KOSS
Traveller's Guide.
25/09/2025
CI to PJ ကိစ္စ အရမ်းစိတ်သောက မရောက်စေဖို့ရာ မျှဝေသည်
CI ကနေ PJ ပြောင်းထားတာတွေနဲ့ Only Thailand တုံးထုတာတွေ ဒီနေ့ပွက်လောရိုက်နေတာတွေ့ရတယ်
CI ဆိုတာ မြန်မာနိုင်ငံက အောက်လမ်းခိုးထွက်ပီး ထိုင်းနိူင်ငံတွင်းအထောက်အထားမဲ့ ၀င်လာတာကို သက်သေခံရုံစာအုပ်ဖြစ်တာမို့ PJ ပြောင်းပေးလဲ စာအုပ်ပိုင်ရှင်အနေနဲ့ မြန်မာနိုင်ငံအထွက် Immigration အထွက်တုံး မရှိထားတာမို့ ဒီလို Only Thailand တုံး ထုပေးတယ်လို့ ယူဆရပါတယ်(ဘာလို့ဆို အဲ့စာအုပ်က ထိုင်းနိုင်ငံမြန်မာသံရုံးကထုတ်ပေးထားတာမို့ပါ)
မြန်မာမှ တရား၀င်စာအုပ်ကိုင်ထွက်ထားသော
အလည်အပတ်၊အလုပ်အကိုင်၊ မှီခို ၊ ပညာရေးစာအုပ်များနှင့် လားလားသက်ရောက်မှုမရှိပါ(ယခုလည်း CI to PJ ကိုသာသီးသန့်ထုပေးတာလို့ ကြားသိရပါတယ်)
မှတ်ချက်( ပုံမှာရေးထားသော Passport is Only For Thailand တုံးက အတုအစစ်/Photoshop ဘာညာဆိုတာ ကျွန်တော်တို့လဲ အတိအကျမသိရပါ
မူရင်းပုံတင်သူစီမှ ဝေမျှထားခြင်းဖြစ်ပါသည်)
31/05/2025
အဲ့တာမို့ ဗီယက်နမ် တို့ ကေမ္ဘာဒီးယားတို့ကို အရမ်းညွှန်းနေရတာ. ....ကို့လူတွေကလည်း ထိုင်း ဆိုမှ ထိုင်း
မနေ့ညက ဒွန်မောင်းလေဆိပ်မှာ တံဆိပ်တုံးထုမည့် တန်းစီရတဲ့ နေရာတောင်မရောက်သေးဘူး မြန်မာပတ်စပို့တွေလို့ သိလိုက်တာတာနဲ့ ကြားထဲနေဖြတ်ခေါ်ပြီး စစ်ဆေးခံရပါတယ်။
အပြန်လက်မှတ်အစစ် Thai Lion လေကြောင်းလိုင်းကို Agoda ကနေ Booking လုပ်ထားပေမဲ့ သူတို့ မစစ်တတ်တာနဲ့ မပေါ်လို့ဆိုပြီး အတုဆိုပြီးတော့ ပြောပါတယ်။ ဒါက ပြသနာတစ်ခု ။ ပြီးတော့ Hotel Booking က က ပိုက်ဆံမပေးလို့ Cancel ဖြစ်သွားတဲ့အတွက် ပြသနာ နောက်တစ်ခု ထပ်တိုးသွားပြီး တန်းစီရမည့်နေရာကို ပေးမသွားတော့ဘူးဆိုပြီး ည ၁၂ ခွဲလောက် ကျွန်တော့ကို ဖုန်းဆက်လာပါတယ်။
Booking လုပ်ထားတဲ့ ဘောင်ချာတွေ နဲ့ ဘယ်လောက်ဘဲရှင်းပြပြ၊ သူတို့ပြောတာ အမှန် စစ်တာ ပေါ်မလာဘူး၊ မရဘူးဆိုပြီး တောက်လျှောက် ပြောပါတယ်။ ( လေဆိပ်မှာရှိနေတာကို လေကြောင်းလိုင်းကို ဖုန်းဆက်မေးလို့ရရဲ့သားနဲ့ မဆက်ပါဘူး) နောက်ဆုံး ကျွန်တော့ဘက်က စစ်ထားတဲ့ Screenshot ကိုပြခိုင်းလိုက်မှ ဟိုတယ် ဘွတ်ကင် ဖက်ကို ပြန်လှည့်လာပါတယ်။ အဲ့တော့ လက်မှတ်ရပြီဆိုရင် အစစ်ဖြစ်ကြောင်း သူတို့စစ်လို့မပေါ်ရင် ပြနိုင်ဖို့အတွက် လေယဉ်လက်မှတ်စစ်နည်း သိအောင် လုပ်ထားကြပါ။
နင်တို့ Hotel က Cancel လုပ်ထားပြီတဲ့။ Hotel Booking ကတော့ အသိအိမ်မှာတည်းဖို့ရှိတဲ့အတွက် Cancel ဖြစ်သွားတယ်ဆိုပေမဲ့ သိရတာနဲ့ချက်ချင်း Flight Ticket အကြောင်း ရှင်းနေတဲ့အချိန်အတွင်းမှာ အားနေတဲ့ လက်နဲ့ Booking အမြန်လုပ် ပို့ပေးပြီး ပြခိုင်းလိုက်ပေမဲ့ ဖုန်းဆက်မရဘူးဆိုပြီး ထပ်ပြီး အကြောင်းပြန်ပါတယ်။ ဆက်တဲ့အချိန်က ည ၁၂ နာရီ ဖုန်းမကိုင်ရင် လည်းမရပါဘူး။
အားလုံးက အစစ်ဖြစ်ပြီးသွားတော့ လေသံလျော့သွားပြီး (အစတုန်းကလို မအော်တော့ဘဲ) သူ့အထက်လူကြီးနဲ့ ရှင်းဖို့ဆိုပြီး အခန်းထဲ ခေါ်သွားပါတယ်။ အခန်းထဲမခေါ်ခင် ပိုက်ဆံပေးဖို့ကြိုးစားကြည့်ပေမဲ့ နင်တို့အထဲရောက်ရင်လည်း ပေးရမှာ။ နှစ်ခါ ပေးရမယ်လို့ ငြင်းပြီး အခန်းထဲသွားခိုင်းပါတယ်။ နောက်ဆုံးတော့ အိမ်သာထဲခေါ်သွားပြီး တစ်ယောက်ကို SGD150 နဲ့ စျေးတည့်သွားခဲ့ ပါတယ်။
ထိုင်းကို ဝင်ဖို့အတွက်ကိုဘဲ တစ်ယောက်ကို အားလုံး SGD700 လောက်ကုန်သွားပါတယ်။ ပထမတစ်ခါ အလုပ်ရှင်ဘက်က ရက်ပြောင်းပြီး စောစောပြန်ပို့လိုက်တဲ့အတွက် ကြိုဖြတ်ထားတဲ့ အသွားအပြန် လက်မှတ် $160 အပြင် အနီးကပ်ထပ်ဖြတ်လိုက်ရတဲ့လက်မှတ် တစ်ကြောင်းစာကို $320 ကျော် လောက်ပေးရတယ်။
အဲ့တော့ အခုအချိန်မှာ ထိုင်းကို စတေးရှောင်သွားဖို့ စဉ်းစားထားတယ်ဆိုရင် ရပ်လိုက်ပါ။ ထိုင်းထက်စျေးသက်သာတဲ့အပြင်၊ ရေရှည်နေလို့ရတဲ့ Vietnam ကိုဘဲ လာခဲ့ကြပါ။ မင်းတို့ မြန်မာကိုဘဲပြန် ( Go back to Myanmar) လို့ အော်ပြီး နှင်ထုတ်တဲ့အသံကို ဖုန်းထဲကနေ ကြားရတာတောင် တကယ်တောင် စိတ်မကောင်းဘူး။
မြန်မာပြည်ကို ပြန်ဖို့ အဆင်မပြေလို့ ရုတ်တရက် အလုပ်ထုတ်ခံရပြီး အတင်းပြန်ပို့ခံရတဲ့ အဲ့ဒီညီလေးတွေဆိုရင် ဘယ်လောက်တောင် Trauma ဖြစ်နေမလဲ။ ကိုယ်သာ ဆိုရင်ရော။ ကျွန်တော်သာဆိုရင် ပိုက်ဆံအများကြီးကုန်ရမည့် မလိုအပ်ဘဲ VIP Pass တွေ စျေးကြီးပေး နေရမည့် ထိုင်းကိုတော့ သွားမနေတော့ဘူး။
စလုံး ကနေ Stay ရှောင်မယ်ဆို ဗီယက်နမ်ကိုသာသွား
သူများထိုင်းတိုင်း လိုက်မထိုင်းကြနဲ့ မိတ်ဆွေတို့ရေ👇
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အခြေအနေ ဘယ်လိုလဲ???
ရန်ကုန်လေဆိပ်က ခရီးသည်တွေ အဝင်အထွက်ရှိရဲ့လား...?
ဟုတ်ကဲ့...နေ့စဥ် ပြည်တွင်း ပြည်ပ လေယာဥ်တွေ ပုံမှန် ခရီးစဥ်အတိုင်း ပျံသန်းနေသလို သွားလာနေကြခရီးသည်များလည်း ပုံမှန်အတိုင်း သွားလာနေကြပါတယ်...
သို့ပေမဲ့ အောက်ကအကြောင်းအရာတစ်ချို့ကို မသိဘူးမပြင်ဆင်လာဘူးဆိုရင်တော့ မိတ်ဆွေဟာ ရန်ကုန်လေဆိပ်ကနေ လှည့်ပြန်ရဖို့ သေချာသလောက်ဖြစ်နေပါပီ...
ဆိုတော့ ဘာတွေပြင်ဆင်ထားရမလဲ???
👉PV ဆိုတဲ့ အလည်အပတ် ပတ်စ်ပို့ဖြစ်ရမယ်
(အလည်အပတ်သွားတဲ့သူ/သွားနေကျသူတွေနဲ့ Visit ပြအလုပ်သွားမည့်သူများကို လေဆိပ်တာ၀န်ကျအရာရှိတွေက ခွဲခြားတတ်တာမို့ PV တိုင်းလေယာဥ်စီးနင်းခွင့် ရနိုင်/မရနိူင် ဆိုသည်မှာလည်းမသေချာနေပြန်ပါဘူး)
👉 လေယာဥ်လက်မှတ်အသွားအပြန် သေချာပေါက် လိုပါမယ်
👉နိုင်ငံသားကဒ် နဲ့ UID ခေါ် စမတ်ကဒ်
👉ဟိုတယ်ဘွတ်ကင်အထောက်အထား
👉သွားလည်ဖို့ စရိတ်က နိုင်ငံအလိုက်ငွေကြေးဆောင်လို့ရသလို USD ပြရင်လည်း အဆင်ပြေပါတယ်
(ဥပမာ ထိုင်းအလည်အပတ်ဆို Show Money က Bahts ၂၀၀၀၀ ၀န်းကျင်၊ USD ၅၀၀ နဲ့ ၁၀၀၀ ကြား )
ဆိုတော့. ပြောခဲ့သလို အထက်က စာရွက်စာတမ်းအထောက်အထား ၅ မျိုးပြည့်စုံလို့ ထွက်ခွာခွင့်ရကြသလို စာအုပ်အသစ်ဖြစ်လို့ လေဆိပ်အရာရှိများက သံသယဖြစ်လို့ ထွက်ခွာခွင့်မပေးကြသူများလည်းရှိပါတယ်...
(စကားချပ်-အလုပ်သွားမယ်ဆို PJ စာအုပ်နဲ့ OWIC သာတရားဝင်လုပ်ဆောင်သွားမယ်ဆို ၁၀၀% ပြည်ပထွက်ခွင့်ရပါမယ်)
#လွတ်လပ်စွာမျှဝေကူးယူနိုင်ပါသည်
KOSS Traveller's Guide.
19/07/2024
၇၇ နှစ်မြောက် အာဇာနည်နေ့တွင် ကျဆုံးသွားခဲ့သော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအားလုံးကို လေးစားစွာဖြင့် ဂါရဝပြုအပ်ပါသည်
’Day
#အာဇာနည်နေ့
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
U Lin Street
Yangon
11031