Nyan Artworks

Nyan Artworks

Share

I will display all my artwork here. Not only Xianxia Novels but also other creatives.

18/07/2024

နှင်းလင်းယုန် အရှင်သခင် (ရွှယ်ယင်) စာစဥ်က မနေ့တည်းက Gp ထဲမှာ ဇာတ်သိမ်းသွားပါပြီ... ဒီနေ့ Wunzinn မှာ စာစဥ် (94) ... (95) ထွက်ထားပါတယ်... မနက်ဖြန် စာစဥ် (96) ... (97)ထွက်ပါလိမ့်မယ်... စာစဥ် - (97)ကိုတော့ Free ချပေးထားပါတယ်ဗျ...

စာစဥ် - 98 (ဇာတ်သိမ်းပိုင်း)ကိုတော့ စနေနေ့ကျ ထွက်ပါမယ်... စုစုပေါင်း (23)ပိုင်းပါပြီး အပိုင်းတွေကလည်း ဇာတ်သိမ်းဆိုတဲ့ အတိုင်း ရှည်တာတွေဆိုတော့ ဖတ်ရတာ အားရမယ်လို့ မျှော်လင့်ပါတယ်...

အရင်ရက်တွေက ကိုယ့်ဟာကိုယ် ဖိအားပေး Challenge ခေါ်ပြီး ဖိလုပ်နေတာနဲ့ Free Gp မှာ မတင်ဖြစ်မိတာတွေကိုလည်း ဒီနေ့ည အစားထိုး ပြန်တင်ပေးပါမယ်... Free က ပုံမှန် တစ်ရက် နှစ်ပိုင်း တင်ပေးတာ ဆိုပေမယ့် မတင်တာ ကြာရင် (3) (4)အုပ် အထိ တစ်ခါတည်း တန်းတင်ပေးနေကျမို့ ဝယ်ဖို့ရသလို ခံစားချက်မျိုး ခံစားရမှာပါပဲ x'D

ပြီးတော့ ဒါက ကျွန်တော့်ရဲ့ ပထမဆုံး ဇာတ်သိမ်းတဲ့ အထိ ရေးသားပြီးစီးတဲ့ စာစဉ်ပါ... အခုအချိန်ထိ ကျွန်တော့်ကို သည်းခံ ဖတ်ရှု့အားပေးခဲ့တဲ့ ပရိတ်သက် တစ်ယောက်ချင်းစီကို ကျေးဇူးအထူး တင်ပါတယ်... အကုန်လုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာစေဖို့ ဆုတောင်းပေးလိုက်ပါတယ်ဗျ...

အောက်မှာ Telegram Free Gp Link ပါ...
https://t.me/nyanartwork

24/06/2024

စာစဥ် (79 ကနေ 85)အထိ တင်ပေးတဲ့ နှင်းလင်းယုန် အရှင်သခင် VIP - 5က ပြီးသွားပါပြီ...

Gp အသစ်ကိုတော့ ဒီနေ့ည စတင်မှာပါ... ပြီးတော့ အခုအသစ်လုပ်မယ့် Gp က နှင်းလင်းယုန် အရှင်သခင် စာစဉ်ရဲ့ နောက်ဆုံး Gp ဖြစ်ပါလိမ့်မယ်... နောက်ဆုံး Gp မှာတော့ စာစဥ် - 86 ကနေ အပြီးထိ စုစုပေါင်း စာစဥ် (13)အုပ် ပါပြီး (5000)ပါ... Gp နဲ့ ပတ်သက်ပြီး စုံစမ်းချင်တာရှိရင် ကျွန်တော့် Acc ဒါမှမဟုတ် Page Messenger မှာ လာရောက်မေးမြန်းလို့ ရပါတယ်...

WunZinn မှာ ဒီနေ့ စာစဉ် - 85 အထိ ထွက်မှာ ဖြစ်သလို... Telegram Channel မှာလည်း စာစဉ် - 57 (အပိုင်း - 801)အထိ Free တင်ပေးထားပါတယ်... အောက်မှာ Telegram Link ပါ... ↓↓↓↓

https://t.me/nyanartwork

05/06/2024

စာစဥ် (72 ကနေ 78)အထိ တင်ပေးတဲ့ နှင်းလင်းယုန် အရှင်သခင် VIP - 4 က ဒီနေ့ည ပြီးပါပြီ... လက်ရှိမှာ စာစဥ် (77)အထိ တင်ထားပေးပြီးသားပါ...

VIP - 5 ကိုတော့ မနက်ဖြန် တစ်ရက်နားပြီး သဖက်ခါကျ ပြန်စတင်ပါမယ်... VIP - 5 ကလည်း စာစဥ် (79 ကနေ 85)အထိ စာစဥ် (7)ခုပါပြီး (3000)ပါပဲ... Gp နဲ့ ပတ်သက်ပြီး စုံစမ်းချင်တာရှိရင် ကျွန်တော့် Acc ဒါမှမဟုတ် Page Messenger မှာ လာရောက်မေးမြန်းလို့ ရပါတယ်...

WunZinn မှာလည်း စာစဥ် (77)နဲ့ စာစဥ် (78)ကို မနက်ဖြန်နဲ့ သဖက်ခါ တစ်ရက် တစ်အုပ် ထွက်သွားပါလိမ့်မယ်...

အခုမှ စဖတ်မယ့် လူတွေအတွက်လည်း Telegram Channel မှာ PDF တွေ တင်​ပေးထားတာမို့လို့ ဖတ်ရ အဆင်ပြေမှာပါ... အောက်မှာ Telegram Channel Link ပါ ထည့်ပေးထားပါတယ်...

↓↓↓↓↓↓
https://t.me/nyanartwork/1

19/06/2023

နှင်းလင်းယုန် အရှင်သခင်
ဘာသာပြန် - Rai
အခန်း - ၆၁၈
(အသနားခံခြင်း…)

အချိန် ဟင်းလင်းပြင် တွင်းပေါက် အတွင်း၌… အနက်ရောင် အသားအရေရှိပြီး အစိမ်းရောင်ဝတ်ရုံ ဝတ်ဆင်ထားသော လူကြီးတစ်ယောက်မှာ အလျှင်အမြန် ပျံသန်းနေလျက် ရှိသည်။ သူ့မျက်နှာတွင် အမာရွတ်များ ပြည့်နှက်နေပြီး နဖူးတွင်လည်း ဦးချို (၂)ခု နေရာယူထားသည်။ ထိုသူမှာ သူတော်စင် နှစ်ပါး မှင်ရည်ကလန်၏ သူတော်စင် (၂)ယောက်ထဲမှ တစ်ယောက်ဖြစ်သော သစ်ရွက် သူတော်စင်ပင်။

“အစ်ကိုကြီး … မြန်မြန်… ကျွန်တော့်ကို ကယ်ပါပြီး… ဒီကောင် ကျွန်တော့်ကို နယ်မြေစွမ်းအား သုံးပြီး ထိန်းချုပ်ထားတယ်… ကျွန်တော် ဘယ်လိုမှ ပြေးလို့မလွတ်ဘူး”

ဝါးသူတော်စင်က စိုးရိမ်တကြီးဖြင့် ညည်းညူလိုက်သည်။

“ခဏ တောင့်ခံထားဦး… ငါ အမြန်ဆုံး လာနေပြီ” သစ်ရွက်သူတော်စင်က တည်ငြိမ်စွာဖြင့်ပင် အကြောင်းပြန်လိုက်သည်။

သူတို့(၂)ယောက်သည် ညီအစ်ကိုအရင်းများ သကဲ့သို့ ရင်းနှီးသူများ ဖြစ်သောကြောင့် ဝါးသူတော်စင် စွမ်းအားကို သူ ကောင်းကောင်းသိသည်။ အနည်းဆုံးတော့ ပါရာဂွန်တစ်ယောက် မဖြစ်သေးဘဲနှင့် အချိန်တိုလေးအတွင်း ဝါးသူတော်စင်ကို လွယ်လွယ်သတ်နိုင်လိမ့်မည် မဟုတ်ချေ။ သူ့အစစ်အမှန် ခန္ဓာကိုယ်ကို ထိခိုက်အောင် တိုက်ခိုက်ဖို့မှာ လွန်စွာ ခက်ခဲလေ၏။

မရေမတွက်နိုင်သော သစ်ရွက်များနှင့် အကိုင်းအခက်များက ဝါးသူတော်စင် ပတ်ပတ်လည်တွင် ဝန်းရံထားပြီး အလွှာပေါင်း များစွာအဖြစ် ကာကွယ်ထားသည်။ သူ့ကို ဖိနှိပ်ထားနိုင်သော်လည်း အစစ်အမှန် ခန္ဓာကိုယ်ကိုမူ ထိခိုက်အောင် တိုက်ခိုက်ဖို့ မလွယ်ပေ။ သေအောင်သတ်ရန်မှာ ပို၍ပင် မဖြစ်နိုင်။ သူ့ခန္ဓာကိုယ်မှာ ဒဏ်ရာ မှန်သမျှအား အမြန်ဆုံး ပြန်လည် သက်သာစေနိုင်သည့် မှင်ရည်ဝါး ခန္ဓာကိုယ် ဖြစ်သည်။

ကြီးမားကျယ်ပြန့်သော မှင်ရည် ဝါးတောင် နယ်မြေ ကောင်းကင်ထက်တွင် ချိတ်ပိတ်ခံထားရပြီး အတော်ကလေး ပျက်စီးနေသော ကမ္ဘာတစ်ခု မျောလွင့်နေ၏။ ထိုသည်မှာ ရွှယ်ယင် ဖန်တီးထားသော တိမ်မြူခိုး အကျဉ်းထောင်ပင်။

တိမ်မြူခိုး အကျဉ်းထောင်ထဲ၌… လောကကိုယ်ပွား ၉ယောက်က ဝါးသူတော်စင်ကို ဝန်းရံထားကြသည်။

ဝါးသူတော်စင်ကလည်း လက်ထဲတွင် ရှည်လျားသော အနီရောင် ဝါးလုံးတစ်လုံးကို ကိုင်ဆောင်ထား၏။ ထိုဝါးလုံးမှာ မီတာ (၅၀၀၀) အရှည်ရှိပြီး ထိပ်ဖျား၌ အရွက်များနှင့် အကိုင်းအခက်များစွာ ရှိနေသည်။

ထိုအရွက်များနှင့် အကိုင်းအခက်များမှာ ဝါးလုံး ကျင့်စဉ် ထုတ်ဖော်ရန် အတွက် အသုံးပြုနိုင်သော အရာများပင်။ များစွာသော အနက်ရောင် လေစီးကြောင်းတို့ကလည်း သူ့ဘေးပတ်ပတ်လည်တွင် ဝန်းရံလျက် ကာကွယ်ပေးထားသည်။

လောကကိုယ်ပွား ၉ယောက်မှာ ဝါးသူတော်စင်နှင့် ဝါးလုံးကျင့်စဉ်ကို ဖိနှိပ်ထားဖို့ရာ သာမန် လက်နက်များကိုသာ အသုံးပြုနေသည်။ ဝါးသူတော်စင် တကိုယ်လုံးမှာ အနက်ရောင် မှင်ရည်များ ရွှဲရွှဲစိုနေပြီး ဒဏ်ရာများလည်း အဆက်မပြတ် ရနေ၏။ သို့သော် ထိုဒဏ်ရာများ အားလုံးမှာ စက္ကန့်ပိုင်းအတွင်း ပျောက်ကွယ်သွားစမြဲပင်။

“ငါ ပြေးလို့ မလွတ်နိုင်ပေမဲ့ ငါရဲ့လက်နက်တွေက တိုက်ခိုက်လာမှု တစ်ဝက်ကို ကာကွယ်နိုင်ပြီးတော့ ငါ့ခန္ဓာကိုယ်က ကျန်တစ်ဝက်ကို ခုခံတားဆီးနိုင်တယ်… ဒါ့အပြင် ငါ ခန္ဓာကိုယ်က သန့်စင်တဲ့ စွမ်းအင်တွေကို ခုခံကာကွယ်ဖို့ အတွက် ပိုပြီး သဟဇာတ ဖြစ်လာပြီ…”

ဝါးသူတော်စင်က သူ့ကိုယ်သူ အားပေးစကား ပြောနေသော်လည်း လောကကိုယ်ပွား တစ်ယောက်၏ တိုက်ခိုက်မှုက သွေးသန့်စင် နတ်ဘုရား စစ်သည်တော်ကို အသုံးမပြုဘဲနှင့်ပင် သူ့မှင်ရည် ဝါးခန္ဓာကိုယ်ကို ဒဏ်ရာရစေနိုင်သည်။

အကယ်၍ ရွှယ်ယင်၏ အစစ်အမှန် ခန္ဓာကိုယ်သာ လှုပ်ရှားလာပါက သူ ပိုပြင်းထန်သော ဒဏ်ရာများ ပြည့်နှက်သွားပေလိမ့်မည်။ ထို့ကြောင့် ဝါးသူတော်စင်က ရွှယ်ယင် အစစ်အမှန် ခန္ဓာကိုယ် မည်သည့် နေရာ၌ ရှိနေသည်ကို သေချာ သတိထားနေမိသည်။

“ဘာဖြစ်တာလဲ”

ဝါးသူတော်စင်က သူ့အာရုံခံနေသည့် ရွှယ်ယင် အစစ်အမှန် ခန္ဓာကိုယ် ရုတ်တရက်ကြီး လုံးဝဥဿုံ ပျောက်ကွယ်သွားသည်ကို ခံစားမိလိုက်၏။ တချိန်တည်းမှာပင် မီးခိုးရောင် မြူခိုးတို့က သူ့အမြင်အာရုံကို ဖုံးလွှမ်းလာခဲ့တော့သည်။

စိတ်ထဲ သံသယလှိုင်းလုံးတို့ မြင့်တတ်လာခဲ့သည့်တိုင် ဝါးသူတော်စင်က အနီရောင် ဝါးလုံးကို လွှဲရမ်း၍ သစ်ရွက်များနှင့် သစ်ကိုင်းပေါင်းများစွာ ဖြစ်တည်စေကာ သူ့ပတ်ပတ်လည်အား ကာကွယ်ထားလိုက်သည်။

ရွှယ်ယင်၏ ကိုယ်ပွား ကိုးယောက်လုံးမှာလည်း လှံ၉ချောင်းကို ထပ်ခါ ထပ်ခါ ပစ်လွှတ်ပြီး ဝါးသူတော်စင်အား ဖိနှိပ်ထားဆဲပင်။

ဤအတောအတွင်း အဝေးတစ်နေရာတွင် ရပ်နေသည့် ရွှယ်ယင် အစစ်အမှန် ခန္ဓာကိုယ်က ဝါးသူတော်စင်အား အေးစက်စက် ကြည့်နေလျက်။ သူ့ နယ်မြေထဲတွင် တဖက်လူက သူ့အား မမြင်နိုင်သော်လည်း သူကိုယ်တိုင်ကမူ တဖက်လူကို မြင်နိုင်ပေသည်။ ထို့နောက် သူ့လက်ထဲ ကိုင်ဆောင်ထားသည့် ဓားပျံအား ပစ်လွှတ်လိုက်၏။ ဓားပျံမှာ လေထုကိုခွင်း၍ ပျံသန်းသွားရင်း ရုတ်ချင်း ပျောက်ကွယ်သွားတော့သည်။

ဓားပျံမှာ အချိန် ဟင်းလင်းပြင် တွင်းပေါက်ထဲတွင်သာမက အစစ်အမှန်‌ လောက၌ပါ ပျောက်ကွယ်သွားခဲ့ခြင်း ဖြစ်သည်။ သာမန် အားကောင်းသော တည်ရှိမှုများမှာ ထိုဓားပျံအား ရှာတွေ့နိုင်လိမ့်မည် မဟုတ်ပေ။

ထိုသည်မှာ အစစ်အမှန် နတ်ဘုရား လက်နက်ပင်။

များသောအားဖြင့် ဓားပျံမှာ လုပ်ကြံသတ်ဖြတ်ရာ၌ အသုံးပြုသည့် အရာ ဖြစ်သည်။ ဓားပျံထဲတွင် တံလျှပ်တာအိုနှင့် သတ်ဖြတ်ခြင်းတာအို စွမ်းအားများ ကိန်းအောင်းနေ၏။ အကယ်၍ လုပ်ကြံ သတ်ဖြတ်သူ တစ်ယောက်သာ ထိုတာအို နှစ်ခု၏ အနှစ်သာရကို ဖမ်းဆုပ်မိပြီး အစစ်အမှန် နတ်ဘုရား လက်နက်အား သန့်စင်နိုင်လျှင် မည်မျှ အန္တရာယ်များလိုက်မည်နည်း။ တံလျှပ်တာအိုမှာ အစောကတည်းက လောက ဥပဒေဿများထက် ကျော်လွန်နေပြီး ဖြစ်သောကြောင့် ပုံမှန်အတိုင်း လောက ဥပဒေဿများကိုသာ နားလည်ထားသည့် အားကောင်းသော တည်ရှိမှုတို့မှာ ထိုဓားပျံကို ဓာတွေ့နိုင်မည် မဟုတ်ချေ။

အတိအကျဆို… ဤဓားပျံမှာ မတူညီသော အဆင့်၌ ရှိနေသည့် မူလနယ်မြေကို ဖြတ်ကျော် ပျံသန်းသွားခြင်းပင်။ ဥပမာ… မျှော်စင်တစ်ခု ရှိသည် ဆိုပါစို့။ အကယ်၍ မူလနယ်မြေမှာ မျှော်စင်၏ ပထမ အလွှာ ဆိုလျှင် ဓားပျံမှာ ဒုတိယ အလွှာ၌ ပျံသန်းနေခြင်းမျိုးကို ဆိုလိုခြင်း ဖြစ်သည်။ ထိုသို့ဖြင့် ပထမ အလွှာ၌ ရှိနေသော သက်ရှိများမှာ ဒုတိယ အလွှာတွင် ပျံသန်းနေသည့် ဓားပျံအား လုံးဝ ထိတွေ့နိုင်မည် မဟုတ်ပေ။

သဘောတရားအရဆို တံလှပ်မှာ အစစ်အမှန်ကမ္ဘာ၏ ရောင်ပြန်ဟပ်မှုပင် ဖြစ်သည်။

အစစ်အမှန်ကမ္ဘာ၊ တံလှပ်ကမ္ဘာ၊ အရိပ်ကမ္ဘာတို့ သုံးခုလုံး စုပေါင်းပြီးမှ ကမ္ဘာကြီးတစ်ခုလုံးကို တည်ဆောက်ထားခြင်းပင်။

တံလှပ်တာအိုမှာ အစောကတည်းက ပြီးပြည့်စုံသည့် ကမ္ဘာထက်ကို ပိုနေလေပြီ။ ၎င်းက ဤပြည့်စုံနေသည့် ကမ္ဘာကြီး၏ အပေါ်၌ တနည်းအားဖြင့် မတူညီသော အလွှာတွင် ပိုကြီးမားသော တံလှပ်ကမ္ဘာ တစ်ခုကို ဖန်တီးထားသည်။

တံလှပ်ကမ္ဘာမှာ မပြည့်စုံသော်လည်းဘဲ အစစ်အမှန်ကမ္ဘာ၏ အထက်တွင် တည်ရှိသည်။ အကယ်၍ တံလှပ်ကမ္ဘာသာ လုံးဝဥဿုံ ပြီးပြည့်စုံပြီး ထာဝရ အဆင့်ကို ရောက်သွားမည်ဆိုပါက ကျင့်ကြံသူမှာ အုပ်စိုးသူ ပြည့်ရှင်မင်း အဆင့် ရောက်သည်အထိ အဆင့်ချိုးဖြတ်နိုင်ပေလိမ့်မည်။ ထိုကျင့်ကြံသူ၏ ကျင့်စဉ်များမှာလည်း အလွယ် ကြောက်မက်ဖွယ်ကောင်းပြီး နားလည်ရ ခက်ခဲလာမည် ဖြစ်သည်။

ရွှယ်ယင်မှာ စတုတ္ထအဆင့် လောကနတ်ဘုရားသာ ရှိသေးသောကြောင့် ထိုကဲ့သို့ နားလည်ရခက်သော ကျင့်စဉ်များကို အသုံးမပြုနိုင်ပေ။ အစစ်အမှန် နတ်ဘုရား လက်နက် အကူအညီဖြင့်သာ လုပ်ဆောင်နိုင်သေးသည်။

အစစ်အမှန် နတ်ဘုရား လက်နက်မှာ သာမန်ထက် ထူးခြားမှု လွန်ကဲ၏။ သန့်စင်ဖို့ အတွက်ပင် အလွန် ခက်ခဲပြီး ရွှယ်ယင်မှာ ၎င်းကို သန့်စင်ရန် နှစ်ပေါင်းအတော်ကြာ အချိန်ယူခဲ့ရသည်။

နှစ်ပေါင်း (၇)သိန်း ကြာအောင် ကျင့်ကြံပြီးနောက် တံလှပ်တာအိုနှင့် သတ်ဖြတ်ခြင်း တာအိုတို့ကို ပိုမို နားလည်လာခဲ့ပြီး ဓားပျံဖြင့် ပိုမိုအားကောင်းသော စွမ်းအားကို ထုတ်ဖော်နိုင်ခဲ့သည်။

“အု”

ဓားပျံက ဝါးသူတော်စင်ဆီသို့ တည့်တည့်မတ်မတ် တိုးဝင်သွားသည်။

“ဝှစ်…”

ထို့နောက်တွင်…

ဓားပျံမှာ တံလှပ်ကမ္ဘာထဲမှ အစစ်အမှန် ကမ္ဘာထဲသို့ ရုတ်ချင်း ဝင်ရောက်လာခဲ့၏။ ဝါးသူတော်စင်မှာ မထင်မှတ်ထားသော အဖြစ်အပျက်ကြောင့် ဓားပျံကို မကာကွယ်နိုင်ခဲ့ပေ။ စက္ကန့်ပိုင်း အတွင်းမှာပင် သူ့မျက်နှာ အမူအရာ ပျက်ယွင်းသွားပြီး ရင်ဘတ်ထဲ စိုက်ဝင်နေသည့် ဓားပျံကို ငုံ့ကြည့်လိုက်သည်။

ထိုဓားပျံမှာ ရွှယ်ယင် ပစ်လွှတ်လိုက်သည့် အရာ ဖြစ်သည်။

ရွှယ်ယင်က ကြောက်မက်ဖွယ် အင်အားနှင့်အတူ ရုတ်တရက် ပေါက်ကွဲထွက်လာသော စွမ်းအားများကို အသုံးပြုပြီး ဓားပျံကို အစစ်အမှန် ကမ္ဘာထဲသို့ ထိုးဖောက်စေခဲ့ခြင်းပင်။ နှစ်ပေါင်းများစွာ ကြာအောင် သတ်ဖြတ်ခြင်း တာအိုအား လေ့လာခဲ့ပြီးနောက် ရွှယ်ယင်က ပိုအန္တရာယ်များသော သတ်ဖြတ်ခြင်း ကျင့်စဉ်အား ဖန်တီးနိုင်လာခဲ့လေပြီ။

ထိုကျင့်စဉ်မှာ‘လွင့်မျောနေသော သွေးဓားသွား’ အမည်ရပြီး ရွှယ်ယင် လေ့ကျင့်ထားသည့် အကြွင်းမဲ့ ကျင့်စဉ် (၅)ခုထဲမှ တစ်ခုပင်။

လက်တလောတွင် ဓားပျံထိပ်မှာ ဝါးသူတော်စင် ခန္ဓာကိုယ်ကို ထိုးဖောက်ဝင်သွားပြီ ဖြစ်သည်။

“မဟုတ်ဘူး”

ဝါးသူတော်စင်မှာ အလွန်အမင်း ထိတ်လန့် တုန်လှုပ်နေသော်ငြား သူ့အတွက် ထွက်ပြေးစရာ နည်းလမ်းမရှိ။

“ဖောင်း”

ဝါးသူတော်စင် ခန္ဓာကိုယ်မှာ မျက်စိတစ်မှိတ် အတွင်း ပေါက်ကွဲထွက်သွားတော့သည်။

ထိုတိုက်ခိုက်မှုက ရွှယ်ယင် သွေးသန့်စင် နတ်ဘုရား စစ်သည် အသုံးပြုပြီး တိုက်ခိုက်ခြင်းထက် ပိုပြင်းထန်၏။ အစစ်အမှန် နတ်ဘုရား လက်နက် ဓားပျံထဲတွင် သတ်ဖြတ်ခြင်း တာအို ဆန်းကြယ်ခြင်း တရားပါ ကိန်းအောင်းနေသည် မဟုတ်ပါလား။

ထိုထဲ ရွှယ်ယင်၏ ကြောက်မက်ဖွယ် ခွန်အားပါ ထည့်ပေါင်းလိုက်သော အခါ ဓားပျံမှာ ကာကွယ်တားဆီးနိုင်သည့် အရာ မဟုတ်တော့ပေ။ အကယ်၍ ဝါးသူတော်စင် ခန္ဓာကိုယ်မှာ ထို့ထက် ပိုသန်မာနေလျှင်ပင် ကြေမွသွားမည် ဖြစ်သည်။

ဝါးသူတော်စင် ခန္ဓာကိုယ်က ပေါက်ကွဲထွက်သွားသည့်တိုင် အစိတ်အပိုင်းများမှာ ချက်ချင်း ပြန်လည် ပေါင်းစည်းလာခဲ့သည်။

ထိုအချင်းအရာကို မြင်လျှင် ရွှယ်ယင်က အေးစက်စက်ပြုံး၍…

“ပြန်ကောင်းချင်နေတာလား… ငါ ဘာလို့ မင်းကို ဒီလိုလုပ်ဖို့ အခွင့်အရေး ပေးရမှာလဲ…”

“ဝုန်း..ဝုန်း”

လတ်ရှိတွင် အနီရောင် ဝါးလုံးကို မည်သူမျှ မထိန်းချုပ်ထားတော့ပေ။ အဟန့်အတား မရှိတော့သောကြောင့် လောကကိုယ်ပွား ၉ယောက်တို့က အတားအဆီးမရှိ လှံများဖြင့် ဝါးသူတော်စင် ခန္ဓာကိုယ်အား ပြင်းပြင်းထန်ထန် ထိုးခွင်းပြီး အစိတ်အပိုင်းများ ပြန်မပေါင်းဆီးနိုင်အောင် တိုက်ခိုက်ကြသည်။

မည်မျှအားကောင်းသော ကျင့်ကြံသူ ဖြစ်ပါစေ ခန္ဓာကိုယ် ကြေမွပျက်စီးသွားပြီးနောက် ယခုလို အဆက်မပြတ် တိုက်ခိုက်ခံနေရလျှင် လုံးဝ ပြန်ကောင်းအောင် လုပ်နိုင်မည် မဟုတ်ပေ။ ရွှယ်ယင် သကဲ့သို့ အဆင့်မျိုး ရောက်နေသည့် ကျင့်ကြံသူများဆို ပိုဆိုးသည်။ သေးငယ်သော အမှားတစ်ခုပင် အဖြစ်ခံရမည် မဟုတ်ရာ ဝါးသူတော်စင် ပြန်ကောင်းလာဖို့ ဆိုသည်မှာ မဖြစ်နိုင်သလောက်ပင်။။

“တုန်ပို ရွှယ်ယင်… ငါ့အမှားကို ဝန်ခံပါတယ်… ငါ့ကို သနားပါ ကျေးဇူးပြုပြီး ငါ့ကို ခွင့်လွှတ်ပါ”

ဝါးသူတော်စင်က အရှုံးကို လက်မခံလိုသော်လည်း အသနားခံဖို့ ဝန်မလေးပေ။

သို့သော် ရွှယ်ယင်၏ အစစ်အမှန် ခန္ဓာကိုယ်က တိုက်ခိုက်ခြင်းကို လုံးဝ ရပ်တန့်ခြင်း မရှိသလို လောကကိုယ်ပွား (၉)ယောက်မှာလည်း အဆက်မပြတ် တိုက်ခိုက်နေသည်။

“ငါ နေကြယ်ဗဟိုကျောက်ကို ပြန်ပေးပါ့မယ်…” ဝါးသူတော်စင်က ကျယ်လောင်စွာ အော်ပြောခဲ့သည်။

ရွှယ်ယင်က အေးစက်သော‌ လေသံဖြင့်…

“တစ်ခုထဲလား… (၂)ခုလုံး ပြန်ပေးရင်တောင် သိပ်ကို နောက်ကျသွားခဲ့ပြီ”

ဓားပျံမှာ ဓားအိမ်ဆီသို့ တိတ်တဆိတ် ပြန်ဝင်ရောက်လာသည်။

“တုန်ပိုရွှယ်ယင် … အခြားသူတွေကို အနိုင်မကျင့်နဲ့” ဝါးသူတော်စင်က ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။

သူ အပြင်လောကသို့ သွားသည့် ခရီးများတွင် ကိုယ်ပွားကိုသာ အသုံးပြုခဲ့ခြင်း ဖြစ်သည်။ စံအိမ်၌ ကျန်နေခဲ့သည်မှာ သူ့အစစ်အမှန် ခန္ဓာကိုယ်ပင်။ သူက အစစ်အမှန် ခန္ဓာကိုယ်မှာ အပြင်လောကသို့ သွားရောက်နေသည့် ကိုယ်ပွားထက် ပိုလုံခြုံသည်ဟု ခံစားရသောကြောင့် နှစ်ပေါင်းများစွာ စုဆောင်းခဲ့သည့် မရေတွက်နိုင်အောင် များပြားသော ရတနာများကို သူ့အစစ်အမှန် ခန္ဓာကိုယ်တွင်သာ ထိန်းသိမ်းထား၏။ အကယ်၍ သူ့ အစစ်အမှန် ခန္ဓာကိုယ်သာ အသတ်ခံလိုက်ရပါက ထိုရတနာများ အားလုံးလည်း ဆုံးရှုံးသွားပေလိမ့်မည်။

ရွှယ်ယင်က နှစ်တစ်သောင်း ရေခဲမြစ်လို အေးစက်သော အပြုံးဖြင့်…

“အနိုင်ကျင့်တယ်တဲ့လား… အနိုင်ကျင့်တာ ဘာလဲဆိုတာ မင်း သိတယ်ပေါ့”

“မင်း… မင်း… အရမ်းလွန်နေပြီ”

“ငါ လွန်သွားတာလား… မင်းကို ဘယ်သူက ပျော့ညံ့ခိုင်းလို့လဲ” ရွှယ်ယင် စကားသံက ကောင်းကင်တစ်ခွင်လုံး ဟိန်းထွက်သွားသည်။

ဝါးသူတော်စင်မှာ သတိပင် လစ်သွားမတတ်။

သိပ်မကြာသေးခင်က ထိုစကားများကို ဘိုးဘေးကြီး ကြက်သွေးရင့်မီးလျှံအား သူ ပြောခဲ့ဖူးသည် မဟုတ်ပါလား။

End - 618

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon
Yangon