Math Magic with Mya
Our primary and secondary math tutoring ensures students' success. Trust us to guide you and 🎉👏🏼🎉
02/02/2026
ဒီတခါတော့ Section မှာ – ကလေးတွေ Maths မှာ အမှားများတတ်တဲ့ “မေးခွန်းဖတ်နည်း” လေးအကြောင်းကို ဝေမျှပေးချင်ပါတယ်။
👩🏫✨ ကျွန်မ သင်ကြားလာတဲ့ နှစ်များအတွင်း တွေ့ရတဲ့ အကြီးမားဆုံး ပြဿနာတစ်ခုက ✨👩🏫
Primary ကလေးအများစု Maths မှာ
❌ ဉာဏ်မကောင်းလို့ မဟုတ်ပါဘူး
❌ စာမတတ်လို့ မဟုတ်ပါဘူး
❌ နည်းလမ်းမသိလို့လည်း မဟုတ်ပါဘူး
👉 အမှန်တကယ် အမှားအများဆုံး ဖြစ်စေတဲ့ အကြောင်းရင်းက။
“မေးခွန်းကို မှန်ကန်အောင် မဖတ်တတ်သေးခြင်း” ဖြစ်ပါတယ်။
ဒီအချက်ကို ကျွန်မ classroom ထဲမှာ နေ့တိုင်းနီးပါး တွေ့ရပါတယ်။
🔍 ကလေးတွေ မေးခွန်းဖတ်ရာမှာ မကြာခဏ မှားတတ်တဲ့ အကြောင်းများကတော့
❌(1) မေးခွန်းကို တစ်ကြိမ်သာဖတ်၍ ဖြေဆိုခြင်း။
ကလေးအများစုက
👉 Question ကို တစ်ခါဖတ်ပြီး
👉 တွေ့တဲ့နံပါတ်တွေကို ချက်ချင်းတွက်လိုက်ပါတယ်။
📌 နံပါတ်တွေကို တွေ့ရုံနဲ့ ပေါင်း / နုတ် လုပ်လိုက်တာ
ဒါကြောင့်
➡️ Question ရဲ့ အဓိပ္ပါယ်ကို မနားလည်ဘဲ
➡️ Operation ကို မှားသွားတတ်ပါတယ်။
❌ (2) Keyword များကို သတိမထားမိခြင်း။
Primary Maths questions တွေမှာ
Keyword တစ်လုံးတည်းပဲ မှားဖတ်ရင် အဖြေတစ်ခုလုံး မှားသွားနိုင်ပါတယ်
ဥပမာ –
Altogether / Total → ပေါင်း (+)
Left / Remaining → နုတ် (−)
More than → ပေါင်း
Less than → နုတ်
👉 ဒါပေမယ့် ကလေးတွေက
Keyword ကို မကြည့်ဘဲ
နံပါတ်ကိုပဲ ကြည့်ပြီး ဖြေတတ်ကြပါတယ်။
❌ (3) Question ကို ကိုယ့်ဘာသာဖြင့် ပြန်ဆိုရန် မအောင်မြင်ခြင်း။
ကျွန်မ မေးရင်
👉 “ဒီမေးခွန်းက ဘာမေးတာလဲ?”
လို့ မေးလိုက်ရင်
ကလေးအများစု
❌ ပြန်မပြောနိုင်
❌ ပြန်ပြောရင်လည်း မှားပြောတတ်ပါတယ်။
📌 ဒါဟာ
👉 Question ကို နားမလည်သေးကြောင်း ပြသတဲ့ အချက်ပါ။
✅ ကျွန်မ Classroom ထဲမှာ သင်ပေးတဲ့ “မေးခွန်းဖတ်နည်း ၄ ဆင့်”
🟢 Step 1 – Question ကို နှေးနှေး ဖတ်ပါ (၂ ခါ)
ပထမအကြိမ် – နားလည်ဖို့
ဒုတိယအကြိမ် – အချက်အလက်တွေ ရှာဖို့
🟢 Step 2 – Keyword ကို ဝိုင်းပါ / အောက်မှာမှတ်ပါ
Left, total, more, less, altogether
👉 ဒီစကားလုံးတွေက
ဘယ် operation သုံးရမလဲ ဆိုတာ ပြောနေပါတယ်။
🟢 Step 3 – Question ကို ကိုယ့်စကားနဲ့ ပြန်ပြောပါ
ဥပမာ –
“ဒီမေးခွန်းက ပေါင်းခိုင်းတာလား? နုတ်ခိုင်းတာလား?”
ကိုယ်တိုင် ပြန်ပြောနိုင်ရင်
👉 နားလည်ပြီးသား ဖြစ်ပါတယ် ✅
🟢 Step 4 – နောက်ဆုံးမှသာ တွက်ပါ
နားလည်ပြီးမှ တွက်ရင်
✔️ Operation မမှားတော့
✔️ Working မမှားတော့
✔️ Exam မှာ အမှတ်မဆုံးရှုံးတော့ပါဘူး
🌱 မိဘများ အတွက် အရေးကြီးတဲ့ အချက်။
ကလေး Maths မှာ အမှတ်ကျနေတာက
❌ မကြိုးစားလို့ မဟုတ်ပါဘူး။
👉 မေးခွန်းဖတ်နည်းကို စနစ်တကျ မသင်ပေးရသေးတာ ဖြစ်ပါတယ်။
Primary အဆင့်မှာ
📌 Question reading skill က
📌 Maths foundation ထက်တောင် ပိုအရေးကြီးပါတယ်
📘 Maths Magic with Mya မှာ
👧🧒 Primary students တွေအတွက်
✨ Question reading skills
✨ Concept-based Maths
✨ Exam-focused practice
✨ Individual attention
နဲ့ သင်ကြားပေးနေပါတယ်။
📩 Parent များအနေနဲ့ ကလေးရဲ့ Maths အမှားတွေကို အမြစ်ကနေ ပြင်ချင်ရင် Message us now or Viber 📲 09420015310.
25/01/2026
ဘာကြောင့် အရေးကြီးလဲ?
🧮 ဆိုတာ ဘာလဲ?
Mathematical Grammar ဆိုတာက ဂဏန်းနဲ့ သင်္ကေတတို့ရဲ့ ဘာသာစကား ပါ။
အင်္ဂလိပ်စာမှာ grammar သည် စာရေးနဲ့ စကားပြောကို မှန်မှန်နားလည်အောင်ကူညီသလို၊ Mathematical Grammar ကလည်း ကလေးတွေကို Maths ကိုမှန်မှန်နားလည်အောင်၊ စာရေးအရည်အချင်း တိုးတက်အောင်ကူညီပါတယ်။
✨ အရေးကြီးချက်များ
✅Maths Concepts ကိုရှင်းလင်းနားလည်စေခြင်း။
✅ကလေးတွေ ပြဿနာတွေကိုမှန်မှန်ဖြေရှင်းနိုင်ခြင်း။
✅ပေါင်းခြင်း၊ နုတ်ခြင်း၊ မြောက်မြားခြင်း၊ နေရာစားခြင်း စသည်မှာရှုပ်ထွေးမှု လျော့နည်းစေခြင်း။
✅Word Problem များအောင်မြင်စေခြင်း။
ကလေးများ Word Problems ခက်နေမှု ရှိတာအဓိကက number sentences ကိုမနားလည်တာဖြစ်ပါတယ်။
1. သင်ယူခြင်းဖြင့် စကားလုံးတွေကို သင်္ကေတနဲ့ ညီညွတ်စွာ ပြောင်းနိုင်စေခြင်း။
2. တိုးတက်စေခြင်း
3.ကလေးတွေ ပြဿနာကို အဆင့်ဆင့်စဉ်းစားတတ်စေခြင်း။
4. နဲ့ တိုးတက်စေခြင်း။
5.ကျောင်းစာမေးပွဲမှာအောင်မြင်စေခြင်း။
6. ကိုနားလည်ထားတဲ့ ကလေးတွေ စာမေးပွဲမှာ အမှန်တကယ် score အများဆုံးရနိုင်ခြင်း။
7.အဆင့်မြင့် Maths အတွက် အခြေခံ
Fractions, Decimals, Algebra, Geometry စသည့် advanced Maths များကို လွယ်ကူစွာ သင်ယူနိုင်အောင် အခြေခံထားပေးခြင်း။
💡 ဆိုတာ ဂဏန်းသို့မဟုတ် သင်္ကေတအကြောင်းပဲ မဟုတ်ပါဘူး။
ကလေးတွေ Mathsကို ယုံကြည်မှုရှိစွာ နားလည်ရေး၊ဖြေရှင်းရေး၊မှန်မှန် နားလည် သဘောပေါက်ပြီး communication လုပ်၊ ပျော်စရာအဖြစ် သင်ယူနိုင်ဖို့ အရေးကြီးတဲ့ ဘာသာစကားပါ။
အခုကလေးအများစု word problem အားနည်းတယ်၊ပုစ္စာတွေကို နှစ်ဆင့်သုံးဆင့် မရဘူး၊မေးခွန်းကို interpret မလုပ်တတ်ဘူး၊unseen မေးခွန်းကြောက်တယ် ၊မေးခွန်းစာများရင် မဖတ်တတ်ဘူး ဒါတွေအားလုံးဟာ ငယ်စဉ်တည်းက mathematical grammar မရခဲ့လို့ပါ။
အထူးသဖြင့် government school and private school ကလေးတွေ IS curriculum အကူးကို မလိုက်နိုင်တာ ဒါကြောင့်ပါ။
ဒါကြောင့် lesson plan and curriculum ကို organized လုပ်ပြီး ၊English Tr က နှစ်ရက် ၊ကျွန်မက တစ်ရက် ၊တစ်ပတ်သုံးရက် ၊တစ်ရက် တစ်နာရီစီ သင်သွားမှာပါ။
🌞🌞🌞Summer Class (March to May) ပါ။
📝Online or On Campus အဆင်ပြေရာ join လို့ရပါတယ် ။
🧑🎓👩💻👩🎓👨💻👨🎓ကျောင်းသားအများစု အားရက် အချိန် ညှိပေးပါမယ်။
Waiting List ပေးလို့ရပါပြီ။
Viber 09420015310
💲💲💲💰💰💰Fees 250000 for course ပါ။
bird 5 ယောက်ကတော့ 200000 နှင့်ရပါမယ်။
❤️❤️❤️အသက်အရွယ် 6 to 9 years.
Year 3,4
Grade 3,4
လောက်အထိ join လို့ရပါတယ်။
အသေးစိတ် lesson plan ကို နောက်ပို့စ်မှာ ရေးပေးပါပါမယ် ။
21/01/2026
🌞 Summer Class for Cambridge year 7 Curriculum Online Class
Time 1.30 to 3.00 pm
Date Thursday and Friday
Starting Date 3rd March 2026 to 29th May 2026
Platform. Zoom
Fees .360000 ks
Class size .7 students
Language .Hybrid
Year 6 တုန်းက စာမကြေခဲ့တာ မရတာတွေ ပြန်ရှင်းပြရင်း Yr 7 တစ်အုပ်လုံးမပြီးနိုင်ပေမဲ့ အရေးကြီးတဲ့ concept တွေ ၊Topic တွေ ရွေးထုတ်သင်ပေးသွားမှာပါ။သင်ယူတတ်မြောက်မှာကိုလည်း May လကုန်ခါနီး Assessment စစ်ပေးမှာပါ။
IGCSE အတွက် ကောင်းမွန်တဲ့ foundation ချပြီး ၊Upper Primary ရဲ့ နောက်ဆုံးနှစ်စာတွေ ပါသင့်သလောက်ပါသွားဖို့ သင့်ကလေးကြိုးစားလိုက်နာမှုရှိပြီး
အတန်းမှန်မှတ်တတ် အိမ်စာ လိုက်လုပ်ဖို့တော့ လိုပါတယ်။
အသေးစိတ်ကို messenger or Viber 09420015310
သို့ မေးမြန်းနိုင်ပါတယ်။
Click here to claim your Sponsored Listing.
Category
Website
Address
Thanthumar Road
Yangon
11071