LUNALIGN

LUNALIGN

Share

Journey to Celestial Aligned Living, One Moon Phase At A Time! 🌙
Intentional Lifestyle . Lunar Living

29/05/2026

✨June Wagara Medicine✨

Uroko - Symbol of Protection & Transformation

နှစ်တစ်နှစ်ရဲ့ အလယ်မှတ် ဇွန်လကို ရောက်ရှိလို့လာပါပြီ။ Gemini ရာသီခွင်မှာ Sagittarius Full Moon နဲ့အတူရောက်လာတဲ့ ဒီ June လရဲ့ energy နဲ့ ကိုက်ညီစွာ ကိုယ့်ကို လမ်းပြပေးဖို့ရန်အတွက် Wagara medicine လေးကို Uroko လို့ခေါ်တဲ့ — ငါးအကြေးခွံပုံစံကို ကိုယ်စားပြုတဲ့ သင်္ကေတလေးကို ရွေးချယ်ထားပါတယ်။ 🔺 🐟 တြိဂံပုံစံလေးတွေ ထပ်ခါတလဲလဲ ချိတ်ဆက်ထားတဲ့ ဒီပုံစံဟာ ရှေးခေတ်ဂျပန်ယဉ်ကျေးမှုမှာ ကာကွယ်မှုနှင့် ပြောင်းလဲမှုကို ကိုယ်စားပြုပါတယ်။

အကြေးခွံတွေက ငါးလေးတွေရဲ့ကိုယ်ခန္ဓာကို ကာကွယ်ပေးနေသလို၊ ကျွန်မတို့ရဲ့ ဘဝမှာလည်း ကျွန်မတို့ကို ကာကွယ်ပေးနေတဲ့ boundaries တွေ၊ သင်ခန်းစာတွေ၊ အတွေ့အကြုံတွေ ရှိနေပါတယ်။ 🛡️ အထူးသဖြင့်ကိုယ့်ရဲ့energy/ energetic field ကို ကာကွယ်ကြဖို့ အရမ်းအရေးကြီးပါတယ်။ လူတိုင်း၊ အရာတိုင်းကို ဝင်ခွင့်ပေးဖို့၊ ကိုယ့်ကို access လုပ်ခွင့်ပေးဖို့ မလိုပါဘူး။ သူတို့ရဲ့ emotional အမှိုက်တွေကို social media က တစ်ဆင့်၊ စကားလုံး၊ အပြုအမှုတွေကနေတစ်ဆင့် ကိုယ့်အပေါ် လာပုံချမခံမိအောင် protect လုပ်တတ်ဖို့လိုပါတယ်။

နောက်ထပ် Uroko symbol လေးက ဖော်ပြနေတာက အဟောင်းကို စွန့်လွှတ်ပြီး အသစ်တစ်ခု ဖြစ်လာရဲခြင်းသဘော ဖြစ်ပါတယ်။ တစ်ခါတလေ ကျွန်မတို့ဟာ growth ဖြစ်လာပေမယ့် အရင်က ကိုယ်နဲ့ကိုက်ညီခဲ့တဲ့ အရာတွေကို မသိမသာဆက်လက်ဆုပ်ကိုင်ထားတတ်ပါတယ်။အရင်က မှန်ခဲ့တဲ့ အရာတစ်ခုဟာ ဒီနေ့အတွက် မှန်ချင်မှ မှန်နိုင်တော့မှာဖြစ်သလို အရင်က လိုအပ်ခဲ့တဲ့ လူတစ်ယောက်ဟာ အခုအတွက် လိုအပ်နေသေးတယ်လို့ မဆိုလိုပါဘူး။ အရင်က ဖြစ်ခဲ့တဲ့ ကိုယ့်ပုံစံဟာလည်း ယနေ့ရဲ့ ကိုယ့်ပုံစံ ဖြစ်နေဖို့ မလိုပါဘူး။

🦋 တိုးတက်မှုဟာ အမြဲတမ်း ပြောင်းလဲမှုနဲ့အတူ လာတတ်တာကြောင့် အပြောင်းအလဲကို ကြောက်ရွံ့မနေပါနဲ့။ မလိုအပ်တော့တဲ့ အတွေးများကို လွှတ်ချပေးပါ။ တစ်ခါတစ်ရံ အပေါ့ပါးဆုံးခရီးဟာ အများဆုံး စွန့်လွှတ်ရဲတဲ့သူတွေကသာ လျှောက်လှမ်းနိုင်တာပါ။ ဒီ Gemini-Sagittarius axis က ဒီလမ်းကို ရွေးချယ်ဖို့ အကောင်းဆုံး အချိန်လေး တစ်ခုပါပဲ။

ပြီးတော့ ဒီလလေးမှာ ဘာလေးပဲလုပ်လုပ် ကိုယ့်ရဲ့ သိမ်းသိမ်းထားမိတတ်တဲ့ playful၊ quirky ဖြစ်တဲ့ side လေးကို ပွဲထုတ်ပေးဖို့လည်း စမ်းကြည့်စေချင်ပါတယ်။ မထင်ထားတဲ့ ပျော်ရွှင်ပေါ့ပါးမှုလေးတွေကို ကြုံတွေ့ရမယ်လို့ ယုံကြည်ပါတယ်။

Note: Sagittarius ♐ full moon ကတော့ မေလအတွင်း ဒုတိယအကြိမ်ထပ်မံကျရောက်တဲ့ full moon လည်း ဖြစ်တာကြောင့် blue moon လို့လည်း ခေါ်ကြသလို လအတိ ပြည့်မယ့်အချိန်က မေလ ၃၁ ရက် မြန်မာစံတော်ချိန် ၁၅: ၁၅ ဖြစ်ပါတယ်။

Journey to Aligned Living, One Moon Phase at a Time! 🌙

Sat Nam,
LUNALIGN

15/05/2026

Moon Musing 🌙

New Moon in Ta**us - 17 May 2026, 02:31 am (Myanmar Standard Time)

“Root to Rise” ဆိုတဲ့စကားလုံးလေးက ဒီ New Moon in Ta**us အတွက် theme လေးပဲ ဖြစ်ပါတယ်။ 🌑🌿 အားမကောင်း ဩဇာမပြည့်ဝတဲ့ မြေကြီးပေါ်မှာ အပင်တစ်ခုဟာ ကြီးထွားရှင်သန်ဖို့ ခက်သလိုပဲ ကိုယ့်ကို အားမဖြစ်စေမယ့် အတွေးအခေါ်၊ ခံယူချက်၊ old patterns တွေက ကိုယ်ရှေ့လျှောက်ရမယ့် ခရီးအတွက် အညွန့်တက်ဖို့ နှောင့်နှေးနေစေမှာပါ။ Earth Sign ဖြစ်တဲ့ Ta**us မှာ ကျရောက်မယ့် ဒီ New Moon ဟာ ကိုယ့်ရဲ့ ဘဝခံယူချက်တွေက ဘယ်အပေါ် foundation ယူ အခြေခံထားလဲ နဲ့ ဘယ်အရာတွေကို အမြစ်တွယ်နေမိသလဲ ပြန်လည်ဆန်းစစ်ကြဖို့ သတိပေးနေပါတယ်။
ကိုယ့်အတွင်းထဲက လာတဲ့ ခိုင်မာတဲ့ ယုံကြည်မှု၊ self-worth တို့ကို မူတည်ပြီးပြီးသာ စစ်မှန်တဲ့ ပျော်ရွှင်မှု၊ လုံခြုံစိတ်ချမှုတို့ဆိုတာ ရနိုင်ပါတယ်။ သူများရဲ့ ကောင်းကောင်းဆိုးဆိုး လုပ်ဆောင်မှုပေါ်မူတည်ပြီးမှ ရလာမယ့်ကိုယ့်ရဲ့ အေးချမ်းမှု က ကြာရှည်တည်မြဲဖို့ မလွယ်ပါဘူး။ သူများကို ပေးထားမိတဲ့ attention တွေ၊ power တွေကို ကိုယ့်လက်ထဲ​ပြန်ယူထည့်ကြည့်ဖို့ ဒီအပတ်မှာ အကြံပြုချင်ပါတယ်။

New moon in Ta**us ဟာ အိပ်မက်တွေနဲ့ ပက်သတ်ပြီး လက်တွေ့ကျကျဆုံးဖြတ်ဖို့ အချိန်တစ်ခုလည်း ဖြစ်ပါတယ်။ Grounding မပါတဲ့ vision တစ်ခုဆိုတာ စိတ်ကူးသက်သက်ပဲ ဆိုတာ Ta**us က သတိပေးနေပါတယ်။ ဒီတစ်ပတ်တော့ စိတ်ကူးနေရုံပဲ မဟုတ်ဘဲ စိတ်ကူးတွေတကယ်အကောင်အထည်ပေါ်လာဖို့ အတိအကျချရေးပါ။ အစီအစဥ်ဆွဲပါ။ ပထမဆုံးခြေလှမ်းကို လှမ်းကြည့်ပါ။ ပြီးတော့ ဘယ်လိုအရာတွေကို ဒီ lunar cycle မှာ ကိုယ် call-in လုပ်ချင်နေမိသလဲ? အလောဘ၊ အဒေါသ၊ အမောဟ ဆိုတဲ့ ကောင်းမွန်တဲ့ရေသောက်မြစ်တွေအပေါ် အခြေခံတဲ့ new intention settings လေးတွေ၊ ငွေကြေး၊ တည်ငြိမ်မှု၊ a creative project၊ a new rhythm တို့ကို call-in လုပ်လို့ အကောင်းဆုံးအချိန် ဖြစ်ပါတယ်။

Journey to Aligned Living, One Moon Phase at a Time! 🌙

Sat Nam,
LUNALIGN

10/05/2026

ကျွန်မဘဝမှာ ယခုအချိန်အထိ ဖြတ်သန်းခဲ့ရတဲ့ ခရီးတစ်လျှောက်ကို ပြန်ကြည့်လိုက်ရင် မိခင်တစ်ယောက်ဖြစ်ရတာထက် spiritual ဖြစ်တဲ့အရာ၊ divine feminine အရည်အသွေးတွေကို ကျင့်သုံးရတဲ့နေရာ မရှိဘူးလို့ ယူဆမိပါတယ်။ မိခင်/မိဘ တစ်ယောက်ဖြစ်လာပြီးနောက်မှာ ကိုယ့်သားသမီးကို အကောင်းဆုံးပြုစုပျိုးထောင်နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မိမိရဲ့ inner child ကို ကုစားရတာကနေစလို့ မေတ္တာဂရုဏာတရား (unconditional love & compassion)၊ ယုံကြည်မှု (trust)၊ အနန္တသဘောတရားကို လက်ခံခြင်း (letting go & acceptance)၊ mindfulness၊ ကိုယ့်ကိုယ်ကို ပြန်လည်သုံးသပ်ခြင်း (self-reflection)၊ စိတ်ရှည်သည်းခံမှု (patience)၊boundary setting စသည်ဖြင့် အသုံးမချလိုက်ရတဲ့ spiritual concept နဲ့ feminine quality မရှိသလောက်ပဲဆိုတာ မိခင်တွေ တော်တော်များများ လက်ခံနားလည်ကြမယ် ထင်ပါတ​ယ်။

ဟိုးယခင်ကတော့ မိဘတော်တော်များများဟာ သားသမီးတွေကို အကြောက်တရား၊ စည်းကမ်း၊ ဆုပေးဒဏ်ပေးစနစ်၊ ထိန်းချုပ်မှု စသည့် အာဏာရှင်ဆန်တဲ့ parenting ပုံစံမျိုးနဲ့ အုပ်ထိန်းခဲ့ကြပါတယ်။ ယနေ့ခေတ်မှာတော့ self-awareness တွေ ပိုအားကြီးလာကြတဲ့အခါမှာ conscious parenting အဖြစ် မိဘများအနေနဲ့ မိမိကိုယ်ကို နည်းလည်ခြင်း၊ သတိအသိရှိခြင်းအားဖြင့် မိမိနဲ့ သားသမီးကြား ဆက်ဆံရေးကို ပိုမိုကောင်းမွန်အောင် မြှင့်တင်ပြီး မိမိရင်သွေးများကို ပြုစုပျိုးထောင်လာကြပါတယ်။ သားသမီးတွေကို ပြုပြင်ပုံသွင်းဖို့ ဆိုတာထက် မိဘဖြစ်သူတွေအနေနဲ့ သူတို့လေးတွေဆီက ပြန်လည်သင်ယူခြင်းဖြင့်လည်းကောင်း၊ သားသမီးတွေနဲ့ ဆက်ဆံရာမှာ mindful ဖြစ်တဲ့ ရွေးချယ်မှုတွေ ပြုလုပ်ခြင်းအားဖြင့် ရေရှည်မှာ အမှီအခိုကင်းသော၊ ပျော်ရွှင်သော ကလေးငယ်များအဖြစ် ကြီးပြင်းလာဖို့ အားပေးပံံ့ပိုးတဲ့ ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးကြဖို့ပဲ ဖြစ်ပါတယ်။

ကြီးကျယ်မြင့်မြတ်သော မိခင်ဘဝကို ပိုင်ဆိုင်ထားကြတဲ့ ကျွန်မကိုယ်တိုင်အပါအဝင် ကျွန်မရဲ့ မိခင်၊ မိသားစု၊ မိတ်ဆွေသူငယ်ချင်းများနဲ့အတူ ကမ္ဘာပေါ်ရှိ မိခင်များအားလုံး၊ မိခင်တစ်ဦး၏ အရည်အချင်းများကို ပိုင်ဆိုင်ထားကြသူများအားလုံးကို ဒီနေ့ကျရောက်တဲ့ မိခင်များနေ့မှာ celebrate လုပ်လိုက်ရပါတယ်။ 🍾

Journey to Aligned Living, One Moon Phase at a Time! 🌙

Sat Nam,
LUNALIGN

’sday

30/04/2026

✨May Wagara Medicine✨

Seigaiha - Symbol of Graceful Flow 🌊

နှစ်စကတည်းက တက်ကြွစွာ လှုက်ရှားအားထုတ်မှုတွေ၊ အရင်လတွေက ဆက်တိုက် အရှိန်တင်ခဲ့တဲ့ အချိန်တွေပြီးနောက်၊ Ta**us ရာသီခွင်မှာ Scorpio Full Moon နဲ့အတူရောက်လာတဲ့ ဒီ မေလရဲ့ energy တွေကိုတော့ သက်ပြင်းရှည်ကြီးတစ်ခုချလိုက်သလိုမျိုး ခံစားနေကြရမယ်ထင်ပါတယ်။

ဒီမေလအတွက် ကျွန်မတို့ကို လမ်းပြပေးဖို့ရွေးချယ်ထားတာလေးကတော့ Seigaiha လို့ခေါ်တဲ့ ရေလှိုင်းလေးများသဖွယ် အလွှာလိုက် တစ်ခုနဲ့တစ်ခုထပ်နေတဲ့ ဂျပန်ရိုးရာ ပင်လယ်လှိုင်းပုံ သင်္ကေတလေးပဲဖြစ်ပါတယ်။ ရာစုနှစ်များစွာကြာအောင် ဂျပန်နိုင်ငံရှိ sacred spaces တွေ၊ အဝတ်အစားတွေ နဲ့ ပရိဘောဂ အသုံးအဆောင်တွေမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့ကြပါတယ်။​

Seigaiha ဆိုတာ အပြာရောင်ပင်လယ်လှိုင်းများ လို့ အဓိပ္ပါယ်ရပါတယ်။ ဒီသင်္ကေတလေးဟာ ကြည့်လိုက်တာနဲ့ကို water element ရဲ့ wisdom တွေ၊ energy တွေကို ခံစားရတာပါ။ လှိုင်းလုံးလေးတွေရဲ့သဘောဟာ ဘယ်သူနဲ့မှ ယှဉ်ပြိုင်မနေပါဘူး။ သူ့သဘာဝနဲ့ကိုက်ညီစွာပဲ လှုပ်ရှားနေတတ်ပါတယ်။ ဒါပေမယ့် ကမ်းစပ်ကို တစ်ကြိမ်ပြီးတစ်ကြိမ် ပြန်လာရင်း မသိမသာနဲ့ ကျောက်ဆောင်များကိုတောင် ပုံပြောင်းစေနိုင်တဲ့အထိ တိုက်စားနိုင်တဲ့အင်အားလည်းရှိပါတယ်။

ဒီလအတွက် Seigaiha Wagara အရရော၊ Ta**us ရဲ့ energy ၊ လအစ Scorpio Full Moon ရဲ့ energy တွေပါ အကုန်ပေါင်းပြီး aligned living တစ်ခု ဖန်တီးချင်တယ် ဆိုရင်တော့ -

🌊 ဖြည်းဖြည်းလေး ပုံမှန်တိုးတက်မှုကို ယုံကြည်ပါ။ ဂရုတစိုက်နဲ့ ထပ်ခါတလဲလဲ consistent ဖြစ်ဖြစ် လုပ်တဲ့အရာတွေဟာ ရေရှည်အတွက် အကျိုးအရှိဆုံး ဖြစ်လာစေပါတယ်။ ဘာလုပ်လုပ် အလျင်လိုမှု (urgency) ကို မရွေးချယ်မိအောင် သတိထားပါ။
🌿 Drama တွေထက် တည်ငြိမ်မှု (Calm Life) ကို ရွေးချယ်ပါ။ စကားတွေ ရှုပ်တာ၊ ပစ္စည်းတွေအများကြီး ဝယ်တာ၊ အစားအသောက်အများကြီးကို မြန်မြန်စားသောက်တာ၊ လောလောနဲ့ လှုပ်ရှားတာတွေကို သိသိသာတာ လျှော့ချနှေးကွေးပစ်ကြည့်ပါ။
💰 ပြည့်စုံကြွယ်ဝမှု (abundance) ကို သဘာဝအတိုင်းပဲ လက်ခံပါ။ ကိုယ့်အတွက် ဖြစ်သင့်သောအရာတွေက အေးအေးဆေးဆေး သူ့အချိန်သူ ရောက်လာပါလိမ့်မယ်။
🕊 အတားအဆီးတွေကို စီးကျော်သွားပါ။ ရေလှိုင်းလုံးလေးတွေက ကျောက်ဆောင်တွေကို ကွေကွင်းစီးဖြတ်သွားကြသလိုပဲ အခက်အခဲအတားအဆီးတွေကို တစ်ခါတလေ တိုက်ရိုက်တိုက်ခိုက်ဖို့ မလိုပါဘူး။ Graceful Flow နဲ့ ဖြတ်ကျော်ကြည့်ပါ။

လဆန်း လဆုတ်လိုပဲ လှိုင်းလုံးလေးတွေဟာလည်း တချို့အချိန်မှာ လှိုင်းတက်လာမယ်။ တချို့အချိန်မှာ ပြန်ဆုတ်သွားမယ်။ နှစ်မျိုးလုံးဟာ သဘာဝရဲ့ စည်းချက်တစ်ခုပဲမို့ ဒီလမှာ အရှိန်လေး နည်းနည်းပြန်လျှော့ပါ။ ရလဒ်တွေကို အတင်းမလိုက်ပါနဲ့။ တစ်ခါတလေကျတော့ ဘဝမှာ အမြဲ lever နင်းပြီး အရှိန်တင်နေတာထက် တည်တည်ငြိမ်ငြိမ်နဲ့ မှန်မှန်လေး လုပ်နေဖို့ calm consistency ရှိတာက ကိုယ့်ကို ပိုဝေးတဲ့နေရာအထိ ခေါ်ဆောင်သွားနိုင်ပါတယ်။ ဘယ်အချိန်လှုပ်ရှားရမယ်၊ ဘယ်အချိန်နားရမယ် သိတဲ့သူမှာ စစ်မှန်တဲ့အင်အား (true power) ရှိပါတယ်။

2026 ရဲ့ ပဥ္စမမြောက် မေလလေးမှာ ခဏလေး သက်ပြင်းချ အနားယူ release လုပ်ရင်း နေ့တိုင်းတည်တည်ငြိမ်ငြိမ် ဆက်လက်စီးဆင်းနေဖို့ပဲ အာရုံစိုက်နိုင်ကြပါစေ။

Journey to Aligned Living, One Moon Phase at a Time! 🌙

Sat Nam,
LUNALIGN

30/03/2026

✨ April Wagara Medicine ✨

Yagasuri - Focus. Decide. Move Forward. 🎯

April အတွက် ကျွန်မတို့ကို လမ်းပြပေးနေတဲ့ Wagara Symbol လေးကတော့ Yagasuri လို့ခေါ်တဲ့ မြားပုံ pattern လေးတွေပဲ ဖြစ်ပါတယ်။

မြားတို့ရဲ့သဘောဟာ အမြဲ ရှေ့ကိုသာသွားပါတယ်။ သတ်မှတ်ထားတဲ့ လမ်းကြောင်း၊ ရည်မှန်းချက်ကို မပြောင်းလဲဘဲ ပစ်လွှတ်လိုက်တဲ့ အင်အား၊ စူးစိုက်မှု ပေါ်မူတည်ပြီး အဆုံးထိချက်တွေ ပြောင်းလဲသွားကြပါတယ်။ အခြား wagara သင်္ကေတလေးတွေလိုပဲ ဒီ Yagasuri pattern လေးဟာ ဂျပန်နိုင်ငံမှာ အဝတ်အထည်၊ အသုံးအဆောင်တွေမှာ နှစ်ခြိုက်စွာထည့်သွင်းဆွဲရေးပြီး အလေးအမြတ်ထားရတဲ့ သင်္ကေတလေးတစ်ခုပါ။ တစ်ကြိမ် ပစ်လွှတ်လိုက်တဲ့ မြားဟာ နောက်ပြန်မလှည့်တတ်တဲ့ အဓိပ္ပါယ်ကိုလည်း ကိုယ်စားပြုပါတယ်။

ဒါကြောင့် ပြက္ခထိန်နှစ် တစ်ခုရဲ့ 2nd quarter ကို ရောက်လာပြီဖြစ်ပြီး ရာသီစက်ဝန်းတစ်ခုရဲ့ ပြန်အစ၊ မြန်မာ့နှစ်သစ်ကူးတို့ ရှိတဲ့ Apirl လအတွက်

✨ အရှေ့ကို ရွေ့ဖို့
✨ ဆုံးဖြတ်ချက်တွေကို တိတိကျကျ ချမှတ်ဖို့
✨ ပြန်လှည့်မကြည့်တော့တဲ့ energy ကို tune in လုပ်နိုင်ဖို့အတွက် Yagasuri ကို ရွေးချယ်ထားခြင်း ဖြစ်ပါတယ်။

Yagasuri energy လေးနဲ့ tune-in လုပ်နိုင်ဖို့ အတွက် -

➤ ဆုံးဖြတ်ပြီးရင် ပြန်မဆုတ်ပါနဲ့။
အချိန်ယူပြီး စဉ်းစားထားတဲ့ အရာတွေကို April မှာ အတည်ပြုဖို့အချိန်၊ အကောင်အထည်ဖော်ဖို့အချိန် ရောက်ပါပြီ။ ဘေးဘီဝဲယာ ဟိုဘက်လည်းကြည့်၊ ဒီဘက်လည်းကြည့်နေရင် energy နဲ့ အရှိန် ပျက်သွားတတ်ပါတယ်။

➤ တစ်ခုတည်းကိုပဲ Focus လုပ်ပါ။
မြားတစ်စင်းက တစ်ခုပဲ ပစ်နိုင်ပါတယ်။ ဒီလမှာတော့ multi-tasking ထက် single direction ကိုသာ အာရုံစူးစိုက် လုပ်တာမျိုး အလေ့အကျင့် ထားသင့်ပါတယ်။ ကျွန်မကိုယ်တိုင်လည်း အရင် က multi-tasking လုပ်နိုင်တာကို productivity နဲ့ တွဲမြင်ပြီး ဂုဏ်ယူခဲ့ဖူးပါတယ်။ ဒါပေမယ့် တကယ်တော့ အသိသတိရှိရှိ တစ်စိတ်တည်း ထားပြီး အလုပ်လုပ်တာက intentional living အတွက် ပိုကောင်းပါတယ်။

➤ Discipline = Freedom
စနစ်တကျ ပုံစံတကျ သွားနေတဲ့သူတွေဟာ အတွင်းစိတ်ထဲမှာ clarity ပိုရှိပြီး ရေရှည်မှာ လွတ်လပ်မှုကို ပိုရတတ်ပါတယ်။ ပုံမှန်ငွေစုသူ၊ ပုံမှန် စာဖတ်သူ၊ ပုံမှန် လေ့ကျင့်ခန်းလုပ်သူတွေက compound effect တွေရပြီး စိတ်လုံခြုံလွတ်လပ်မှု ရသလိုပါ။ Routine သေးသေးလေးတွေ၊ Habits အသေးလေးတွေက ကိုယ့်ကို ရှေ့ကို ဆွဲခေါ်ပေးနိုင်ပါတယ်။

➤ နောက်ပြန်မကြည့်တတ်တော့တဲ့ သတ္တိကို တည်ဆောက်ပါ။
အတိတ်ကို ခဏခဏ ပြန်သွားမကြည့်တော့တဲ့အချိန်မှ အနာဂတ်က ပိုမြန်မြန် ကျွန်မတို့ဆီကို ရောက်လာတတ်ပါတယ်။ ဒါမလွယ်ပါဘူး၊ လွှတ်ချရဲတဲ့ သတ္တိအကြီးကြီး လိုပါတယ်။​

Yagasuri Rituals လေးတွေ အနေနဲ့ -

⏩ မနက်တိုင်း — “Today I move forward with clarity.” လို့ affirmation ကို မှန်ထဲ​ ကိုယ့်ကိုယ်ကို ကြည့်ကာ ပြောပါ။
⏩ Daily To-do List ကို ၃ ခုထဲသာ ကန့်သတ်ပြီး အရေးကြီးဆုံးတွေကို အရင်လုပ်ပါ။
⏩ အတိတ်က အစိုင်အခဲတစ်ခုခုကို သတိထားပြီး release လုပ် လွှတ်ချပါ။
⏩ လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ Yoga အစရှိတဲ့ physical movement မျိုးနဲ့ forward motion energy ကို activate လုပ်ပါ။

တချို့အချိန်တွေမှာ “ဘာမှ မပြောင်းလဲပါဘူး” လို့ ထင်ရပေမယ့် တကယ်တော့ ကိုယ့်ဘဝဟာ တဖြည်းဖြည်း လမ်းမှန်ပေါ်ကို align ဖြစ်နေပြီးသားပါ။ April ကတော့ ကိုယ့်ကို Ready ဖြစ်ပြီ လို့ ပြောနေတဲ့လတစ်လ ဖြစ်တာကြောင့် မြားကို လွှတ်လိုက်တဲ့အချိန် ယုံကြည်ပြီးသာ လွှတ်လိုက်ပါ။ လမ်းကြောင်းက သူ့အလိုလို ကိုယ့်ကို ခေါ်ဆောင်သွားပါလိမ့်မယ်။

Journey to Aligned Living, One Moon Phase at a Time! 🌙

Sat Nam,
LUNALIGN

Want your business to be the top-listed Health & Beauty Business in Yangon?
Click here to claim your Sponsored Listing.

Category

Address


Yangon