EcoBalance Strategy and Solution - EBSS

EcoBalance Strategy and Solution - EBSS

Share

Academic, technical and nature-based solution for natural resources and environmental projects

20/12/2025

Article 6.4 Paris Agreement Crediting Mechanism (PACM) ဆိုတာဘာလဲ။
PACM ဆိုတာ

(၁) ကျိုတိုပရိုတိုကောရဲ့ CDM ကို အစားထိုးထားတာပါ။ ဒါ့ကြောင့် CDM အတွေ့အကြုံရှိတဲ့ ပါတီတွေနဲ့ ပုဂ္ဂလိက အဖွဲ့အစည်းတွေ အတွက် စိတ်ဝင်စားဖွယ် ဖြစ်နိုင်ပါတယ်။

(၂) စီမံကိန်းလက်ခံ ဆောင်ရွက်တဲ့ နိုင်ငံက UNFCCC ရဲ့ ဗဟိုမှထိန်းချုပ်တဲ့စနစ်ကနေ လျော့ချရေးယူနစ်တွေ ထုတ်ပေးပါတယ်။ UNFCCC က လုပ်ငန်း လည်ပတ်မှုအဆင့် အားလုံးကို စီမံခန့်ခွဲပါတယ်။

(၃) ဖန်လုံအိမ်ဓါတ်ငွေ့ ထုတ်လွှတ်မှု လျော့ချခြင်းကို မြှင့်တင်ပေးသလို ရေရှည် တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို လုပ်ဆောင်ဖို့လည်း အားပေးပါတယ်။ ၎င်းဟာ ကမ္ဘာလုံးဆိုင်ရာ ထုတ်လွှတ်မှုတွေကို အလုံးစုံ လျော့ချဖို့လည်း ရည်ရွယ်ပါတယ်။

(၄) ပုဂ္ဂလိကကဏ္ဍ ပူးပေါင်း ဆောင်ရွက်မှုတွေအတွက် လွယ်ကူ ချောမွေ့စေတဲ့ အဓိက နည်းလမ်းအဖြစ် အချို့က မြင်ကြပါတယ်။

Source: UNFCCC

17/12/2025

Article 6.2 ပူးပေါင်းဆောင်ရွက်မှုတွေလုပ်ဖို့ ဘာတွေလိုအပ်သလဲ။

Article 6.2 ပူးပေါင်းဆောင်ရွက်မှုတွေလုပ်ဖို့ အောက်ဖော်ပြပါ အချက် (၆) လိုအပ်ပါတယ်။
Source: UNFCCC

07/12/2025

𝐂𝐨𝐧𝐟𝐞𝐫𝐞𝐧𝐜𝐞 𝐨𝐟 𝐭𝐡𝐞 𝐏𝐚𝐫𝐭𝐢𝐞𝐬 𝐬𝐞𝐫𝐯𝐢𝐧𝐠 𝐚𝐬 𝐭𝐡𝐞 𝐦𝐞𝐞𝐭𝐢𝐧𝐠 𝐨𝐟 𝐭𝐡𝐞 𝐏𝐚𝐫𝐭𝐢𝐞𝐬 𝐭𝐨 𝐭𝐡𝐞 𝐏𝐚𝐫𝐢𝐬 𝐀𝐠𝐫𝐞𝐞𝐦𝐞𝐧𝐭 (𝐂𝐌𝐀)

CMA ဆိုတာ ကွန်ဗင်းရှင်းရဲ့ အမြင့်ဆုံးအဖွဲ့အစည်းဖြစ်ပြီး ပါရီသဘောတူညီချက်ကို ထိရောက်စွာ အကောင်အထည်ဖော်ဖို့ ကြီးကြပ်မှုတွေနဲ့ ပံ့ပိုးမှုတွေ ပေးပါတယ်။ပါရီသဘောတူညီချက်နဲ့ ပတ်သက်ပြီး ကိစ္စရပ်အားလုံးကို ဆုံးဖြတ်ချက်ချဖို့ အခွင့်အာဏာရှိတဲ့ တစ်ခုတည်းသော အဖွဲ့အစည်းဖြစ်ပါတယ်။ CMA ဟာ COP (Conference of Parties) ကျင်းပတဲ့ကာလအတွင်းမှာပဲ နှစ်စဉ်တွေ့ဆုံပြီး ပါရီသဘောတူညီချက်ပါ အဖွဲ့ဝင်နိုင်ငံ အားလုံးက CMA မှာကိုယ်စားပြုတက်ရောက်ကြပါတယ်။ အဖွဲ့ဝင်မဟုတ်တဲ့ နိုင်ငံတွေက လေ့လာသူတွေအဖြစ် တက်ရောက်နိုင်ပေမဲ့ ဆုံးဖြတ်ချက်ချပိုင်ခွင့်တော့ မရှိပါဘူး။ CMA ရဲ့လုပ်ငန်းဆောင်တာတွေက ကွန်ဗင်းရှင်းအတွက် COP ဆောင်ရွက်တဲ့ လုပ်ငန်းဆောင်တာတွေနဲ့ ဆင်တူပြီး ဆုံးဖြတ်ချက် ၁/CP.၂၁ မှာဖော်ပြထားတဲ့အတိုင်း ပါရီသဘောတူညီချက်လုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်ဖို့ တာဝန်ရှိပါတယ်။
Source: UNFCCC

01/12/2025

Article 6.2 (ပူးပေါင်းဆောင်ရွက်မှု နည်းလမ်း)

Article 6.2 ဆိုတာ နိုင်ငံတွေအနေနဲ့ ထုတ်လွှတ်မှုလျော့ချခြင်း ယူနစ် (Emission Reduction Units) တွေဖြစ်တဲ့ Internationally Transferred Mitigation Outcomes -ITMOs တွေကို ခွင့်ပြုခြင်း၊ လွှဲပြောင်းခြင်းနဲ့ သုံးစွဲခြင်းတွေ ပြုလုပ်နိုင်ဖို့ ပူးပေါင်း ဆောင်ရွက်နိုင်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ဒီပူးပေါင်းဆောင်ရွက်တဲ့ နည်းလမ်းတွေမှာဆိုရင် စီမံကိန်း လက်ခံဆောင်ရွက်တဲ့နိုင်ငံ (host country) နှင့် ITMOs ဝယ်ယူသူတွေ (buyers) ပါဝင်သလို၊ ဝယ်ယူသူတွေက နိုင်ငံအစိုးရတွေ ဒါမှမဟုတ် အများပြည်သူ/ပုဂ္ဂလိက အဖွဲ့အစည်းတွေလည်း ဖြစ်နိုင်ပါတယ်။ Article 6.2 က စီမံကိန်းလက်ခံဆောင်ရွက်တဲ့နိုင်ငံနဲ့ ITMOs ဝယ်ယူသူများအတွက် စီမံကိန်းဒီဇိုင်းတွေနဲ့ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းတွေကို လွတ်လပ်စွာ ဆောင်ရွက်နိုင်ဖို့ အခွင့်အလမ်းပေးထားပါတယ်။ ဒါပေမဲ့ အပြည်ပြည်ဆိုင်ရာက ထုတ်ပြန်ထားတဲ့ အခြေခံ လမ်းညွှန်ချက်တွေကိုတော့ လိုက်နာဖို့လိုပါတယ်။ ITMOs သတင်းအချက်အလက်တွေရဲ့ ကိန်းဂဏန်းတွေကိုတွက်ချက်ခြင်း၊ ခြေရာခံခြင်းနဲ့ အစီရင်ခံ ခြင်းတွေကို နိုင်ငံတကာကြီးကြပ်မှု လမ်းညွှန်ချက်တွေနဲ့အညီ လုပ်ဆောင်ဖို့ ထိန်းချုပ်ထားပါတယ်။ပါဝင်ဆောင်ရွက်တဲ့ နိုင်ငံတွေအနေနဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ပတ်သက်တဲ့ အစီရင်ခံစာတွေကို ပုံမှန်တင်ပြဖို့၊ တိကျမှန်ကန်သေချာတဲ့ ITMOs ကိန်းဂဏန်းတွက်ချက်ခြင်း နည်းစနစ်တွေကို ထိန်းသိမ်းထားဖို့၊ စီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု မရှိစေရန် သေချာစေဖို့နဲ့ စီမံကိန်းလုပ်ငန်းတွေက ရေရှည်တည်တံ့ခိုင်မြဲတဲ့ ဖွံ့ဖြိုးတိုးတက်မှုရည်ရွယ်ချက်တွေနဲ့ ကိုက်ညီဖို့ တာဝန် ရှိပါတယ်။

Source: UNFCCC, GIZ, Greenhousegasinstitute& Climate Perspectives

Want your business to be the top-listed Business in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00