Mon Journal
Live is short; do what you heart follows.
11/02/2022
Please let me re-share our very first post.🥰🥰
💠OCD ဆိုတာဘာလဲ?
"OCD"ဆိုတာကို ကြားဖူးကြတဲ့ သိတဲ့လူတွေရှိသလို မသိတဲ့လူတွေလည်းရှိပါတယ်
တချို့က ကိုယ်တိုင်က OCDရှိပေမယ့် အဲ့တာက OCDမှန်း မသိကြတာပါ
ဟုတ်ကဲ့ ကျွန်တော်တို့တွေ မလိုအပ်ပဲ ခဏခဏလက်ဆေးတယ် .... ကြွေပြားကွက်တွေအတိုင်းလမ်းလျှောက်တယ် .....ရောင်စုံခဲတံတွေကို အရောင် အစဉ်အတိုင်းထားမှကြိုက်တယ်.....
ဒါတွေဟာ OCDပါ
OCD ဆိုတာ Obsessive Compulsive Disorder ရဲ့ အတိုကောက်ပါ
OCDဟာ ကမ္ဘာနဲ့အဝှမ်း လူတွေခံစားနေရတဲ့ လက္ခဏာတစ်ခုပါ
Researchတွေအရ USမှာဆို အရွယ်ရောက်ပြီးသားလူ အယောက် ၄၀တိုင်းမှာ တစ်ယောက်က OCDကို ခံစားနေရတယ်လို့ ဆိုပါတယ်
ကလေးတွေမှာဆို ၁၀၀မှာ တစ်ယောက်က OCDရှိနေပါတယ်တဲ့
💠OCDက ဘယ်လိုတွေဖြစ်တာလဲ?
Obsessive Compulsive Disorder လို့ခေါ်တဲ့ OCDမှာ အပိုင်းနှစ်ပိုင်းရှိပါတယ်
1️⃣ Obsessions
2️⃣ Compulsions တို့ပဲဖြစ်ပါတယ်
1️⃣Obsessionsဆိုတာကတော့ မိမိရဲ့ ထိန်းချုပ်လို့မရတဲ့ ခံစားချက်တွေ.....စိုးရိမ်ပူပန်တာတွေ... စိတ်ရှုပ်တာတွေ.....ကြောက်ရွံတာတွေ စသဖြင့် မလိုလားအပ်တဲ့ အရာတွေက စတင်ဖြစ်ပေါ်လာတာပါ
2️⃣ Compulsions ဆိုတာကတော့ Obsessionsတွေကို ပြေပျောက်စေဖို့ ထပ်ခါထပ်ခါလုပ်မိနေတဲ့အပြုအမူတွေပါ
ထိန်းချုပ်လို့မရပါဘူး မလုပ်ရမနေနိုင်တာပါ
Compulsionsမှာ နှစ်မျိုးရှိပါတယ် 1) မြင်နိုင်တဲ့ အပြုအမူတွေနဲ့ 2) မမြင်ရတဲ့ စိတ်ထဲမှာပဲ လုပ်ဆောင်နေတဲ့အရာတွေပါ
အဖြစ်များတဲ့ Obsessionsတွေကတော့
➡️ညစ်ပတ်တာကို စိုးရွံ့တာ
➡️အသန့်ကြိုက်လွန်းတာ
➡️စနစ်တကျဖြစ်တာကိုကြိုက်တာ
➡️စိတ်ဆန္ဒစောတာ စသဖြင့်ပေါ့
အဖြစ်များတဲ့ Compulsionsတွေကတော့
➡️ပစ္စည်းတွေကို သေချာအောင်ဆိုပြီးတော့ ခဏခဏCheckတာ
➡️လက်တွေ ခဏခဏဆေးတာ (Covidကြောင့်လက်ဆေးတာကိုမဆိုလိုပါ😂)
➡️အရာ၀တ္ထုတွေကို အားအားယားယား သန့်ရှင်းရေးလုပ်နေတာ (Adminဆိုရင် ခဲတံ အောင်ပြုတ်ကျသွားရင်တောင် hand gelနဲ့ဆေးရမှကျေနပ်သူပါ😁)
➡️ခြေလှမ်းတွေကို စိတ်ထဲကနေ ရေတွက်နေတာ
➡️ပစ္စည်းတွေကို အားအားယားယား စီနေတာမျိုး (ဟိုဟာဆိုလည်း အစဉ်အတိုင်းထားမှ....ဒီဟာဆိုလည်း သူ့နေရာအတိုင်းအတိအကျရှိရမှ နည်းနည်းလေးတောင်ရွှေ့လို့မရတာမျိုး)
စသဖြင့်ပါ
💠OCDက ဘယ်လောက်ထိဆိုးရွားနိုင်လဲ?
OCDတွေက တစ်ယောက်နှင့်တစ်ယောက် ခံစားရတဲ့ levelမတူပါဘူး
တချို့ကသာမန် လုပ်ရုံပါပဲ
တချို့ကတော့ သူတို့ OCDကြောင့် အချိန်တွေကုန်.....နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ထိခိုက်တဲ့အထိဖြစ်နိုင်ပါတယ်
Adminဆိုရင် OCDတွေအများကြီးပါ
လက်ခဏခဏဆေးတယ်
အတန်းပဲဖြစ်ဖြစ် ကိစ္စတစ်ခုခုပဲဖြစ်ဖြစ် စိတ်ဆောပြီး စောရောက်ရမှကြိုက်တယ်
ဆရာမရောက်ပြီးမှ အတန်းထဲနောက်ကျပြီး ၀င်ရမှာအရမ်းကြောက်ပါတယ် ဆရာမကိုကြောက်တာမဟုတ်ပါဘူး ကိုယ့်စိတ်ကိုကအဲ့လိုဖြစ်တာပါ
OCDရှိတဲ့လူတွေက သူတို့ကိုယ်သူတို့ မလိုအပ်တာတွေကို လုပ်နေမှန်းလည်းသိပေမယ့် မလုပ်ရရင်မနေနိုင်ကြပါဘူးနော်
အရမ်းဆိုးရွားရင် ဆရာ၀န်ပြရတဲ့အထိဖြစ်နိုင်ပါတယ်
💠OCDဆိုတာကို တလွဲထင်ကြလား?
OCDဆိုတာကို တလွဲတွေးကြတဲ့သူတွေအများကြီးပါ
OCDနဲ့ GADလို့ခေါ်တဲ့ "GENERALIZED ANXIETY DISORDER"ကို အထင်မှားကြပါတယ်
"GAD" ဆိုတာက OCDလောက်မဆိုးပါဘူး
GADက တကယ့် လက်တွေ့ ဘ၀နဲ့သက်ဆိုင်နေပါတယ်
ဥပမာ......"စာမေးပွဲ ကျရင်ဘယ်လိုလုပ်မလဲ" "အလုပ်ရပါ့မလား" "သူငါ့ကိုစိတ်ဆိုးသွားမလား" "ဒီကိစ္စအဆင်ပြေပါ့မလား" စသဖြင့်ပေါ့
တကယ်လက်တွေ့ကျတဲ့ကိစ္စတွေပါ
OCDက အဲ့လိုမဟုတ်ပါဘူးနော်......ခဏလောက်လေးလက်မဆေးလိုက်ရလို့.....ကြွေပြားကွက်အတိုင်းလမ်းမလျှောက်ရလို့......ပစ္စည်းကနည်းနည်းလေးညစ်ပတ်သွားလို့ ဘာမှ မထိခိုက်သွားပါဘူး
နောက်တော့ GADမှာ Compulsionsမရှိပါဘူး
OCDက Anxietyကြောင့် Obsessionဖြစ်ပြီး အဲ့တာကို Compulsionsဆိုတဲ့ အပြုအမူနဲ့ဖြေရှင်းတာပါ
GADက အချိန်အတိုင်းအတာတစ်ခုပြီးရင် မရှိတော့ပါဘူး ....."စာမေးပွဲအောင်ပါ့မလား"ဆိုပြီး သေအောင်စိုးရိမ်နေတာက စာမေးပွဲအောင်ရင် ပြီးသွားပါပြီ
OCDက ထပ်ခါထပ်ခါဖြစ်နေရတာပါ အဆုံးမရှိဘူး .....ညစ်ပတ်မှာစိုးလို့ ခဏခဏလက်ဆေးတာ တစ်သက်လုံး စွဲသွားနိုင်မယ့်အရာပါ
နှစ်မျိုးလုံးကတော့ Anxietyနဲ့ဆက်စပ်နေပါတယ်နော်
ဟုတ်ကဲ့
ဒါကတော့ ဖြစ်လေ့ဖြစ်ထရှိတဲ့ OCDနဲ့ GADအကြောင်း သိသလောက်လေးတွေပါ
နည်းနည်းလောက်ပဲဖြစ်ဖြစ် အကျိုးရှိစေဖို့မျှော်လင့်ပါတယ်
အမှားပါရင်လည်း အချိန်မရွေး လာပြောနိုင်ပါ
စာအရှည်ကြီးအတွက်လည်းတောင်းပန်ပါတယ်
ကျေးဇူးတင်ပါတယ် ❤️✌️
Click here to claim your Sponsored Listing.
Website
Address
Yangon