Pay It Forward

Pay It Forward

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Pay It Forward, Financial service, Yangon.

13/09/2025

ယူဗယ် ဟာရာရီ (Yuval Harari) ရဲ့ ဝိပဿနာအပေါ်အမြင်

02/09/2025

"I am different and I should not be treated differently"
---------------------------------------------

ဘရတ်ကိုဟန်က Tourette syndrome (အလိုလိုနေရင်း အသံမျိုးစုံထွက်တဲ့ ကုသလို့မရတဲ့ရောဂါ) ရှိနေတဲ့ disability ကျောင်းသားလေးတဦး။ ကျောင်းခန်းထဲမှာ ဆရာ၊ဆရာမတွေ စာသင်နေတုန်း အသံမျိုးစုံထွက်နေလို့ စာသင်ခြင်းကို နှောက်ယှက်တယ်ဆိုပြီး ဆရာ၊ဆရာမနဲ့ကျောင်းသူကျောင်းသားတွေ ဖယ်ကြဉ်ခံထားရတယ်။ သူငယ်ချင်းမရှိဘူး။ ဆရာဆရာမတွေနဲ့ အတန်းဖော်တွေရဲ့ ဆူပူငေါက်ငမ်းမှုနဲ့ လှောင်ပြောရယ်မောခံရခြင်းသာ သူ့အတွက် အဖော်ဖြစ်နေခဲ့တယ်။
-------------------
အမေတစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာနဲ့ ကျောင်းအုပ်ကြီး မိုင်ယာရဲ့ပံပိုးမှုသာမရှိခဲ့ရင် ဘရတ်ကိုဟန်ရဲ့ဘ၀ဟာ မတွေးဝံ့စရာ။
-------------------
တနေ့ ကျောင်းရဲ့ကော်ပရာတီးဝိုင်းကို လာဖို့ ကျောင်းအုပ်ကြီးက ဘရတ်ကိုဟန်ကို ပြောပါတယ်။ ဘရတ်ကိုဟန်က သူလာရင် ကော်ပရာပွဲပျက်မှာစိုးတာကြောင့် မလာဘူးပြောသော်လည်း ကျောင်းအုပ်ကြီးတိုက်တွန်းတာကြောင့် ဖျော်ဖြေပွဲကို တက်ရောက်လာပါတယ်။ ပွဲအတွင်းအသံထွက်ရင်း ပွဲပြီးတော့ ကျောင်းအုပ်ကြီးက စင်မြင့်ပေါ်လာဖို့ခေါ်ပါတယ်။

Meya : What can we do.And I mean everyone in this school. What can we do to help you, Brad.

Brad Cohan: I just wanted to be treated like everybody else.

"Brad အစား ကျွန်တော်စကားလုံးလေးတခု ထပ်ဖြည့်ပြောလိုက်မိတယ်"
"I am different and I should not be treated differently"

ကျွန်တော်အတွေးထဲမှာတော့ Brad ဆိုတာ metaphor တစ်ခုပဲ။ Brad ဆိုတာ ကျွန်တော်တို့ရဲ့လူမှု၀န်းကျင်ပြယုတ်တခု သို့မဟုတ် ရုပ်ရှင်ပြင်ပရဲ့ ကမ္ဘာ။

Disability ဖြစ်လို့ခွဲခြားဆက်ဆံမှု၊ ဆင်းရဲချမ်းသာမှု၊အသားအရောင်၊လူမျိုး၊ဘာသာမတူလို့ ခွဲခြားဆက်ဆံမှု။ ကျွန်တော်တို့နေစဉ်ကြုံတွေဖြစ်ပျက်နေတဲ့အရာတွေ။

အဲဒီအတွက် ဘရတ်ကိုဟန် တောင်းဆိုတာက ရိုးရိုးလေး။

"လူသားဆန်မှု"

Front of the class ရုပ်ရှင်ကိုကြည့်အပြီး ပညာနဲ့လူသားဆန်မှုအကြောင်း အတွေးပွါးလိုက်ပါတယ်။

Want your business to be the top-listed Finance Company in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon