ABSDF Column - 3

ABSDF Column - 3

Share

𝐑𝐞𝐯𝐨𝐥𝐮𝐭𝐢𝐨𝐧 𝐢𝐬 𝐨𝐮𝐫 𝐬𝐜𝐡𝐨𝐨𝐥, 𝐨𝐮𝐫 𝐮𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲.

02/03/2026
19/02/2026

🔥 The Hunter 🔥

✡️ The Hunter ဆိုတာဘာလဲ။
"The Hunter" ဆိုတာ OFP Fundraising Program နဲ့ ABSDF Column - 3 စစ်ကြောင်း တို့ ပူးတွဲဆောင်ရွက်မယ့် ထောက်ပို့ကမ်ပိန်းတစ်ခုဖြစ်ပါတယ်။

✡️ ကမ်ပိန်းအမည် - The Hunter
✡️ အဖွဲ့အမည် - ABSDF Column 3
✡️ ကမ်ပိန်းတားဂတ်နဲ့ ကမ်ပိန်းကာလက ဘယ်လောက်ပါလဲ။
မျှော်မှန်းပမာဏ သိန်း (၂၀၀၀) ကျပ် ဖြစ်ပြီး၊ ကမ်ပိန်းကာလကိုတော့
19.02.2026 မှ 02.04.2026 ထိ သတ်မှတ်ထားပါတယ်။

✡️ ကမ်ပိန်းရည်ရွယ်ချက် က ဘာပါလဲ။
မကွေးတိုင်း နဲ့ စစ်ကိုင်းတိုင်းမှာ အခြေစိုက်လှုပ်ရှားနေကြတဲ့ ABSDF Column 3 အတွက် လိုအပ်‌ နေတဲ့စနိုက်ပါ (၃) လက် ဝယ်ယူနိုင်ရန် ရည်ရွယ်ပါတယ်။

✡️ ABSDF Column 3 က ဘယ်နေရာမှာ ဘာတွေ လှုပ်ရှားနေပါလဲ။
ABSDF Column - 3 စစ်ကြောင်းက ဂန့်ဂေါ၊ ပုလဲ၊ ကမ္မ၊ ပခုက္ကူ နှင့် ကနီ ဒေသများတွင်နယ်မြေထိုးဖောက်ရေးလုပ်ကာ တိုက်ပွဲဝင်နေကြပါတယ်။ စတင်ဖွဲ့စည်းစဉ်မှစ၍ အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၁၂) ကြိမ်အထိပေးနိုင်ခဲ့ပြီး၊ ၂၀၂၁ ခုနှစ်မှစတင်၍ ယနေ့အထိ ဂန့်ဂေါ၊ ကလေးတောင်ပိုင်း၊ ပုလဲ၊ ကမ္မ၊ ပခုက္ကူဒေသများတွင် ပြောက်ကျားတိုက်ပွဲ၊ ပျူရွာသိမ်းတိုက်ပွဲ၊ စခန်းသိမ်းတိုက်ပွဲ၊ ဒရုန်းစစ်ဆင်ရေး နှင့် မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲခဲ့ရာ တိုက်ပွဲပေါင်း (၅၆) ပွဲထက်မနည်း တိုက်ပွဲဝင်ခဲ့ပြီး ဖြစ်ပါတယ်။ တိုက်ပွဲတွင်း မြင့်မြတ်စွာ ကျဆုံးရဲဘော် (၁၇) ဦး နဲ့ ထိခိုက်ဒဏ်ရာရ ရဲဘော် (၂၆) ဦးအထိ ရှိခဲ့ပြီး ဖြစ်ပါတယ်။

✡️ ဘာကြောင့် အခု ကမ်ပိန်းကို လုပ်ရတာလဲ။
ABSDF Column 3 အနေနဲ့ အခြေစိုက်နယ်မြေ မ‌ကွေးတိုင်းအတွင်းမှာ စစ်ဆင်ရေးများစွာ ဖော်ဆောင်ရပါတယ်။ ၂၀၂၆ ခုနှစ်ထဲမှာ စစ်ဆင်ရေးများ အရှိန်မြှင့်ရန် ရည်ရွယ်ထားပြီး ရှေ့တန်းတိုက်ခိုက်ရေးအဖွဲ့များအတွက် အရေးကြီးတဲ့ စနိုက်ပါ ၃ လက်ကို ဝယ်ယူနိုင်ရန် ရည်ရွယ်ထားပါတယ်။ စနိုက်ပါလက်ဖြောင့်ရဲဘော်များ ရှေ့တန်းတွင် အတူ လိုက်ပါနိုင်ခြင်းဖြင့် မြေပြင်ရဲဘော်များကို ခွန်အားရစေပြီး၊ ရန်သူရဲ့ High value Targets များကို ချေမှုန်းနိုင်ပါက တိုက်ပွဲကို အထိအခိုက်နည်းနည်း၊ ကြာချိန်နည်းနည်းနှင့် အပြီးသတ်နိုင်ရန် ဖြစ်ပါတယ်။

✡️ ဘယ်လိုပါဝင်နိုင်မလဲ။
ပမာဏသတ်မှတ်မထားပါ။ မိမိတတ်နိုင်သော ပမာဏကို နိုင်ငံတကာ OFP Fundraiser များမှတဆင့် နိုင်ငံအလိုက် သက်ဆိုင်ရာ Pay များ၊ Currency များနဲ့ ပါဝင်ထောက်ပို့နိုင်ပါတယ်။

✡️ ဘယ် OFP Fundraiser တွေကတဆင့် ပါဝင်ရမလဲ။
လူကြီးမင်းတို့ လွှဲလိုသည့် Currency ပေါ် မူတည်၍ သက်ဆိုင်ရာ နိုင်ငံအလိုက် တာဝန်ယူ ကောက်ခံ‌ပေးမယ့် နိုင်ငံတကာ OFP Fundraiser များမှတဆင့်လုံခြုံစိတ်ချစွာပါဝင်နိုင်ပါတယ်။





#နွေဦးစုဗူး
#နွေဦးအားမာန်

15/02/2026

ယခုဖော်ပြပါ ABSDF Column 3 - Community Support Network page သည် မိမိတို့ ABSDF Column 3 ၏ တရားဝင် Fundraising Page တခုဖြစ်ပါသည်။
၎င်း page တွင် ABSDF Column 3 ၏ အညာမြေပြန့်ဒေသစစ်ဆင်ရေးများတွင် လိုအပ်လျက်ရှိသော စနိုက်ဘာ ၃ လက်ဖြည့်တင်းနိုင်ရန်အတွက် ကမ်ပိန်းတခု မကြာမီ စတင်ပြုလုပ်တော့မည်ဖြစ်ပါသည်။ တော်လှန်မိဘပြည်သူများအနေဖြင့် ယခု page ကို like & follow & share လုပ်ခြင်းဖြင့် ပါဝင်ကူညီပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

https://www.facebook.com/share/1B9HQ5P6Lu/

Want your organization to be the top-listed Government Service in Yangon?
Click here to claim your Sponsored Listing.

Address


Yangon