MyanBox

MyanBox

Share

Digital Platform For AEC Industry Myanmar We work with government to develop sustainable approaches to urban area development.

Photos from MyanBox's post 12/09/2024

ရှေးရောမလူမျိုးများ အိမ်သာ စတင်အသုံးပြုပုံ

လွန်ခဲ့သော နှစ်ပေါင်း ၁၀၀၀ ခန့် ရောမလူမျိုးတို့က အိမ်သာသုံးစွဲခြင်း ယဥ်ကျေးမှုကို ထွန်းကားခဲ့ကြပါတယ်။ ရောမလူမျိုးတို့က အိမ်သာသုံးစွဲခြင်း နည်းပညာကို ရှေးဂရိလူမျိုးတို့ရဲ့ နည်းပညာကို အတုယူသုံးစွဲခဲ့ကြပါတယ်။ ထိုရှေးအိမ်သာတွေက ရှည်လျားတဲ့ ခုံတန်းရှည်မှာ အပေါက်ငယ်လေးတွေပါရှိတဲ့ အများသုံးအိမ်သာကို သုံးစွဲခဲ့ကြပါတယ်။ ဒီအများသုံးအိမ်သာတစ်ခုချင်းစီရဲ့အောက်မှာ စီးဆင်းနေသောရေတွေရှိပါတယ်။ ရေအတိမ်အနက်ပေါ်မူတည်ပြီးတော့ စီးဆင်းနှုန်းကွာခြားနေသော်လည်း အပေါ်ထိုင်ခုံတွေက စီးဆင်းနေသော ရေလမ်းကြောင်းအထက်လမ်းကြောင်း အထက်မှာ ထိုင်ပြီးတော့အသုံးပြုကြပါတယ်။

ရှေးဂရိလူမျိုးကဲသို့ပင် ရောမလူမျိုးတို့ကလဲ အိမ်သာသုံးစက္ကူအစား ချောင်းတစ်ခုမှာ ကပ်ထားတဲ့ ရေမြုပ်ကို အသုံးပြုခဲ့ကြပါတယ်။ ထိုရေမြုပ်ကို ရေမှာ နစ်မြုပ်ပြီး ရေဆေးကာအသုံးပြုခဲ့ကြပါတယ်။ တချို့ကိစ္စတွေကို အသုံးပြုဖို့အတွက် ထိုရေမြုပ်ကို ရေငန်နဲ့ ရှာလကာရည်ထည့်ထားတဲ့ ပုံးထဲမှာ သိမ်းထားကြပါတယ်။

ထိုရေမြုပ်နည်းပညာ ခေါ် Tersorium ကို အထက်တန်းစား လူမျိုးတို့ အသုံးပြုကြပါတယ်။ အောက်ခြေလူတန်းစားတွေကတော့ ရှေးဂရိလူမျိုးများကဲ့သို့ပင် ကျောက်တုံးငယ်များကို အသုံးပြုခဲ့ကြပါတယ်။

Source: from google

-toilet

05/09/2024

အဆောက်အဦးပုံစံ (design) စတင်မဆွဲမီ ထည့်သွင်းစဥ်းစားသင့်သည့်အချက်များ

ဆောက်လုပ်ရေးအင်ဂျင်နီယာ တစ်ယောက်က အဆောက်အဦးတစ်ခု ဒီဇိုင်းစတင်​ရေးဆွဲတောမယ်ဆိုရင် ကိုယ်ကဘယ်လိုအဆောက်အဦးတွေကို တည်ဆောက်မှာလဲဆိုတာ အရင်ဆုံး သိထားသင့်ပါတယ်။
1. လူနေအဆောက်အဦး
2. ကုန်သွယ်မှုဆိုင်ရာ အဆောက်အဦး
3. ရုံးအဆောက်အဦးများ
4. တက္ကသိုလ်၊ ကောလိပ် အဆောက်အဦးများ
5. ဆေးရုံအဆောက်အဦးများ
6. ကျောင်းဆောင်အဆောက်အဦးများ
7. Hotel အဆောက်အဦးများ
8. အလုပ်ရုံ အဆောက်အဦးများ
9. စက်ရုံအဆောက်အဦးများ

ကိုယ်ကတည်ဆောက်ရမယ့် အဆောက်အဦးအမျိုးအစားတွေကို သိရှိပြီးရင်တော့ ဒီလိုအဆောက်အဦးတွေတည်ဆောက်တဲ့အခါမှာ တည်ဆောက်ရေးအစိတ်အပိုင်းများကတော့ အုတ်မြစ်များ၊ နံရံများ၊ အခန်းများ၊ ကြမ်းပြင်များ၊ အမိုးများ၊ ဝရန်တာများ၊ တံခါးများ၊ ပြတင်းများ၊ လှေကားများ၊ မီးဖိုဆောင်များ၊ ရေချိုးခန်းနဲ့ ရေအိမ်များ၊ ရင်တားများ (parapets) စတဲ့ အစိတ်အပိုင်းတွေကို ကြိုတင်ပြီး ထည့်သွင်းစဥ်းစားရပါ့မယ်။

နောက်ထပ်အဆောက်အဦးပုံစံ (design) မရေးဆွဲမီ ထည့်သွင်းစဥ်းစားရမည့် အချက်တချို့ကို ဖော်ပြပေးလိုက်ပါတယ်ဗျာ့။

1. နံရံတွေရဲ့ အောက်ခြေတိုင်းမှာ အောက်ခံအုတ်မြစ်ရှိသင့်ပါတယ်။ နံရံရှိ အပေါက်ဝတိုင်းမှာ တံခါး/ ပြတင်းထုပ် (သို့) မုခ်ခုံးရှိသင့်ပါတယ်။

2. တံခါးနဲ့ ဝရန်တာ အပေါက်တွေမှာ ရေတားလွှာ ( D.P.C) ထည့်သွင်းရန် မလိုပါဘူး။

3. အုတ်မြစ်ရဲ့ အနက်ကို အနည်းဆုံး 80cm (၈၀ စင်တီမီတာ) ရှိသင့်ပါတယ်။

4. ဝရန်တာတိုင်များက တံခါး (သို့) ပြတင်းပေါက် အဖွင့်ရဲ့ရှေ့မှာ ရှိမနေသင့်ပါ။

5. အဆောက်အဦး ရဲ့ မျက်နှာစာကို မြောက် (သို့) အရှေ့မြောက်သို့ မျက်နှာမူပြီး ရှိသင့်ပါတယ်။

6. ပုံဆွဲရာမှာ သကေးကို 1 cm ကို 1 m လို့ ရေးသင့်ပါတယ်။ 1 m ကို 1 cm လို့ မရေးသင့်ပါ။

အထက်မှာကျွန်တော်ဖော်ပြပေးတဲ့ အချက်အလက်တွေအပြင် တခြားထည့်သွင်းစဥ်းစားရမယ့် အချက်တွေ ရှိသေးရင်လဲ ကျွန်တော်တို့ရဲ့ Myan Box page comment မှာ ဝင်ရောက်ဆွေးနွေးပေးလို့ရပါတယ်ဗျာ့။

21/08/2024

အဆောက်အဦးတွေမှာ အသုံးပြုသော သဲတွေရဲ့ ဒိုင်ယာရီ

ကျွန်တော်တို့တွေ အဆောက်အဦးတွေ တည်ဆောက်တဲ့အခါမှာ မပါမဖြစ် အဓိကပါဝင်သည့်အရာက သဲ (sand) ပဲ ဖြစ်ပါတယ်။

သဲဖြစ်ပေါ်လာပုံ

အဂ်တေတွေ ရောစပ်ရာမှာ အသုံးပြုတဲ့ သဲကတော့ သေးငယ်သောထောင့်လုံးပုံ ဆီလီကာ (SiO2) အပွင့်ငယ်လေးတွေ ပါဝင်ပါတယ်။ သဘာဝသဲကျောက်တွေကို (ရေ၊ လေ၊ နေ) တို့မှ တိုက်စားပြိုကွဲကာ သဲမှုန့်ငယ်လေးတွေ ရရှိလာပါတယ်။

သဲအမျိုးမျိုး

သဘာဝသဲနှင့် ဖန်တီးသဲဆိုပြီး ၂ မျိုး ရှိပါတယ်။ မြန်မာနိုင်ငံမှာတော့ သဘာဝသဲပဲ အသုံးပြုကြတာ များပါတယ်။ သဘာဝသဲတွေကို မြစ်သဲ၊ ပင်လယ်သဲ၊ ခြောက်သွေ့နေသော မြစ်အောက်ခြေသဲ (Nala sand) (သို့) ကျင်းသဲ (pit sand) ဆိုပြီး ရှိပါတယ်။ မြစ်သဲတွေ ရိုးရိုးသာမန်အဆောက်အဦးတွေမှာ အသုံးပြုလို့ရပေမဲ့ ရာသီဥတုဒဏ်ခံရမဲ့ နေရာတွေမှာ အသုံးမပြုသင့်ပေ။ ပင်လယ်သဲကတော့ ဆားပါဝင်မှုတွေကြောင့် ရေဆေးပြီးမှ အသုံးပြုသင့်ပါတယ်။ ဖန်တီးသဲတွေကတော့ သဲကျောက်တို့၊ ကျောက်စရစ်ခဲတို့ကို အမှုန့်ဖြစ်အောင် ကြိတ်ခွဲပြီး သဲအဖြစ် အသုံးပြုကြပါတယ်။

သဲကောင်းလက္ခဏာများ

သန့်ရှင်းကောင်းမွန်သော သဲပုံစံတွေကတော့ စောင်းထက်သော ထောင့်ပုံ ပုံဆောင်ခဲ အပွင့်လေးတွေပဲဲဖြစ်ပါတယ်။ ဖုန်၊ ရွှံ၊ နွံ ကင်းစင်ရပါ့မယ်။ လက်နဲ့ ပွတ်ကြည့်လိုက်တဲ့အခါ စေးကပ်မနေရပါဘူး။ နောက်တချက်က တစ်လက်မအတွင်း အကွက်ပေါင်း ၄၀၀ ရှိသော ဆန်ခါတွေကို ဖြတ်သန်းစီးဆင်းနိုင်ရပါ့မယ်။

အားသာချက်

အဂ်တေမာချိန်မှာ ကွဲအက်ခြင်း၊ အလွန်အမင်းကျုံသွားခြင်းကို ကာကွယ်ပေးပါတယ်။ အဂ်တေ ခံနိုင်ရည်အားကို တိုးစေပြီး အဂ်တေ ကုန်ကျစရိတ်ကိုလည်း လျော့ကျစေပါတယ်။

17/08/2024

ပေါ်လစ်အကြောင်း တစ်စေ့တစ်စောင်း
__________ _________ _________

ကျွန်းပါကေး ခင်းပြီးရင်တော့ ပေါ်လစ်ဆေးသုတ်ပေးရပါတယ်✅️

​(Polish)ပေါ်လစ်ပုံးတွေရဲ့အောက်ခြေမှာ စာတွေရေးထားတာကိုတွေ့ပါလိမ့်မယ်/အမျိုးအစားတူမှသာအသုံးပြုရတာ လွယ်ကူပြီ အဆင်ပြေနိုင်မှာဖြစ်ပါတယ်။

နိုင်ငံခြားပေါ်လစ်ဆေးတွေမှာတော့ လုပ်ငန်း(၃)ရပ်ရှိပါတယ်လို့လေ့လာမိပါတယ်✅️

သို့သော်လည်း ပထမဦးဆုံးအနေနဲ့ ပေါ်လစ်မသုတ်မှီ
(Easy Bleach) သစ်အရောင်ညှိဆေး သုတ်ပေးရပါတယ်
သစ်အရောင်ညှိဆေး ဆိုပေ့မယ် သစ်သားဂျေးချွတ်ဆေးလို့ပြောရင် ပိုမှန်ပါလိမ့်မယ်။
သူ့ကိုတော့ရေနဲ့ရောသုတ်ရပါတယ်။
သူမပါရင်တော့ ပေါလစ်အရောင်က မလှတော့ပါဘူး။

1️⃣ဖီလာ(Filler)

ဖီလာကတော့ အရောင်အတွက်ဖြစ်ပြီးတော့ အရောင်များစွာရှိပါတယ် ကိုယ်လိုချင်တဲ့အရောင်အသုံးပြုနိုင်ပါတယ်/ သူ့ကို အသုံးပြုမယ်ဆိုရင် သင်နာ(Tinner)နဲ့ဖျော်စပ်ရပါတယ်။

2️⃣ ဆီလာ(Sealer)

ဆီလာမှာလည်း အများကြီး သိဖို့တော့မလိုပါဘူး လေးမျိုးလောက်သိထားရင် အဆင်ပြေနေပါပြီ။

💥NC/ဆီလာနဲ့ PCဆီလာ
________ ________ _______
ဒီနှစ်မျိုးကတော့ အသုံးပြုပုံနဲ့ ဆေးအာနိသင် သိပ်မကွာလှပါဘူး
NC/PC ၁ဆ+တင်နာ၂ဆဖျော်စပ်သုတ်ပေးရင်အဆင်ပြေပါတယ်။
သစ်ကြောပိတ်တာ မပိတ်တာကိုကြတော့ သုတ်ကြည့်ရင်းနဲ့ သိနိုင်မှာပါ
အရည်အသွေး နည်းနည်းနိမ့်တဲ့ ဆီလာထဲမှာပါဝင်ပါတယ်။

ACဆီလာ
_________
AC ဆီလာကတော့ အက်စစ်ပါတဲ့ ဆီလာအကြည်ဖြစ်တာကြောင့် ရုပ်ထွက်ကောင်းတယ် ကြည်လင်တယ်အလယ်လတ်တန်းစား ဆီးလာလို့သိထားရင် ရပါပြီ။

AC ဆီလာမှာတော့ (Hardener)ဟာဒနာ ပါဝင်လာပါတယ်
ဆီလာမှာတော့ သူပါမှသာ ခြောက်သွေ့မှာဖြစ်ပါတယ်

ဒါပေမယ့် ဒီမှာ အချိုးစားအများကြီး မသုံးထားပါဘူး
ဆီလာ ၁၀ဆ+ဟာဒနာ ၁ဆ+တင်နာ ၅ဆ ပေါင်းစပ်ဖျော်ရပါတယ်။ သုံးမျိုးပေါင်း ဆီလာအတွဲတွေပါ ပရိဘောဂတွေ ကြမ်းခင်းပိုင်းတွေ အတွက်အသုံးပြုရတာ ပိုအဆင်ပြေပါတယ်✅️

PUဆီလာ
_________

PU ဆီလာက သစ်ဆီးအများဆုံး ပါဝင်တဲ့ ဆီလာဖြစ်ပါတယ်
ဆီလာသားနည်းနည်းနောက်တယ်
အိတယ်
ချောမွေ့တယ်
ပြောင်တင်းတယ်

ဆီလာတွေထဲ အမြင့် စာရင်းဝင်သလို
ကြမ်းခင်းပိုင်း
လှေခါးပိုင်းလို့ အနင်းပိုင်းတွေအတွက်အထူးသင့်တော်ပါတယ်။
စျေးလည်း မြင့်ပါတယ်။ဆေးအချိုးအစားမှာ ဟာဒနာ အသုံးပြုမှုပိုများလာပါတယ်။

PUဆီလာ ၁၀ဆ+PU ဟာဒနာ ၅ဆ+PUတင်နာ ၅ဆ
သုံးမျိုးပဲ ပေါင်းစပ်အသုံးပြုရပါတယ်။

3️⃣Lacquer နဲ့ Topcoat

တတိယ လုပ်ငန်းဖြစ်တဲ့... Lcaနဲ့ Topရဲ့ တူမလိုလိုနဲ့ မတူတဲ့ အကြောင်းလေးပေါ့

Lacquer လိုက်ကာတွေဟာ NC/PC(ဆီလာ)နဲ့ မျိုးနွယ် နေသလိုရှိပါတယ်။သူ့ကို တင်နာနဲ့ ပေါင်းစပ်ပြီး နှစ်မျိုးတည်း သုံးပါတယ်။
ဒါပေမယ့် 2k တစ်ချို့မှာ ဟာဒနာပါတယ်။ UTလို့ရေးထားရင် လက်ဆွဲသုတ်လို့ကောင်းပါတယ်။

ခြောက်ချိန်နှေးမယ်၊ တင်နာအမျိုးစားရွေးတယ်၊ကြည်လင်တယ်၊ အသန့်ကြိုက်တယ်ပေါ့၊ရုပ်ထွက်အလွန်ကောင်းပါတယ်၊% ရာခိုင်နုန်းအနေနဲ့ပြောရရင် 90%လောက်ထိ ကြည်လင်ပြီ ပြောင်ပါတယ်။

T အမျိုးအစားတွေကတော့ စုတ်ဆွဲအား သိပ်မကောင်းချင်ဘူး၊ ခြောက်သွေ့မြန်တယ်၊ တင်နာ အချိုး လိုက်ကာနဲ့ ဆတူလောက်ထိ သုံးခွင့်ရှိပါတယ်။

ဒီအမျိုးအစားတွေထဲမှာ အမှိန်တွေ လာလည်ပါတယ်
ပိုပြီးဆေးပျစ်တယ် သင်နာအချိုးပိုသုံးရပါတယ်။
ဒါတွေကတော့ Lacquer လိုက်ကာအပိုင်းဖြစ်ပါတယ်။

♦️Topcoat ကိုတော့ ဆီလာတွေနဲ့ တွဲဖက်အသုံးပြုရတဲ့ လိုက်ကာများလို့ နားလည်ထားပါတယ်။

NC/PC Topcoat
AC/ Topcoat
PU/ Topcoat
စသဖြင့် မူလ ဆီလာတွေရဲ့ ဆေးအချိုးအစားအတိုင်း အသုံးပြုပေးရမှာ ဖြစ်ပါတယ်

နိုင်ငံခြားပေါ်လစ်ရဲ့ အခြေခံအချက်အားလုံးက အတူတူပဲမို့ ဒီနည်းအတိုင်း ဖျော်စပ်အသုံးပြုလို့ ရပါတယ်ခင်ဗျာ

Crd

Photos from MyanBox's post 16/08/2024

"လောက်ယားနွယ်ပင်"
(မြန်မာအခေါ်)

ဒီနွယ်ပင်ကို စစ်ကား‌ တွေမှာ‌ တွေ့ဖူးကြလိမ့်မယ်ထင်တယ် ။
ရေငတ်တဲ့အချိန် မှာကယ်ဆယ်ပေးတဲ့ နွယ်ပင်မျိုး ပါ
တောထဲတောင်ထဲမှာ ရေဆာလာရင် ဒီနွယ်ပင်ကို ပိုင်းဖြတ်၍ ရေဝအောင်သောက်သုံး နိုင်ပါတယ်

မြန်မာတွေကတော့ ဒီနွယ်ပင်ကို
" လောက်ယားနွယ်ပင် " လို့ ခေါ်ကြပါသတဲ့
ဒေသ အခေါ်အဝေါ်တွေတော့ မတူညီနိုင်ဘူးပေါ့ ။
ဒီနွယ်ပင်က ထွက်တဲ့ရေကလည်းရေကောင်းရေသန့်ပါတဲ့ ....
တောထဲမှာဆို ရေငတ်ပြေသောက်တက်ကြလေ့ရှိကြတယ် ။
ဘယ်ဒေသတွေမှာ တွေ့ရတက်လဲဆိုတော့ ချင်းတောင်တန်း တို့
ကလေးဘက်ချမ်း က ဟိမန္တာတောင်‌တန်းတွေမှာ တွေ့ရလေ့ ရှိတက်ပါတယ် ။

15/08/2024

🙏အမြန်အေးချမ်းကျပါစေ🙏

ခုလိုချိန်မှာ...
ဖြစ်လာသမျှ ... အရာရာနဲ့
ကြုံတွေ့ရသမျှ.... အရာရာအတွက်
ကြံကြံခံနိုင်ဖို့သာ ကြိုးစားပါ။

အားမလျော့နဲ့....
အရှုံးမပေးနဲ့....
စိတ်ဓာတ်ကြံခိုင်နေသရွေ့....
အသက်ရှင်နေလိမ့်မယ်။

ဘာအတွက်ကြောင့်မှ စိတ်ကို လျော့မချလိုက်နဲ့။
အရာအားလုံး အဆင်မပြေတာ...
တကယ်တော့ သင်တစ်ယောက်တည်း
မဟုတ်ဘူး။

လောကဓံကို အံတုလို့....
ဖြစ်လာသမျှ....အကောင်းဆုံးသာ ရင်ဆိုင်ပါ။

တစ်ခုပဲ သိထားပါ။
သင်တစ်ယောက်တည်းမဟုတ်ဘူးဆိုတာ...

Want your business to be the top-listed Business in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


No3, Sayyone Street , Bouthtaw Yankin Township
Yangon
11081

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00