Improve Knowledge Education
သင်တန်းကြေး သက်သာတဲ့ Language School ကောင်းကောင်းရှာနေတယ်ဆိုရင်
IKE Language School နဲ့လက်တွဲလိုက်ပါ
09/01/2024
🔵 Ripple Effect 🔵
ကျွန်တော်တို့တွေ Effects တော်တော်များကို ကြားဖူး၊ ဖတ်ဖူး ကြပါတယ်။ ဥပမာ- Bambi Effect, Butterfly Effect, Domino Effects အစရှိသဖြင့် များစွာသော သက်ရောက်မှု အမျိုးအစားတွေရှိကြပါတယ်။ ဒီနေ့မှာတော့ IKE က Ripple Effect အကြောင်းလေးကို ပြောပြပေးသွားမှာဖြစ်ပါတယ်။
❓Ripple Effect ဆိုတာဘာလဲ?
🔹 Ripple Effect ဆိုတာ ကိစ္စတစ်ခု သို့မဟုတ် အဖြစ်အပျက်တစ်ခုကနေ ပိုပြီးကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေ ပျံ့နှံ့ပြီးဖြစ်ပျက်သွားတာကို ဆိုလိုပါတယ်။ မြင်သာအောင်ပြောပြရမယ်ဆိုရင်တော့ တည်ငြိမ်နေတဲ့ ရေအိုင်ထဲကို ပစ္စည်းတစ်ခုခု ပြုတ်သွားကျတဲ့အခါ ရေလှိုင်းဂယက် ထသွားသလိုမျိုး ကိစ္စတစ်ခုရဲ့ အကျိုးသက်ရောက်မှုဟာ တဖြည်းဖြည်းပိုမိုကြီးမားလာတာမျိုးကို Ripple Effect လို့ ခေါ်ပါတယ်။
❓ဘယ်နေရာတွေမှာ Ripple Effect ကိုတွေ့နိုင်သလဲ?
🔹 စီးပွားရေး နဲ့ လူမှုရေးတွေနဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာ လူတွေရဲ့အပြုအမူ၊ လုပ်ဆောင်ချက်တွေ ကျယ်ကျယ်ပြန့်ပြန့် သက်ရောက်သွားတာကို ဖော်ပြချင်တဲ့အခါမှာ Ripple Effect အသံုးပြုကြပါတယ်။ စီးပွားရေးအရ ဥပမာ ပြရမယ်ဆိုရင်တော့ United Sates လိုမျိုး အဓိက စီးပွားရေးကိစ္စတွေမှာ တစ်ကမ္ဘာလုံးရဲ့ စီးပွားရေးကို သက်ရောက်နိုင်တဲ့ Ripple Effect ကိုဖန်တီးနိုင်ပါတယ်။ ကျွန်တော်တို့ လူအချင်းချင်း ဆက်သွယ်တဲ့ နေရာတွေမှာလဲ Ripple Effect ကိုတွေ့နိုင်ပါတယ်။ ဥပမာအနေနဲ့ ကျွန်တော်တို့ အလုပ်လုပ်တဲ့နေရာမှာ မန်နေဂျာရဲ့ လက်အောက်ငယ်သားတွေအပေါ် ပြောဆိုဆက်ဆံပုံတွေဟာ အပြုသဘောဆောင်တာမျိုး၊ ကောင်းကောင်းမွန်မွန်ချိုချိုသာသာ ပြောဆိုမယ်ဆိုရင် အဖွဲ့တစ်ခုလုံးရဲ့ အလုပ်ပြီးမြောက်နိုင်မှု နဲ့ အဖွဲ့ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေအပေါ် ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုကိုဖြစ်စေနိုင်ပါတယ်။ အကယ်လို့ negative energy တွေနဲ့ ပြောဆိုဆက်ဆံနေမယ်ဆိုရင်တော့ motivation ကျဆင်းပြီး အဖွဲ့ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေလဲ ကျဆင်းစေနိုင်ပါတယ်။ ဒီလို ripple effect ဟာ တစ်ဆင့်ပြီးတစ်ဆင့် အခြားအသင်းအဖွဲ့တွေဆီကိုပါ ကူးဆက်သွားနိုင်ပြီးတော့ မိမိတို့ရဲ့ organization ကိုပါထိခိုက်မှုရှိလာစေနိုင်ပါတယ်။
🔹 နောက်ထပ် Ripple Effect ကိုရှင်းပြနိုင်တဲ့ ရိုးရှင်းတဲ့ ဥပမာအနေနဲ့ ကျွန်တော်တို့ လူတစ်ဦး တစ်ယောက်ချင်းစီရဲ့ အပြုအမူ၊ အပြောအဆို၊ လုပ်ဆောင်ချက်တွေက ကျွန်တော်တို့ရဲ့ ဘေးပတ်ဝန်းကျင်က အခြားသူတွေဆီကိုလည်း ကူးဆက်သွားနိုင်ပါတယ်။ ဥပမာ- နေ့စဥ်ကျန်းမာရေးလိုက်စားသူတစ်ဦး၊ လေ့ကျင့်ခန်းလုပ်လေ့ရှိသူတစ်ယောက်ရဲ့ အလေ့အကျင့်ဟာ သူ့ဘေးနားပတ်ဝန်းကျင်က သူတွေကိုပါ လေ့ကျင့်ခန်းလုပ်တဲ့ အလေ့အကျင့်ကို ကူးစက်သွားနိုင်ပြီးတော့ ကျန်းမာရေးလိုက်စားသူတွေဖြစ်လာနိုင်ပါတယ်။ ကျွန်တော်တို့တွေရဲ့ အပြုအမူ၊ လုပ်ဆောင်ချက်တွေဟာ ကျွန်တော်တို့ သတိမထားလိုက်ဘဲနဲ့ ကျွန်တော်တို့ရဲ့ အနီးအနားက လူတွေကို သက်ရောက်မှုတွေဖြစ်စေပါတယ်။ ဒါကြောင့် ကျွန်တော်တို့တွေရဲ့ positive action တစ်ခုဟာ ဘဝရဲ့ အခြားသော လုပ်ဆောင်မှုတွေအပေါ်မှာလဲ သက်ရောက်မှုတွေရှိစေပါတယ်။ ကျွန်တော်တို့တစ်ဦးတစ်ယောက်ချင်းက ပြုလုပ်လိုက်တဲ့ ကောင်းမွန်သော လုပ်ဆောင်ချက်တိုင်းကနေပတ်ဝန်းကျင်လူတွေအချို့ကိုကောင်းမွန်သောသက်ရောက်မှုများဖြစ်စေနိုင်ပါတယ်ခင်ဗျာ။
🖇️ Official Channel 🖇️
https://t.me/improveknowledgeedu
🖇️ Raise to Read Channel 🖇️
https://t.me/raisetoreadbyIKE
21/12/2023
🏀 World’s Basketball Day 🏀
🌊 ဆောင်းရာသီအေးအေးလေးမှာ သွေးပူလေ့ကျင့်ခန်းလုပ်ရင်း အသင်းအဖွဲ့လိုက်ကစားလို့ကောင်းတဲ့ အားကစားတွေထဲမှာဆိုရင် Basketball ဟာ လူကြိုက်များတဲ့ အားကစားတစ်ခုဖြစ်သလို၊ ကမ္ဘာတစ်ဝှမ်း ကစားမှုများပြားတဲ့ အားကစားနည်းတစ်ခုလဲ ဖြစ်ပါတယ်။ 🌊
🏀 Basketball ကိုတော့ Canada မှ အားကစားဆရာတစ်ဦးဖြစ်တဲ့ Dr.James Naismith က သူရဲ့ကျောင်းသားများ ဆောင်းရာသီမှာ active ဖြစ်နေဖို့ ဂိမ်းတစ်ခုတီထွင်ရာကနေ Basketball ဆိုတဲ့ ဂိမ်းစတင်ဖြစ်ပေါ်လာတာလဲဖြစ်ပါတယ်။ Basketball ဆိုတဲ့ ဂိမ်းစတင်ဖြစ်ပေါ်လာရာကနေစပြီး 1891 ခုနှစ် December 21 ရက်နေ့မှာ Springfield, Massachusetts မှ ကျောင်းသားများကစတင်ကစားခဲ့ကြတာဖြစ်ပြီး ယနေ့ခေတ်မှာတော့ အနည်းဆုံး လူသန်းပေါင်း 450 က Basketball ကိုကစားနေကြတာလဲဖြစ်ပါတယ်။
🏀 ဒီကနေ့ December 21 ရက်နေ့ကတော့ World’s Basketball နေ့လေးပဲဖြစ်ပါတယ်။ ဒီနေ့လေးကို Offical အတည်ပြုခဲ့တာကတော့ August 25, 2023 မှာကျင်းပတဲ့ 2023 FIBA Basketball World Cup ရဲ့အစမှာပဲ ကုလသမ္မဂ အထွေထွေညီလာခံကနေပြီးအတည်ပြုကြေငြာပေးခဲ့တာဖြစ်ပါတယ်။ ဒီနေ့လေးဖြစ်ပေါ်လာဖို့အတွက် New York University မှ Professor David Hollander ရဲ့ 'How basketball can save the world' ဆိုတဲ့စာအုပ်လေးကလဲ အထောက်ကူအများကြီးဖြစ်စေခဲ့ပါတယ်။ အဲ့ဒါအပြင် Basketball အားကစားဟာဆိုရင် UN (ကုလသမ္မဂ) ကနေပြီး International Day အဖြစ်အသိအမှတ်ပြုခံရတဲ့ ပထမဦးဆုံး အားကစားတစ်ခုလဲ ဖြစ်ပါတယ်။
🏀 Philippines နိုင်ငံမှ Antonio M. lagdameo ကလည်း World’s Basketball Day နေ့အတွက် မူကြမ်းတစ်ခုကို အဆိုတင်သွင်းခဲ့ပြီး၊ မူကြမ်းထဲမှာတော့ Basketball ဟာ လူမျိုး၊ဘာသာ မရွေး ကစားနိုင်တဲ့အားကစားတစ်ခုဖြစ်ပြီး၊ မတူကွဲပြားမှုတွေကို ခဝါချနိုင်တဲ့ အားကစားဖြစ်တဲ့အပြင်၊ ဘာသာစကား၊ယဉ်ကျေးမှု ကွဲပြားမှုတွေကိုလည်း ခဝါချနိုင်တဲ့အားကစားတစ်ခုလဲ ဖြစ်တယ်ဆိုပြီး အဆိုပြုတင်သွင်းခဲ့တာပဲ ဖြစ်ပါတယ်။
🏀 Basketball ရဲ့ တစ်ကမ္ဘာလုံးပေါ် သက်ရောက်မှုဟာ နိုင်ငံအချင်းချင်း ကူသန်းရောင်းဝယ်ရေး၊ ငြိမ်းချမ်းရေးနှင့် သံတမန်ရေးရာ ဆက်ဆံရေးမှာ အထောက်ကူပြုတဲ့ သက်ရောက်မှုတွေရှိတာကြောင့် ကုလသမ္မဂ မှ December 21 ရက်နေ့ကို World’s Basketball Day နေ့အဖြစ်သတ်မှတ်ကာ state members တွေအပြင် တစ်ခြားသော International Organizations တွေနဲ့ အတူကျင်းပခဲ့တဲ့ အားကစားတစ်ခုလဲဖြစ်ပါတယ်။
🏀 ဟုတ်ကဲ့ပါ ဒီနေ့ Knowledge Sharing အစီအစဉ်လေးကနေပြီး ဒီကနေ့ကျရောက်တဲ့ Basketball နေ့လေးအကြောင်းကို Sharing လုပ်ပေးခဲ့တာဖြစ်ပါတယ်။ Basketball ကစားရတာနှစ်သက်တဲ့ Basketball Players တွေလဲ Basketball ကစားခြင်းကနေ ကောင်းမွန်တဲ့ မိတ်ဖွဲ့ခြင်း၊ ကျန်းမာခြင်းနှင့်အတူ၊ ပျော်ရွှင်စရာကောင်းတဲ့ အမှတ်တရတွေဖန်တီးနိုင်တဲ့ အားကစားဖြစ်ပါစေလို့ IKE’s မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။ ဒါဆိုရင်တော့ နောက်ထပ် Knowledge Sharing Content လေးတွေကိုစောင့်မျှော်ဖတ်ကြည့်ပေးဖို့ပြောရင်းနဲ့ပဲ နှုတ်ဆက်လိုက်ပါတယ်နော်။ 🙇♀🙇♀
🖇️ Official Channel 🖇️
https://t.me/improveknowledgeedu
🖇️ Raise to Read Channel 🖇️
https://t.me/raisetoreadbyIKE
Click here to claim your Sponsored Listing.
Category
Contact the school
Website
Address
Yangon