MM Digital Page
Website Design and Developement Service
29/11/2019
ပိုင်ရှင်မှလုပ်ဆောင်နိုင်သော လုပ်ဆောင်ချက်များအသေးစိတ်အချက်လက်များ
✅Admin Over View
👉ရောင်းချရန်တင်ထားသော ပစ္စည်းအရေအတွက်စုစုပေါင်းကြည့်နိုင်ခြင်း
👉အမျိုးအစားဂရုခွဲထားသော အရေအတွက် ကြည့်နိုင်ခြင်း
👉အကောင့်ဖွင့်ထားသော အသုံးပြုသူများအား ကြည့်နိုင်ခြင်း
👉ပစ္စည်းများရောင်းချရာတွင် ဈေးဝယ်သူအား ရွေးချယ်နိုင်သည့်အရေအတွက်ကြည့်နိုင်ခြင်း(အရောင်ရွေးခြင်း၊ဆိုဒ်ရွေးခြင်း)
👉အသစ်ရောက်လာသော အော်ဒါများကို ကြည့်နိုင်ခြင်း
👉ဈေးဝယ်သူများအား မိမိတို့ Website နဲ့ပတ်သက်သော သတင်းအချက်လက်Infomation ပေးထားသော Blog Post များအား ကြည့်နိုင်ခြင်း
👉ဈေးဝယ်သူများမှ ပေးသော Review Feedback များအား ကြည့်နိုင်ခြင်း
👉မိမိတို့ဆက်သွယ်လာသော မက်ဆေ့များအား ကြည့်နိုင်ခြင်း
👉ဈေးဝယ်သူများမှ ပေးပို့သော ငွေးလွှဲသက်သေများအား screen shot နှင့်တကွ ကြည့်နိုင်ခြင်း
✅Admin Manage User
👉မိမိဝန်ထမ်း User သို့မဟုတ် အခြား User တစ်ယောက်ယောက်အား Admin အဖြစ်လုပ်ကိုင်ခွင့်ပေးနိုင်ခြင်း(Admin Accoutn 2ခု 3 ခု ရရှိနိုင်ခြင်း)
👉အသုံးမပြုစေချင်သော User အား ဖျက်ပစ်နိုင်ခြင်း
✅Admin Manage Cateogry(ရောင်းချမည့်ကုန်ပစ္စည်းအမျိုးအစားများ ခွဲခြားခြင်း-)
👉Category(eg; Fashion,Beauty Product, Foods) အသစ်ပြုလုပ်နိုင်ခြင်း ၊ ပြုလုပ်ပြီးသော Category အား ပြုပြင်နိုင်ခြင် ၊ Category အား ဖျက်ပစ်နိုင်ခြင်း
👉Category နှင့် သက်ဆိုင်သော ကုန်ပစ္စည်းဓါတ်ပုံများထည့်သွင်းနိုင်ခြင်း
✅Admin Manage Product(ရောင်းချရန်အတွက် ကုန်ပစ္စည်းများ ထည့်သွင်းခြင်း)
👉Product အသစ်တစ်ခုထည့်သွင်းနိုင်ခြင်း ၊ ထည့်သွင်းထားပြီးသော Product အား ပြင်ဆင်နိုင်ခြင်း ၊ Product အား ဖျက်ပစ်နိုင်ခြင်း
👉Product အသစ်တစ်ခုထည့်သွင်းရောင်းချရာတွင် Instock/PreOrder သတ်မှတ်နိုင်ခြင်း ။ Retail/Whole Sale(လက်လီ/လက်ကား) ဈေးသတ်မှတ်နိုင်ခြင်း
👉Product အသစ်တစ်ခုထည့်သွင်းရောင်းချရာတွင် ၎င်းကုန်ပစ္စည်းတွင် ရွေးချယ်ဝယ်ယူနိုင်သော အရာများသတ်မှတ်နိုင်ခြင်း
ဉပမာ- Size ရွေးချယ်စရာရှိပါက Small,Medium,Lare,Extra Large စသဖြင့် ကြိုတင်သတ်မှတ်ထားနိုင်ခြင်း
👉Product တစ်ခုအား ရောင်းအားအကောင်းဆုံးဟု ဈေးဝယ်သူများအား Recommon ပေး၍ ဖော်ပြရောင်းချနိုင်ခြင်း
👉Product တစ်ခုအား လူကြိုက်အများဆုံးဟု ဈေးဝယ်သူများအား Recommon ပေး၍ ဖော်ပြရောင်းချနိုင်ခြင်း
✅Admin Manage User Selection(ကုန်ပစ္စည်းတစ်ခုအတွက် Size ,Color များ ကြိုတင်သတ်မှတ်ခြင်း)
👉ကုန်ပစ္စည်းတစ်ခုအတွက် ရွေးချယ်နိုင်သော Option Name အသစ်ထည့်သွင်းနိုင်ခြင်း ၊ ပြန်လည်ပြင်ဆင်နိုင်ခြင်း ၊ ဖျက်ပစ်နိုင်ခြင်း (ဉပမာ - Size , Color စသဖြင့် အမည်များ)
👉ကုန်ပစ္စည်းတစ်ခုအတွက် ရွေးချယ်နိုင်သော Option Name များအတွက် Option Values( တန်ဖိုး)များအားအသစ်ထည့်သွင်းနိုင်ခြင်း ၊ ပြန်လည်ပြင်ဆင်နိုင်ခြင်း ၊ ဖျက်ပစ်နိုင်ခြင်း
(ဉပမာ - Size ဟူသောအမည်အတွက် Small,Medium,Large နှင့် Color ဟူသောအမည်အတွက် White , Yellow ,Red ,Pink စသဖြင့် )
✅Admin Manage User Review(Customer Feedback နှင့် Review များထည့်သွင်းခြင်း)
👉ဈေးဝယ်သူများ Website သို့လာရောက်ချိန်တွင် မြင်နေရမည်ဖြစ်သော Customer Feedback နှင့် Review များထည့်သွင်းခြင်း ၊ ပြင်ဆင်ခြင်း ၊ဖျက်ပစ်ခြင်း
👉Feedback ပေးသူ၏ အမည် ၊ ဓါတ်ပုံ ၊ အလုပ်အကိုင် ၊ ကုမ္ပဏီ အမည် ၊ မက်ဆေ့များ ဖော်ပြနိုင်ခြင်း
✅Admin Manage Blog
👉ဈေးဝယ်သူများအား Website အကြောင်းများ နှင့် အခြား အသိပေးဖော်ပြလိုသော ဗဟုသုတများကို Blog နေရာတွင် ဖော်ပြနိုင်ပါသည်။
👉Blog Post အသစ်တစ်ခုထည့်သွင်းခြင်း ၊ ပြင်ဆင်ခြင်း ၊ ဖျက်ပစ်ခြင်း
✅Admin Manage User Send Message
👉ဈေးဝယ်သူများမှ ပေးပို့ဆက်သွယ်လာသော မက်ဆေ့များအား ကြည့်ရှု့နိုင်ခြင်း ၊ ဖျက်ပစ်နိုင်ခြင်း
29/11/2019
Domain Name ဆိုတာဘာလဲ?
Domain Nameဆိုတာ တကယ်တော့ သင့်website နာမည်ပါဘဲ။ ဆိုလိုတာက အင်တာနက် အသုံးပြုသူတွေက သင့် websiteကို ဝင်ရောက်ကြည့်ရှုနိုင်တဲ့ လိပ်စာနာမည်ပါ။
ကွန်ပျူတာအချင်းချင်း ကြိုးမဲ့ဆက်သွယ်ဆောင်ရွက်တဲ့အခါ IP address (အစဉ်လိုက်နံပါတ်)တွေနဲ့ အလုပ်လုပ်ပါတယ်။ ဥပမာ. 216.58.196.174 ။ လူတွေက အဲဒီကိန်းဂဏန်းတွေကို မှတ်မိဖို့ရန် (သို့) နားလည်ဖို့ရန် ခက်ခဲပါတယ်။ ဒီတော့ အဲ့ဒီ IP addressတွေကို လူတွေနားလည်လွယ်ကူအောင် ဖော်ပြထားတဲ့နာမည်ကို Domain Name လို့ခေါ်တယ်။
Domain Name တစ်ခုမှာ letterတွေ၊ numberတွေပါဝင်နိုင်ပါတယ်။ ပြီးပြည့်စုံတဲ့ Domain Name တစ်ခုဖြစ်ဖို့ရာ အဲဒီ Domain Nameတွေကို Domain Name Extension (e.g. .com, .net, shop, etc.,) တွေနဲ့တွဲဆက်ပြီး အသုံးပြုရပါတယ်။ ဥပမာ. www.facebook.com , www.amazon.com , www.alibaba.com .
Domain Name တစ်ခုကို အသုံးမပြုခင်မှာ register အရင်လုပ်ရပါတယ်။ Domain Name တစ်ခုနဲ့တစ်ခု (လုံးဝ)တူလို့ မရပါဘူး။ ဆိုလိုတာက website နှစ်ခုက တူညီတဲ့ domain name တစ်ခုကိုဘဲ သုံးလို့မရပါဘူး။ အဲဒီတော့ အခုကိုယ်က Domain Nameအသစ်တစ်ခုလိုချင်တယ်ဆိုရင် အဲဒီ Nameကို သုံးနေတဲ့သူရှိလား? မရှိဘူးလား? ဆိုတာကို စစ်ဆေးပြီး သုံးတဲ့သူမရှိသေးဘူးဆိုတော့မှ register လုပ်လို့ရမှာပါ။
Domain Name ကို ကိုယ်ပိုင်website တစ်ခုတည်းအတွက် အသုံးပြုနေတာတော့ မဟုတ်ပါဘူး။ ကိုယ်ပိုင်email တွေဖန်တီးနိုင်ဖို့အတွက်လည်း အသုံးပြုပါတယ်။
Click here to claim your Sponsored Listing.
Category
Website
Address
No. 302, First Floor, Zay Street, Thanlyin Tsp
Yangon
11291