ZMH Motor Control Drawing

ZMH Motor Control Drawing

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ZMH Motor Control Drawing, Business service, Yangon.

05/06/2020

Home wiring အတွက် CB drawing ပုံလေးဆွဲ ပေးပါ ဆို သူများ အတွက်
******************************************************************
သာမန် 10/ 30 မီတာ သုံးတဲ့ အိမ်တွေ အတွက်ပါ ။
Breaker တခုရဲ့ Size ကို သိချင်ရင် သုံးတဲ့ watts ကို 200 နဲ့စားလိုက်ပါ ။ ရတာရဲ့ အနီးစပ်ဆုံး breaker size ကိုယူလိုက်ပါ။ ဥပမာ မီးဖို တလုံးက maximum 2000 watts ဆိုပါစို့။ အဲဒါ ကို ၂၀၀ နဲ့ စားရင် ၁၀ ရမယ် ။ အနီးစပ်ဆုံး 16 Amp breaker တပ်ရင် ရပါတယ်။ Breaker တွေ က amp ကပ်လို့လဲ စိတ်မပူပါနဲ့ ။ ကောင်းတဲ့ breaker တွေ က ဘာမှ မဖြစ်ပါဖူး။
Main CB ကိုတော့ မီတာက 30 ပဲ အများဆုံးဖြစ်တဲ့ အတွက် RCBO 32 သာ တပ်သင့်ပါတယ်။
မီတာမှာတော့ ရွယ်တူ သို့မဟုတ် ကြီးတဲ့ 32 or 40 Amp Breaker တပ်လို့ရပါတယ်။ အရမ်း အကြီးကြီး တပ်စရာမလိုပါဖူး။ Main cable ကတော့ 6 mm2 or 10 mm2 တပ်လို့ရပါတယ်။
Connection နေရာတွေ တော့ ကောင်းကောင်း ထိမိပါစေ။ ပြသနာတွေ ရဲ့ ၈၀% လောက်က Connection တွေ မမိတာက စဖြစ်တာပါ။ Screw တွေ ကျပ်တဲ့ အခါ သင့်တော်တဲ့ screw driver နဲ့ ထိထိမိမိ ကျပ်မိ ပါစေ။
နောက်ပြီး အိမ်တွေ မှာ သုံးရင် C curve ပဲ သုံးပါ ။ ကျန်တာတွေ မသုံးပါနဲ့။ အိမ်သုံးက General purpose ဖြစ်တဲ့ C curve တွေ က အသင့်တော်ဆုံးပါ ။
နောက်ဝါယာ ကြိုးတွေ က အစစ် အမှန် Size ပြည့်ရင် ဆို C-10 အတွက် 1.5 mm2 , power အတွက်ဆို C-16 အတွက် 2.5 mm2, C-20 အတွက် 4 mm2 double insulation ကိုသုံးသင့်ပါတယ် ။
ကြိုးတွေ ကမီတာ ၅၀ မကျော်ရင် Volt drop တွက်စရာမလိုပါ ။ဒါကြောင့်အိမ်တွေ မှာ Volt drop calculation တွက်တာတွေ မရှိပါ။
Earthing ကတော့ လုပ်နိုင်ရင်ကောင်းပါတယ် ။တော်တော်များများ က Erath တွေ မပါကျပါဖူး။ ဒါကြောင့်မို့ RCBO ကို ၂ ထပ်ခံတာ ပို safe ဖြစ် ပါတယ်။ လူတွေ အသက်ထက် တန်ဖိုးရှိတာ ဘာမှ မရှိပါဖူး။
လူတွေ အားလုံး သုံးတဲ့ တအိမ်လုံးတပ်တာမှ Breaker တွေ တန်ဖိုးက ဖုန်း အပေါ စား တလုံးစာလောက်တောင် မကျပါဖူး။
ကျေးဇူးတင်ပါတယ်။

Kyaw Oo
EI Engineering

မှတ်ချက်
Wire တွေ ကတော့ size ပြည့်တာတွေ အတွက် ပြောတာပါ ။ မပြည့်ဖူးထင်ရင်တော့ one size တိုးလိုက်ပေါ့။

Safety First

28/05/2020
Want your business to be the top-listed Business in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon