Mm
Relax with MM Entertainment
09/10/2024
မြန်မာပြည်ရဲ့ ကြေးအကြီးဆုံးပွဲလို့သတ်မှတ်ထားတဲ့ ထွန်းထွန်းမင်း နဲ့ သွေးသစ်ဝင်းလှိုင် ပွဲက ကရင်ပြည်နယ်နေ့ပွဲမှာ ယှဉ်ပြိုင်ကြမှာပါ
19/09/2024
👑သွေးသစ်ဝင်းလှိုင်
16/07/2024
👑အတန်းတက်မှာလား ဝိတ်တင်မှာလား
မြန်မာ့ရိုးရာလက်ဝှေ့နဲ့ပတ်သက်ပြီး ဝိဝါဒကွဲပြားတဲ့အရာတစ်ခုက အတန်းတက်ထိုးဖို့အတွက် ဝိတ်ကတင်ကို တင်ရမှာလား ဆိုတဲ့အချက်ပါ
ဝိတ်တန်းအလိုက်ပြိုင်ပွဲတွေ ကီလိုတန်းအလိုက်ပြိုင်ပွဲတွေရှားပါးတဲ့အတွက် ကစားသမားတွေက သူတို့ရဲ့အရည်အသွေးကို သက်သေပြဖို့ ဝိတ်တင်ပြီး ကီလိုကြီး ပါဝါကြီးတဲ့ကစားသမားတွေနဲ့ ရင်ဆိုင်ရဖို့ဖြစ်လာတယ်
ပရိသတ်တစ်ယောက်အနေနဲ့ မြင်ရမယ်ဆိုရင် ကီလိုကြီးမှ အတန်းကြီးတယ်လို့ သတ်မှတ်ရမလိုဖြစ်နေတယ်
ကီလိုကြီးမှ အတန်းကြီးတယ် ထိုးကြေးမြင့်တယ် တန်းဝင်တယ်လို့ ယူဆစရာ
မြန်မာပြည်အလွတ်တန်းချန်ပီယံဆိုရင်လည်း ကီလိုကြီးပြီး ထွားထွားကြိုင်းကြိုင်း ကစားသမားတွေကသာ အစဉ်အဆက်နေရာယူခဲ့တာများတယ်
အဲဒီအတွက် အလွတ်တန်းချန်ပီယံဆုကို စိန်ခေါ်ဖို့ဆိုရင် စိန်ခေါ်တဲ့ကစားသမားက မဖြစ်မနေ ဝိတ်တင်ရဖို့ရှိတယ်
အရပ်မမြင့်ပဲ ကီလိုသေးတဲ့ ကစားသမားတွေအတွက်က အတန်းတက်ဖို့ ကြေးမြင့်ဖို့ တော်တော်ခက်ပါတယ်
အရိုးအဆစ်၊ အလုံးအထည် မကြီးဘူးဆိုရင် အတန်းကြီးဖို့ တော်တော်မလွယ်တာပါ
မြန်မာပြည်မှာ ပရိသတ်သည်းသည်းလှုပ်ကြိုက်တဲ့ တွေ့မရှောင်၊ စိုးလင်းဦး တို့က ကီလိုမကြီးတဲ့အတွက် မြန်မာပြည်ချန်ပီယံဖြစ်ဖို့ ဇာတာမပါခဲ့ဘူး
အရည်အချင်း ပါရမီ ဘယ်လောက်ပဲကောင်းခဲ့ကောင်းခဲ့ သူတို့အလုံးအရပ်နဲ့ အလွတ်တမ်းချန်ပီယံ မဖြစ်တော့ဘူး
ဒါတွေက လက်ရှိအခင်းအကျင်းရဲ့ ပြဿနာတစ်ခုပါ
ဝိတ်တန်းအလိုက်ချန်ပီယံဆိုတာကလည်း လောကသားတွေလောက်ပဲ သိကြတာ၊ ပရိသတ်တွေကြား ရေပန်းစားလောက်အောင်အထိ ပေါ်ပြူလာမဖြစ်ပါဘူး
ပရိသတ်တွေသိတာက ကီလိုကြီးမှ အတန်းကြီးတယ်ဆိုတာကို အရိုးစွဲနေပြီ
ဒါတွေက ပြောင်းလဲသင့်ပါတယ်
ကစားသမားတွေအတွက်လည်း မသင့်တော်တဲ့ ဝိတ်တွေ တင်ထိုးနေရမယ့်အစား သူ့တို့နဲ့သင့်တော်တဲ့ ဝိတ်တန်းမှာ သတ်သတ်မှတ်မှတ် တန်းဝင်မယ့် အသိအမှတ်ပြုမှုတစ်ခုကို တည်ဆောက်ပေးသင့်တယ်
မြန်မာပြည်မှာ ပထမတန်း၊ ဒုတိယတန်းလို့ သတ်မှတ်ကြတာထဲမှာ ဒုတိယတန်းက ၆၃ ကီလိုကနေ
၆၈ ကီလိုကြားလို့ အကြမ်းအားဖြင့် သတ်မှတ်လို့ရတယ်
ဥပမာပေးရရင် အဲမွီ ဆိုတာ ဒုတိယတန်းမှာ သက်သေပြထားပြီးသား ကစားသမားပါ
သူနဲ့ ကိုက်ညီတဲ့ ကီလို၊ အရပ်အမောင်းရှိတယ်၊ ပညာပိုင်း၊ အိုင်ကြူပိုင်းအရလည်း ထူးချွန်တဲ့ကစားသမားဖြစ်တယ်
ဒါပေမဲ့ သူရဲ့ ယှဉ်ပြိုင်ကြေးက ကီလိုကြီးပြီး သူ့လောက် ပညာမစုံတဲ့ ကစားသမားတွေထက်တောင် နည်းနေနိုင်တယ် (ယှဉ်ပြိုင်ကြေးက အတိအကျ မသိရတာမို့ လွဲနိုင်ပါတယ်)
ဘာလို့လဲဆိုတော့ သူက ကီလိုအရမ်းမကြီးတဲ့သူဖြစ်နေလို့
နောက်တစ်ဦးက သွေးလင်းထက်
၅၇ - ၆၀ ကီလိုတန်းမှာ ပြိုင်ဘက်ကင်းကစားသမားပါ
အထက်မှာ ပြောခဲ့သလိုပဲ သွေးလင်းထက်က ထူးချွန်တဲ့ ပညာစုံတဲ့ လုပ်ရည်ကိုင်ရည်ကောင်းတဲ့ ကစားသမားဖြစ်ပေမယ့် ကီလိုမကြီးတဲ့အတွက် အတန်းကြီးတယ်လို့ သတ်မှတ်တဲ့သူရှားတယ်
တကယ်တမ်း အဲမွီ တို့ သွေးလင်းထက် တို့ဆိုတာ ပညာပိုင်းမှာ မှတ်ကျောက်တင်ထားသူတွေပါ
သူတို့က အတန်းကြီးချင်တယ်ဆိုရင် ဝိတ်တင်ပြီး သူတို့ထက် ကီလိုကြီးတဲ့သူတွေနဲ့ ယှဉ်ပြိုင်ရမယ့် သဘောဖြစ်နေတယ်
အဲမွီက အလွတ်တန်းချန်ပီယံဖြစ်ချင်တယ်ဆို ၇၃ ကီလိုလောက်ထိ တင်ပြီး ယှဉ်ပြိုင်ရမလိုဖြစ်နေတယ်
အဲမွီ အဆက်အပေါက်အရ အဆမတန် ကီလိုတင်လိုက်မယ်ဆိုရင် သူ့ရဲ့ မူလ အရည်အသွေးပြနိုင်ပါဦးမလားဆိုတာ မသေချာပါဘူး
သွေးလင်းထက်လည်း အတူတူပါပဲ
သူက ၅၇ ကီလိုဝန်းကျင်ပဲ ရှိတဲ့အတွက် ၆၇ ကီလိုနီးနီရှိတဲ့ ဒုတိယတန်းကစားသမားနဲ့ ယှဉ်ပြိုင်ဖို့ မဖြစ်သင့်ဘူး
အဲဒီအတွက် သူ့ကို ဒုတိယတန်းကစားသမားအဖြစ် သတ်မှတ်ကြမှာ မဟုတ်ဘူး
တကယ်တမ်း သွေးလင်းထက် အရည်အသွေးက အဆင့်တစ်ခုမှာရှိတယ်
သူနဲ့ ကိုက်ညီတဲ့ တန်းတစ်ခုရှိသင့်တယ်
အဲမွီ တို့ သွေးလင်းထက် တို့ကို ဥပမာပေးပြောတာပါ
တကယ်က ကီလိုတန်းအလိုက် ချန်ပီယံဆိုတာမျိုးက သတ်သတ်မှတ်မှတ်ကို ဖြစ်သင့်တာ
ဒါမှလည်း ယှဉ်ပြိုင်ကြေး ပိုရဖို့ မဖြစ်သင့်တဲ့ ဝိတ်တွေတင်ထိုးနေတာတွေ နည်းပါးလာမှာ
ဝိတ်တင်ပြီး ပညာပိုင်း နည်းပါးတာထက်စာရင် ကီလိုသေးပေမယ့် ပညာမငယ်တဲ့ ကစားသမားတွေကိုလည်း နေရာပေးသင့်ပါကြောင်း.......
27/06/2024
🥊ပင်ပန်းပေမယ့် ကျေနပ်တယ်
အားကစားနည်းတွေ အများစုက အားနဲ့ ကစားရတယ်ဆိုပေမယ့် ရိုးရာလက်ဝှေ့ကတော့ ခွန်အားအများဆုံး သုံးကစားရတဲ့ ကစားနည်းတွေထဲ ထိပ်ဆုံးမှာ ပါတယ်
သွေးနဲ့ ချွေးနဲ့ ရင်းပြီး ယှဉ်ပြိုင်ရတဲ့ အားကစား
ချွေးထက်များမှ သွေးထွက်နည်းမယ်ဆိုတဲ့ အားကစား
အချိန်ပြည့် မခိုမကပ် ကျေကျေနပ်နပ် လေ့ကျင့်မှ ကြိုးဝိုင်းအတွင်း ရလဒ်ကောင်းမယ့် အားကစားပါ
တခြားကစားနည်းတွေနဲ့ ယှဉ်ရင် လက်ဝှေ့က လေ့ကျင့်မှုမှာ အချိန်အများကြီး ပိုပေးရတယ်
ပွဲရှိရှိ၊ မရှိရှိလေ့ကျင့်နေမှ
ပွဲထိုးဖို့ အဝေးကြီးလိုသေးရင်တောင် လေ့ကျင့်မှုပျက်ဖို့ မသင့်တဲ့ ကစားနည်းဖြစ်ပါတယ်
လေ့ကျင့်မှုမှာ ကျတဲ့ချွေးတွေကြောင့် ကြိုးဝိုင်းအတွင်း သွေးထွက်ဖို့ မလိုတာမျိုးဖြစ်နိုင်တယ်
သွေးထွက်နည်းတာမျိုးလည်း ဖြစ်နိုင်တယ်
မနက်တိုင်းပြေး၊ ကြိုးခုန်၊ တာယာခုန်၊ သဲအိတ်ထိုး စသဖြင့်နေ့စဉ်ရက်ဆက် မနားမနေ မငြီးမငြူမှ လက်ဝှေ့သမားကောင်းဖြစ်မယ်
ပြည်တွင်းမှာရော နိုင်ငံတကာမှာပါ လေ့ကျင့်သားဝနေတဲ့ ကစားသမားတွေပဲ အောင်မြင်တာက တိုက်ဆိုင်မှုမဟုတ်ဘူး
ကြိုးစားမှုက ရလဒ်ကိုဖြစ်စေတယ်
ကိုယ့်ရဲ့ပင်ပန်းမှုကို ကျေနပ်နေမှသာ လက်ဝှေ့လောကမှ ရေရှည်ရပ်တည်နိုင်မှာ
ကိုယ်တိုင်ကလည်း မခိုမကပ်ကြိုးစား၊ ဆရာတွေကလည်း စနစ်တကျသင်ပေးမယ်ဆို အချိန်အများကြီးယူစရာမလိုပဲ ထိပ်တန်းအဆင့်ကို ရောက်နိုင်တယ်
အများအားဖြင့်တော့ ကိုယ်တိုင်ကိုက လိုလိုလားလား အပင်ပန်းခံ၊ အနာခံ လေ့ကျင့်တဲ့သူတွေသာလျှင် အောင်မြင်တာပါ
Click here to claim your Sponsored Listing.
Category
Website
Address
Yangon