Your Spa

Your Spa

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Your Spa, Massage service, No28A1, Golden Valley 2, Bahan Township, Yangon.

04/11/2018

Let Relax @ Your Spa






🏡No(28/A1), Golden Valley 2 Street, Near ISY
School, Bahan Township, Yangon.
09-786669925

Photos from Your Spa's post 17/10/2018

Relax Me Program by Your Spa with Thai Traditional Massage , Relaxing Aromatherapy Massage

Photos 26/04/2018

[ Zawgyi + Unicode ]

“မေကာင္းတဲ့ အကုသုိလ္"ပယ္ဖ်က္ေသာ နည္းလမ္း
•••••••••••••••••••••••••••••••••••••••••••••••••

ပုထုဇဥ္လူသားတိုင္း ေကာင္းမႈ၊မေကာင္းမႈျပဳၾကပါသည္။ ကံ.. ကံ၏ အက်ိဳးကို ယံုၾကည္ၾကသည္ ဗုဒၶဘာသာဝင္မ်ား ျဖစ္သည့္အေလ်ာက္ မိမိျပဳခဲ့ေသာ ကံအလ္ိုက္ အေကာင္း၊အဆိုး ကို စံစား၊ခံစားၾကမယ္ ဆိုတာ ယံုၾကည္ထားၾကပါသည္။ အေကာင္းအဆိုး ေဝခြဲမရခင္ အခ်ိန္အခါက က်ဴးလြန္ခဲ့ေသာ မိမိတို ့၏ မေကာင္းမႈကံ ကို အေကာင္းအဆိုးနားလည္ သေဘာေပါက္လာ ခ်ိန္တြင္ ေနာင္တရေစလ်က္၊ မိမိတို ့၏ ျပဳလုပ္ခဲ့ေသာ မေကာင္းမႈကံေၾကာင့္ ခံစားရမဲ့ ဆိုးက်ိဳးကို ပေပ်ာက္ ေစခ်င္ၾကပါသည္။ သို ့ျဖစ္ပါ၍ မိမိ ကဲ့သို ပင္ ခံစားရေသာ "မေကာင္းမႈအကုသိုလ္"မ်ား ပေပ်ာက္ေစရန္ ရရွိထားေသာ နည္းကို ဓမၼမိတ္ေဆြမ်ား အား ထပ္တူထပ္မွ်ရရွိၾကေစရန္မွ်ေဝေပးလိုက္ပါသည္။

••••••••••••••••••••

အေျခအေန၊ အေၾကာင္းေၾကာင္းေတြေၾကာင့္ လူမႈပတ္ဝန္းက်င္မွာေနထုိင္ၾကစဥ္အတြင္း လူတုိင္းလူတုိင္းကုိယ္စီ အမွားမကင္းနုိင္ၾကပါဘူး၊ အမွားဆုိတာကလဲ "ေလာကအမွား၊ သံသရာ အမွား"၊ တနည္းအားျဖင့္ "ေလာကီအမွား၊ေလာကုတၱရာ အမွား"လို႔ ဆိုရမွာပါ။

အလုပ္ထဲလုပ္ငန္းခြင္ထဲမွာ၊မိတ္ေဆြေတြၾကားမွာ၊ မိသားစုမွာ၊ စသည္ မွားတတ္တာမ်ိဳးကို"ေလာကအမွား၊ေလာကီ အမွား" လို႔ ဆုိနုိင္ပါတယ္၊
ဒါမ်ိဳးက"ျပန္လည္ျပင္ဆင္ခြင့္" ရွိနုိင္ပါေသးတယ္။

"သံသရာ အမွား" ဆုိတာကေတာ့ "အရိယာသူေတာ္ေကာင္း၊ ဆရာသမား၊
လူႀကီးမိဘေတြ"အေပၚမွာ ကံသုံးပါး တပါးပါးနဲ႔ ျပစ္မွား မိတာမ်ိဳး၊ သူတပါးအသက္ သတ္ျခင္း၊ ခိုးယူျခင္း၊ ကာမဂုဏ္မွားယြင္းမိျခင္း၊ မုသားေျပာဆုိျခင္း၊ အရက္ေသစာ ေသာက္စားျခင္း စတဲ့ သီလခ်ိဳး ေဖာက္ျခင္းမ်ားကေတာ့ ယခု "လက္ရွိဘဝမွာေရာ၊ သံသရာ"မွာပါ အက်ိဳးေပးနုိင္တာမို႔ “သံသရာအမွား” လို႔ ေခၚဆုိရမွာ ျဖစ္ပါ တယ္။

ေနာင္ဘဝ ေတြမွာလဲ
• သူတပါးပေယာဂျဖင့္ ေသဆုံးရျခင္း၊
• ဥပေစၦဒကကံေၾကာင့္ ငယ္ငယ္ရြယ္ရြယ္ေသရျခင္း၊
• ရွိၿပီးသား ဥစၥာမ်ား ဆုံးရႈံးရျခင္း၊
• ေယာက်ာ္းမဟုတ္၊မိန္းမမဟုတ္၊ နပုံးပ႑ဳပ္ ျဖစ္ရျခင္း၊
• စကားမပီမသ၊ ထစ္အ ဆြ႔ံအျဖစ္တတ္ျခင္း၊
• ဦးေႏွာက္က်ပ္မျပည့္ပဲ လူစဥ္မမွီျခင္း
စတာေတြကို ဘဝတခုခု၊ ဒါမွမဟုတ္ ဘဝေပါင္းမ်ားစြာေပးဆပ္ခံၾကရတာမို႔ "သံသရာ အမွား" လို႔ ဆုိသင့္လွပါတယ္။

"ဝဋ္မွာ အၿမဲ၊ ငရဲမွာ အပ" ဆိုတဲ့ ေရွးစကားကလဲ ဒီလို အျပစ္ေတြကို ေပးဆပ္ရျခင္းကို ရည္ရြယ္ထားတာျဖစ္တာေၾကာင့္
မသိလို႔ မိုက္မွားျခင္း ရွိခဲ့ေသာ္လည္း တန္ျပန္ အက်ိဳးေပးမွာကိုေတာ့ ေၾကာက္ရြံ႕ ၾကျပန္တာ သတၱဝါအားလုံးပါပဲ။

ေထရဝါဒ ဗုဒၶဘာသာဝင္ေတြမွာ
ကံေကာင္းေစတာ တစ္ခုက ဗုဒၶရဲ႕ တရားေတာ္ေတြအလိုအရ အျပစ္ရွိေသာ္လည္း လုံးဝ ကုစားလို႔ မရတာမ်ိဳးေတာ့ မဟုတ္ပါဘူး။"ကုစားလို"႔ ရနုိင္ပါေသးတယ္။
မွားမွန္းသိရင္ အမွန္ျပင္ဆင္ခြင့္ ရွိနုိင္ပါေသးတယ္။

သို႔ေသာ္ ဒူးေထာက္ၿပီး “ခြင့္လႊတ္ေက်ေအးေတာ္မူပါ”ဆုိတာမ်ိဳးေလာက္နဲ႔ေတာ့ မရဘူး။ ျပဳၿပီးသား အကုသိုလ္ကို လုံးဝ ကင္းစင္သြားေအာင္ဆိုသည္မွာ ျမတ္စြာဘုရား ကိုယ္ေတာ္တုိင္ေတာင္ မတတ္နုိင္ခဲ့ပါဘူး။

♦ အနာေပါက္ၿပီးရင္ အမာရြတ္ေတာ့ က်န္ေနအုံးမွာပါ။
♦ အမာရြတ္က အမာရြတ္ပါပဲ။
♦ ထုိ႔အတူ ျပဳၿပီးသားအကုသိုလ္ပဲ ျဖစ္ျဖစ္ ၊ကုသိုလ္ပဲျဖစ္ျဖစ္ ျဖစ္စဥ္တစ္ခုမွာ ပုံရိပ္အေနနဲ႔( ကံတစ္ခုအေနနဲ႔ ) က်န္ရစ္ ေနပါလိမ့္မယ္။
"လုပ္ၿပီးသား"ကို "မလုပ္ခဲ့ပါဘူး" လို႔ ေျပာလို႔မရေတာ့ပါဘူး။

သို႔ေသာ္ "ရွိၿပီးသား အကုသုိလ္" ကို အားနည္းသြားေအာင္၊ "အက်ိဳးမေပးနုိင္ေအာင္” ေတာ့ ဗုဒၶတရားေတာ္မ်ားမွာ အခြင့္အလမ္း ရွိေနပါေသးတယ္။

သတၱဝါေတြကို ကံ က အက်ိဳးေပးတယ္ ဆုိရာမွာ ထုိကံကို ေထာက္ပံ့ေပးေနတဲ့ ေနာက္ခံအေၾကာင္းတရားေတြ အမ်ားႀကီး ရွိေနေသးတာကို ေရွးဦးစြာ လက္ခံရမွာ ျဖစ္ပါတယ္။အဲဒီေနာက္ခံအေၾကာင္းတရားေတြ ဆုိတာဟာလဲ အလြယ္ေျပာရရင္ “ကိေလသာ”ေတြပါ။

အဲဒီ"ကိေလသာ" ေတြကို "အားနည္းေအာင္၊ကုန္ခမ္းသြားေအာင္" လုပ္နုိင္ရင္ ဘဝ၊ဘဝမ်ားစြာကျပဳလုပ္ခဲ့တဲ့ အကုသိုလ္ေတြဟာ ေနာက္ထပ္ ဘဝသစ္အေန နဲ႔ ပဋိသေႏၶအက်ိဳးကို မေပးနုိင္ေတာ့ပါဘူး။ဒါကိုပဲ ကံ ကို "သတ္ပစ္တယ္" လို႔ ဆိုပါတယ္။

ဘုရား ပေစၥကဗုဒၶါ ရဟႏၱာ မေထရ္ႀကီးမ်ားလဲ အတိတ္ဘဝမ်ားစြာက ကံေတြ ရွိခဲ့ၾကတာမို႔ ဒီဘက္ဘဝမွာ ကံေတြရဲ႕အက်ိဳးေပးကို ခံၾကရေသးတယ္။
ဒါေပမယ့္ ေနာက္ဘဝသစ္ ျဖစ္ဖို႔ တဏွာ အဝိဇၨာေတြကို ပယ္သတ္လိုက္တာေၾကာင့္
ဒါေပမယ့္ ေနာက္ဘဝသစ္ ျဖစ္ဖို႔ တဏွာ အဝိ"ခ်ဳပ္ၿငိမ္း"ကုန္ၾကတယ္။

■ ဥပမာအားျဖင့္ အညြန္႔တလူလူ ျဖစ္ေနဆဲ ၊ရွင္သန္ေနဆဲ ၊ သစ္ပင္ေလးကို ေရေႏြးပူနဲ႔ ေလာင္းသတ္လိုက္သလို ........
ဘဝမ်ားစြာ က ပါလာခဲ့တဲ့ ကံေတြကို "အရိယာမဂ္ဖုိလ္" ဆိုတဲ့ ေရေႏြးနဲ႔ ေလာင္းလိုက္တာမို႔ ျပန္လည္ မရွင္သန္နုိင္ေတာ့ပါဘူး၊ လုံးဝ အက်ိဳးမေပးနိုင္ေတာ့ပါဘူး၊

ျမတ္စြာဘုရားက ျပဳၿပီးသား အကုသိုလ္ေတြကို ပယ္သတ္ဖို႔ နည္းလမ္း( ၄ ) မ်ိဳးကို
“သခၤဓမၼသုတၱန္” မွာေဟာၾကားထားခဲ့ပါတယ္၊

၁။ အကုသိုလ္ကုိ အကုသိုလ္မွန္း သိေအာင္ လုပ္ပါ။
၂။ သိျမင္ၿပီးလ်င္ ဒါဟာ မေကာင္းဘူး လို႔ လက္ခံနုိင္ေအာင္ ႀကိဳးစားပါ။
၃။ အကုသိုလ္ကုိ ေနာက္တႀကိမ္ မျပဳမိေအာင္ ေစာင့္စည္းပါ။
၄။ အကုသိုလ္စိတ္ျဖစ္ေပၚတာနဲ႔ ကုသုိလ္တခုခုျဖင့္ အစားထုိးလိုက္ပါ။

အထက္ပါ အခ်က္ေလးခ်က္နဲ႔ ကုစားလွ်င္ ေနာက္ထပ္ ေနာက္ထပ္ "အကုသိုလ္"ေတြကို ျပဳလုပ္မိတာ နည္းပါးသြားမွာ ေသခ်ာပါတယ္၊ ေနာက္ဆုံးတစ္ခုကေတာ့ "ကိေလသာ"ေတြ အားလုံးကုန္သြားရင္ ကံေတြကေန လုံးဝ လြန္ေျမာက္ သြားတာပါ။ဘဝတစ္ခုကို ျဖစ္ေစမယ့္ ကံေတြကေန လြတ္ေျမာက္သြားတယ္ လို႔ ဆုိနုိင္ပါတယ္။

သို႔ေသာ္ အတိတ္ဘဝ တခုခုက ျပဳလုပ္ၿပီးသား အကုသိုလ္ရဲ႕ အက်ိဳးကုိေတာ့ ဒီခႏၶာႀကီး ရွိေနေသးတဲ့အတြက္ေၾကာင့္ "ပဝတၱိအက်ိဳး" အျဖစ္ ေပးဆပ္ၾကရပါအုံးမယ္။

● ျမတ္စြာဘုရားကိုယ္ေတာ္ျမတ္ႀကီးေတာင္မွ ကိေလသာအားလုံး ကုန္ခမ္းသြား ေပမယ့္ ေခါင္းကိုက္တာ၊ ခါးနာတာ၊ ၀မ္းေသြးသြန္ေရာဂါခံစားရတာ၊ စသျဖင့္ပါရမီႏုစဥ္ကျပဳခဲ့ဖူးတဲ့ အကုသိုလ္တို႔ရဲ႕ ၀ဋ္ေၾကြးအျဖစ္ေပးဆပ္ရတာပဲ ။
(ျမတ္စြာဘုရားရွင္၏ ဝဋ္ေႂကြးေတာ္(၁၂)ပါးအေၾကာင္း) ။
● အရွင္ေမာဂၢလာန္မေထရ္ႀကီးလဲတန္ခိုးအရာမွာ အသာဆုံး ဘြဲ႔ထူးႀကီး ရထားပါေသာ္လည္း ခုိးသားငါးရာရဲ႕ လက္ခ်က္နဲ႔ ရိုက္ႏွက္ခံရထုေထာင္းခံရၿပီး ပရိနိဗၺာန္စံေတာ္မူခဲ့ရတာပါ။

ဒါေၾကာင့္ ကံရဲ႕ အက်ိဳးဆက္ေတြက ရရွိၿပီးသား ဘဝကိုေတာ့ ဒုကၡေပးေနအုံးမွာပါ။ ရဟႏၲာမေထရ္ျမတ္ႀကီးေတြအတြက္ ယခုဘဝမွာ လုပ္တဲ့ကံေတြကေတာ့ ေနာက္ထပ္
အက်ိဳးမေပးနုိင္ေတာ့ဘူး။ ေနာက္ထပ္ ဘဝသစ္တခုကို ထုတ္လုပ္မေပး နို္င္ေတာ့ပါဘူး။

ေနာက္ဘဝေတြမွာ ငရဲဘဝ၊ လူ႔ဘဝ စသည္ျဖင့္ ပဋိသေႏၶအက်ိဳးကို မေပးနုိင္ေတာ့ပါဘူး။ "ပဝတၱိအက်ိဳး" အေနနဲ ့ေတာ့ ဒီဘဝမွာ ဒုကၡေတြ မ်ားစြာ ခံၾကရအုံးမယ္။
♠ အက်ဥ္းခ်ဳပ္လိုက္ေတာ့ျပဳၿပီးသား အကုသိုလ္ေတြကိုေတာ့ deleting လုပ္လို႔ေတာ့ မရေတာ့ဘူး။
isolate လုပ္ဖို႔ပဲ က်င့္သုံးရမွာ ျဖစ္ပါတယ္။♠

မ်ိဳးေစ့တစ္ခုကို "အပင္မေပါက္"ေစခ်င္ရင္ ေလလုံေျခာက္ေသြ႔တဲ့ ဖန္ပုလင္းထဲမွာ ပိတ္ထားပါက အပင္မေပါက္နုိင္ပါဘူး၊ သို႔မဟုတ္ မီးဖုတ္ပစ္လိုက္တယ္။ထုခြဲျပစ္လိုက္တယ္၊ ဖ်က္ဆီးပစ္လိုက္တယ္ဆုိရင္
ေျမဓာတ္၊ ေရဓာတ္ေတြနဲ႔ မေတြ႔သမွ် အပင္မေပါက္နုိင္ေတာ့ဘူး။ ေျမ ေရေတြနဲ႔ ထိေတြ႔ခြင့္ရလ်င္ေတာ့ အပင္ေပါက္ရွင္သန္လာမွာ ေသခ်ာပါတယ္။

အဲဒီလိုမ်ိဳးပါပဲ ကံေတြ ဆိုတာဟာ ကိေလသာေတြ နဲ႔ မေတြ႔ေတာ့ရင္ အက်ိဳးမေပးနုိင္ေတာ့ဘူး။အက်ိဳးေပးခြင့္မရေတာ့ဘူး၊ ကိေလသာေတြ ရွိေနေသးသမွ် အက်ိဳးေပးေနပါအုံးမယ္။ဒါ့ေၾကာင့္ ကိေလသာေတြ ေနာက္ထပ္ မျဖစ္ေတာ့ေအာင္ က်င့္ႀကံနိုင္ၿပီ အႏုပါဒိေသသ နိဗၺာန္ခ်မ္းသာကို ခံစားနုိင္ၿပီ ဆိုရင္ ကံအားလုံး ျပတ္ဆဲပါၿပီ။

သဥပါဒိေသသ နိဗၺာန္ ဆိုတဲ့ ရရွိၿပိးသား မဂ္ဖိုလ္မ်ားနဲ႔ နိဗၺာန္အၿငိမ္းဓာတ္ကို ခံစားနုိင္ေသာ္လည္း ရုပ္နာမ္ခႏၶာကိုယ္ႀကီး ထင္ရွားရွိ ေနေသးတာမို႔ ကာယိကဒုကၡမ်ားကို ေပးဆပ္ၾကအုံးမွာပါ။

ယခုလက္ရွိဘဝ အပါအဝင္ နိဗၺာန္မေရာက္္မွီၾကားကာလမွာ
• အကုသိုလ္ကို အကုသိုလ္လို႔ သိျခင္း၊
• ဒါမေကာင္းပါလား လို႔ လက္ခံၿပီး
• ေနာက္ထပ္ ေနာက္ထပ္ မက်ဴးလြန္မိေအာင္ ေစာင့္စည္းျခင္း၊
• ကုသိုလ္ေကာင္းမႈမ်ားျဖင့္ အစားထုိးျခင္း ဟူေသာနည္းလမ္းေလးသြယ္ျဖင့္ ျဖဴစင္ျမင့္ျမတ္ေသာ အကုသိုလ္ နည္းပါးေသာ ကုသုိလ္မ်ားျဖင့္သာ ထုံမႊန္းထားေသာ ဘဝမ်ားကို ပိုင္ဆုိင္နုိင္ၾကပါေစ...လို ့ ပါေမာကၡခ်ဳပ္ ဆရာေတာ္ ေဒါက္တာ အရွင္နႏၵမာလာဘိဝံသ ၏ ဓမၼဗ်ဴဟာ သင္တန္းမွ သင္တန္းသားအေမးအေျဖကို ေကာက္ႏႈတ္တင္ျပ ကုသိုလ္ျပဳလိုက္ပါသည္။

တရားအသိဥာဏ္မ်ား တုိးပြားႏုိင္ၾကပါေစ။
••••••••••••••••••••••••••••••••••••
(ခႏၶာ-၅ပါးတစ္ဦး)

______________________________________________

< Unicode >

“မကောင်းတဲ့ အကုသိုလ်"ပယ်ဖျက်သော နည်းလမ်း
•••••••••••••••••••••••••••••••••••••••••••••••••

ပုထုဇဉ်လူသားတိုင်း ကောင်းမှု၊မကောင်းမှုပြုကြပါသည်။ ကံ.. ကံ၏ အကျိုးကို ယုံကြည်ကြသည် ဗုဒ္ဓဘာသာဝင်များ ဖြစ်သည့်အလျောက် မိမိပြုခဲ့သော ကံအလ်ိုက် အကောင်း၊အဆိုး ကို စံစား၊ခံစားကြမယ် ဆိုတာ ယုံကြည်ထားကြပါသည်။ အကောင်းအဆိုး ဝေခွဲမရခင် အချိန်အခါက ကျူးလွန်ခဲ့သော မိမိတို့၏ မကောင်းမှုကံ ကို အကောင်းအဆိုးနားလည် သဘောပေါက်လာ ချိန်တွင် နောင်တရစေလျက်၊ မိမိတို့၏ ပြုလုပ်ခဲ့သော မကောင်းမှုကံကြောင့် ခံစားရမဲ့ ဆိုးကျိုးကို ပပျောက် စေချင်ကြပါသည်။ သို့ဖြစ်ပါ၍ မိမိ ကဲ့သို ပင် ခံစားရသော "မကောင်းမှုအကုသိုလ်"များ ပပျောက်စေရန် ရရှိထားသော နည်းကို ဓမ္မမိတ်ဆွေများ အား ထပ်တူထပ်မျှရရှိကြစေရန်မျှဝေပေးလိုက်ပါသည်။

••••••••••••••••••••

အခြေအနေ၊ အကြောင်းကြောင်းတွေကြောင့် လူမှုပတ်ဝန်းကျင်မှာနေထိုင်ကြစဉ်အတွင်း လူတိုင်းလူတိုင်းကိုယ်စီ အမှားမကင်းနိုင်ကြပါဘူး၊ အမှားဆိုတာကလဲ "လောကအမှား၊ သံသရာ အမှား"၊ တနည်းအားဖြင့် "လောကီအမှား၊လောကုတ္တရာ အမှား"လို့ ဆိုရမှာပါ။

အလုပ်ထဲလုပ်ငန်းခွင်ထဲမှာ၊မိတ်ဆွေတွေကြားမှာ၊ မိသားစုမှာ၊ စသည် မှားတတ်တာမျိုးကို"လောကအမှား၊လောကီ အမှား" လို့ ဆိုနိုင်ပါတယ်၊
ဒါမျိုးက"ပြန်လည်ပြင်ဆင်ခွင့်" ရှိနိုင်ပါသေးတယ်။

"သံသရာ အမှား" ဆိုတာကတော့ "အရိယာသူတော်ကောင်း၊ ဆရာသမား၊
လူကြီးမိဘတွေ"အပေါ်မှာ ကံသုံးပါး တပါးပါးနဲ့ ပြစ်မှား မိတာမျိုး၊ သူတပါးအသက် သတ်ခြင်း၊ ခိုးယူခြင်း၊ ကာမဂုဏ်မှားယွင်းမိခြင်း၊ မုသားပြောဆိုခြင်း၊ အရက်သေစာ သောက်စားခြင်း စတဲ့ သီလချိုး ဖောက်ခြင်းများကတော့ ယခု "လက်ရှိဘဝမှာရော၊ သံသရာ"မှာပါ အကျိုးပေးနိုင်တာမို့ “သံသရာအမှား” လို့ ခေါ်ဆိုရမှာ ဖြစ်ပါ တယ်။

နောင်ဘဝ တွေမှာလဲ
• သူတပါးပယောဂဖြင့် သေဆုံးရခြင်း၊
• ဥပစ္ဆေဒကကံကြောင့် ငယ်ငယ်ရွယ်ရွယ်သေရခြင်း၊
• ရှိပြီးသား ဥစ္စာများ ဆုံးရှုံးရခြင်း၊
• ယောကျာ်းမဟုတ်၊မိန်းမမဟုတ်၊ နပုံးပဏ္ဍုပ် ဖြစ်ရခြင်း၊
• စကားမပီမသ၊ ထစ်အ ဆွံ့အဖြစ်တတ်ခြင်း၊
• ဦးနှောက်ကျပ်မပြည့်ပဲ လူစဉ်မမှီခြင်း
စတာတွေကို ဘဝတခုခု၊ ဒါမှမဟုတ် ဘဝပေါင်းများစွာပေးဆပ်ခံကြရတာမို့ "သံသရာ အမှား" လို့ ဆိုသင့်လှပါတယ်။

"ဝဋ်မှာ အမြဲ၊ ငရဲမှာ အပ" ဆိုတဲ့ ရှေးစကားကလဲ ဒီလို အပြစ်တွေကို ပေးဆပ်ရခြင်းကို ရည်ရွယ်ထားတာဖြစ်တာကြောင့်
မသိလို့ မိုက်မှားခြင်း ရှိခဲ့သော်လည်း တန်ပြန် အကျိုးပေးမှာကိုတော့ ကြောက်ရွံ့ ကြပြန်တာ သတ္တဝါအားလုံးပါပဲ။

ထေရဝါဒ ဗုဒ္ဓဘာသာဝင်တွေမှာ
ကံကောင်းစေတာ တစ်ခုက ဗုဒ္ဓရဲ့ တရားတော်တွေအလိုအရ အပြစ်ရှိသော်လည်း လုံးဝ ကုစားလို့ မရတာမျိုးတော့ မဟုတ်ပါဘူး။"ကုစားလို"့ ရနိုင်ပါသေးတယ်။
မှားမှန်းသိရင် အမှန်ပြင်ဆင်ခွင့် ရှိနိုင်ပါသေးတယ်။

သို့သော် ဒူးထောက်ပြီး “ခွင့်လွှတ်ကျေအေးတော်မူပါ”ဆိုတာမျိုးလောက်နဲ့တော့ မရဘူး။ ပြုပြီးသား အကုသိုလ်ကို လုံးဝ ကင်းစင်သွားအောင်ဆိုသည်မှာ မြတ်စွာဘုရား ကိုယ်တော်တိုင်တောင် မတတ်နိုင်ခဲ့ပါဘူး။

♦ အနာပေါက်ပြီးရင် အမာရွတ်တော့ ကျန်နေအုံးမှာပါ။
♦ အမာရွတ်က အမာရွတ်ပါပဲ။
♦ ထို့အတူ ပြုပြီးသားအကုသိုလ်ပဲ ဖြစ်ဖြစ် ၊ကုသိုလ်ပဲဖြစ်ဖြစ် ဖြစ်စဉ်တစ်ခုမှာ ပုံရိပ်အနေနဲ့( ကံတစ်ခုအနေနဲ့ ) ကျန်ရစ် နေပါလိမ့်မယ်။
"လုပ်ပြီးသား"ကို "မလုပ်ခဲ့ပါဘူး" လို့ ပြောလို့မရတော့ပါဘူး။

သို့သော် "ရှိပြီးသား အကုသိုလ်" ကို အားနည်းသွားအောင်၊ "အကျိုးမပေးနိုင်အောင်” တော့ ဗုဒ္ဓတရားတော်များမှာ အခွင့်အလမ်း ရှိနေပါသေးတယ်။

သတ္တဝါတွေကို ကံ က အကျိုးပေးတယ် ဆိုရာမှာ ထိုကံကို ထောက်ပံ့ပေးနေတဲ့ နောက်ခံအကြောင်းတရားတွေ အများကြီး ရှိနေသေးတာကို ရှေးဦးစွာ လက်ခံရမှာ ဖြစ်ပါတယ်။အဲဒီနောက်ခံအကြောင်းတရားတွေ ဆိုတာဟာလဲ အလွယ်ပြောရရင် “ကိလေသာ”တွေပါ။

အဲဒီ"ကိလေသာ" တွေကို "အားနည်းအောင်၊ကုန်ခမ်းသွားအောင်" လုပ်နိုင်ရင် ဘဝ၊ဘဝများစွာကပြုလုပ်ခဲ့တဲ့ အကုသိုလ်တွေဟာ နောက်ထပ် ဘဝသစ်အနေ နဲ့ ပဋိသန္ဓေအကျိုးကို မပေးနိုင်တော့ပါဘူး။ဒါကိုပဲ ကံ ကို "သတ်ပစ်တယ်" လို့ ဆိုပါတယ်။

ဘုရား ပစ္စေကဗုဒ္ဓါ ရဟန္တာ မထေရ်ကြီးများလဲ အတိတ်ဘဝများစွာက ကံတွေ ရှိခဲ့ကြတာမို့ ဒီဘက်ဘဝမှာ ကံတွေရဲ့အကျိုးပေးကို ခံကြရသေးတယ်။
ဒါပေမယ့် နောက်ဘဝသစ် ဖြစ်ဖို့ တဏှာ အဝိဇ္ဇာတွေကို ပယ်သတ်လိုက်တာကြောင့်
ဒါပေမယ့် နောက်ဘဝသစ် ဖြစ်ဖို့ တဏှာ အဝိ"ချုပ်ငြိမ်း"ကုန်ကြတယ်။

■ ဥပမာအားဖြင့် အညွန့်တလူလူ ဖြစ်နေဆဲ ၊ရှင်သန်နေဆဲ ၊ သစ်ပင်လေးကို ရေနွေးပူနဲ့ လောင်းသတ်လိုက်သလို ........
ဘဝများစွာ က ပါလာခဲ့တဲ့ ကံတွေကို "အရိယာမဂ်ဖိုလ်" ဆိုတဲ့ ရေနွေးနဲ့ လောင်းလိုက်တာမို့ ပြန်လည် မရှင်သန်နိုင်တော့ပါဘူး၊ လုံးဝ အကျိုးမပေးနိုင်တော့ပါဘူး၊

မြတ်စွာဘုရားက ပြုပြီးသား အကုသိုလ်တွေကို ပယ်သတ်ဖို့ နည်းလမ်း( ၄ ) မျိုးကို
“သင်္ခဓမ္မသုတ္တန်” မှာဟောကြားထားခဲ့ပါတယ်၊

၁။ အကုသိုလ်ကို အကုသိုလ်မှန်း သိအောင် လုပ်ပါ။
၂။ သိမြင်ပြီးလျင် ဒါဟာ မကောင်းဘူး လို့ လက်ခံနိုင်အောင် ကြိုးစားပါ။
၃။ အကုသိုလ်ကို နောက်တကြိမ် မပြုမိအောင် စောင့်စည်းပါ။
၄။ အကုသိုလ်စိတ်ဖြစ်ပေါ်တာနဲ့ ကုသိုလ်တခုခုဖြင့် အစားထိုးလိုက်ပါ။

အထက်ပါ အချက်လေးချက်နဲ့ ကုစားလျှင် နောက်ထပ် နောက်ထပ် "အကုသိုလ်"တွေကို ပြုလုပ်မိတာ နည်းပါးသွားမှာ သေချာပါတယ်၊ နောက်ဆုံးတစ်ခုကတော့ "ကိလေသာ"တွေ အားလုံးကုန်သွားရင် ကံတွေကနေ လုံးဝ လွန်မြောက် သွားတာပါ။ဘဝတစ်ခုကို ဖြစ်စေမယ့် ကံတွေကနေ လွတ်မြောက်သွားတယ် လို့ ဆိုနိုင်ပါတယ်။

သို့သော် အတိတ်ဘဝ တခုခုက ပြုလုပ်ပြီးသား အကုသိုလ်ရဲ့ အကျိုးကိုတော့ ဒီခန္ဓာကြီး ရှိနေသေးတဲ့အတွက်ကြောင့် "ပဝတ္တိအကျိုး" အဖြစ် ပေးဆပ်ကြရပါအုံးမယ်။

● မြတ်စွာဘုရားကိုယ်တော်မြတ်ကြီးတောင်မှ ကိလေသာအားလုံး ကုန်ခမ်းသွား ပေမယ့် ခေါင်းကိုက်တာ၊ ခါးနာတာ၊ ဝမ်းသွေးသွန်ရောဂါခံစားရတာ၊ စသဖြင့်ပါရမီနုစဉ်ကပြုခဲ့ဖူးတဲ့ အကုသိုလ်တို့ရဲ့ ဝဋ်ကြွေးအဖြစ်ပေးဆပ်ရတာပဲ ။
(မြတ်စွာဘုရားရှင်၏ ဝဋ်ကြွေးတော်(၁၂)ပါးအကြောင်း) ။
● အရှင်မောဂ္ဂလာန်မထေရ်ကြီးလဲတန်ခိုးအရာမှာ အသာဆုံး ဘွဲ့ထူးကြီး ရထားပါသော်လည်း ခိုးသားငါးရာရဲ့ လက်ချက်နဲ့ ရိုက်နှက်ခံရထုထောင်းခံရပြီး ပရိနိဗ္ဗာန်စံတော်မူခဲ့ရတာပါ။

ဒါကြောင့် ကံရဲ့ အကျိုးဆက်တွေက ရရှိပြီးသား ဘဝကိုတော့ ဒုက္ခပေးနေအုံးမှာပါ။ ရဟန္တာမထေရ်မြတ်ကြီးတွေအတွက် ယခုဘဝမှာ လုပ်တဲ့ကံတွေကတော့ နောက်ထပ်
အကျိုးမပေးနိုင်တော့ဘူး။ နောက်ထပ် ဘဝသစ်တခုကို ထုတ်လုပ်မပေး နိုင်တော့ပါဘူး။

နောက်ဘဝတွေမှာ ငရဲဘဝ၊ လူ့ဘဝ စသည်ဖြင့် ပဋိသန္ဓေအကျိုးကို မပေးနိုင်တော့ပါဘူး။ "ပဝတ္တိအကျိုး" အနေနဲ့တော့ ဒီဘဝမှာ ဒုက္ခတွေ များစွာ ခံကြရအုံးမယ်။
♠ အကျဉ်းချုပ်လိုက်တော့ပြုပြီးသား အကုသိုလ်တွေကိုတော့ deleting လုပ်လို့တော့ မရတော့ဘူး။
isolate လုပ်ဖို့ပဲ ကျင့်သုံးရမှာ ဖြစ်ပါတယ်။♠

မျိုးစေ့တစ်ခုကို "အပင်မပေါက်"စေချင်ရင် လေလုံခြောက်သွေ့တဲ့ ဖန်ပုလင်းထဲမှာ ပိတ်ထားပါက အပင်မပေါက်နိုင်ပါဘူး၊ သို့မဟုတ် မီးဖုတ်ပစ်လိုက်တယ်။ထုခွဲပြစ်လိုက်တယ်၊ ဖျက်ဆီးပစ်လိုက်တယ်ဆိုရင်
မြေဓာတ်၊ ရေဓာတ်တွေနဲ့ မတွေ့သမျှ အပင်မပေါက်နိုင်တော့ဘူး။ မြေ ရေတွေနဲ့ ထိတွေ့ခွင့်ရလျင်တော့ အပင်ပေါက်ရှင်သန်လာမှာ သေချာပါတယ်။

အဲဒီလိုမျိုးပါပဲ ကံတွေ ဆိုတာဟာ ကိလေသာတွေ နဲ့ မတွေ့တော့ရင် အကျိုးမပေးနိုင်တော့ဘူး။အကျိုးပေးခွင့်မရတော့ဘူး၊ ကိလေသာတွေ ရှိနေသေးသမျှ အကျိုးပေးနေပါအုံးမယ်။ဒါ့ကြောင့် ကိလေသာတွေ နောက်ထပ် မဖြစ်တော့အောင် ကျင့်ကြံနိုင်ပြီ အနုပါဒိသေသ နိဗ္ဗာန်ချမ်းသာကို ခံစားနိုင်ပြီ ဆိုရင် ကံအားလုံး ပြတ်ဆဲပါပြီ။

သဥပါဒိသေသ နိဗ္ဗာန် ဆိုတဲ့ ရရှိပြိးသား မဂ်ဖိုလ်များနဲ့ နိဗ္ဗာန်အငြိမ်းဓာတ်ကို ခံစားနိုင်သော်လည်း ရုပ်နာမ်ခန္ဓာကိုယ်ကြီး ထင်ရှားရှိ နေသေးတာမို့ ကာယိကဒုက္ခများကို ပေးဆပ်ကြအုံးမှာပါ။

ယခုလက်ရှိဘဝ အပါအဝင် နိဗ္ဗာန်မရောက်မှီကြားကာလမှာ
• အကုသိုလ်ကို အကုသိုလ်လို့ သိခြင်း၊
• ဒါမကောင်းပါလား လို့ လက်ခံပြီး
• နောက်ထပ် နောက်ထပ် မကျူးလွန်မိအောင် စောင့်စည်းခြင်း၊
• ကုသိုလ်ကောင်းမှုများဖြင့် အစားထိုးခြင်း ဟူသောနည်းလမ်းလေးသွယ်ဖြင့် ဖြူစင်မြင့်မြတ်သော အကုသိုလ် နည်းပါးသော ကုသိုလ်များဖြင့်သာ ထုံမွှန်းထားသော ဘဝများကို ပိုင်ဆိုင်နိုင်ကြပါစေ...လို့ ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ ၏ ဓမ္မဗျူဟာ သင်တန်းမှ သင်တန်းသားအမေးအဖြေကို ကောက်နှုတ်တင်ပြ ကုသိုလ်ပြုလိုက်ပါသည်။

တရားအသိဉာဏ်များ တိုးပွားနိုင်ကြပါစေ။
••••••••••••••••••••••••••••••••••••
(ခန္ဓာ-၅ပါးတစ်ဦး)

Want your business to be the top-listed Hair Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


No28A1, Golden Valley 2, Bahan Township
Yangon

Opening Hours

Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00