STP - Finance & Account Knowledge Sharing Service

STP - Finance & Account Knowledge Sharing Service

Share

Sharing Finance,Account,Tax Knowledge . System Setup - Accounting procedure

Tax Return Service

Photos from STP - Finance & Account Knowledge Sharing Service 's post 15/08/2023

Inflation ငွေကြေးဖောင်းပွမှု
(Part - 3)

ငွေကြေးဖောင်းပွမှု Inflation ဟာ ကိုယ့်တစ်နိုင်ငံ ထဲမှာသာ ဖြစ်နေတာ မဟုတ်ပဲ နိုင်ငံ အများစု မှာလည်း
နှစ်စဉ် inflation က 1% , 2% ခန့်တော့ ရှိကြပါတယ်။
ဖွံဖြိုးဆဲ တိုင်းပြည် ဖြစ်တဲ့ မြန်မာမှာတော 2021ခုနှစ် မတိုင်ခင်က 10% ဝန်း ကျင် ရှိတယ်လို့ ‌ကြားသိခဲ့ရဖူးပါတယ်။

အခု Trading Economics website ရဲ့ World Inflation Rate ဇယားမှာ မြန်မာနိုင်ငံက 2022 July မှာ 19.55% ရှိနေတယ်လို့ ဖော်ပြထားတာတွေ့ရပါတယ်။
(Website link လေးကို comment မှာ ထည့်ပေးပါမယ်)

စီးပွားရေးကောင်းတဲ့ နိုင်ငံတွေ အနေနဲ့ကတော့ Inflation rate ကို နည်းအောင် ထိန်းထားနိုင်လေ့ရှိပါတယ်။

အချို့သောနိုင်ငံ များမှာတော့ inflation ဖြစ်နှုန်းမ ရှိ ပဲ ၀% သို့မဟုတ် -1% ,
-2% ရှိတာမျိုးလဲ တွေ့ရတတ်ပါတယ်။

Inflation rate လုံးဝ မရှိတာ (သို့မဟုတ်)
- အနှုတ် ထွက်တာ ပိုမကောင်းဘူး လားလို့ မေးစရာ ရှိပါတယ်။

ဒီလို အနှုတ်ထွက်နေတာတွေကို Deflation ငွေကြေးကျုံ့ဝင်ခြင်းလို့ခေါ်ပါတယ်
အဲဒီလိုနိုင်ငံတွေမှာတော့ ဘဏ် တွေကို ငွေအပ်ရင် အတိုး မရပဲ ငွေထိန်းသိမ်းခ ကို အပ်သူက ပြန်လည်ပေးရတယ်ဆိုတဲ့ မူဝါဒ
လို မတူညီတဲ့ Monetary Policy တွေကို တွေ့နိုင်မှာဖြစ်ပါတယ်။

ဒါပေမယ့် ဒီလို ဖြစ်တာကတော့ ပြောင်းပြန်အနေနဲ့
ပြည်သူ နဲ့အစိုးရ ရဲ့ပိုင်ဆိုင်မှုတွေဟာ နှစ်စဉ် -1%
, -2% ကျုံ့ သွား ပျောက်သွား တဲ့ အနေအထား မျိုး သက်ရောက်တဲ့အတွက်
အနှုတ် မထွက်စေပဲ တည်ငြိမ်တဲ့ inflation နှုန်းထား တစ်ခုမှာ သာ ထိန်းထား တတ်ကြလေ့ရှိပါတယ်။
ဒီအတွက်
ငွေကြေးဖောင်းပွမှု ပုံမှန်နှုန်းထားဟာ ကြောက်လန့်စရာ မလိုပဲ ပုံမှန် ဖြစ်မြဲနေကျတစ်ခုအနေနဲ့ ပါတွက်ဆလို့ ရနိုင်ပါတယ်။

🍀Su Thet Paing (Charm)🍀
🔺Post ကိုလွတ်လပ်စွာ share နိုင်ပါတယ်။
Credit မပေးဘဲ တဆင့်ပြန်ကူးယူခြင်းမပြုရန်မေတ္တာရပ်ခံပါတယ်။🔺

Photos from STP - Finance & Account Knowledge Sharing Service 's post 09/08/2023

Inflation ငွေကြေးဖောင်းပွမှု
(Part - 2)

Inflation rate ကို ဘယ်လိုတွက်ထုတ်ကြတာလဲဆိုတော့ Consumer Price Index (CPI) ကို အသုံးပြုပြီးတွက်ထုတ်ကြပါတယ်။

CPI ရဲ့သဘောတရားကတော့ တွက်ချက်ဖို့
ကိုယ် ရွေးချယ်ထားတဲ့ အခြေခံ ကုန်ပစ္စည်းတွေကို နှစ်စမှာ ဝယ်လို့ရမယ့် ငွေကြေးတရပ်နဲ့
နှစ်ကုန်မှာ အဲ့ကုန်ပစ္စည်းတွေကိုပဲ ဝယ်လို့ရမယ့် ငွေကြေးတရပ်ကို နှိုင်းယှဉ်တွက်ချက်ပြီး ငွေကြေးဟာ ဘယ်လောက်ဖောင်းပွလာတယ်ဆိုတာ ကိုတွက်ချက်ကြတယ်လို့ လေ့လာသိရှိရပါတယ်။

စိတ်ဝင်စားရင်လေ့လာလို့ရအောင်
Inflation rate ကိုတွက်ချက်တဲ့ Formula နဲ့ Example Calculation ပုံလေးတွေပါ ပူးတွဲတင်ပေးထားပါတယ်။

🍀Su Thet Paing (Charm)

Photo Credit Internet

🔺Post ကိုလွတ်လပ်စွာ share နိုင်ပါတယ်။
Credit မပေးဘဲ တဆင့်ပြန်ကူးယူခြင်းမပြုရန်မေတ္တာရပ်ခံပါတယ်။🔺

08/08/2023

Inflation ငွေကြေးဖောင်းပွမှု
(Part - 1)

ငွေကြေးဖောင်းပွမှု Inflation ဆိုတာက ငွေကြေးတစ်ရပ် ရဲ့ ဝယ်နိုင်စွမ်းအား လို့ခေါ်တဲ့ Buying Power
ကျဆင်းသွားခြင်း ပဲဖြစ်ပါတယ်။
ဥပမာ - ယခင်က ငွေတစ်ရာကျပ် နဲ့ ပစ္စည်း တစ်ခု ဝယ်လို့ ရခဲ့ပေမယ့် ငွေကြေးဖောင်းပွမှု inflation rate က
တစ်နှစ်စာ ၁၀% ရှိနေမယ်ဆိုရင် နောက်နှစ်မှာ အဲ့ဒီ အမျိုးအစားတူပစ္စည်း ကို ငွေ တစ်ရာ့တစ်ဆယ် ကျပ်နဲ့ ဝယ်မှ
ရရှိ တော့မှာ ဖြစ်ပါတယ်။

ပုံမှာ ပြထားတဲ့ ဥပမာ ထဲမှာ Coffee ခွက် ဈေးနှုန်းလေးတွေ ကို ကြည့်ရင်
1970ခုနှစ် ဝန်းကျင်က ကော်ဖီတခွက်ကို $0.25နဲ့ ဝယ်လို့ရခဲ့ပေမယ့် 2022 ခုနှစ် ကျတော့ $1.85 နဲ့ သာဝယ်ယူ သောက်သုံးလို့ရတော့မှာပါ။
1970လောက်တုန်းက ကိုယ့်မှာ $2ရှိရင်ကော်ဖီ
4ခွက်သောက်လို့ရမှာဖြစ်ပေမယ့်
2022ခုနှစ် မှာ ကော်ဖီ တခွက်ပဲ သောက်လို့ရတော့မှာဖြစ်ပါတယ်။

အဲဒါကို ငွေကြေးရဲ့ဝယ်နိုင်စွမ်းအား
Buying Power ကျသွားတာဖြစ်ပြီး
Inflation ‌ဖြစ်တယ်လို့ပြောရမှာဖြစ်ပါတယ်။

Su Thet Paing (Charm)

Photo Credit-Internet

🔺 Post ကိုလွတ်လပ်စွာ Share နိုင်ပါတယ်။
Credit မပေးဘဲ တဆင့်ပြန်ကူးယူခြင်းမပြုရန်မေတ္တာရပ်ခံပါတယ်။🔺

Want your business to be the top-listed Accountant in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00