Young Power
I am sharing and learning Sales and marketing. I can create your better opportunities.
31/08/2022
ရွှေစျေး ၃၅ သိန်း၊ ဒေါ်လာ ၄၅၀၀ ခန့်ထိ စျေးတက်
ဧရာဝတီ၊ ဩဂုတ် ၃၁၊ ၂၀၂၂
ရွှေနှင့် ဒေါ်လာဈေးမှာ ယမန်နေ့ (ဩဂုတ် ၃၀ ရက်) က အကယ်ဒမီ အခေါက်ရွှေ ၁ ကျပ်သား ငွေကျပ် သိန်း ၃၀ ကျော်နှင့် ၁ ဒေါ်လာ ကျပ် ၃၄၀၀ နီးပါးနှင့် ဈေးပိတ်ခဲ့ရာမှ ယနေ့တွင် ရွှေ ၁ ကျပ်သား ၃၅ သိန်းဝန်းကျင်နှင့် ၁ ဒေါ်လာလျှင် ကျပ် ၄၅၀၀ ကျော်အထိ မြင့်တက်ခဲ့ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။
ထို့ကြောင့် တရက်အတွင်း အကယ်ဒမီ အခေါက်ရွှေ ၁ ကျပ်သားလျှင် ကျပ် ၄ သိန်းကျော်နီးပါး ဈေးမြင့်တက်ခဲ့သလို အမေရိကန် ၁ ဒေါ်လာလျှင် ကျပ် ၈၀၀ နီးပါးအထိဈေးနှုန်းများ မြင့်တက်လာခြင်း ဖြစ်သည်။
ပြည်တွင်း ဒေါ်လာရောင်း/ဝယ်ရေး သမားတဦးက "အခုကတော့ ဈေးတွေက တဟုန်ထိုး တက်နေတာ။ ကျနော်တို့ ဝိုင်းမှာဆိုရင် ၁ ဒေါ်လာ ၄၂၀၀ ကျပ်နဲ့ အရောင်းအဝယ် ဖြစ်တယ်။ တခြား ဝိုင်းတွေမှာ ဈေးတမျိုးပေါ့။ ဈေးက တော့ ပြောရခက်တယ်။ ဒေါ်လာအရွက်ကတော့ လက်ထဲ ရှားတယ်။ ဝယ်မရဘူး။ အဝေး ဈေးတွေနဲ့ အရောင်း အဝယ် ဖြစ်ကြတာ များတယ်" ဟု ပြောသည်။
စစ်ကောင်စီ၏ ငွေကြေး ဈေးကွက် စောင့်ကြည့်၊ ထိန်း သိမ်း၊ ကြပ်မတ်ရေး လုပ်ငန်းကော်မတီက ယခုလ ၂၇ ရက်တွင် ရွှေလုပ်ငန်းရှင်များကို ခေါ်ယူ တွေ့ဆုံကာ ရည် ညွှန်းဈေးအတိုင်း ကြပ်ကြပ်မတ်မတ် လုပ်ဆောင်ရန် ညွှန်ကြားပြီးနောက် ရွှေနှင့် ဒေါ်လာ ဈေးနှုန်းများ ဆက် တိုက် မြင့်တက်နေခြင်း ဖြစ်သည်။
လက်ရှိတွင် ဈေးကွက်ကို ခန့်မှန်းရန် ခက်ခဲသည့်အခြေ အနေ ဖြစ်နေကြောင်း ဒေါ်လာနှင့် ရွှေလုပ်ငန်းလုပ်ကိုင်သူ များထံမှ သိရသည်။
အလားတူ အခေါက်ရွှေ ဈေးနှုန်းမှာလည်း ယမန်နေ့ထက် ကျပ် ၄ သိန်းကျော် နီးပါးမြင့်တက်၍ အရောင်း အဝယ် ရှိနေသော်လည်း လက်ဝတ်ရတနာ ၁၅ ပဲရည် ဈေးကွက်တွင်မူ အရောင်းအဝယ် မရှိသည်အထိ ဖြစ်နေကြောင်း ရွှေလုပ်ငန်းရှင်များထံက သိရသည်။
ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များ အသင်းရုံး (YGEA) တွင် အကယ်ဒမီ အခေါက်ရွှေ ၁ ကျပ်သား ကျပ်သိန်း ၂၀ ကျော်နှင့်သာ ကြမ်းခင်းဈေး ဖွင့်ထားသော်လည်း လက်ရှိ ရွှေဈေးကွက်အတွင်း ပြင်ပဈေးဖြစ်သော ကျပ် ၃၅ သိန်းမှ ၃၇ သိန်းအထိ ဈေးနှုန်းအသီးသီးနှင့် အရောင်း အဝယ် ဖြစ်နေသည်။
အထက်ပါ ဈေးနှုန်းများသည် ယနေ့ (ဩဂုတ်လ ၃၁ ရက်) နေ့လယ်ပိုင်းတွင် ရန်ကုန်မြို့အတွင်း ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းများဖြစ်ပြီး ဈေးနှုန်းများမှာ အချိန်နှင့်အလိုက် ပြောင်းလဲနိုင်ပါသည်။
13/07/2022
Click here to claim your Sponsored Listing.
Category
Website
Address
Paril 4 Street
Yangon