Kyauu Sitt

Kyauu Sitt

Share

- This author enjoy being unknown behind every each of relatable poems -

22/08/2023

မီးအိမ်ကို အသက်သွင်းလို့
ကဗျာစာအုပ်ကလေးဖြင့်
ခင်ဗျား ပြတင်းပေါက်နဘေးထိုင်ရစ်ခဲ့သည့် ညပေါ့။

အဲ့သည် ညမှာ မိုးအေးပြီး
မြောက်ပင်လယ်​၏ လှိုင်းသံတွေဆူတော့လည်း
အသည်းထဲ လှိုက်လို့ ဆွဲရစ်နေသေးရဲ့။

ထိုအချိန်ကိုနောက်ပြန်ရစ်လျှင်
ခင်ဗျားတစ်ဦးကိုသာ ရူးရူးမိုက်မိုက် ငေးမောလို့
မိုးနှင့်ပင်လယ် ဆုံစည်းခန်းအားမေ့ပြစ်ထားခဲ့သင့်တယ်။

|| 13.8.2023 ||
- KS

01/08/2023

"ခေါင်းစဉ်သည်လျှင် ခင်ဗျား"

နွယ်တွေကို
ငြိတယ်ခွင့်ပေးခဲ့မိတယ်။

နှင်းဆီဆူးတွေကိုလည်း
ပွေ့ဖက်ခဲ့ပါတယ်။

မုန်တိုင်းကိုဖြင့် လေညှင်းအလား
သတ်မှတ်ခဲ့သေးရဲ့။

ဒီလိုဘဲ နာစရာတွေဆို
နှစ်သက်ပေးမိတုန်း။

|| 7.6.2023 ||
- KS

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon