Be ER EF

Be ER EF

Share

let's Taste #Be_ER_EF's Delicious Steak
Order By Phone 09770612384

07/11/2020

မဲပေးခြင်း
------------

မနက်ဖြန်စတင်မယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပီး လုပ်ဆောင်သင့်တာတွေကို ရေးသားပေးလိုက်ပါတယ်။ ပထမဆုံး မဲစပေးရမယ့်သူတွေ သေချာသိအောင်လို့ပါ။

** မဲပေးရမယ့်ရက်က မနက်ဖြန် ၁ ရက် ထဲဖြစ်ပါတယ်။ မနက် ၆ နာရီက ညနေ ၄ နာရီအထိပါ။**

- ၄ နာရီထိုးခါနီးထိ မဲပေးရမယ့်အလှည့် မရောက်သေးရင် မဲရုံ၀န်းအတွင်း ၀င်ခွင့်ရပါလိမ့်မယ်။ ၄ နာရီမထိုးခင် မဲရုံ၀န်းအတွင်း ၀င်ထားသူ မှန်သမျှ လူတိုင်း မဲပေးခွင့်ရပါမယ်။ မဲပေးခွင့်ရှိသူက အသက် ၁၈ နှစ်ပြည့်ပီးသူ နိုင်ငံသားတိုင်းဖြစ်ပါတယ်။

- တချို့မြို့နယ်တွေမှာ မဲပေးခွင့်ကတ်လေးတွေ လာဝြေကတာရှိပါတယ်။ တချို့မြို့နယ်တွေမှာ မဝြေကသေးပါဘူး။ လာမဝေတာလဲ ရှိပါမယ်။ ဒီလိုဆို မဲပေးလို့ မရဘူးလားဆိုရင် လုံး၀မဟုတ်ပါဘူး။ မဲစာရင်းမှာ နာမည်ပါတယ်ဆိုရင် မှတ်ပုံတင်ယူပီး မဲရုံကို သွားပီး မဲပေးပါ။ အကယ်လို့ မဲစာရင်းမှာ နာမည်ပါမလာဘူး။ ဒီရပ်ကွက်မှာ နေထိုင်တာကြာမြင့်ပီး သန်းခေါင်စာရင်းရှိတယ်ဆိုရင်လဲ အုပ်ချုပ်ရေးမှူးရဲ့ နေထိုင်ကြောင်းထောက်ခံမှုနဲ့အတူ မဲပေးလို့ရပါတယ်။ ဒါကြောင့် ပေးဖြစ်အောင် ပေးပါ။

- မဲပေးဖို့ စတင် ထွက်ခွာရင် Mask တပ်ပါ။ Faceshield တပ်ပါ။ လက်အိတ်စွပ်ချင်စွပ်ပါ။ မစွပ်ရင်လဲ Hand Gel ဗူးယူသွားပါ။ မဲပေးခွင့်ကတ်နဲ့ မှတ်ပုံတင် ပါပါစေ။ ဘောပင် ယူသွားပါ။ ပါတီအလံ၊ တံဆိပ်ပါတဲ့ အကျီ၊ အသုံးအဆောင်တွေ လုံး၀ ၀တ်ဆင်သွားလို့့တော့ မရပါဘူး။

- မဲရုံရှေ့မှာ စုပြုံမတိုးပါနဲ့။ ၆ ပေ အကွာက တန်းစီပါ။ မဲဆွယ်လို့ မရပါဘူး။ ကိုယ့်အလှည့်ရောက်ပီဆို စိတ်မလောပါနဲ့။ အထဲကျ သူတို့က မှတ်ပုံတင်တို့ ကတ်တို့နဲ့ တိုက်စစ်ပီး မဲစာရွက်တရွက် ထုတ်ပေးပါလိမ့်မယ်။ ပထမဆုံး မဲစာရွက်ပါ။

- မဲစာရွက်မှာ မဲရုံမှူးလက်မှတ်ပါမပါ အရင်ဆုံးကြည့်ပါ။ ကျောဘက်ကို လှန်ကြည့်ပါ။ ရွေးကော်တံဆိပ်တုံးနဲ့ လက်မှတ်ပါမပါ ကြည့်ပါ။ မဲစာရွက် စုတ်ပြဲ၊ ပျက်ဆီးနေတာ၊ မင်တွေ စွန်းပေနေတာ ရှိမရှိစစ်ပါ။ တခုခု ဖြစ်နေရင် မဲစာရွက်ကို ပြန်လဲခိုင်းပါ။ မရှိဘူးဆိုရင် ဆန္ဒပြုရမယ့် နေရာကို သွားပါ။

- တံဆိပ်တုံးကို တန်းမထုပါနဲ့။ ပေးထားတဲ့ စာရွက်အလွတ်ပေါ်မှာ ရိုက်နှိပ်ကြည့်ပါ။ လူတိုင်း အရင်ဆုံး စာရွက်ပေါ်မှာ အရင် ရိုက်နှိပ်ကြည့်ပါ။ အရေးကြီးလို့ပါ။ အမှန်ခြစ်နဲ့ UEC နာမည်ပါရပါမယ်။ ( ပုံ - comment တွင်ကြည့်) မဲရုံမှာ မနက်အစောကြီး ပထမဆုံးစပေးရတဲ့သူဆို မှင်တွေများတာဖြစ်နေရင် စာရွက်အလွတ်ပေါ် ၃ ၄ ခါရိုက်နှိပ်ပါ။ သေချာပီဆိုရင် မိမိပေးမယ့် ပါတီရဲ့ ဘေးအကွက်မှာ တချက်ထဲ သေချာနှိပ်ပါ။ ၂ချက် ၃ ချက် ထပ်နှိပ်ရင် ပယ်မဲဖြစ်သွားပါလိမ့်မယ်။ ပီးပီဆိုရင် မဲစာရွက်ကို ခေါက်ပါ။ တခါ ပြန်ဖြန့်ပါ။ မှင်က တခြားနေရာကို သွားပေမပေ စစ်ပါ။ မပေဘူး။ သေချာပီဆိုရင် ဆန္ဒပြုမဲပုံးထဲကို ခေါက်ပီး ထည့်လိုက်ပါ။ တမဲ ပေးပီးပါပီ။

- အဲဒီအတိုင်းပဲ နောက်ထပ် မဲ ၂ ခုကို သေချာစစ်၊ သေချာဆန္ဒပြုပါ။ ပီးပီဆိုရင် လက်မှတ်ထိုးရမယ်ထင်ပါတယ်။ ပီးရင် လက်သန်းကို မှင်တို့ပါ။ ပီးရင် Hand Gel နဲ့ သေချာဆေးပါ။ အိမ်ရောက်ရင် အ၀တ်တွေလျှော်ပီး ရေချိုးပါ။ ဒါဆို သင်ဟာ နိုင်ငံတာ၀န်ကို ကျေပွန်တဲ့ နိုင်ငံသားကောင်းဖြစ်ပါပီ။

- တိုင်းရင်းသားဆို ၄ မဲ ပေးရပါမယ်။ ၁ မဲ ပိုပါတယ်။

မနက်ပိုင်းမှာ မဲပေးတဲ့သူ များပါမယ်။ လှည့်မပြန်ကြပါနဲ့။ တိုင်းပြည်အတွက် တာဝန်ထမ်းဆောင်နေတယ်ဆိုတဲ့စိတ်နဲ့ ဆက်လက်တန်းစီကြပါ။ ညနေ ၄ နာရီဆိုရင် မဲရုံပိတ်ပါပီ။ မဲပေးလို့ မရတော့ပါဘူး။

မနက်ဖြန်ဟာ ကျနော်တုိ့ရဲ့ အနာဂတ်အတွက်သာမက နောက်မွေးဖွားလာမယ့် မြန်မာနိုင်ငံသားတွေ အတွက်ပါ သိပ်အရေးကြီးပါတယ်။ အိမ်ကနေထွက်ပီး မဲပေးတာကို ကြည့်နေတာက ရပ်ကွက်ကလူတွေတင် မဟုတ်ပါဘူး။ တကမ္ဘာလုံးက စောင့်ကြည့်နေတယ်ဆိုတာ မမေ့ပါနဲ့။ ဒီရွေးကောက်ပွဲကို ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ အာဆီယံက အိမ်နီးချင်းနိုင်ငံတွေသာမက အမေရိကန်ကပါ စောင့်ကြည့်နေပါတယ်။ အမေရိကန်မှာ ဒီမိုကရက်တွေ အာဏာပြန်ရလာပီးတဲ့နောက် အမေရိကန်ဟာ မြန်မာအပါအ၀င် အာဆီယံကို ပြန်အာရုံစိုက်လာမှာပါ။ နိုင်ငံတကာက ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတွေလဲ အကုန်ရောက်နေကြပါပီ။ သန့်ရှင်းလွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် မဲပေးကြပါ။ ကူညီပါ။

အဓိက ပြောချင်တာကတော့ တခဲနက် မဲထည့်ကြပါ။ ပြတ်သားလေ ကောင်းလေပါပဲ။ မဲ ၅၀၊ ၁၀၀ အသာနဲ့ နိုင်တာက အငြင်းပွားလို့ရပါတယ်။ မဲ ထောင် သောင်းချီ အကွာနဲ့နိုင်ပီဆိုရင် ဘာမှ ငြင်းမရပါဘူး။ အဲလိုဆို ရွေးကောက်ပွဲရဲ့ ယုံကြည်စိတ်ချရမှု ( Credibility ) တက်လာမှာဖြစ်သလို အနိုင်ရသွားတဲ့ပါတီအတွက်လဲ ပိုပီး တရား၀င်ပါတယ်။ ကမ္ဘာကိုလဲ မြန်မာပြည်သူ ပြည်သားတွေက ဒီပါတီ၊ ဒီပုဂ္ဂိုလ်ကို ထောက်ခံနေတယ်ဆိုတာကိုလဲ ပြပီးသားဖြစ်သွားလို့ သိပ်ကောင်းပါတယ်။ ကမ္ဘာကလဲ အသိအမှတ် ပြုပါလိမ့်မယ်။ တချက်ခုတ် ၂ ချက်ပြတ်ပါ။ ဒါကြောင့် မနက်ဖြန်မှာ ရှိသမျှ လူအကုန် လှည်းနေလှေအောင်း မြင်းစောင်းမကျန် ထွက်ပီး မဲထည့်ကြပါ။ မြန်မာပြည်ရဲ့ အနာဂတ် သာယာလှပနိုင်ပါစေ။

31/10/2020

မင်္ဂလာရှိသော သီတင်းကျွတ်လပြည့်ညလေး ပါ ချစ်သော Customers များ ခင်ဗျာ 😊😊😊

25/10/2020

ကနေပြီတော့ Menu အသစ်လေး မိတ်ဆက်ပေးချင်ပါတယ်
ကျန်းမာရေးအတွက် တွေ တွေ အများကြီးပါတဲ့ နဲ့ ကို လုပ်ထားတဲ့ Taste အသစ်လေး ခံစား ကြည့်ရအောင်လို့ Hello လိုက်တော့နော် 😊😊😊
☎ 09770612384

Want your business to be the top-listed Food & Beverage Service in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


93, Tabin Shwehtee Street, Saysat Quarter, Dawbon Township
Yangon
11211