Abby Educational Service
Education Consultant & Visa Services
Abby ရဲ့ကျောင်းသားမိဘတစ်ယောက် ဒီနေ့ Visit Visa ဝင်တဲ့အတွေ့ကြုံလေး Share ပေးချင်ပါတယ် ..
Visa type - B1/B2
Age - 45
Travel Reasons - Visit Son
Sponsor - Self Sponsor
Language used - Burmese language (translator requested)
First time visa apply to US
Interview မေးခွန်းတချို့
- ဘာလို့ US ကိုသွားလည်ချင်တာလဲ
- သားက ဘာကျောင်းတက်နေတာလဲ၊ ဘာ major လဲ နဲ့ဘယ် year ရောက်ပြီလဲ ဆိုတာတွေ
- ဒီမှာ ဘာလုပ်ငန်းရှိလဲ
နောက်ဆုံးမှာ
- လုပ်ဖူးလား ဆိုပြီးမေးသွားပါတယ်။ (ကလေး မေမေကတော့ လျောက်ဖူးတာမို့ အမှန်အတိုင်းပဲ လျောက်ဖူးတယ်လို့ဖြေလိုက်ပါတယ်။)
၃ မိနစ်လောက် ငြိမ်နေပြီးတော့မှ Visa approved ဆိုပြီးတော့ Passport collect လုပဖို့စာရွက်လေးပေးလိုက်ပါတယ်…
တခြား supporting စာရွက်စာတမ်း တွေအနေနဲ့ဘာမှကိုမတောင်းကြည့်ပါဘူး ..
အရင်လိုမေးခွန် ၃၊ ၄ ခုလောက်ပဲမေးတော့တာမဟုတ်ပဲ သေချာကိုစိတ်ရှည်ရှည်နဲ့စေ့စေ့ပေါက်ပေါက်မေးတဲ့ Counselor ရှိနေပါပြီ။
Tips:
ဆိုတော့ကာ Visit Visa ဖြစ်ဖြစ်၊ ကျောင်းသား Visa ဖြစ်ဖြစ် Supporting documents စာရွက်စာတမ်းပြင်ဆင်မှုက အရေးကြီးသလို Interview မှာသေချာ မေးခွန်းတွေကိုအပိုအလိုမရှိဖြေနိုင်ဖို့ကလဲ ပိုပြီး အရေးကြီးကြောင်း သတိပေးချင်ပါတယ်။
Interview Practice များကို Abby မှ အတွေ့အကြုံရှိ Visa Counselors များမှ သေချာပြင်ဆင်လေ့ကျင့်ပေးတာနေတာမို့ page chat box ကနေလာရောက်စုံစမ်းလို့ရပါတယ်။
09/01/2023
US Visa Appointment တွေ May 2023 တစ်လ ကိုထက်ပြီးတော့ဖွင့်ပေးထားပါတယ်။
Summer Intake ကျောင်းသားတွေနဲ့ Visit Visa လျောက်ချင်သူတွေ အမြန်လေးဝင်ယူကြပါ။
F1 Visa နဲ့ Visit Visa လျောက်ချင်သူတွေကို ဝန်ဆောင်မှုပေးနေပါတယ်။ Page Chat Box ကနေစုံစမ်းနိုင်ပါတယ်။
25/12/2022
🌲 We Wish You Merry Christmas 🌲
May the spirit of Christmas infuse your life and that of your family members with hope, positivity and joy...
Merry Christmas and Happy New Year!
09/12/2022
UK နိုင်ငံမှာကျောင်းသွားတက်ဖို့ Abby ဆီမှအကြံညဏ်တွေရယူလိုက်ပါ...
UK နိုင်ငံမှ တက္ကသိုလ်များဟာ အကောင်းမွန်ဆုံးသောပညာရေးစနစ်ကို စီစဉ်ဖန်တီးပေးနေတာကြောင့် ကောင်းမွန်သော ပညာရေးအတွက် ခြေဆန့်လိုသူများအတွက် သွားရောက်တက်ရောက်သင့်ပါတယ်။ နိုင်ငံတကာ အသိအမှတ်ပြု ဘွဲ့များ ကို ကျောင်းပြီးစီးချိန်တွင် ရရှိမှာမလို့ အလုပ်အကိုင်အခွင့်အလမ်းမြောက်မြားစွာကလဲ သင့်ကို စောင့်မျှော်နေမှာပါ။
၁၀တန်းအောင် (or) IGCSE,GCE O level ပြီးမြောက်ထားပါက ကျောင်းသားကျောင်းသူများအနေဖြင့် UK နိုင်ငံမှ တက္ကသိုလ်များတွင် international foundation year ကိုစတင်တက်ရောက်နိုင်မှာဖြစ်ပြီး ၃ နှစ်တက်ရောက်ပြီးနောက် Bachelor degree ကိုရရှိမှာ ဖြစ်ပါတယ်။
✓အချို့ university များကတော့ “sandwich courses” ဟုခေါ်သော 4 နှစ်တက်ရောက်ရသည့် programရှိပြီး ဤပရိုဂရမ်တွင် များသောအားဖြင့် တတိယနှစ်တွင် တစ်နှစ် လုပ်ငန်းခွင်အတွင်း ၀င်ရောက်လုပ်ကိုင်ရပါတယ်။
✓အချို့ တက္ကသိုလ် များဟာဆိုလျှင် "fast-track" program ဟုဆိုသည့် undergraduate level မှာတင် Master's degree ရယူနိုင်တဲ့ program များလဲ စီစဉ်ထားပါတယ်။
✓UK နိုင်ငံမှာ ပညာသင်ကြားနေ international students များအကြားတွေ တက်ရောက်သင်ကြားမှုများပြီး popular အဖြစ်ဆုံး မေဂျာများကတော့
🔹Business.
🔹Natural Sciences.
🔹Engineering and Technology.
🔹Medicine.
🔹Law.
🔹Social Sciences.
🔹Sports Science.
🔹Media and Communication.
🔹Arts.
🔹Hospitality and Tourism တို့ပဲဖြစ်ပါတယ်။
UK နိုင်ငံရဲ့ student visa ကိုအစောဆုံးလျှောက်ထားမည်ဆိုပါက course မစတင်မှီ ၆လ အလို ထဲက လျှောက်ထားသင့်ပြီး visa decision က ၃ပတ် အတွင်း သိရှိရမှာပါ။ Visa fees ကတော့ 363 Pound Sterling ဖြစ်ပါတယ်။သို့ကြောင့် UK နိုင်ငံတွင် ပညာသင်ကြားမည်ဆိုပါက လိုအပ် တဲ့စာရွက် စာတမ်းများပြင်ဆင်ခြင်း၊Application Process နှင့် Visa Process တို့အတွက် ပြင်ဆင်ပါက ခန့်မှန်းခြေ အနဲဆုံး ၃ လ ကြာမြင့်မည်ဖြစ်သဖြင့် ၂၀၂၃ intake တွင် တက်ရောက်လိုပါက ယခုတည်းက ကြိုတင်ပြင်ဆင်သင့်ဖို့ လိုအပ်နေပါတယ်နော်။
ထို့ကြောင့် တက်ရောက်လိုသော မေဂျာနှင့်ကျောင်း ရွေးချယ်ခြင်း၊ ကျောင်းတက်ပြီး နောက်၀င်ရောက်လုပ်ကိုင်နိုင်သည့် လုပ်ငန်းခွင်နယ်ပယ်များနှင့် အလုပ်အကိုင်အခွင့်အလမ်းများအား ကူညီဆွေး နွေးပေးခြင်း၊လိုအပ်သည့်စာရွက်စာတမ်း များကို ပြင်ဆင်ခြင်း၊ ဗီဇာလျှောက်ထားပေးခြင်း စသည့် ကိစ္စရပ်များကို ကျနော်တို့ Abby Educational Services မှ ကူညီဆောင်ရွက်ပေးပါတယ်ခင်ဗျ။
သို့ပါ၍ ကျောင်းလျှောက်လိုသူများအနေဖြင့် Counselling လုပ်ဆောင်မည်ဆိုပါက ကျနော်တို့ Abby Educational Services ၏ Page Messenger (or) 09 757963567,09 970555145 တို့တွင် လာရောက် ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ် ခင်ဗျာ။
17/11/2022
မြန်မာပြည်က အမေရိကန်သံရုံးမှာဘဲ USA Visit Visa လျှောက်ကြမယ်...
တခြား နိုင်ငံသို့ သွားရောက် လျှောက်ထားစရာမလိုဘဲ မြန်မာပြည်ရှိ အမေရိကန်သံရုံးမှာဘဲ US Visit Visa လျှောက်ထားချင်သော လူကြီးမင်းများအတွက်15 Dec 2022 စ၍ Appointment Booking များကို စတင်လက်ခံပေးသွားမည်ဖြစ်ကြောင်း US Embassy, Yangon website တွင် ကြေညာထားပါသည်ခင်ဗျာ။
Abby Educational Service မှ US Visit Visaနှင့်ပတ်သက်၍ အောက်ပါ၀န်ဆောင်မှုများပြုလုပ်ပေးလျက်ရှိပါသည်။
1) Visa Formမဖြည့်ခင် လျှောက်ထားသူနဲ့သေချာစွာတိုင်ပင်ဆွေးနွေးပေး
ခြင်း။
2) လိုအပ်သော စာရွက်စာတမ်းများကို စနစ်တကျ သေချာစွာပြောပြပေးခြင်း။
3) Visa Formဖြည့်ရာတွင်လည်း အမှားယွင်းမရှိအောင် ဖြည့်စွက်ပေးခြင်း
သာမက၊
4) Interview Practice များကိုပါ လိုအပ်ရင်လိုအပ်သလို အကြိမ်များစွာ
ပြုလုပ်ပေးခြင်း။
စသည့်၀န်ဆောင်မှုများနှင့်အတူ One Stop Service အနေဖြင့် လည်း၀န်ဆောင်မှုပေးလျက်ရှိပါသည်။
US သာမက တခြားနိုင်ငံများဖြစ်သော Thai, Singapore,UK and AU တို့၏ Visit Visa နှင့် Student Visa များကိုပါ ၀န်ဆောင်မှုပေးလုပ်ကိုင်ပေးလျက်ရှိပါသည်။
ဝန်ဆောင်မှုနှင့်ပတ်သက် မေးမြန်းစုံစမ်းလိုပါက
☎️09 757 963 567
☎️09 970 555 145 (သို့မဟုတ်) Facebook Messenger သို့လည်း လာရောက် စုံစမ်းနိုင်ပါတယ် ခင်ဗျာ။
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon