Cytopher hobbies

Cytopher hobbies

Share

Fashion Design and Branded

15/01/2023

မိဘမျက်ရ​ည်တစ်စက် သားသမီးဆင်းရဲတစ်သက် တဲ့။

ဒီလိုသာဆို ချမ်းသာတဲ့သူရှိပါဦးမလားလို့ တွေးမိတယ်။ မိဘဆိုတာ သားသမီးအပေါ် အလိုမကျတိုင်း မျက်ရည်ကျနေတာလေ။

မိဘက တက်စေချင်တဲ့ တက္ကသိုလ်ကို သားသမီးက မတက်ချင်ဘူး။ မိဘနဲ့ သားသမီးညှိမရတော့ ပြဿနာဖြစ်။ မိဘက ဒရမ်မာတွေခင်းပြီး ငိုရော။ အဲဒီသားသမီး တစ်သက်လုံးဆင်းရဲမှာလား။

အဲဒီလိုသာဆိုရင် သိဒ္ဓတ္ထမင်းသား ဘုရားမဖြစ်ပဲ လူဆင်းရဲဖြစ်သွားမယ်။ သိဒ္ဓမင်းသားကို သူ့အဖေက စကြာဝတေးမင်းဖြစ်စေချင်ပြီး တောမထွက်စေချင်ဘူးလေ။

သူက ဘုရားရဲ့အဖေမဖြစ်ချင်ဘူး။ စကြာဝတေးမင်းရဲ့အဖေပဲဖြစ်ချင်တာ။ သိဒ္ဓတ္ထမင်းသားက သူ့စကားနားမထောင်ပဲ တောထွက်သွားတာ မျက်ရည်မကျပဲနေမလား။

မိဘအပေါ် မိုက်ရိုင်းစော်ကားတာ မလုပ်ဖို့။ ညှဉ်းပန်းနှိပ်စက်တာ မလုပ်ဖို့။ မကျွေးမွေးမပြုစုပဲ ပစ်ထားတာမျိုး မလုပ်ဖို့ ပြောဆိုဆုံးမကြရမှာလေ။

မိဘအပေါ် မိုက်ရိုင်းစော်ကားလို့၊ ညှဉ်းပန်းနှိပ်စက်လို့၊ မကျွေးမွေးမပြုစုပဲ ပစ်ထားလို့ မိဘက စိတ်ဆင်းရဲပြီး မျက်ရည်ကျရင် အဲဒီသားသမီး တစ်သက်လုံး စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်တတ်တယ်လို့ ပြောရင် သင့်တော်သေးတယ်။

မိဘကိုမျက်ရည်မကျအောင်၊ ပျော်အောင်ထားလို့ ဘဝပျက် စီးပွားပျက်သွားတဲ့လူတွေ ဒီလောကထဲမှာ ရှိပါတယ်။

မိဘဖြစ်တိုင်း လူကောင်းမှမဟုတ်တာ။ တချို့က သားသမီးတွေရဲ့လုပ်စာနဲ့ လောင်းကစားလုပ် ဘိန်းရှု အရက်သောက်နေတဲ့ မိဘတွေမှ တစ်ပုံကြီး။

ဖဲရိုက် ချဲထိုး ဘိန်းရှု အရက်သောက်ဖို့ ငွေမပေးလို့ ငိုရင် သားသမီးက တစ်သက်လုံးဆင်းရမှာတဲ့လား။ အဓိပ္ပါယ်မရှိလိုက်တာ။

ဘုရားဟောတဲ့ သားသမီးကျင့်ဝတ်ထဲမှာ မလိမ္မာတဲ့မိဘကို လိမ္မာလာအောင် ပြုပြင်ပေးရမယ်လို့ပါတယ်။ ပြုပြင်တယ်ဆိုပြီး ဆဲဆိုရိုက်နှက်တာတော့ မလုပ်နဲ့ပေါ့။

သားသမီးတွေက မိဘကို အဆင်ပြေအောင်
အတတ်နိုင်ဆုံး ဘယ်လောက်ပဲ လုပ်ကိုင်ပေးနေပါစေ အလိုမကျ စိတ်တိုင်းမကျ ပြဿနာရှာ ဒရမ်မာခင်းပြီး
ငိုနေတဲ့မိဘတွေလဲ ရှိတယ်လေ။ အဲဒါကြောင့်သာ သားသမီးတွေ တစ်သက်လုံးဆင်းရဲရင် မတရားလိုက်တာ။

ဘယ်ကိစ္စပဲဖြစ်ပါစေ တန်ရင်ဆေး၊ လွန်ရင်ဘေးပါပဲ။ သတိ ဉာဏ်ပညာနဲ့ ချင့်ချိန်ပြီး ပြုမူဖို့ပါပဲ။

#မိုးသု #မန္တလေး

17/12/2022

ယောကျာ်းက ဖောက်ပြန်ရင် မိန်းမက စိတ်ကျေနပ်မှု့ မပေးနိုင်လို့ ဖောက်ပြန်တာ…

- မိန်းမက ဖောက်ပြန်ရင်တော့ အကျင့်စာရိတ္တ ပျက်ပြားတဲ့ အမျိုးသိက္ခာကို ချတဲ့ မိန်းမ…

- ယောကျာ်းက မိန်းမဖြစ်သူကို ရိုက်ရင် လင်မယားဆိုတာ ဒီလိုဘဲ အခန့်မသင့်ရင် ဖြစ်တတ်ပါတယ်…

- မိန်းမဖြစ်သူက ယောကျာ်းဖြစ်သူကို ပြန်ရိုက်တယ်ဆိုရင် ငရဲအိုးထဲကျမယ့် ကောင်မ… မိဘ မသွန်သင်ထားတဲ့ အမျိုးယုတ်မ…အရှက်မရှိတဲ့ မိန်းမ

- ယောကျာ်းက မိန်းမကိုဖြစ်သူကို ဆဲဆို ရန်ဖြစ်တယ်ဆို ယောကျာ်းဆိုတာ စိတ်တိုတော့လဲ ပြောမှာပေါ့ဟယ်

- မိန်းမဖြစ်သူက ယောကျာ်းဖြစ်သူကို ဆဲရင် နှုတ်လျှာကြမ်းတမ်းတဲ့ မိန်းမ…

- ကွာရှင်းပြီး တလလောက် မကြာခင် ယောကျာ်းလေးဖြစ်သူက သူစိမ်းမိန်းမတယောက်နဲ့ တွဲတယ် သွားတယ် ဆို… အော် သူလဲ လူလွတ်ဖြစ်သွားပြီဘဲ သူ့ဘဝအတွက် သူလိုအပ်သူကို ရှာမှာပေါ့…

- မိန်းခလေးဖြစ်သူ ယောကျာ်းလေး သူငယ်ချင်း တယောက်ယောက်နဲ့ တွဲတွေ့လိုက်ရင်
တွေ့တယ်မလားး…ဒီကောင်မ ဒီလို ခြေရှုပ်လို့ အရင်လင်က ကွာလိုက်တာလေ…
ကွာရှင်းထားတာတောင် မကြာသေးဖူး ကောင်မ လင်အသစ်ရှာနေပြီ…

- ယောကျာ်းဖြစ်သူက ကွာရှင်းလိုက်တော့ မိန်းမဖြစ်သူ ဘယ်လောက်ဆိုးလဲမှ မသိတာ အာကြမ်း လျှာကြမ်း ပြောတတ်တော့ ဘယ်ယောကျာ်းမဆို ကွာရှင်းမှာဘဲ…

- မိန်းမဖြစ်သူဘက်က ကွာရှင်းခွင့် တောင်းရင် ဘယ်လို မိန်းမလဲ? ဘယ်လို အမေလဲ သားသမီး မျက်နှာမှ မထောက်… တော်တော် မိုက်ကမ်းတဲ့ မိန်းမဘဲ

မင်္ဂလာဆောင်တယ်… ၂ဦးသဘောတူ
အချစ်မျှပြီး ခလေးထွက်လာတယ်…

ကွာရှင်းလိုက်တော့ ခလေးဖြစ်သူဟာ မိခင်မှာဘဲ တာဝန်ရှိသလိုလိုနဲ့ အဖေဖြစ်သူက ကိုယ့်သွေးနဲ့ မွေးထားတဲ့ ခလေးကို စားရိတ်ထောက်ရမှာ ထောက်ပံ့ကြေး ပေးရမှာ သေအောင် ကြောက်ကြတယ်…

တချို့ ယုတ်ညံ့တဲ့ ယောကျာ်းမျိုးတွေလဲ ရှိသေးတယ်… ငါ ယောကျာ်းကွ နောက်ထပ် မိန်းမယူ ခလေး ၁၀ယောက် မွေးလို့ရတယ် ဆိုတဲ့ အောက်တန်းစား မျိုးတွေ ရှိသေးတယ်…

ပြသနာ တခုခု ဖြစ်ရင် ဘာကြောင့် မိန်းခလေးဘက်ကိုဘဲ အမှားမြင်ကြတာလဲ ???

ဘာကြောင့် မိန်းခလေးဘက်က မှားလို့ ယောကျာ်းတွေက ဒီလိုလုပ်တာ ဟိုလိုလုပ်တာဆိုပြီး ဖြည့်စွတ် တွေးကြတာလဲ ???

တချို့လူတွေရဲ့ တဖက်သတ် စိတ်ဓါတ်တွေကို အံ့သြမိပါယ်။

လက်ခုပ်ဆိုတာ ၂ဖက်တီးမှ မြည်တတ်တာကိုးးး ဘာကြောင့် အများစုက ပြဿနာတခုခုဖြစ်ပြီဆို မိန်းခလေးဘက်ကချည်း မှားတယ်လို့ မြင်ကြတာတုန်းလို့...အဲ့ဒါပြောချင်တာ

Crd...မူရင်းရေးသားသူအား

ပေးပါသည်။

21/10/2022

#အသက်ကြီးလာလို့..

အိုစာမင်းစာအတွက် စုဆောင်းတဲ့အခါ..

ပိုက်ဆံချည်းစုလို့ မရဘူး..
မေတ္တာပါစု ရပါတယ်..

ပိုက်ဆံက..

နေဖို့ ထိုင်ဖို့.. အိမ်ခြံတိုက်တာ.. စားဖို့ သွားဖို့ လာဖို့

မကျန်းမာရင်ကုသဖို့..
လိုတာမှန်ပေမယ့်..

အိုလာတဲ့အခါ.. ဘေးနားမှာ ..
ကိုယ့်ရဲ့ ဝေယျာဝေစ္စကို..လုပ်ပေးမယ့်.. မေတ္တာရှိတဲ့သူ လိုလာပါတယ်..

သားသမီးမြေးမြစ် ဘယ်နှစ်ယောက်ရှိရှိ
အခုခေတ်ပိုဆိုးတယ်.. အနားမှာ ဘယ်သူမှ..ခဏတစ်ဖြုတ်အပြင် အဖော်
မလုပ်ပေးအားကြဘူး..

အဲ့တော့.. အသက်အရွယ် ရလာတဲ့အခါ..အိုလာတဲ့အခါ..

ဘယ်သူနဲ့ဖြစ်ဖြစ်..

ကိုယ့်အနားရောက်လာရင်
ချစ်အောင်နေ.. အေးချမ်းအောင်နေ.. မေတ္တာထား..

စကားပြောတာ.. ခေါ်တာပြောတာကအစ.. အေးချမ်းအောင်..
နှစ်လိုဖွယ်ဖြစ်အောင်.. ဘယ်သူ့ကို ဖြစ်ဖြစ် မေတ္တာနဲ့ ဆက်ဆံပြီး..
မေတ္တာတွေ စုရပါတယ်..

အဲ့ဒါမှ.. ကိုယ်အိုလာတဲ့အခါ..
လုပ်ပေးမယ့်သူ.. ပြုစုမယ့်သူပေါပြီး.. အိုတဲ့အချိန်ကို.. အေးအေးချမ်းချမ်း ဖြတ်သန်းနိုင်မှာ..

အိုလာတဲ့ အချိန်မှာ.. ကျန်းမာရေးက ဘဝကူးတဲ့အချိန်အထိ ..

ကိုယ့်လက် ကိုယ့်ခြေ.. ကိုယ်သယ်နိုင်တဲ့ အနေအထားဆိုရင်တော့…

တော်သေးတာပေါ့.. သူများ အကူအညီလိုလာပြီဆို..အိုစာမင်းစာ စုလာတာမှာ.. ပိုက်ဆံချည်းပဲ မပြည့်စုံတော့ဘူး..

မေတ္တာတွေပါ လိုလာပါပြီ..

တကယ်တော့… အိုလာတဲ့အချိန်မှာ..

ကျွန်မအထင်ကတော့.. ပိုက်ဆံထက်တောင်..
မေတ္တာက..ပို အရေးပါနေမယ်လို့..
ထင်မိပါတယ်… 🙏🙏🙏

20/10/2022

" ခလုတ်တိုက်လို့လာဆုံကြသောအခါ...."

ပြောချင်တာက...

သားမွေးထားပြီး
သားကမိန်းမကြောက်ရလို့
မိန်းမလုပ်စာကပိုများနေလို့
မိန်းမအရှိန်အဝါကပိုကြီးနေလို့
ကို့မိဘနဲ့တွေဖို့တောင် ခိုးကြောင်ခိုးဝှက်..
ပေးဖို့ကျွေးဖို့တောင် ကျီးလန့်စာစား..
အဲ့လိုသားတွေတပုံကြီး

သားမွေးထားပြီး
"ငယ်ငယ်ကသား ကြီးတော့အား "ဆိုသလို
မိဘတွေမသေမချင်း
ငါတော့ငါ့သားလက်ပေါ်မှာပဲသေမယ်
ငါ့သားရှိနေရင်ငါတို့သေတဲ့အထိမပူရဘူးဟဲ့လို့
အားကိုးနေရတဲ့သားတွေတပုံကြီး

သမီးမွေးထားပြီး
အမေကိုတောင်ပါးထရိုက်တဲ့သမီးတွေ
လင်လုဖက်လို
အမေကိုအော်ဟစ်ဆက်ဆံနေတဲ့သမီးတွေ
ငွေ ၅၀၀/၁၀၀၀နဲ့
အမေကိုဆဲဆိုနေတဲ့သမီးတွေ
လင်နောက်လိုက်သွားထဲက
တစိမ်းလုံးလုံးဖြစ်သွားတဲ့သမီးတွေရှိသလို..

စားဝတ်နေရေးအကုန်တာဝန်ယူ
ချီးသေးက အစ
ကျန်းမာရေးအလယ်
နာရေးအဆုံး တာဝန်အပြည့်ယူသွားတဲ့
ငယ်ငယ်ကသမီးကြီးတော့ ထီး ဆိုသလို
မိဘတွေကိုအရိပ်ပေးနေတဲ့
သမီးတွေ ဒုနဲ့ဒေး...

သားတော့မွေးထားတယ်
Gay ဖြစ်နေပြီး
မိတ်ကပ်လိုက်ပြင် ဘုရားပွဲလိုက်က
အင်္ကျီချုပ် စျေးရောင်း ရတဲ့အလုပ်အကုန်လုပ်ပြီး
တမိသားစုလုံးရှာကျွေးနေတဲ့သားတွေတပုံကြီး..

ပညာမတက်ပေမယ့်
အလုပ်ကြမ်းလုပ် ရှိသမျှခွန်အားနဲ့
သူတက်နိုင်သလောက်မိဘကိုရှာဖွေကျွေးမွေးနေတဲ့
သားတွေ ဒုနဲ့ဒေး...

မွေးကျေးဇူးမဆပ်တဲ့အပြင်
ထောင်ဝင်စာ သွားသွားတွေ့နေရတဲ့သားတွေ
အများကြီး
အရက်သမားဖြစ် ဆေးသမားဖြစ်
ဘာစောက်လုပ်မှ မယ်မယ်ရရမလုပ်ပဲ
အသက်ဖင်ဆောင့်တဲ့အထိ
နို့သက်ခံစို့နေတဲ့ သားတွေတပုံကြီး

သမီးတွေတော့မွေးထားပါရဲ့
တလင်ပြီးတလင်ပြောင်း
တယောက်ပြီးတယောက်မွေးရင်းနဲ့
ကလေးလိုက်ကောက်ရ
မြေးတွေလိုက်ထိန်းရရင်း သေသွားတဲ့မိဘတွေအများကြီး

သမီးအလိမ္မာမို့ မိဘတွေသာမက
တဆွေလုံး တမျိုးလုံး အားကိုးစရာ
သစ်တပင်ကောင်းလို့ ငှက်တသောင်းနားရုံမက
ရှိသမျှငှက်အားလုံးလာနားနေကြတဲ့
သမီးတွေတပုံကြီး

သားကသူများနောက်ပါမှာ
သမီးကမှကိုယ်နဲ့နေခဲ့မှာဆိုတဲ့
သတ်မှတ်ချက်တွေကြားရင် ရီချင်မိတယ်

သမီးကအချိန်တန်ရင်ထည့်လိုက်ရမှာ
သားကမှ ကိုစားရမှာဆိုတဲ့
ပြောဆိုသံတွေကြားရင် သနားမိတယ်

သားသမီးမွေးထားတာ
ကြီးလာရင်အားကိုးချင်လို့ဆိုတာတော့
မှန်သင့်သလောက်မှန်ပါတယ်

ဒါပေမယ့်
ယောက်ျားလေးမွေးမှတို့
မိန်းကလေးမှအားကိုးရမယ်တို့ဆိုတာတော့
အစွန်းရောက်သွားပြန်ရော...

ကျေးဇူးတရားဆိုတာ
Gender ပေါ်မှီခိုတာမဟုတ်ဘူး

သိတတ်မှုဆိုတာ
ကျား/မ ခွဲပြီးအကျိုးပေးတာမဟုတ်ဘူး

မိဘလုပ်စာသာ သားသမီးတွေက
မရှိရှိတာ ခြစ်ခြုပ်စားသောက်သွားတာ
သားသမီးလုပ်စာဆိုတာမျိုးကျ
စားထိုက်မှ စားရတာမျိုး

လောကသဘော ဖြစ်ပျက်သဘောတွေကို
တွေ့နေမြင်နေကြားနေဖတ်နေရပါလျက်
သားမမွေးလို့ စိတ်ညစ်နေကြတယ်
သမီးမမွေးလို့ စိတ်ဆင်းရဲနေကြတယ်

တချို့များ မရသေးတဲ့ချွေးမတောင်
လှမ်းပြီးစိတ်ပူနေကြတာကရှိသေး..

မမြင်ရသေးတဲ့ သားမက်တောင်
လှမ်းပြီးရန်လုပ်နေကြတာကရှိသေး...

ငါစွဲတွေများလွန်းတယ်...

အသက်ကြီးရင် အားကိုးရဖို့
ကလေးမွေးကြမယ်ဆိုရင်
ကလေးမမွေးနဲ့
အဲ့ကုန်ကျမယ့်ပိုက်ဆံတွေကို ရွှေလုပ်ထား
ရွှေတွေများလာရင် တစ်ခုခုအတွက်
ရင်းနှီးမြှ ုပ်နှံထား
အဲဒါကလေးမွေးတာထက်ပိုသေချာတယ်

ကိုယ်တောင် မနက်ဖန်အသက်ဆက်ရှင်မလား
သေမလား မသေချာတဲ့အနိစ္စလောကမှာ
ကိုယ့်သားသမီးအပေါ် ပုံသေနည်းတွေနဲ့တွက်ချက်နေကြတာ
မပင်ပန်းလွန်းဘူးလား

ကိုယ့်သားသမီးသာမက သူတို့အိမ်ထောင်ဘက်တွေအပေါ်မှာပါ
လှမ်းပြီး လောဘ ဒေါသတွေပွားများနေကြတာ
မဆင်းရဲလွန်းဘူးလား

ကလေးကို ချစ်ခြင်းမေတ္တာနဲ့
ပြုစုထိန်းကျောင်းပြီး
သူတို့ဘဝအတွက်
ကိုယ်တက်နိုင်သလောက် ပေးဆပ်ရင်း
ကိုယ့်အတွက်လည်းကိုပြင်ဆင်သွားကြတဲ့
မိဘတွေလည်းရှိကြတယ်

ပြန်မကျွေးရကောင်းလား
ပြန်မကြည့်ရကောင်းလား ဆိုပြီး
အားနေ သားသမီးကိုပြဿနာထိုင်ရှာနေတဲ့
မိဘတွေလည်း မြင်ဖူးတယ်

အသီးစားချင်ရင် အပင်စိုက်ပါ
အသီးအောင်မအောင်က
အပင်စိုက်သူနဲ့အများဆုံးသက်ဆိုင်တယ်

အရိပ်လိုချင်အပင်စိုက်ပါ
အရိပ်ကောင်းမကောင်းက
စိုက်တဲ့လူရဲ့ အပင်ရွေးချယ်မှုနဲ့သက်ဆိုင်တယ်

ဒါကြောင့်
သားသမီးအပေါ် ပေးဆပ်မှုတွေသာများပြီး
မျှော်လင့်ချက်တွေနည်းနိုင်သမျှ နည်းကြပါစေ

သားသမီးတွေကလည်း မိဘတွေအပေါ်
ရယူတာတွေနည်းနိုင်သမျှနည်းအောင်
ကြိုးစားရင်း
များများပြန်ပြီးပေးဆပ်နိုင်ကြပါစေ...

ခလုတ်တိုက်လို့ လာဆုံရတဲ့သံသရာခဏမှာ
တစ်ဦးကျေးဇူး တစ်ဦးနားလည်ကြပါစေ.

Want your business to be the top-listed Shop in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon