Dress.me
အသင့်ဝတ်လို့ရတဲ့ မြန်မာအင်္ကျီလှလှ
04/09/2020
💫 is come back nowwww!!!!
included!💓
Dress me မှာ သိပ်မRunဖြစ်ပဲ အများကြီးပစ်ထားသလိုဖြစ်သွားလို့ တောင်းပန်ပါတယ်နော်။🥺❤️
🌸အဲ့တာမို့ ပြန်ချော့တဲ့ အနေနဲ့
နေ့လည်ကမှအသစ်ရောက်တဲ့ ဝတ်စုံလှလှလေးတွေကို
ဒီနေ့ (4th Sept 2020)ည 🕘9PM မှာ
pageလေးမှာ Liveလွှင့်ပီးရောင်းပေးသွားမှာဖြစ်ပါတယ်။🥰
🌼Liveကြည့်ရင်း တစ်ခါထဲ ဝယ်တဲ့သူတွေအနေနဲ့ 20% Discountလဲရဦးမှာနော်။😽
ဒါကြောင့် ဒီနေ့ည 9PMမှာ Dress me pageလေးထဲဝင်ပီး Live ကြည့်ဖို့မမေ့နဲ့နော် ကောင်မလေးတို့။
See you soon!🥰
24/03/2020
Dress.me အချစ်ကလေးတို့ရေ Covid19 ကာလအတွင်းမှာ သတိပြုစရာ ဆောင်ရန်ရှောင်ရန်လေးတွေကို
ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ကိုယ့်မိသားစု ကိုယ့်ပတ်ဝန်းကျင်က
သူတွေကို ကာကွယ်နိုင်ဖို့အတွက် သိသလောက်လေးပြောပေးထားတယ်နော် ❤️
(၁) နှာချေ၊ ချောင်းဆိုးသည့်အခါ နှာခေါင်းနှင့် ပါးစပ်ကို
တစ်သျူး၊ လက်ကိုင်ပုဝါ (သို့) မိမိ၏ တံတောင်ဆစ်တို့ဖြင့်
လုံခြုံအောင် ဖုံးအုပ်ထားပါ။
(၂) နှာချေ၊ ချောင်းဆိုးရာတွင် အသုံးပြုထားသော
တစ်သျူးကို အဖုံးပါသော အမှိုက်ပုံးထဲသို့
စနစ်တကျစွန့်ပစ်ပါ။
(၃) နှာချေ၊ ချောင်းဆိုးပြီးတိုင်း၊ နေမကောင်းသောသူများကို
ပြုစုပြီးတိုင်း၊ လက်ကိုရေနှင့် ဆပ်ပြာ (သို့)
အရက်ပြန်ပါသော လက်ဆေးရည်တို့ဖြင့်
စနစ်တကျ ဆေးကြောပါ။
(၄) အစားအစာများကို မချက်ပြုတ်ခင်၊
ချက်ပြုတ်နေစဉ်နှင့် ချက်ပြုတ်ပြီးချိန်မှာ
လက်ကိုရေနှင့် ဆပ်ပြာ (သို့)
အရက်ပြန်ပါသော လက်ဆေးရည်တို့ဖြင့်
စနစ်တကျ ဆေးကြောပါ။
(၅) အစာမစားခင် လက်ကိုရေနှင့် ဆပ်ပြာ (သို့)
အရက်ပြန်ပါသော လက်ဆေးရည်တို့ဖြင့်
စနစ်တကျ ဆေးကြောပါ။
(၆) အိမ်သာတက်ပြီးသောအခါ
လက်ကိုရေနှင့် ဆပ်ပြာ (သို့)
အရက်ပြန်ပါသော လက်ဆေးရည်တို့ဖြင့်
စနစ်တကျ ဆေးကြောပါ။
(၇) အညစ်အကြေးများ စွန်းထင်း ပေကြံနေသောအခါ
လက်ကိုရေနှင့် ဆပ်ပြာ (သို့)
အရက်ပြန်ပါသော လက်ဆေးရည်တို့ဖြင့်
စနစ်တကျ ဆေးကြောပါ။
(၈) တိရစ္ဆာန်များနှင့် ၎င်းတို့၏ အညစ်အကြေးများကို
ကိုင်တွယ်ပြီးသောအခါ လက်ကိုရေနှင့် ဆပ်ပြာ (သို့)
အရက်ပြန်ပါသော လက်ဆေးရည်တို့ဖြင့်
စနစ်တကျ ဆေးကြောပါ။
(၉) ချောင်းဆိုး၊ ဖျားနာ လက္ခဏာခံစားနေရသူများနှင့် အနီးကပ်
နေထိုင်ခြင်းမှ ရှောင်ကြဉ်ပါ။
(၁၀) အသားများနှင့် ဥများကို သေချာစွာ ကျက်အောင်
စနစ်တကျ ချက်ပြုတ်ပြီးမှ စားသုံးပါ။
(၁၁) တောရိုင်းနှင့် အိမ်မွေး တိရစ္ဆာန်များအား အကာအကွယ်
မရှိဘဲနှင့် တိုက်ရိုက် ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ။
(၁၂)ချောင်းဆိုး၊ ဖျားနာ လက္ခဏာခံစားနေရပါက
တစ်ခြားသူများနှင့် အနီးကပ် နေထိုင်ခြင်းမှ
ရှောင်ကြဉ်ပါ။
(၁၃) လူအများကြား၊ တံတွေးထွေးခြင်းကို
ရှောင်ကြဉ်ပါ။
(၁၄) ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရူရ ခက်ခဲခြင်းတို့
ခံစားနေရပါက ကျန်းမာရေး စောင့်ရှောက်မှု
စောလျင်စွာခံယူပါ။ ကျန်းမာရေးဝန်ထမ်းများကို
မိမိသွားရောက်ခဲ့သော ခရီးစဉ်မှတ်တမ်းကို ပြောပြပါ။
(၁၅)ရောဂါဖြစ်နေသော တိရစ္ဆာန်များနှင့်
ရောဂါကြောင့် သေဆုံးပြီးဖြစ်သော
တိရစ္ဆာန်များ၏ အသားကို
စားသုံးခြင်း မပြုရ။
(၁၆) အသား၊ ငါးများကို ကိုင်တွယ်အသုံးပြုသည့်
ဓား၊ စဉ်းတီတုံးနှင့် ချက်ပြုတ်ထားသော
အစားအစာများအတွက်သုံးသည့် ဓား၊
စဉ်းတီတုံးတို့ကို သီးခြားစီထားပါ။
(၁၇) သားစိမ်း၊ ငါးစိမ်းများကို
ကိုင်တွယ်ပြီးတိုင်း၊ အစားအစာများကို
ချက်ပြုတ်ပြီးတိုင်း လက်ကို
စနစ်တကျ စင်ကြယ်စွာ
ဆေးကြောပါ။
(၁၈) ကူးစက်ရောဂါဖြစ်ပွားနေသော
နေရာဒေသများတွင် အသား၊
ငါးများကို စနစ်တကျ ကိုင်တွယ်
ပြင်ဆင်ပြီး ကျက်အောင်
ချက်ပြုတ်ထားပါက အန္တရာယ်ကင်းစွာ
စားသုံးနိုင်ပါသည်။
(၁၉) ညစ်ပေနေသောလက်ဖြင့် မျက်စိ၊ နှာခေါင်း၊
ပါးစပ်တို့ကို ကိုင်တွယ် ထိတွေ့ခြင်း မပြုရ။
(၂၀) မကျန်းမာသော တိရစ္ဆာန်များနှင့် ပုပ်သိုးနေသော
အသား၊ ငါးများကို ကိုင်တွယ်ခြင်း မပြုရ။
(၂၁) လမ်းဘေး တိရစ္ဆာန်များ၊ စွန့်ပစ် အညစ်အကြေး
အမှိုက်များနှင့် အရည်များကို ထိတွေ့ကိုင်တွယ်ခြင်း မပြုရ။
(၂၂) အသား၊ ငါးများကို ကိုင်တွယ်ရာတွင် လက်အိတ်၊
မျက်နှာဖုံးနှင့် ခန္တာကိုယ် အကာအကွယ်ပစ္စည်းများကို
စနစ်တကျ အသုံးပြုပါ။
(၂၃) အလုပ်လုပ်ရာတွင် ဝတ်ဆင်ထားသော အဝတ်အထည်များကို
နေ့စဉ် လျှော်ဖွပ်သန့်စင်ပြီး ၎င်းနေရာတွင်သာ စနစ်တကျ
သိမ်းဆည်းထားပါ။
(၂၄) အလုပ်လုပ်ရာတွင် ဝတ်ဆင်ထားသော
အဝတ်အစားများနှင့် ဖိနပ် အသုံးအဆောင်များကို
မိသားစုဝင်များ ထိတွေ့မှုမရှိစေရန် အထူး
ဂရုစိုက်ပါ။
(၂၅) အသား၊ ငါးများကို ကိုင်တွယ်ရာတွင်
အသုံးပြုသော ပစ္စည်းများနှင့် အလုပ်လုပ်သောနေရာကို
နေ့စဉ် အနည်းဆုံး တစ်ကြိမ်ခန့်
ပိုးသတ်ဆေးကြော သန့်စင်ပါ။
23/03/2020
ကိုကို့ရဲ့ ကလေးဆိုးလေးရေ 🥰
ရောဂါတွေကြောင့် ၃ပေအကွာမှာနေနေရနေပေမယ့်
ကျန်းမာနေတဲ့ ကလေးဆိုးလေးကို ငေးကြည့်ရုံပဲဆိုရင်တောင်
ပျော်နေပါပြီ 🧡🍂🌸
လက်ကိုသတိထားပြီး အမြဲဆေးနော် ❤️
လူထူထပ်တဲ့အရပ်တွေဆို မသွားနဲ့နော် ...
ကိုယ်ခံအားကောင်းအောင် အစားလည်းသေချာစားပါ ..
ကလေးဆိုးလေးဆိုတာ ခုဖတ်နေတဲ့
ကလေးဆိုးလေးတွေကိုပြောနေတာပါနော် 🌚
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon
11111