THIT Engineering
Engineering Service
25/09/2024
မုန်ညင်းဆီ (Mustard Oil)
*************************
မုန်ညင်းဆီကို မုန်ညင်းစေ့မှ ထုတ်ယူရရှိပါသည်။ မုန်ညင်းဆီ ကို အချို့သော နိုင်ငံများတွင် ယဉ်ကျေးမှုအရ ဟင်းချက်ဆီ အဖြစ် အသုံးပြုကြသော်လည်း မုန်ညင်းဆီတွင် (erucic acid) ပါဝင်မှုများသောကြောင့် ရောင်းချခြင်း ကို ကန့်ကွက်ပြီး ဟင်းချက်ဆီအဖြစ်အသုံးပြုခြင်း သိပ်မရှိကြပါ။
မုန်ညင်းဆီ (Mustard Oil) သည် စျေးကွက်တွင် ဟင်းချက်ဆီအဖြစ် ရောင်းချသော ပန်းမုန်ညင်းဆီ (Canola oil ) နှင့် အမျိုးအစားမတူညီပါ။
မုန်ညင်းဆီ (Mustard Oil) ထုတ်ယူရန် မုန်ညင်းစေ့အမျိုးအစားအမျိုးမျိုးရှိသည့်အတွက် (erucic acid) ပမဏ ပါဝင်မှုနည်းသော မုန်ညင်းစေ့မျိုး ကို ရွေးချယ်ပြီး စိုက်ပျိုးထုတ်လုပ်ကြပါသည်။
မုန်ညင်းစေ့တွင် ဆီပါဝင်မှု ရာခိုင်နှုန်းသည် ၃၀ ရာခိုင်နှုန်းခန့် (30%) ပါဝင်ပါသည်။ မုန်ညင်းနက် (Brassica nigra)၊ မုန်ညင်းညို (B.juncea) နှင့် မုန်ညင်းဖြူ (B. alba) တို့မှ ထုတ်လုပ်နိုင်ပါသည်။
မုန်ညင်းဆီတွင် မပြည့်ဝဆီများဖြစ်ကြသော 60% monounsaturated fatty acids ၆၀ ရာခိုင်နှုန်း (42% erucic acid and 12% oleic acid) နှင့် 21% polyunsaturated fats ၂၁ ရာခိုင်နှုန်း (6% the omega-3 alpha-linolenic acid and 15% the omega-6 linoleic acid) တို့ပါဝင်ပါသည်။
ထို့ပြင် ( 12% saturated fats ) ပြည့်ဝဆီ ၁၂ ရာခိုင်နှုန်းသာ ပါဝင်ပါသည်။
သုတေသနပြုချက်များအရ မုန်ညင်းဆီကို အသုံးပြု၍ ပြုလုပ်သော Microemulsion cream ခရမ် များတွင် E coli. ဘတ်တီးရီးယား ကို ထိရောက်စွာ တိုက်ဖျက်နှိမ်နင်းနိုင်သည့် effective antibacterial agents အဖြစ် အသုံးပြုနိုင်သည်ကို တွေ့ရှိရပါသည်။
မုန်ညင်းဆီတွင် မလိုလားအပ်သော ဘက်တီးရီးယားများနှင့် အခြားသော အဏုဇီဝပိုးမွှားများ ကြီးထွားမှုကို ဟန့်တားပေးသည့် Glucosinolate ပါဝင်ပါသည်။ မုန်ညင်းဆီတွင် ပြင်းထန်သော မှိုသတ်နိုင်သည့် အရည်အသွေးများရှိသောကြောင့် မှိုပိုးဝင်ခြင်းနှင့် အရေပြားယားယံခြင်းများကို ကုသပေးနိုင်ပါသည်။ မုန်ညင်းဆီတွင် allyl isothiocyanate ဟုခေါ်သော ဓာတ်ပါဝင်ခြင်းကြောင့် ဖြစ်ပါသည်။ allyl isothiocyanate သည် ညှော်နံ့ကဲ့သို့သော အနံ့စူးစူးတစ်မျိုးကိုလည်း ပေးပါသည်။
မုန်ညင်းဆီကို အသုံးပြု၍ ခန္ဓာကိုယ်ကို နှိပ်နယ်ခြင်းသည် ခန္ဓာကိုယ် အစိတ်အပိုင်းများဆီသို့ သွေးစီးဆင်းမှုကို ကောင်းမွန်စေပါသည်။ မွေးကင်းစ ကလေးငယ်များကို မုန်ညင်းဆီဖြင့် လိမ်းကျံ နှိပ်နယ်ပေးခြင်းကို နိုင်ငံအများအပြားတွင် အလွန်အသုံးပြုကြပါသည်။
မုန်ညင်းဆီတွင် B-complex vitamins ဗီတာမင် အများအပြားပါဝင်ပါသည်။ မုန်ညင်းဆီသည် အရေပြားကျန်းမာရေးနှင့် သွားနှင့် ခံတွင်းကျန်းမာရေး အတွက်လည်း အသုံးဝင်ပါသည်။
ဒူးနာ၊ ခါးနာခြင်းများ နှင့် ခြေထောက်ဖောရောင်ခြင်း စသည့် အဆစ်အမြစ် နာကျင်ရောင်ရမ်းခြင်းများအတွက်လည်း မုန်ညင်းဆီ ကို လိမ်းပေးခြင်းဖြင့် သက်သာစေနိုင်ပါသည်။
credit: internet photo
#ဆီအကြောင်းပြောကြမယ်
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
U Ba Oo Street, Quarter 2, Mayangone Township
Yangon