DrivingGuide - Driving Training Service

DrivingGuide - Driving Training Service

Share

🚗“Your Car. Your Comfort. Our Guidance.”

20/09/2025

💳 သင်မောင်း (သ) လိုင်စင်ကအစမရှိသေးသူများ ကားမောင်းသင်ဖို့စဥ်းစားနေရင် အကောင်းဆုံးအကြံပေးချင်တာကတော့....

------------------------------------

၁။ ကားမောင်းမသင်ခင် ၃ လကြိုပြီး သ လိုင်စင်လျှောက်ထားပါ။

သ လိုင်စင် သက်တမ်း ၃ လရှိထားမှ တရားဝင် ကားမောင်းလို့ရတဲ့ ခ လိုင်စင် ဖြေဆိုလို့ရပါမယ်

ဒါကြောင့် ကားမောင်းသင်ပြီးပြီးချင်းလိုင်စင်ဖြေချင်ရင် သ လိုင်စင်ကြိုလုပ်ထားပါ

၂။ ကားမောင်း/ပါကင် အခြေခံလောက်သင်ပြီး ခ လိုင်စင် အရင်ဖြေပါ

သ လိုင်စင်နဲ့ အများပြည်သူသွားလာနေတဲ့လမ်းသွယ်/ လမ်းမကြီးတွေပေါ်မောင်းခွင့်မရှိပါဘူး

တာဝန်ရှိသူတစ်ဦးဦးမှ စစ်ဆေးတဲ့အခါ သ လိုင်စင်နဲ့မောင်းရင် ဘေးမှာလိုင်စင်ရှိသူပါလည်း ယာဥ်စည်းကမ်းဥပဒေအရ အရေးယူခံရပါလိမ့်မယ်

ဒါကြောင့် သင်တန်းတစ်ခုခုတက်ပြီး တစ်ယောက်ထဲ ကွင်းပတ်မောင်းတတ်ရုံနဲ့ ပါကင်အခြေခံသဘောတရားနားလည်အောင်လုပ်ပြီးသာ လိုင်စင်အရင်ဖြေဆိုပါ။

၃။ လိုင်စင်ရှိပြီးမှ real road training ရယူပါ

လိုင်စင်ရရှိသွားပြီဆိုရင်တော့ မြန်မာတစ်နိုင်ငံလုံး မောင်းနှင်ခွင့်ရှိပြီမို့ ယာဥ်စည်းကမ်းမဖောက်ဖျက်ရင် အရေးယူမခံရနိုင်တော့ပါ။

အဲ့ခါကျမှ ယာဥ်စည်းကမ်းနားလည်သူ (သို့) Private Driving Instructor ခေါ်ပြီး real road training ရယူပါ

Parking ကအစ စနစ်တကျနဲ့ Parking lots တွေမှာလေ့ကျင့်ပါ

🚗 ကိုယ့်ကားနဲ့ကိုယ်သင်ပြီး ယုံကြည်မှုအပြည့်နဲ့​မောင်းနိုင်ချင်ရင်​တော့ DrivingGuide ရဲ့ Private One_On_One Training Program နဲ့သာ join လိုက်​တော့​နော်👨‍🎓🚗

📍 Home Pick-up Included
📍 Custom Time Schedule
📍 Step-by-Step Confidence Building
📍 Real Road Rule-Based Training

အ​​ခြေခံကစသင်မယ့်သူပဲဖြစ်ဖြစ် (သို့) အ​ခြေခံရှိပြီးသား​​ပေမယ့် မိမိကိုယ်ကိုယုံကြည်မှုအားနည်းသေးလို့မ​မောင်းရဲသူပဲဖြစ်ဖြစ် DrivingGuide ရဲ့ စိတ်ရှည်ပြီး​​သေချာနားလည်​အောင်သင်ပြ​ပေးမယ် Driving Instructor ​ကြောင့် သင့်ရဲ့ skill ကို Level up ဖြစ်စေမှာအမှန်ပါ😎

🚗 Your Car. Your Comfort. Our Guidance.

အချိန်ညှိနှိုင်းနိုင်ရန် (၁) လ မှ ​ကျောင်းသား (၁၀) ဦးသာလက်ခံသင်ကြား​ပေးတာဖြစ်လို့ အခုပဲ Private Instructor Sayar Min Thwin Htoo နဲ့​တိုင်ပင်ဆွေး​နွေးပြီး သင်တန်းအပ်လိုက်​တော့​နော်

ဆက်သွယ်ရမယ့်ဖုန်းနံပါတ်က​တော့ ☎️ 09-971 804 496

တခါတ​လေကား​မောင်းသင်​နေတဲ့ချိန်ဖုန်းဆက်သွယ်လို့မရရင် Page က​နေလည်း message ပို့ထားလို့ရပါတယ်ခင်ဗျ
Missed call​တွေလည်း ပြန်ဆက်သွယ်​ပေးပါတယ်

15/09/2025

ကား​မောင်းတတ်တာနဲ့ ကား​မောင်းကျွမ်းကျင်တာ အတူတူပဲလား?

------------

🚗 ကားမောင်းတတ်တာ (Driving Ability)

ဂီယာထိုးတတ်၊ အင်ဂျင်နှိုးတတ်၊ ကားကို ​ရှေ့တိုး​နောက်ဆုတ်၊ ဘယ်ညာ​ကွေ့တတ် စတဲ့အခြေခံကျွမ်းကျင်မှု။

➡️ ဆိုလိုတာက ကားကို လှုပ်ရှားအောင် လုပ်နိုင်တဲ့ အဆင့်သာ ဖြစ်တယ်။

🏆 ကားမောင်းကျွမ်းကျင်တာ (Driving Skill / Mastery)

လမ်းပေါ် အခြေအနေအလိုက် အမြန်ဆုံး တုံ့ပြန်နိုင်တယ်။

အကွေ့တွေ၊ လမ်းကျဉ်းတွေ၊ မိုးရွာတဲ့အချိန်၊ ညဘက် စတဲ့ အခက်အခဲတွေမှာလည်း မောင်းနိုင်တယ်။

ပါကင်ထိုး၊ overtaking (ကားကျော်တာ) စတဲ့ အဆင့်မြင့် technique တွေကို တိကျစွာလုပ်နိုင်တယ်။

➡️ အတွေ့အကြုံနဲ့ လေ့ကျင့်မှု ပေါင်းစပ်မှသာရမယ့် အဆင့် ဖြစ်တယ်။

👉 ဒီတော့ “ကားမောင်းတတ်ခြင်း” က အစဦးဆုံးအဆင့် ဖြစ်ပြီး၊ “ကျွမ်းကျင်ခြင်း” က ပုံမှန်မောင်းပြီး အတွေ့အကြုံတိုးလာတဲ့အခါ ရတဲ့အဆင့် ဖြစ်ပါတယ်။

အချုပ်ပြောရရင် —
➡️ "မောင်းတတ်သူ" = ထပ်လေ့ကျင့်ဖို့လိုအပ်သူ
➡️ "ကျွမ်းကျင်သူ" = လမ်းပေါ်မှာဘယ်လို အခြေအနေမဆို အန္တရာယ်ကင်းစွာ ​မောင်းနှင်နိုင်သူ

🚗 ကားမောင်းကျွမ်းကျင်ဖို့ လိုအပ်တဲ့အဆင့်တွေက-

1. အခြေခံကို မပြတ်​အောင် လေ့ကျင့်ပါ

ကားစမောင်းခြင်း၊ ကွေ့ခြင်း၊ ဘရိတ်နင်း လီဗာနင်း၊ lane ထဲမောင်းခြင်း အစရှိတဲ့ အခြေခံအချက်တွေကို အမြဲလိုလို ထပ်ခါထပ်ခါ လေ့ကျင့်ပါ။

2. တစ်နေ့ကို အနည်းဆုံး နာရီဝက်မှ ၁ နာရီ လေ့ကျင့်ပါ

အစမှာ နေ့စဉ်မောင်းတာ အရေးကြီးတယ်။

တစ်ပတ်ကို တစ်ကြိမ်သာမောင်းရင် ကျွမ်းကျင်ဖို့ မဖြစ်နိုင်ပါ။

3. ကွာဟမှုများတဲ့ လမ်းတွေကို စမ်းပါ

မြို့ထဲလမ်း၊ highway လမ်း၊ ရပ်ကွက်လမ်းကျဥ်း သုံးမျိုးစလုံး အတွေ့အကြုံရဖို့ လိုတယ်။

4. ပါကင်ကို အမြဲ လေ့ကျင့်ပါ

Angle parking, Parallel parking, 90° parking တို့ကို နေ့တိုင်း practice လုပ်ရမယ်။

အကောင်းဆုံးနည်းက ပါကင်စကျင့်ရင် တိုင်/Cone /ဘေး marker နဲ့ စပြီးမှ တကယ့်ကားနဲ့ စမ်းပါ။

5. မိုးရွာချိန်၊ ညနက်ချိန် စမ်းပါ

မောင်းရခက်တဲ့အခြေအနေတွေမှာ စမ်းသပ်ရင် စတီယာရင်ထိန်းချုပ်မှု၊ အရှိန်ထိန်းတတ်တာ​တွေ ပိုပြီးတိုးတက်​စေတယ်။

6. မိမိအမှားကို ပြန်လည်ထုတ်​ဖော်ပါ

Instructor နဲ့အတူ မောင်းပြီး ဆရာနဲ့လိုအပ်ချက်​တွေ၊ အကြံဥာဏ်​တွေရယူပါ။

Eg. “အ​​ကွေ့​တွေမှာ စတီယာရင် ​ကွေ့ပြီးပြန်မဖြည်နိုင်ဘူးဆိုရင် လက်ကိုင်တာမှားယွင်း​နေနိုင်သလို၊ စတီယာရင်အပတ်ရည်မမှတ်မိ​သေးတာလည်းဖြစ်နိုင်တယ်” ဒါဆိုရင် ဆရာနဲ့ လက်ကိုင်တာပြန်ပြင်ပြီး အပတ်​ရေပြန်မှတ်မိ​အောင်ပြန်​လေ့ကျင့်မယ် ။ စသဖြင့်​ပေါ့...

ကားမောင်းကျွမ်းကျင်ဖို့အတွက်က -

အချိန်တိုင်း လေ့ကျင့် + အတွေ့အကြုံကွဲပြားမှု + မိမိအမှားကို သုံးသပ်ပြီး ပြန်ပြင်ခြင်း စတဲ့အဓိက ၃ ခုပဲလိုအပ်ပါတယ်။

DrivingGuide မှာ​တော့ Trainee တိုင်းကို ယာဥ်စည်းကမ်းအတိုင်းသင်​ပေးတာဖြစ်လို့ ကားကိုစနစ်တကျစည်းကမ်းရှိရှိ​မောင်းတတ်ချင်တယ်၊ အ​ခြေခံရှိ​ပေမယ့် နည်းစနစ်မကျဘူးထင်​နေရင်​တော့ DrivingGuide ကိုသာသတိရလိုက်​ပါ👍

DrivingGuide မှာ သင်တန်းသားတစ်ယောက်ချင်းစီကို သူ့အခြေအနေနဲ့ သင့်တော်မယ့်သင်ကြားနည်း​တွေနဲ့ စိတ်ရှည်စွာသင်ကြား​ပေးတာကြောင့် ယုံကြည်မှုနဲ့ ထပ်တလဲလဲ recommend ပြန်လာသူများစွာရှိပါတယ်​🤗

ဒါ​ကြောင့် 🚗 ကိုယ့်ကားနဲ့ကိုယ်သင်ပြီး ယုံကြည်မှုအပြည့်နဲ့​မောင်းနိုင်ချင်ရင်​တော့ DrivingGuide ရဲ့ Private One_On_One Training Program နဲ့သာ join လိုက်​တော့​နော်👨‍🎓🚗

📍 Home Pick-up Included
📍 Custom Time Schedule
📍 Step-by-Step Confidence Building
📍 Real Road Rule-Based Training

အ​​ခြေခံကစသင်မယ့်သူပဲဖြစ်ဖြစ် (သို့) အ​ခြေခံရှိပြီးသား​​ပေမယ့် မိမိကိုယ်ကိုယုံကြည်မှုအားနည်းသေးလို့မ​မောင်းရဲသူပဲဖြစ်ဖြစ် DrivingGuide ရဲ့ စိတ်ရှည်ပြီး​​သေချာနားလည်​အောင်သင်ပြ​ပေးမယ် Driving Instructor ​ကြောင့် သင့်ရဲ့ skill ကို Level up ဖြစ်စေမှာအမှန်ပါ😎

🚗 Your Car. Your Comfort. Our Guidance.

အချိန်ညှိနှိုင်းနိုင်ရန် (၁) လ မှ ​ကျောင်းသား (၁၀) ဦးသာလက်ခံသင်ကြား​ပေးတာဖြစ်လို့ အခုပဲ Private Instructor Sayar Min Thwin Htoo နဲ့​တိုင်ပင်ဆွေး​နွေးပြီး သင်တန်းအပ်လိုက်​တော့​နော်

ဆက်သွယ်ရမယ့်ဖုန်းနံပါတ်က​တော့ ☎️ 09-971 804 496

တခါတ​လေကား​မောင်းသင်​နေတဲ့ချိန်ဖုန်းဆက်သွယ်လို့မရရင် Page က​နေလည်း message ပို့ထားလို့ရပါတယ်ခင်ဗျ
Missed call​တွေလည်း ပြန်ဆက်သွယ်​ပေးပါတယ်

10/09/2025

Auto gear နဲ့ ပတ်သတ်ပြီး လုံးဝ မလုပ်သင့်တဲ့ အချက် (၅) ချက်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
🔸၁။ auto gear က Parking (P) ကိုထိုးတော့မယ်ဆိုရင် ကားကိုလုံးဝဘရိတ်နင်းပြီးရပ်သွားမှ ထိုးပါ။
P ကိုထိုးလိုက်တာနဲ့ transmission ကို သော့ခတ်လိုက်သလိုပါပဲ။

locking pin လို့ခေါ်တဲ့ သံချောင်းဟာ transmission က ဂီယာအသွားတွေကြားထဲ ထိုးပိတ်လိုက်ပါတယ်။
ကားမရပ်သေးဘဲ P ထိုးလိုက်ရင် အဲ့ lock pin ကျိုးနိုင်ပါတယ်။

🔸၂။ အပေါ်ကအချက်လိုပါပဲ auto gear ကို reverse (R) မှ drive (D) ကိုပြောင်းတာဖြစ်ဖြစ် D မှ R ပြောင်းတာဖြစ်ဖြစ် ကားကို ဘရိတ်နင်းပြီး ရပ်သွားမှ ပြောင်းရပါမယ်
parking ထိုးတဲ့အချိန် ဖြစ်တတ်ပါတယ်။
ကားရှင်းလို့အမြန်ထွက်/ဝင်လုပ်တဲ့အခါ သတိထားဖို့လိုပါတယ်။
ကားရှေ့ရွေ့နေတုန်း R ထိုးတာဖြစ်ဖြစ် နောက်ရွေ့နေတုန်း D ပြန်ထိုးတာဖြစ်ဖြစ်လုပ်မိရင် transmission ထိခိုက်စေပါတယ်။

သဘောက ကားရပ်ပြီးမှ ဂီယာပြောင်းရမှာဖြစ်လို့ transmission က brake လုပ်ရမယ့်အလုပ်ကိုလုပ်ပေးရလို့ပါ။

🔸၃။ ကုန်းဆင်းတွေမှာ neutral မထိုးရပါ။
အငှားယာဉ်မောင်းတွေ လုပ်လေ့ရှိပါတယ်။ ကျွန်တော်တို့လို ဆင်းရဲတဲ့နိုင်ငံအနေနဲ့ ဆီစားသက်သာအောင် ကုန်းဆင်းမှာ free ရိုက်တာ အပြစ်မပြောပါဘူး။
အမေရိကန်မှာတောင် အဲ့လိုလုပ်ကြလို့ ပြည်နယ် ၁၅ ခုမှာ ကုန်းဆင်း ဂီယာ N မထိုးရ ဥပဒေ ပါထုတ်ပြန်ထားပါတယ်။
ကုန်းဆင်း N ထိုးရင် ဆီစားသက်သာတာမှန်ပေမယ့် ကားရဲ့ ပြည့်ဝတဲ့ ထိန်းချုပ်မှုမရတော့ပါဘူး။
manual ကားတွေ free ရိုက်တဲ့အခါ safe မဖြစ်သလိုပါပဲ။ ကား ကွန်ပျုတာ ECU ဟာ N မှာရပ်နေတယ်လို့ သိရှိတဲ့အတွက် ကားသွားနေတဲ့ အရှိန်အတိုင်း ဆီမပေးတော့ပါဘူး။

ဆီစားလျော့သွားပေမယ့် transmission အတွက်လိုအပ်တဲ့ ချောဆီ အဝင်အထွက်လျော့နည်းစေပြီး ဂီယာဘောက်စ် အတွင်းပိုင်း ပွတ်တိုက်မှုကနေ ပျက်စီးနိုင်ပါတယ်။
နောက်ပိုင်းကားတွေမှာတော့ ကုန်းဆင်းမှာ D နဲ့သွားရင်တောင် auto ဆီဖြတ်ပေးတဲ့ နည်းပညာတွေ ပါပါတယ်။

🔸၄။ အဲလိုပါပဲ မီးပိွုင့်တွေမှာ စောင့်တဲ့အချိန် N ကိုမထိုးရပါဘူး။
မီးပိွုင့်မှာ D နဲ့ brake နင်းပြီးစောင့်နေတာထက် ဆီစားသက်သာတာ မှန်ပေမယ့် မီးစိမ်းလို့ သတိမေ့ပြီး N နဲ့လီဗာနင်း ထွက်တဲ့အခါ ကားကမရွေ့ဘဲ အင်ဂျင်သံထွက်လာမှ ချက်ချင်း သတိရပြီး D ကိုတန်းထိုးရင် transmission ထိပါမယ်။
ဒါ့အပြင် လီဗာနင်းမိလိုက်တဲ့ အတွက် ခြွေတာထားတဲ့ ဆီထက်ပိုကုန်သွားပါပြီ။

🔸၅။ နောက်ဆုံးအချက်ကတော့ လူငယ်တွေအနေနဲ့ Fast & Furious ဇာတ်ကားတွေကြည့်ပြီး ကားမထွက်ခင် ဂီယာကို N မှာအသင့်ထားပြီး တ ဗြဲဗြဲနဲ့ လီဗာကြွေးထားမယ်။
ပြီးတာနဲ့ ဒုံးဆို D ကိုတန်းထိုးပြီး အမြန်ထွက်တဲ့ လုပ်ရပ်တွေဟာ transmission bands တွေကိုလည်း အမြန်ဆုံးပွန်းစားစေပါတယ်။ transmission band ဆိုတာကတော့ အင်ဂျင်နဲ့ transmission အချိတ်/အဖြုတ်မှာ ဂီယာအုံတွေကို လိုသလို ဆွဲဖမ်းပေးရတဲ့ စတီးလက်ကောက်တွေပါ။
ဂီယာN အခြေအနေမှာ transmission ဘက်ခြမ်းက ဂီယာအုံကို band ကဆွဲဖမ်းထားပြီး အင်ဂျင်ဘက်ခြမ်း (torque converter ရဲ့ impeller အခြမ်း) ကတော့လည်နေပါမယ်။ လီဗာနင်းထားပြီးD ကိုတန်းထိုးတာနဲ့ band ကဆွဲဖမ်းထားတဲ့ ဂီယာအုံကို high rpm နဲ့ဆွဲလှည့်လိုက်လို့ band တွေပွန်းစား ကုန်တာပါ။

မိမိရဲ့စနစ်မကျမှုနဲ့ ဆီတစ်ပေါက် နှစ်ပေါက်ခြွေတာမိခြင်းရဲ့နောက်ကွယ်မှာ ဂီယာဘောက်အကြီးစားပြင်ဆင်မှုတွေဖြစ်ပေါ်စေနိုင်ပါတယ်

🚗 ကိုယ့်ကားနဲ့ကိုယ်သင်ပြီး ယုံကြည်မှုအပြည့်နဲ့​မောင်းနိုင်ချင်ရင်​တော့ DrivingGuide ရဲ့ Private One_On_One Training Program နဲ့သာ join လိုက်​တော့​နော်👨‍🎓🚗

📍 Home Pick-up Included
📍 Custom Time Schedule
📍 Step-by-Step Confidence Building
📍 Real Road Rule-Based Training

အ​​ခြေခံကစသင်မယ့်သူပဲဖြစ်ဖြစ် (သို့) အ​ခြေခံရှိပြီးသား​​ပေမယ့် မိမိကိုယ်ကိုယုံကြည်မှုအားနည်းသေးလို့မ​မောင်းရဲသူပဲဖြစ်ဖြစ် DrivingGuide ရဲ့ စိတ်ရှည်ပြီး​​သေချာနားလည်​အောင်သင်ပြ​ပေးမယ် Driving Instructor ​ကြောင့် သင့်ရဲ့ skill ကို Level up ဖြစ်စေမှာအမှန်ပါ😎

🚗 Your Car. Your Comfort. Our Guidance.

အချိန်ညှိနှိုင်းနိုင်ရန် (၁) လ မှ ​ကျောင်းသား (၁၀) ဦးသာလက်ခံသင်ကြား​ပေးတာဖြစ်လို့ အခုပဲ Private Instructor Sayar Min Thwin Htoo နဲ့​တိုင်ပင်ဆွေး​နွေးပြီး သင်တန်းအပ်လိုက်​တော့​နော်

ဆက်သွယ်ရမယ့်ဖုန်းနံပါတ်က​တော့ ☎️ 09-971 804 496

တခါတ​လေကား​မောင်းသင်​နေတဲ့ချိန်ဖုန်းဆက်သွယ်လို့မရရင် Page က​နေလည်း message ပို့ထားလို့ရပါတယ်ခင်ဗျ
Missed call​တွေလည်း ပြန်ဆက်သွယ်​ပေးပါတယ်

05/09/2025

ငါ့တပည့်​တွေ လမ်း​ပေါ်စတက်တာနဲ့ ​နောက်မှာ ပါလာတာ YBS နဲ့ ကုန်ကား​တွေကြီးပဲ🥲

လမ်း​ပေါ်စတက်တုံးက အ​တွေ့အကြုံ​လေး​တွေcomment မှာ sharing လုပ်သွားပါဦး😁

🚗 ကိုယ့်ကားနဲ့ကိုယ်သင်ပြီး ယုံကြည်မှုအပြည့်နဲ့​မောင်းနိုင်ချင်ရင်​တော့ DrivingGuide ရဲ့ Private One_On_One Training Program နဲ့သာ join လိုက်​တော့​နော်👨‍🎓🚗

📍 Home Pick-up Included
📍 Custom Time Schedule
📍 Step-by-Step Confidence Building
📍 Real Road Rule-Based Training

အ​​ခြေခံကစသင်မယ့်သူပဲဖြစ်ဖြစ် (သို့) အ​ခြေခံရှိပြီးသား​​ပေမယ့် မိမိကိုယ်ကိုယုံကြည်မှုအားနည်းသေးလို့မ​မောင်းရဲသူပဲဖြစ်ဖြစ် DrivingGuide ရဲ့ စိတ်ရှည်ပြီး​​သေချာနားလည်​အောင်သင်ပြ​ပေးမယ် Driving Instructor ​ကြောင့် သင့်ရဲ့ skill ကို Level up ဖြစ်စေမှာအမှန်ပါ😎

🚗 Your Car. Your Comfort. Our Guidance.

အချိန်ညှိနှိုင်းနိုင်ရန် (၁) လ မှ ​ကျောင်းသား (၁၀) ဦးသာလက်ခံသင်ကြား​ပေးတာဖြစ်လို့ အခုပဲ Private Instructor Sayar Min Thwin Htoo နဲ့​တိုင်ပင်ဆွေး​နွေးပြီး သင်တန်းအပ်လိုက်​တော့​နော်

ဆက်သွယ်ရမယ့်ဖုန်းနံပါတ်က​တော့ ☎️ 09-971 804 496

တခါတ​လေကား​မောင်းသင်​နေတဲ့ချိန်ဖုန်းဆက်သွယ်လို့မရရင် Page က​နေလည်း message ပို့ထားလို့ရပါတယ်ခင်ဗျ
Missed call​တွေလည်း ပြန်ဆက်သွယ်​ပေးပါတယ်

Want your business to be the top-listed Autos & Automotive Service in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Pyi Thar Yar Street
Yangon