MediLife D Plus
USA, CANADA, SINGAPOREအသိအမှတ််််ပြု BAC
ဖြင့် ထုတ်လ
06/07/2022
အဲ့ဒီနေ့က..
အင်းလျားက လှေကားထစ်တွေဟာ...
သိပ်ရှည်လျားလွန်းလှလေရဲ့။
ကျွန်တော့်နံဘေးမှာ တိတ်တိတ်လေးထိုင်နေတဲ့
သူမဟာ...ခေါင်းကို အကြာကြီးငုံ့ထားပြီးမှ..
ခပ်တိုးတိုးလေး ပြန်ပြောတယ်။
"နင့်ကို..ငါလည်း ချစ်ပါတယ်....
ဒါပေမယ့်....
နင်နဲ့ငါ...
သူစိမ်းနှစ်ယောက်ကြားမှာ..
လက်တွဲသွားဖို့ဆိုတာ...
အခုအချိန်မျိုးမှာ..
ယုံကြည်မှုတွေလိုတယ်...
အဲ့ဒီ ယုံကြည်မှုတွေကို
နင့်ဆီကနေ ငါ ဘယ်လိုမျှော်လင့်ရမှာလဲ..
ကျော်ကြီး"
ဒီတခါတော့ ကျွန်တော်ခေါင်းငုံ့အလှည့်ပါ။
သူမရဲ့ မေးခွန်းထဲမှာ ကျွန်တော်ဟာ
မှုန်မွှားသေးကွေးလွန်းတဲ့
ကပ်ပါးပိုးတကောင်လို..
ပျောက်ကွယ်သွားလိုက်ချင်တဲ့အထိ
သိမ်ငယ်သွားမိပါရဲ့
ကျောင်းကမပြီးသေး၊
အလုပ်အကိုင်ကမရှိ၊
စာယောင်ယောင် ကဗျာယောင်ယောင်
အနုပညာကလွဲပြီး..ဘာဆိုဘာမှ မရှိတဲ့ ငတိ။
ကန်ဘောင်လှေကားထစ်တွေက
လိုတာထက်ပို များလွန်းနေသလား။
ဝမ်းနည်းမှုဟာ...
ဟိုးရှေ့ကားလမ်းမဆီ
ဒလိမ့်ခေါက်ကွေး ပြေးဆင်းချသွားတယ်။
"ဟဲ့..ကျော်ကြီး...ဘာဖြစ်နေတာလဲ...
ငါပြောတာ..ကြားလား"
''ကြား..ကြားပါတယ်..ဖူးပွင့်ရာ"
"ကြားရဲ့သားနဲ့ နင်က
ဘာ အူကြောင်ကြောင်ဖြစ်နေတာလဲ"
"ငါ...သိမ်ငယ်သွားလို့ပါဟာ"
"ဟဲ့..ငါပြောတဲ့အထဲ..
ဘာသိမ်ငယ်စရာပါလို့လဲ....
နင်က ငါ့ကိုရည်းစားစကားပြောတယ်...
ငါကလည်း နင့်ကိုအဖြေပြန်ပေးတယ်လေ....
ပြီးရင်..ငါတို့က သမီးရည်းစားဖြစ်ပြီဆို..
လက်တွေဘာတွေတွဲပြီး
လျှောက်သွားကြတော့မှာ...
အဲ့ဒီအခါ နင့်မှာဖြစ်ဖြစ်..ဖြစ်ဖြစ်..
ငါ့မှာဖြစ်ဖြစ်..ကိုဗစ်ရောဂါပိုးတို့
တခြားရောဂါပိုးတို့ရှိနေရင်..
တယောက်ကိုတယောက် ကူးကုန်မှာမို့...
ယုံကြည်ချက်လိုတယ်လို့ပြောတာ"
"အမ်...အဲ့လိုလား...ငါက သိမှသိပဲ"
"သိမှသိပဲ လုပ်မနေနဲ့..
သွား....ငါတို့ လက်တွေဆေးဖို့နဲ့
ခန္ဓာကိုယ်ကို ကပ်လာမယ့် ပိုးတွေသေစေဖို့ .
USA , ကနေဒါ ၊ စင်ကာပူ နိုင်ငံများရှိ FDA အသိအမှတ်ပြု Benzalkonium Chloride ( BAC ) နဲ့ဖော်စပ်ပြုလုပ်ထားပြီး အမေရိကန် MICROCHEM LAB မှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကိုတောင်
သေစေကြောင်း အတည်ပြုထားတဲ့...
Medi Life D+ Disinfectant Solution ကို
အမြန်သွားဝယ်လေဟယ်"
"Medi Life D+ Disinfectant Solution ဟုတ်လား..ငါက ဘယ်မှာသွားဝယ်ရမှာလဲ"
"ဘယ်ကဝယ်ရမှာလဲ...
နီးစပ်ရာ Capital ဆိုင်ခွဲတွေနဲ့
ဆေးစတိုးတွေဆီသာပြေးဟေ့..ငတုံးရဲ့...
ပြီးမှ..ငါ့လက်ကိုကိုင်ခွင့်ရမယ်..ဟွန့်"
ကျော်ကြီးတစ်ယောက်
Medi Life D+ Disinfectant Solution ရှိရာ
အနီးဆုံးဆိုင်ကို..မှုန်နေအောင် ပြေးလေပြီ။
သူ့လက်ကလေး..ကိုင်ဖို့အရေး...
Medi Life D+ Disinfectant Solution ရှိရာ ပြေး။
05/05/2022
ရှင်သူ နဲ့ သေသူတို့ရဲ့ ကမ္ဘာမြေနှစ်ခုကြားမှာ
ဝိုးမြစ် (river of wo) ဆိုတာ ရှိသတဲ့။
အဲ့ဒီမှာ ချာယွန် (charon) ဆိုတဲ့ဘဲက ဆရာကြီးပဲ။
ဘာဆရာကြီးလည်းဆိုတော့ ကွယ်လွန်သူ ဝိညာဉ်တွေကို
တမလွန် ပို့ပေးတဲ့ ကူးတို့လှေ လှော်ပေးရတဲ့ဆရာကြီး☠️
အဖ ဦးမှောင်(dark ) ၊ အမိ ဒေါ်ည(night)တို့က
မွေးလာတဲ့ ဒီကူးတို့သမားဟာ
သိပ်တော့ အကျင့် ကောင်းတဲ့ဘဲမဟုတ်ဘူး😈
ချာယွန်ဟာ
မရဏမင်းနိုင်ငံဆီသွားမယ့် ဝိညာဥ်တွေဆီကနေ
ကူးတို့ခ တစ်ယောက်ကို ဒင်္ဂါး💰တစ်ပြားကောက်ပြီး
မပေးနိုင်တဲ့သူဆို မြစ်အောက်ထဲ တွန်းချပြီး
ပျော်ရွှင်မှု ရှာတတ်တယ်...😶
အခုတော့ ချာယွန် ညည်းနေပြီ။
"အခုနောက်ပိုင်း ပုံမှန်ဖောက်သည်တွေမလာတော့
၀င်ငွေနည်းတယ်ဗျာ"
လွန်ခဲ့တဲ့နှစ်တွေကတော့.....
သူ့ဆီရောက်လာကြသူတွေ ကြိတ်ကြိတ်တိုး။
အခုတော့ တဖြည်းဖြည်းနည်းလာကြပြီ။
သူ့ဆီ ကွယ်လွန်သူတွေ အမြဲခေါ်ခေါ်လာပေးတဲ့
ဝိညာဉ်ပွဲစားလက်သစ်
ကိုဗစ်နိုင်တီးဆိုတဲ့ ငတိလည်း
ရောက်မလာတာ ကြာပြီမဟုတ်လား🤔
နောက်သုံးလေးရက်နေတော့
ချာယွန် မနေနိုင်တော့ပါဘူး☠️
မရဏမင်းဟေးဒီစ်ဆီမှာ
ခွင့်တစ်ရက်တင်၊ ကူးတို့ကို မြစ်ဆိပ်မှာ ထားပြီး
ဟို ဝိညာဉ်ပွဲစားကို ရှာဖို့ လူ့ပြည်ကို တက်လာခဲ့တယ်။
ဟော့..တွေ့ပါပြီ။
ဆေးရုံတစ်ရုံရှေ့မှာ ငတိက ထိုင်လို့။
ရုပ်ကလဲ ဘူနေပုံပဲ။
"ဟေ့လူ..ခင်ဗျားခေါ်လာနေကျ
လူတွေ ခေါ်မလာတာကြာလို့
ကျုပ်လိုက်လာတာ။ ဘာများ ဖြစ်နေကြလဲ"
ဝိညာဉ်ပွဲစားဟာ 😔စိတ်ပျက်လက်ပျက်နဲ့
ချာယွန်ကို ပြန်ကြည့်လိုက်ပါတယ်။
သူ့လက်ထဲမှာလည်း ဗူးကလေး 🧴 တစ်ခုကိုင်လို့။
"ဒီလိုဗျ...အခုက လူ့ပြည်မှာ
ကပ်ရောဂါကြီးကဖြစ်တော့..
လူတွေက...အိမ်တွေ၊ ရုံးတွေမှာ
ဒီဗူးတွေ ဆောင်ထားကြတယ်
ဒါမျိုး ဆောင်ထားတဲ့သူတွေ ဆို
ကျုပ်တို့ နှစ်ယောက် ဘယ်လိုမှ အနားကပ်မရဘူး။
ဒီဗူးတွေကြောင့်
ခင်ဗျားဆီ အရင်လို လူတွေ ခေါ်မလာနိုင်တာ"😤
"ဘာ ဗူးများလဲ..ပြစမ်းပါဦး"
🟢"Medi Life D Plus တဲ့ဗျာ"🟢
"အဲ့ဒါက ဘာတုန်း"
"ပိုးသတ်ဆေး၊
ကိုရိုနာဗိုင်းရပ်စ်သတ်တဲ့ဆေးရည်ပေါ့ဗျာ..
USA , ကနေဒါ ၊ စင်ကာပူ နိုင်ငံများရှိ
FDA အသိအမှတ်ပြု
Benzalkonium Chloride ( BAC ) နဲ့
ဖော်စပ်ပြုလုပ်ထားပြီး
အမေရိကန် MICROCHEM LAB မှာ
ကျုပ်လို 🦠ကိုရိုနာဗိုင်းရပ်စ်ပိုး🦠ကိုတောင်
သေစေကြောင်း အတည်ပြုထားလို့..
ဒါကို စနစ်တကျဂရုတစိုက်သုံးတဲ့သူဆို
ကျုပ်မှာ အနားကို ကပ်မရတာဗျိုး" 😢😢
''သုံးပုံသုံးနည်းကရော"
''..D Plus Solution ( ၁ ) ဆ ၊
ရေအဆ ( ၂၀ ) ရောစပ် နိုင်သလို
အနံ့ဆိုးထွက်တဲ့ နေရာမျိုးမှာ အသုံးပြုမယ်ဆိုရင်တော့
ဆေး ( ၁ ) ဆ ၊ ရေ ( ၁၀ ) ဆ ရောစပ် အသုံးပြုရသတဲ့၊
ဆေးရုံနံ့မျိုးမရှိတဲ့အပြင် မွှေးပျံ့တဲ့ ရနံ့တွေမို့..
လူတွေက အမြဲဆောင်ထားကြတယ်ဗျာ...
အဲ့ဒီတော့..ကျုပ်လည်း D Plus နဲ့မှ
ဒီတသက် လက်မှိုင်ချရတာပဲဗျိုး"
🤩" Discount ရောရှိလား"🤩
📢📢".. Capital Hypermarket ဆိုင်တိုင်းမှာ
Medi Life D Plus Size စုံကို
🛑( 28 April ~ 11 May ) 🛑ရက်နေ့အထိ
15 % Discount လျှော့ချပေးဦးမှာတဲ့ဗျိုး"🎉🎉
"အင်း.ဒီလိုဆိုမလွယ်ဘူးပဲဗျ....
လူတွေနဲ့ D plus အတူရှိနေသမျှတော့..
ကိုဗစ်နတ်ဆိုးရေ..ခင်ဗျားကျုပ်နဲ့အတူသာ...
မရဏနိုင်ငံကို ပြန်လိုက်ခဲ့ပေရောဗျိုး"
28/01/2022
“မီးလက်ဝါးသိုင်းသမား…
ရေခဲတောင်သိုင်းသမား…
မိုးကြိုးမုန်တိုင်းဒေဝီ…
ဖြူမဲညီနောင်..
ကြိုးကြာမောင်နှံ..သူတို့အားလုံး
လက်လျော့လိုက်ကြပါပြီ”
“ဒါဆို သိုင်းလောက တစ်ခုလုံး က
ထိပ်သီးသိုင်းသမားတွေ ကုန်ပြီပေါ့”
“အင်း..ခက်ပြီပဲ…
ဒါဆို အမှောင်မိစ္ဆာကြီးကို
နိုင်တဲ့သူ မရှိတော့ဘူးပေါ့”
သိုင်းလောက ဥသျှောင် ဖြစ်သော
ဝူတန်ဂိုဏ်းချုပ်ကြီးမှာ မုတ်ဆိတ်မွှေးကို ဆွဲလျက် တစုံတစ်ခုကို တွေးနေသည်။
“ဒီအတိုင်းဆို…ဒီနှစ် Chinese New Year မှာ
ကျုပ်တို့ သိုင်းလောကသားတွေ
ပျော်ပျော်ရွှင်ရွှင်ကျန်းကျန်းမာမာ
နေကြဖို့ ခက်ပြီပေါ့”
“ရှောင်လင်ကျောင်းက လွှတ်လိုက်တဲ့
သိုင်းသမားရောက်လာပါတယ်”
ဝတ်ရုံအဖြူနှင့် အမျိုးသမီးငယ်တစ်ဦး။
“ရှောင်လင်ကျောင်းက လွှတ်လိုက်တဲ့
သိုင်းကညာပျိုပါ”
“အင်း…မင်းက..အမှောင်မိစ္ဆာကြီးကို
အနိုင်ယူမယ့်သူလား”
“ဟုတ်ပါတယ်..ဝူတန်ဂိုဏ်းချုပ်ကြီးရှင့်”
“ထိပ်သီးသိုင်းသမားကြီးတွေတောင်
လက်လျော့လာခဲ့ရတဲ့…ဒီမိစ္ဆာကြီးကို
မင်းက အနိုင်တိုက်မယ်ပေါ့”
“မှန်ပါတယ်”
“မင်းက ဘယ်လို ထူးခြားတဲ့
သိုင်းပညာများတတ်ထားလဲ”
“ကျွန်မက သာမန်ကွန်ဖူးအဆင့်သာ
တတ်ထားပါတယ်”
“ဟေ”
“ဒါဆို မင်းမှာ ဘယ်လိုထူးခြားတဲ့ ဓါး၊ လှံ၊ လက်နက်တွေများပါသေးလဲ”
“ဘာမှ မပါပါဘူး”
“ဟေ…ဒါနဲ့များ”
“မိစ္ဆာကြီးရှိတဲ့နေရာကိုသာ ပြောပါ..
ကျွန်မ အလုပ်နဲ့ သက်သေပြပါ့မယ်”
“ကဲ…လက်ထောက်တွေ..သူ့ကို မြေပုံပေးလိုက်”
ထို့နောက် သိုင်းကညာပျို က ဝူတန်ဂိုဏ်းထဲ မှ
ထွက်ခွာသွားသည်။
“အင်း..သွားပေဦးတော့..တယောက်”
နာရီပိုင်းအကြာတွင်
သိုင်းကညာပျို ပြန်ရောက်လာသည်။
“ကျွန်မ အခုပဲ မိစ္ဆာကြီးရှိတဲ့ ဂူထဲကို ဝင်ပြီး
သူ့ကို နှိမ်နင်းခဲ့ပါပြီ”
“ဟေ..ဘယ်လိုလဲဟ..ကျန်တဲ့ သိုင်းသမားတွေက သူ့ဂူထဲဝင်တာနဲ့ကို ဒုက္ခများပြီး
ပြန်လာကြရတာ..မင်းကျမှ”
“သူက ဗိုင်းရပ်စ်မိစ္ဆာကြီးဆိုတော့
သူ့မှာ အားသန်တာက ကူးစက်မြန်စေတဲ့
ဗိုင်းရပ်စ် နဲ့ လူတွေကို တိုက်ခိုက်တာပါ…
အဲ့ဒီဗိုင်းရပ်စ်က ကိုယ့်ခန္ဓာကိုယ်ကို
မကူးစက်အောင် ကာကွယ်နိုင်ရင်..
သူ့ကို အလွယ်တကူ
အနိုင်ယူပြီးသားဖြစ်တာပေါ့..ဂိုဏ်းချုပ်ကြီး”
“ဟ..သူ့ ဗိုင်းရပ်စ်ကို
မင်းက ဘယ်လိုများကာကွယ်တာတုန်း”
“သူ့ဗိုင်းရပ်စ်က
ကိုဗစ် ၁၉ ရောဂါပိုးလို့ ခေါ်ပါတယ်…
ဟော့ဒီမှာ…ကျွန်မ ဆောင်သွားတဲ့ လက်နက်ပါ… Medi Life D Plus လို့ ခေါ်ပါတယ်”
“ဟ..အဆန်းပါလား..
ဘယ်လိုအသုံးပြုရတာလဲ..ရှင်းပြပါဦး”
" အသုံးပြုနည်းကတော့...D Plus Solution ( ၁ ) ဆ ၊ ရေအဆ ( ၂၀ ) ရောစပ် နိုင်သလို ၊ အနံ့ဆိုးထွက်တဲ့ နေရာမျိုးမှာ အသုံးပြုမယ်ဆိုရင်တော့ ဆေး ( ၁ ) ဆ ၊ ရေ ( ၁၀ ) ဆ ရောစပ် အသုံးပြုနိုင်ပါတယ်.. ဂိုဏ်းချုပ်ကြီး "
“ ဒါက USA , ကနေဒါ ၊ စင်ကာပူ နိုင်ငံများရှိ FDA အသိအမှတ်ပြု Benzalkonium Chloride ( BAC ) နဲ့ဖော်စပ်ပြုလုပ်ထားပြီး အမေရိကန် MICROCHEM LAB မှာ ကိုရိုနာဗိုင်းရပ်ပိုးကို သေစေကြောင်း စမ်းသပ် အတည်ပြုပြီး ဖြစ်ပါတယ် "
" D Plus ကတခြားပိုးသတ်ဆေး တွေလို ဆေးရုံနံ့မဟုတ်ဘဲ သင်းပျံ့တဲ့ရနံ့ ၃ မျိုးကိုစိတ်ကြိုက်ရွှေးချယ်နိုင်သလို သုံးလိုက်တာနဲ့ မွှေးပျံ့ စေပြီးတော့ အသားအရည် အတွက် ဘေးထွက်ဆိုးကျိုး ( လုံး၀ ) မရှိတဲ့.. ခြောက်မျိုးသုံး ပိုးမွှားသန့်စင် ဆေးရည်ပါ”
“ကဲ..ဟုတ်ပြီဗျာ…သိုင်းလောကတစ်ခုလုံးက
သိုင်းသမားတွေ ဗိုင်းရပ်စ်အဆိပ်ဘေးက
ကင်းဝေးအောင်..ဘယ်မှာများ ဝယ်ရမလဲ”
“2022 Jan 26 ကနေ Feb 1 ရက်နေ့အထိ
25 % Discount ဖြင့် LifePlus ဆိုင်ခွဲများ နဲ့
Beauty Diary ဆိုင်ခွဲတိုင်း မှာလုပ်ပြုလုပ်မယ့်
Medi Life D Plus ရဲ့ Chinese New Year
ပရိုမိုးရှင်းပွဲ ရှိပါတယ်….
သိုင်းလောကသားအားလုံး
အဲ့ဒီမှာ အထူးပရိုမိုးရှင်းတွေနဲ့အတူ
ဝယ်လို့ရပါတယ်…ဂိုဏ်းချုပ်ကြီး”
ဝူတန်ဂိုဏ်းချုပ်ကြီးက ပြုံးပြုံးကြီး
ခေါင်းညိတ်လိုက်တော့သည်။
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
473 B Youtkaw Street, Industrial Zone 1 , South Dagon
Yangon
11431