Fresh Mind
First of its kind in the Golden Land, RitzWash provides quality, affordable and convenient laundry services to the people of Myanmar.
အမေ့အိမ်🎼❤
နှလုံးသားက လွမ်းဆွတ်လို့..တမ်းတမိခဲ့...အမေ့ရဲ့အိမ်ကို...😢💔
23/07/2021
ဓမ္မစကြာအခါတော်နေ့
၁၃၈၃-ခုနှစ် ဝါဆိုလပြည့်နေ့
(၂၃၊၇၊၂၀၂၁)
ဆုတောင်းမေတ္တာပို့သလွှာ
————————————
သဗ္ဗရောဂ ဝိနိမုတ္တာ၊
သဗ်ဗသန်တာပ ဝဇ်ဇိတာ။
သဗ်ဗဝရေ မတိက်ကန်တာ၊
သုခိတာ ဟောန္တု ပါဏိနော။
ရဟန်းရှင်လူ ကမ္ဘာပြည်သူအားလုံး
ရောဂါဘေးမှ လွတ်မြောက်ကြပါစေ။
စိတ်ပူပန်မှုမှန်သမျှ ရှောင်ကွင်းနိုင်ကြ
ပါစေ။
ရန်ပြုမှု မှန်သမျှ ကျော်ဖြတ်နိုင်ကြပါစေ။
ကိုယ်ရောစိတ်ပါ ချမ်းသာသုခ ရရှိကြပါစေ။
ကံဆိုးနေစဉ်အခါ ကံဆိုးကိုပံ့ပိုးနိုင်တဲ့
အကုသိုလ်ကံမျိုးကို ထပ်မလုပ်မိအောင်
သတိပြုကြစေလိုပါသည်၊
ကံဆိုးကိုဖယ်ရှားဖို့ မေတ္တာခွန်အား
ဖြည့်ကြစို့။
ဓမ္မစကြာအခါတော်နေ့ အမှတ်တရ
ပါမောက္ခချုပ်ဆရာတော်
ကျေးဇူးတော်ရှင် ပါမောက္ခချုပ် ဆရာတော်ကြီး ၏ ၂၀၂၁ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့ ဓမ္မစကြာအခါတော်နေ့ အမှတ်တရ ဆုတောင်းမေတ္တာပို့သလွှာ ကို ဖေါ်ပြအပ်ပါသည်။
22/07/2021
ကိုဗစ်-၁၉ရောဂါ
ပြင်းထန်စွာကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့်
မျိုးရိုးဗီဇပြောင်းလဲနေသော ရောဂါပိုးများ
ကူးစက်ပြန့်ပွားခြင်းမရှိစေရန်-
(၁) အိမ်အပြင်ထွက်လျှင်
ပါးစပ်နှင့်နှာခေါင်းစည်း(Mask)ကို
စနစ်တကျတပ်ဆင်ထားပါ။
လူအများနှင့်ထိတွေ့ဆက်ဆံရပါက
မျက်နှာအကာ (Face Shield) ကို
တွဲဖက်တပ်ဆင်ပါ၊
(၂) တဦးနှင့်တဦး
တတ်နိုင်သမျှ ခပ်ခွာခွာနေထိုင်လုပ်ကိုင်ပါ။
အချင်းချင်း အသိပေး/ သတိပေးပါ။
(၃) လူစုလူဝေးရှောင်ပါ။
(၄) လက်ကို စက္ကန့်(၂၀)ကြာ
မကြာခဏ စနစ်တကျ ဆေးကြောပါ။
(၅) လေဝင်/လေထွက်မကောင်းသောအခန်းများသို့
သွားရောက်ခြင်းမှ ရှောင်ကြဉ်ပါ။
(၆) အိမ်ပြင်သို့ထွက်လေ့ရှိသူများအနေဖြင့်
အိမ်ရှိအသက်(၆၀)နှစ်အထက်
အသက်အရွယ်ကြီးရင့်သူ၊
နာတာရှည်ရောဂါအခံရှိသူများနှင့်
အနီးကပ်နေထိုင်ခြင်း၊
အတူစားသောက်ခြင်းတို့မှ ရှောင်ကြဉ်ပါ။
(၇) ပါးစပ်နှင့်နှာခေါင်းစည်း(Mask)
မတပ်ဆင်ထားသော စျေးရောင်းသူများထံမှ
စျေးမဝယ်ပါနှင့်။
(၈) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်း
လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပါ။
ကာကွယ်ဆေးထိုးနှံပြီးသော်လည်း
ကာကွယ်ရေးနည်းလမ်းများကို
ဆက်လက်လိုက်နာပါ။
(၉) ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက်
ထုတ်ပြန်ထားသော လုပ်ငန်းလမ်းညွှန်ချက်များနှင့်
အညီ တိကျစွာ လိုက်နာဆောင်ရွက်ပါ။
(၁၀) ကိုယ်ပူခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူကြပ်ခြင်း၊ အားအင်ကုန်ခမ်းခြင်း၊ ရုတ်တရက်အနံ့အရသာ ပျောက်ဆုံးခြင်း လက္ခဏာများပေါ်ပေါက်ပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ ချက်ချင်းဆက်သွယ်၍ စောစီးစွာ ကုသမှုခံယူပါ၊ ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ပါ။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
20/07/2021
🐦
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
Yangon