Kwee Htun Real Estate

Kwee Htun Real Estate

Share

Real Estate Agent

08/07/2025

🌻🌻🌻 ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့)
ဒီနေ့သည် ဗုဒ္ဓဘာသာဝင်တို့ အထွဋ်အမြတ်ထားရာနေ့တစ်နေ့ဖြစ်ပြီး “သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တချက်ပြာဋိဟာ” ဆိုစကားရှိခဲ့ပါတယ်။

အဓိပ္ပာယ်ကတော့ ဂေါတမမြတ်စွာဘုရားရှင်ဟာ ဝါဆိုလပြည့်နေ့မှာ တုသိတာနတ်ပြည်ကနေသက်ဆင်းပြီး လူ့ပြည်မှာ ပဋိသန္ဓေနေတော်မူခဲ့ခြင်း၊ ဝါဆိုလပြည့်နေ့မှာပဲ ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားဟာ တောထွက်တော်မူခဲ့ခြင်း၊ ဝါဆိုလပြည့်နေ့မှာပဲ ဘုရားရှင်ဟာ မိဂဒါဝုန်တောမှာ ပဉ္စဝဂ္ဂီ (၅) ဦးကို ဓမ္မစကြာတရားဦး ဟောတော်မူခဲ့ခြင်းနဲ့ ဝါဆိုလပြည့်နေ့မှာ ဂေါတမမြတ်စွာဘုရားဟာ သာဝတ္ထိပြည် သရက်ဖြူပင်ရင်းမှာ ရေအစုံ မီးအစုံ တန်ခိုးပြာဋိဟာကိုပြသတော်မူခြင်းတို့ပဲ ဖြစ်ပါတယ်။

ဝါဆိုလပြည့်နေ့ဟာ ဘုရားအဖြစ်ရောက်ရှိကြောင်းဝန်ခံတော်မူတဲ့နေ့၊ တရားရတနာ စတင်ပေါ်ပေါက်ရာနေ့၊ ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင်ကူးပြောင်းခွင့်ကြုံသောနေ့၊ သံဃာရတနာ စတင်ပေါ်ထွန်းတဲ့နေ့၊ ဧဟိ ဘိက္ခု ဆိုတဲ့ စကားကို စတင်ကြားရသောနေ့ ဆိုရင်လဲ မမှားပါဘူး။ ဓမ္မစကြာတရားဟောတော်မူတဲ့ “ဝါဆိုလပြည့်နေ့” ကို “ဓမ္မစကြာအခါတော်နေ့” လို့လဲ နိုင်ငံတော်အစိုးရက တရားဝင်သတ်မှတ်ထားပြီး ဘုရားရှင်ရဲ့ ဓမ္မစကြာတရားတော်ကို ပဉ္စဝဂ္ဂီ (၅) ဦးနဲ့ အတူ နတ်ဗြဟ္မာ (၁၈) ကုဋေတို့ နာယူကြတယ်လို့ ကျမ်းဂန်မှာ ဆိုထားပါတယ်။

သံဃာတော်များဟာ ဝါဆိုလပြည့်ကျော် (၁) ရက်နေ့ကစပြီး ဝါတွင်းသုံးလကာလပတ်လုံး ဝါဆိုဝါကပ်တဲ့အခါထူး အခါမြတ်လည်း ဖြစ်ပါတယ်။ ဓမ္မစကြာတရားခေါ် ဓမ္မစကြာသုတ္တန်ဟာ အလွန်ထူးမြတ်ပြီး ဘုရားအဖြစ်သို့ ရောက်တော်မူအပြီးမှာ ဦးဦးဖျားဖျားဟောကြားတော်မူတဲ့ တရားဒေသနာတော်ဖြစ်ပါတယ်။ ဓမ္မစကြာသုတ္တန်ကို ပိဋကတ်ကျမ်းဂန်များမှာတော့ ဓမ္မစက္က ပဝတ္တန သုတ္တန် လို့လည်း ခေါ်ဆိုထားပါတယ်။

ဒါကြောင့် ဗုဒ္ဓဘာသာဝင်တို့ဟာ ရှေးယခင်တည်းက စားနပ်ရိက္ခာအတွက် လယ်ယာလုပ်ငန်းကို ကြိုးစားလုပ်ကိုင်ရင်း တစစ်ဘက်ကလည်း ဝါဆိုလပြည့်နေ့မှာ ကျောင်းကန်ဘုရားများကိုသွားရောက်ပြီး ဝါဆိုပန်းများ ကပ်လှူခြင်း၊ ဓမ္မစကြာတရားတော်များကို ရွတ်ဖတ်သရဇ္ဈာယ်ခြင်းအပြင် ဝါတွင်းသုံးလမှာအခြားကာလများထက်ပိုပြီး အလှူဒါနများပြုခြင်း၊ သီလဆောက်တည်ခြင်းနဲ့ တရားဘာဝနာကျင့်ကြံအားထုတ်ခြင်း စတာတွေကို ပြုလုပ်လေ့ရှိကြပါတယ်။

ဘုရားရှင်သာသနာတော်တွင်းက ရဟန်းတို့ဟာ ဝါဆိုလပြည့်နေ့မှာ ဝါတွင်းသုံးလပတ်လုံး မိမိတို့ရဲ့ ကျောင်းအာရမ်အတွင်းမှ အရပ် တစ်ပါးသို့ ရွှေ့ပြောင်းသွားလာခြင်း မပြုပါ ဆိုတဲ့ ပဋိညာဉ်နဲ့ ဝါဆို ဝါကပ်မှုများကိုပြုကြရပါတယ်။ ရဟန်းတွေ ဝါတွင်းသုံးလပတ်လုံး ငြိမ်သက်စွာတရားအားထုတ်လျက်ရှိချိန်မှာ ဗုဒ္ဓဘာသာဝင်တို့ဟာ ရဟန်းတွေရဲ့ သိက္ခာပုဒ်တော်များကို ကြည်ညိုပြီး လပြည့်လကွယ်နေ့တွေရောက်တိုင်း သီတင်းသီလဆောက်တည်ကာ သူတော်ကောင်းတရားပွားများအားထုတ်ကြခြင်း၊ ကုသိုလ်ဒါနမှုများကို ပြုကြခြင်းတို့ကို ဝါကပ်တဲ့ရဟန်းတွေကို ချမ်းမြေ့စေရန် ထောက်ပံ့ကြပါတယ်။

ဓမ္မစကြာတရားတော်မှာ ရှေးဦးစွာ ဝဲယာအစွန်း နှစ်ပါးကို ရှောင်ကြဉ်ဖို့ ဟောပြောထားပါတယ်။ ဝဲယာအစွန်းနှစ်ပါး ဆိုသည်မှာတော့ ကာမသုခလ္လိကာနုယောဂ ဆိုတဲ့ ကာမဂုဏ်ချမ်းသာတို့ကို ခံစားပျော်ပါးခြင်း၊ အတ္တကိလမထာနုယောဂ ဟူတဲ့ မိမိကိုယ်ကို ဒုက္ခပေးကာ ကျင့်ကြံအားထုတ်ခြင်း တို့ကို ရှောင်ကြဉ်ပြီး နိဗ္ဗာန်ချမ်းသာ ရရှိရေးအတွက် “မဇ္ဈိမာပဋိပဒါ အလယ်လမ်းစဉ် ဖြစ်တဲ့ မဂ္ဂင်ရှစ်ပါး”ကို ကျင့်ကြံအားထုတ်ဖို့ ညွှန်ပြတော်မူထားတာပဲ ဖြစ်ပါတယ်။

မဂ္ဂင်ရှစ်ပါး ဆိုတာကတော့ သမ္မာ ဒိဋ္ဌိ – ကောင်းမြတ်စင်ကြယ်သော သိမြင်မှု၊ သမ္မာ သင်္ကပ္ပ – ကောင်းမြတ်စင်ကြယ်သော ကြံစည်မှု၊ သမ္မာ ဝါစာ – ကောင်းမြတ်စင်ကြယ်သော ဝစီကံမှု၊ သမ္မာ ကမ္မန္တ – ကောင်းမြတ်စင်ကြယ်သော ကာယကံမှု၊ သမ္မာ အာဇီ၀ – ကောင်းမြတ်စင်ကြယ်သော အသက်မွေးမှု၊ သမ္မာ ဝါယာမ – ကောင်းမြတ်စင်ကြယ်သော အားထုတ်မှု၊ သမ္မာ သတိ – ကောင်းမြတ်စင်ကြယ်သော အောက်မေ့မှု၊ သမ္မာ သမာဓိ – ကောင်းမြတ်စင်ကြယ်သော တည်ကြည်မှု တို့ပဲ ဖြစ်ပါတယ်။

ဒါ့အပြင် ဆင်းရဲအမှန်ဟူသော ဒုက္ခသစ္စာ၊ ဆင်းရဲဖြစ်ကြောင်းအမှန်ဟူသော သမုဒယသစ္စာ၊ ဆင်းရဲချုပ်ငြိမ်းရာအမှန်ဟူသော နိရောဓသစ္စာ၊ ဆင်းရဲချုပ်ငြိမ်းရာသို့ ရောက်ကြောင်းအမှန် ဆိုတဲ့ မဂ္ဂသစ္စာ သစ္စာလေးပါးကို ဟောတော်မူခဲ့ပါတယ်။

ရဟန်းရှင်လူတို့က သုံးလပတ်လုံး ဒါန၊ သီလ ၊ ဘာဝနာ အစရှိတဲ့ သူတော်ကောင်းတရားတွေကို ငြိမ်သက်စွာအားထုတ်ခြင်း အစပြုတဲ့ ဝါဆို လပြည့်နေ့များမှာ ဗုဒ္ဓဘာသာဝင်တို့ဟာ ဝါကပ်ခြင်းအမှုကို ပြုကြကုန်တဲ့ ရဟန်း သံဃာတို့ကို ပန်း၊ ဆီမီးတို့ဖြင့် ပူဇော်ကြပါတယ်။ ဝါဆို ဝါကပ်တာကို အစွဲပြုကာ ဝါဆိုပန်း၊ ဝါဆိုဖယောင်းတိုင် စတဲ့ ဝေါဟာရ အသုံးအနှုန်းတွေလည်း ပေါ်ပေါက်လာပါတယ်။

ရှေးက မြန်မာဘုရင်တွေလက်ထက်မှာ တစ်လကို ပွဲတော်တစ်မျိုးကျင်းပလေ့ရှိပြီး ဝါဆိုလမှာတော့ ပဉ္စင်းတော်ခံပွဲ ကျင်းပလေ့ရှိပါတယ်။ ပဉ္စင်းတော်ခံပွဲမှာ ရဟန်းအဖြစ်သို့ဝင်ခွင့်ရှိကာ ဝင်လိုသူ ရှင်လူရဟန်းလောင်းတို့ကို ရဟန်းဘောင်သို့အခမ်းအနားနှင့် သွတ်သွင်းချီးမြှင့်ပေးပြီး ဘုရင်မင်းတွေကိုယ်တိုင် အလေးအမြတ်ပြုကာ ကျင်းပခဲ့တဲ့ပွဲတော်လည်း ဖြစ်ပါတယ်။

Credit: ရိုးရာလေး

04/07/2025

မြေငှားစာချုပ်(ဂရန်) ဆိုင်ရာ သိကောင်းစရာ

မြို့/မြေမှဆောင်ရွက်ပေးသည်
မြေငှားစာချုပ်(ဂရန်) အသစ်ထုတ်ပေးခြင်း
မြေငှားစာချုပ်(ဂရန်)မိတ္တူထုတ်ပေးခြင်း
မြေငှားစာချုပ်(ဂရန်) သက်တမ်းတိုးပေးခြင်း
မြေငှားစာချုပ်(ဂရန်) ခွဲစိတ်ပေးခြင်း
အမည်ပေါက် ပြောင်းလဲပေးခြင်း

ဒီမြေတွေကိုဂရန်လျှောက်နိုင်သည်
လိုင်စင်မြေ
ပါမစ်မြေ(သို့)လိုင်စင်မိတ္တူ
စကွာတာမြေ

ဂရန်သစ်လျှောက်လျှင်ဘာတွေလိုလဲ
နိုင်ငံသားစီစစ်ရေးကတ်ပြား
ပါမစ်(သို့)လိုင်စင်မြေ
မှတ်ပုံတင်စာချုပ်စာတမ်းး(စကွာတာမြေ)
နောက်ဆုံးပေးဆောင်ထားသည့် မြေခွန် ပြေစာ(မူရင်း) တို့နှင့်အတူ
ဋ္ဌာနမှ သတ်မှတ်ပုံစံတွင် ဖြည့်စွက်လျှောက်ထားရမည်။

စီစစ်/လက်ခံခြင်း
အထောက်အထားမိတ္တူများကို မူရင်းနှင့် တိုက်ဆိုင်စီစစ်ပါသည်။
တင်ပြသည့်အထောက်အထားများနှင့် မြေစာရင်းရှိ အထောက်အထားများ တူညီမှန်ကန်မှုရှိပါက မြို့နယ်ထွေ/အုပ် ဦးစီး အုပ်ချုပ်ရေးမှုးရုံးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးများတွင် (၁၄) ရက်မတွင်း ကန့်ကွက်ရန် ရှိ/မရှိ ကြော်ငြာနိုင်ပါသည်။
အမည်ပေါက် မဟုတ်ပါက (၁၄)ရက်အတွင်း ကန့်ကွက်ရန်ရှိ/မရှိ ကြော်ငြာနိုင်သည်။

ဂရန်သစ်ထုတ်ပေးခြင်း
ကန့်ကွက်မှုတစုံတရာ မရှိပါက ဋ္ဌာနမှခွင့်ပြုပေးပြီး သတ်မှတ်ဝန်ဆောင်ခများ ပေးသွင်းရပါမည်။
ပါမစ်(သို့) လိုင်စင်မူရင်းကို ဋ္ဌာနသို့အပ်နှံရပါမည်။
ဋ္ဌာနမှုးနှင့် လျှောက်ထားသူတို့သည် နှစ်ဖက်သက်သေ(၁) ဦးစီဖြင့် မြေငှားစာချုပ်ပေါ်တွင်လက်မှတ်ရေးထိုး၍ မြေငှားစာချုပ်(ဂရန်) ထုတ်ပေးပါသည်။

ဒါတွေသင်လုပ်ရမည်
လျှောက်ထားသူသည် ရရှိသည့် မြေငှားစာချုပ်(ဂရန်)တွင် အခွန်ရုံးမှ မြန်မာနိုင်ငံတံဆိပ်ခေါင်းအခွန်ဥပဒေအရ သတ်မှတ်နှုန်းအတိုင်း အထူးကပ်တံဆိပ်ခေါင်း သွားရောက်ကပ်ရပါမည်။
မြေငှားစာချုပ်(ဂရန်) ထုတ်ပေးခံရသူအမည်ဖြင့် ၃လတစ်ကြိမ်၊ ၁နှစ် (၄)ကြိမ် စည်းကြပ်သောမြေငှားခ(မြေခွန်)ပေးဆောင်ရမည်။
သတ်မှတ်သက်တမ်းကာလ ကုန်ဆုံးသောအခါ ဂရန်စာချုပ်သက်တမ်းတိုးလျှောက်ထားရမည်။

မြေငှားစာချုပ်(ဂရန်)ပျောက်ဆုံး/ပျက်စီးလျှင်
မြေငှားဂရန်စာချုပ်မူရင်း ပျောက်ဆုံးလျှင်သော်လည်းကောင်း၊ ပျက်စီးလျှင် သော်လည်းကောင်း မြေငှားဂရန်စာချုပ်မိတ္တူ လျှောက်ထားနိုင်ပါသည်။
ထို့သို့ လျှောက်ထားလာပါက မူလအမည်ပေါက်ဖြင့်ပင် ​မြေငှားစာချုပ် (ဂရန်)မိတ္တူမှန် ထုတ်ပေးပါမည်။
နိုင်ငံသားစီစစ်ရေးကတ်ပြား
မြေငှားဂရန်စာချုပ်အမှန်တကယ် ပျောက်ဆုံးပျက်စီးကြောင်း တရားရုံးကျမ်းကျိမ်လွှာ
ပျောက်ဆုံးခြင်းကြောင့်ဖြစ်ပါက မြို့နယ်ထွေ/အုပ် ဦးစီး အုပ်ချုပ်ရေးမှုးရုံး ထောက်ခံချက်၊ ရဲစခန်းသို့တိုင်ကြားချက်
မှတ်ပုံတင်စာချုပ်စာတမ်း(သို့မဟုတ်)တရားရုံးစီရင်ချက်နှင့် ဒီဂရီအရလျှောက်ထားခြင်းဖြစ်လျှင် ယင်းအထောက်အထားများ
နောက်ဆုံးပေးဆောင်ထားသည့် မြေခွန်ပြေစာ(မူရင်း) တို့နှင့်အတူဋ္ဌာနမှ သတ်မှတ်ပုံစံတွင် ဖြည့်စွက်၍ လျှောက်ထားရမည်။

စီစစ်ထုတ်ပေးခြင်း
ဋ္ဌာနမှကွင်းဆင်းစစ်ဆေးခြင်း
မြို့နယ်ထွေ/အုပ် ဦးစီးဋ္ဌာန အုပ်ချုပ်ရေးမှုးရုံးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးများတွင် (၁၄)ရက်အတွင်း ကန့်ကွက်နိုင်ကြောင်းကြေငြာခြင်းနှင့် သတင်းစာများတွင်သီးခြားကြေငြာခြင်းတို့ကို ပြုလုပ်ပါသည်။
ကန့်ကွက်သူမရှိ၊ တရားရုံးအမှုအခင်းများ ကင်းရှင်းပြီး မြေပြင်တွင် ပြဿနာတစ်စုံတရာမရှိပါက ဂရန်သစ်ထုတ်ပေးစဉ်သကဲ့သို့ပင် သတ်မှတ်ဝန်ဆောင်ခပေးသွင်းစေပြီး မြေငှားဂရန်မိတ္တူ ထုတ်ပေးပါသည်။
မြေငှားဂရန်စာချုပ်အမှန်တကယ် ပျောက်ဆုံးပျက်စီးကြောင်း တရားရုံးကျမ်းကျိမ်လွှာ
ဂရန်မိတ္တူ တွင် အခွန်တံဆိပ်ခေါင်းကပ်ရန် မလိုပါ။

မြေငှားစာချုပ်(ဂရန်)သက်တမ်းတိုးခြင်း
သတ်မှတ်သက်တမ်းကာလ ကုန်ဆုံးသောအခါ သက်တမ်းတိုးလျှောက်ထားရမည်။
အမည်ပေါက်သူ၊ မှတ်ပုံတင်စာချုပ် အဆင့်ဆင့်ဖြင့်နောက်ဆုံးပိုင်ဆိုင်သူ၊ ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ တရားရုံးစီရင်ချက်နှင့် ဒီဂရီရထားသူကသာ လျှောက်ထားနိုင်သည်။
ဋ္ဌာနမှ သတ်မှတ်ပုံစံနှင့်အတူ နိုင်ငံသားစီစစ်ရေးကတ်ပြား၊ သက်တမ်းကုန်ဂရန်နှင့် အမည်ပေါက်ပိုင်သူမဟုတ်ပါက ပိုင်ဆိုင်မှုစာချုပ်စာတမ်း(သို့) တရားရုံးစီရင်ချက် ဒီဂရီနှင့် နောက်ဆုံးပေးဆောင်ထားသည့် မြေခွန်ပြေစာမူရင်း တို့ဖြင့်လျှောက်ထားရမည်။
သက်တမ်းကုန်ဆုံးသောအခါ ဂရန်အားပြန်လည်အပ်နှံရမည်ဖြစ်ပြီး ဂရန်ပျောက်ဆုံးနေပါက သတ်မှတ်ဒဏ်ကြေးငွေ ပေးဆောင်ရမည်။

မြေငှားဂရန်စာချုပ် ခွဲစိတ်​ပေးခြင်း
သက်တမ်းရှိမြေငှားစာချုပ်ကို ဂရန်ခွဲအဖြစ်ထုတ်ပေးနိုင်ပါသည်။
ဋ္ဌာနမှ သတ်မှတ်ပုံစံနှင့်အတူ နိုင်ငံသားစီစစ်ရေးကတ်ပြား၊ ပိုင်ဆိုင်မှုအထောက်အထားများနှင့်အတူ ဋ္ဌာနမှ ခွင့်ပြုထုတ်ပေးထားသည့် မြေကွက်ခွဲ အတည်ပြုပုံစံနှင့်မြေကွက် ခွဲစိတ်တိုင်းတာသည့်မြေပုံများတင်ပြရမည်။
အမည်ပေါက်ကိုယ်တိုင်မှ လျှောက်ထားလျှင် သတင်းစာကြေငြာခြင်းပြုဘဲ အမည်ပေါက်သူမှလျှောက်ထားခြင်းမဟုတ်ပါက သတင်းစာတွင်(၁၄)ရက်အချိန်ပေး ကြေငြာပါသည်။
ကန့်ကွက်သူမရှိပါက သတ်မှတ်ဝန်ဆောင်ခပေးသွင်းစေပြီး မြေကွက်အမှတ်အသစ်ဖြင့် ဂရန်ခွဲထုတ်ပေးပြီး မူလမြေငှားစာချုပ်အား ပြန်လည်သိမ်းယူမည်။
မူလမြေငှားစာချုပ်(ဂရန်)၏ အစိတ်အပိုင်းကိုသာ ဂရန်ခွဲထုတ်ခြင်းဖြစ်ပါက ထို့သို့ဂရန်ခွဲထုတ်ကြောင်းကို မူလစာချုပ်ပေါ်တွင် ရေးမှတ်ပေးပါသည်။
ဂရန်ခွဲထုတ်ပေးသူအမည်ဖြင့် မြေခွန်စည်းကြပ်နိုင်ရေး ဆောင်ရွက်ပါသည်။

အမည်ပေါက်ပြောင်းလဲပေးခြင်း
မြေပိုင်မြေ၊ မစိုက်ပျိုးသော ဘိုးဘွားပိုင်မြေ၊ ဂရန်ရှိမြေပိုင်မြေနှင့် သက်တမ်းရှိသော မြေငှားဂရန်မြေတို့ကို မြေအမည်ပေါက် ပြောင်းလဲမှတ်သားပေးပါသည်။
ဋ္ဌာနမှ သတ်မှတ်ပုံစံနှင့်အတူ နိုင်ငံသားစီစစ်ရေးကတ်ပြား၊ မြေပိုင်မြေဖြစ်ပါက အမည်ပေါက်စာချုပ်၊ ဂရန်မြေဖြစ်ပါက မြေငှားဂရန်၊ နောက်ဆုံးပေးဆောင်ထားသည့် မြေခွန်ပြေစာ၊ စာချုပ်အဆက်ဆက်ဖြင့် ပိုင်ဆိုင်သူဖြစ်ပါက မြေငှားဂရန်၊ နောက်ဆုံးပေးဆောင်ထားသည့် မြေခွန်ပြေစာ၊ စာချုပ်အဆက်ဆက်ဖြင့် ပိုင်ဆိုင်သူဖြစ်ပါက စာချုပ်သက်တမ်း၊ တရားရုံးအမိန့်ရရှိထားသူဖြစ်ပါက ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ စီရင်ချက်နှင့် အမိန့်ဒီဂရီများနှင့် လျှောက်ထားရမည်။
ဂရန်သစ်လျှောက်ထားစဉ်သကဲ့သို့ပင် စီစစ်ပြီး ကန့်ကွက်သူမရှိပါက သတ်မှတ်ဝန်ဆောင်ခပေးသွင်းစေပြီး စာချုပ်မူရင်း (သို့မဟုတ်)မြေငှားဂရန်မူရင်းတွင် အမည်ပြောင်းလဲခြင်းမှတ်တမ်းရေးဖြည့်၍ ပြည်လည်ထုတ်ပေးမည်။
ဂရန်မြေဖြစ်ပါက အမည်ပြောင်း၍ မြေခွန်စည်းကြပ်နိုင်ရေး ဆက်လက်ဆောင်ရွက်ပါသည်။


Credit to: YCDC (ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ)

Photos from Kwee Htun Real Estate 's post 20/04/2025

#​ရောင်းမည်
#​တောင်ဒဂုံ

​သိန်း၁၈၀၀ (ညှိနှိုင်း)

တောင်ဒဂုံ ၁၄၀ ရပ်ကွက်
✅အမှတ် ၂၅၃၉ ဇောတိကလမ်းမ
✅အမှတ်၂ လမ်းမကြီးဒဲ့ဆင်း၊ သိန်းတရာလမ်းအတိုင်း ၁၄၀​စျေး က​နေတည့်တည့်
✅​ပေ 40x60 ​ဒေါင့်ကွက်
✅မူရင်းပါမစ်
✅အိုးအိမ်စစ်​ဆေးပြီး
✅အုတ်တံတိုင်း၄ဘက်ကာပြီး
✅ခြံထဲ​မြေဖို့ပြီး
✅ခြံ​ရှေ့ခြံ​​ဘေး​ရေ​မြောင်းလုပ်ပြီး

☎️ 09956606541

02/10/2024

#အိမ်ငှားရန်ရှိ
#မြောက်ဒဂုံမြို့နယ်
#၃၈ ရပ်ကွက်
#ပြည်ထောင်စု ကျောကပ်လမ်း
# ၂ ထပ်အိမ်၊ ရေ၊မီးအစုံ
# ပေ ၄၀*၆၀
# အငှား တလ ၄ သိန်း( စပေါ် တလစာ)
# ၃ လချုပ် ၊ ၆ လချုပ်
ဆက်သွယ်ရန် အကျိုးဆောင်
Phone and Viber
09956606541

Want your business to be the top-listed Realtor/realty Service in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Dagon Myo Thit
Yangon