူမသိ၊ သူမသိ ဖျော်ဖြေပေးဆပ်နေရင်း နဲ့ နောက်ဆုံးအချိန်အထိ ပေးဆပ်သွားမယ့်လူတွေ အများကြီး ရှိမှာပါ။
သင်္ဘောနစ်မြုပ်နေစဉ်မှာ နောက်ဆုံးအချိန်အထိ မဖြစ်နိုင်တော့တဲ့ မျှော်လင့်ချက်တွေကို အားကိုးပြီး သင်္ဘောပေါက်ပြဲ၊ ပျက်စီးမှုတွေကို ဖာထေးခဲ့တဲ့ အင်ဂျင်နီယာတွေ ရှိသလိုမျိုးပဲ
နိုင်ငံ၀ရုန်းသုန်းကား ဖြစ်နေချိန်မှာ နိုင်ငံကို ကျရာနေရာကနေ ကူညီထောက်မပေးနေတဲ့ လူငယ်တွေလည်း
ရှိနေမှာပါပဲ။
သူတပါးအတွက် နိုင်ငံတော်အသစ်အတွက် အနာဂတ်အတွက် စွန့်လွှတ်တတ်သော ရင်ခုန်သံတွေလည်း အများကြီး ရှိနေမှာပါပဲ
ချစ်သူကို ရဲဝင့်စွာချစ်ပြသွားတဲ့ ဂျက်လိုမျိုး လူငယ်တွေလည်း အများကြီး ရှိနေမှာပါပဲ။
အဲဒီအထဲမယ် ...
အမှတ် (၆) ထဲက သင်္ဘော ၂ စီးကတော့ ...
တံခါးပိတ်လိုက်၊ ဖွင့်လိုက် လုပ်ရင်း အချိန်တွေ ကုန်နေရှာတဲ့ NATO လိုလို၊ UN လိုလို
တူတယ် လို့ မထင်မိဘူးလား .
ကျွန်တော် စိတ်ဝင်စားမိတဲ့ ကာရိုက်တာ က ....
အောက်မှာပါ။
🔸 🔸 ဖြစ်ရပ် (၃)
တိုက်တန်းနစ် သင်္ဘောပေါ်မှာ ဂျပန်လူမျိုး တစ်ဦးတည်းပဲ ပါဝင်ပါတယ် အဲဒီ ရှားရှားပါးပါး ဂျပန်လူမျိုးက
သင်္ဘောနစ်မြုပ်မှုကနေ လွတ်သွားပါတယ်
သူ့အမည် က မဆဘူရီဟိုဆိုနို ဆိုပါတော့
အဲဒီ ဟိုဆိုနို က လွတ်မြောက်သွားပါတယ်
လွတ်မြောက်မှု က မဖြူစင်ခဲ့
သင်္ဘောနစ်မြုပ်မှုဖြစ်တော့ ၀ရုန်းသုန်းကားတွေ ဖြစ်နေရင်းမှ အသက်ကယ်လှေတစ်ခုဆီ က လူ ၂ ယောက်စာ လွတ်သေးတာကို လှမ်းအော်ပြောသံကြားတယ်
ဒါပေမယ့် စည်းမျဉ်း နဲ့ ကျင့်ဝတ်အရ အမျိုးသမီးနဲ့ ကလေးတွေကိုပဲ ဦးစားပေးမှာ ဖြစ်ပေမယ့်
ဟိုဆိုနို က မိန်မယောင်ဆောင်လိုက်တယ်
သေရေးရှင်ရေးကိစ္စတွေလည်းဖြစ်နေ မှောင်ကြီးမည်းမည်းမှာ ခက်ခဲတဲ့အခြေအနေလည်း ဖြစ်နေပြန်တော့ သူ့ကို ဘယ်သူမှ သတိမထားလိုက်မိဘူး။
ဒါပေမယ့် ဒီ ကိစ္စ ကို သတိထားမိတဲ့ စာရေးဆရာတစ်ယောက် က သင်္ဘောဖြစ်စဉ်ကို စာရေးလိုက်တော့ ဟိုဆိုနို ဟာ မိန်းကလေး လို အစားထိုးပြီး ကိုယ်လွတ်ရုန်းပြေးလာသူဆိုတာ အားလုံးသိသွားပါတယ်။
- ဂျပန်အစိုးရက သူ့ကို အလုပ်ဖြုတ်ခဲ့တယ်။
- ဂျပန်ဆာမှုရိုင်းအဖွဲ့အစည်းကလည်း သူ့လုပ်ရပ်ကို ရှုံ့ချပြိး ရိုးရာဓလေ့အတိုင်း လုပ်ဆောင်ဖို့ တောင်းဆိုတယ်။
- ဟိုဆိုနို ရဲ့ မိသားစု ဝန်းကျင် က လူတွေကလည်း သူ့ကို အပေါင်းအသင်းအဖြစ် မဆက်ဆံဘူး။
- ဂျပန်ရဲ့ မူလတန်းသင်ရိုးထဲမှာ အခုထိတောင် သူ့အကြောင်း ကို တခုတ်တရသင်ပြီးနောက်လာနောက်သားတွေအတွက် သူရဲဘောကြောင်သူ၊ အတုမယူသင့်တဲ့ အကြောင်းအရာအဖြစ် သင်ရိုးရှိတယ် လို့ ပြောကြတယ်။
- သူ ဟာ သင်္ဘောစိးချိန်မှာ အသက် ၄၂ နှစ် ကွယ်လွန်ချိန်မှာ အသက် ၆၈ နှစ် အရွယ် ဆိုတော့ ကျန်ရှိတဲ့ ရှင်သန်ခဲ့တဲ့ ၂၆ နှစ်တာလုံးလုံး စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲ နဲ့ နေသွားခဲ့ရတာ
အားလုံးရဲ့ အပယ်ခံ
လူမျိုးရဲ့ မျိုးရိုးဂုဏ်ကို ဖျက်ဆီပစ်ခဲ့သူ
နိုင်ငံရဲ့ သိက္ခာကို ကျဆင်းစေသူ
ဘယ်လောက်တောင် အထီးကျန်သွားရှာမလဲ .. 💔
တွေးရင်းတောင် မြင်နိုင်တယ်။
ခင်ဗျား ဘယ်သူနဲ့ တူတူ တူလို့ ရပါသေးတယ်။
ဒါပေမယ့် အမှတ် (၃) က လူတော့ မဖြစ်ပါစေနဲ့။
အဲဒီလို လူ သာ ဖြစ်ခဲ့မယ်ဆိုရင်
ခင်ဗျား အသက်တော့ ရှင်နေမှာပါ ဒါပေမယ့်
ခင်ဗျားဘ၀ ကတော့ သေဆုံးသွားပါလိမ့်မယ်။
ခက်ခဲတယ်ဆိုတာ နားလည်ပေမယ့်
ဟိုဆိုနို လိုတော့ မလွတ်မြောက်စေချင်ဘူး
အနာဂတ် မှာ လိပ်ပြာလုံလုံ
အိပ်စေချင်ပါတယ်
လိပ်ပြာလုံခြင်းလောက် နူးညံ့တဲ့ခေါင်းအုံးမျိုး ဟာ
လောကမှာ မရှိပါဘူး။......
ဇေယျာစံ @ Zaw Min
၁၁-၅.၂၀၂၂
Photo - Internet
#ကူးယူဖော်ပြခြင်း
Click here to claim your Sponsored Listing.
Category
Website
Address
Yangon