Continuous Success Resources Consultant Group

Continuous Success Resources Consultant Group

Share

Business Consultant Agency

18/09/2020

#အချိန်​ကောင်းတစ်ခုပါ....

#မိရိုးဖလာစီးပွား​ရေးအဖွဲ့အစည်းများတွင်...

မိရိုးဖလာစီးပွား​ရေးလုပ်ငန်း​​​မှအောင်မြင်လာသည့်စီးပွား​ရေးအဖွဲ့အစည်းများတွင်...

#လူအ​ပေါ်မှီခိုအားထားကြခြင်း။
မိရိုးဖလာစီးပွား​ရေးအဖွဲ့အစည်းတွင်လူယုံများရှိကြပါသည်။၄င်းလူယုံများသည်၊သူ​ဌေးကိုယ်စား​စေခိုင်းသူများဖြစ်ကြသည်။

မန်​​နေဂျာလားဆိုရင်လည်းမဟုတ်​ပေ။

ရာထူးတာဝန်အားဖြစ် "ငယ်​" သောလည်း၊လုပ်ပိုင်ခွင့်မှာများကြသည်။

ထိုသူများသည် တစ်ချို့အဖွဲ့အစည်းများတွင်ပိုင်ရှင်သူ​ဌေး၏အမျိုးအ​ဆွေများဖြစ်ကြသည်။

အချို့အဖွဲ့အစည်းတွင် နှစ်သက်ကြာ ဝန်ထမ်းကြီးများဖြစ်ကြသည်။

တစ်ခါတစ်ရံတွင် သူ​ဌေးကိုယ်တိုင်ပါဝင်ဦးစီးကြသည်။

သူ​ဌေး (သို့) လူယုံများမရှိရင်၊ အလုပ်မဖြစ်​တော့​ပေ။အမြဲသူတို့ပါဝင်မှလုပ်ငန်းမှာလည်ပတ်​နေ​တော့သည်။

မိရိုးဖလာစီးပွား​ရေးလုပ်အဖွဲ့အစည်းတွင် "လူပေါ်မှီခိုအားထားကြ​လေသည်"။

#စု​ပေါင်းလုပ်ကိုင်၊စု​ပေါင်းတာဝန်ယူကြသည်။
အလုပ်အားလုံးသည်၊အားလုံးနှင့်ဆိုင်သည်။

တစ်ခုခုအမှားအယွင်းဖြစ်ပါက၊လုပ်ငန်းတစ်ခုလုံးကသူများမ​နေရ​တော့။အားလုံးအဆူခံရ​​​လေတော့သည်။

အားလုံးမှာတာဝန်ရှိ​သောအခါ၊အားလုံးတွင်တာဝန်မရှိသလိုဖြစ်လာသည်။

တစ်ခုခုဖြစ်ပါက ဟိုလူ့လွဲချ၊ဒီလူ့လွဲချဖြစ်ကြကုန်သည်။

#တစ်ဦးချင်းတာဝန်သတ်မှတ်ချက်မရှိခြင်း။
တစ်ဦးချင်းတာဝန်သတ်မှတ်ချက်၊သတ်သတ်မှတ်မှတ်မရှိ​ကြပေ။

ကိုယ့်နှင့်သင့်​ရာ (သို့) ကိုယ့်ခိုင်းလို့ရ​သောသူ (သို့) ကိုယ့်ခိုင်းရတာစိတ်တိုင်းကျသူများကိုသာအလုပ်များဖိခိုင်း​တော့သည်။

ထိုသူများမှာလည်း အလုပ်များပိလာပြီး၊ဟိုဟာမပြီး၊ဒီဟာမပြီးဖြစ်တက်ကြသည်။

သို့​သော်...
တစ်ခုခုဖြစ်လာပါကသူ့တွင်တာဝန်မရှိ။ခိုင်းသူတွင်သာတာဝန်ရှိသလိုဖြစ်လာသည်။

အလုပ်​ပေါ့သူများ၊​ပေါ့ပြီး၊အလုပ်များသူများမှာများကြ​လေသည်။

#ဆုံးဖြတ်ချက်များသည်အ​ပေါ်မှလာသည်။
မိရိုးဖလာအဖွဲ့အစည်းများတွင်၊ခိုင်းတာကိုဘဲလုပ်ကြသည်။

မခိုင်းရင်မလုပ်​တော့​ပေ။မခိုင်းဘဲလုပ်လိုက်လို့မှားရင်အဆူခံရနိုင်သည်။

ခိုင်းတာလုပ်လိုက်တာကမှားလည်းအ​ပေါ်ကခိုင်းတာလုပ်တာလို့အ​ကြောင်းပြလိုက်ရုံသာရှိသည်။

ဒီ​တော့အမြဲတမ်းခိုင်း​နေရသည်။

အလုပ်တစ်ခုလုပ်တိုင်းဆုံးဖြတ်ချက်မှာအ​ပေါ်ကလာသည်။

အ​ပေါ်ကလာ​သောညွှန်ကြားချက်မလာဘဲမလုပ်​ကြတော့ပေ။

#အစီအစဉ်တကျမရှိခြင်း
အလုပ်လုပ်ရာတွင်၊အစီအစဥ်တကျမရှိကြ​ပေ။

စိတ်ကူးရှိရာချက်ခြင်းအ​ကောင်အထည်​ဖော်ကြသည်။

အဓိကမှာပြိုင်ဘက်ဘာလုပ်လဲ?
ပြိုင်ဘက်တစ်ခုခုလုပ်ရင်၊ပြန်တုံ့ပြန်တဲ့နည်းလမ်းကိုရှာကြသည်။

#အချက်အလက်အားနည်းခြင်း
မိရိုးဖလာအဖွဲ့အစည်းတွင်၊အချက်အလက်စု​​​စောင်းသိမ်းဆည်းတာအားနည်းကြသည်။ဦး​နှောက်ဖြစ်မှတ်ကြသည်။ခန့်မှန်း​ပြောဆိုကြ​လေသည်။

#ဝင်​ငွေ၊ထွက်​ငွေမှတ်တမ်းစာရင်းအားနည်းခြင်း
မိရိုးဖလာအဖွဲ့အစည်းများတွင်၊လစဥ်ဝင်​ငွေ၊အသုံးစရိတ်များ၊ရရန်ရှိ၊​ပေးရန်ရှိများကိုမှတ်တမ်းအားနည်းကြသည်။

အ​ကြွေးဆုံးများသည်။​ငွေ​ကြေးမလည်ပတ်တက်​ပေ။

ထို့အတူ ကုန်လက်ကျန်စာရင်းများလည်းမှတ်တမ်းအားနည်းသည်။

ဂို​ထောင်ထဲတွင်မ​ရောင်းရဘဲ၊ပျက်စီးဆုံးရှုံးမှု့များလည်းရှိတက်သည်။

#အရှုံးအမြတ်စာရင်းလစဥ်မသိရ
မိရိုးဖလာစီးပွား​ရေးအဖွဲ့အစည်းတွင် အရှုံးအမြတ်စာရင်းလစဥ်မသိရ​တက်​ပေ။

စီးပွား​ရေးလုပ်ကိုင်ရာတွင်ဆုံးဖြတ်ချက်​ပေးရာတွင်၊ခန့်မှန်းစိတ်ကူးနှင့်သာ​ပေး​နေရသည်။

ထို့​ကြောင့်အရင်းနှီး​ငွေမှာထပ်ထပ်ထည့်​နေရတာမျိုးကြုံရတက်သည်။

အခုအချိန်အလုပ်ပါးချိန်တွင်၊စနစ်တစ်ခု​ပေါ်အ​ခြေခံပြီးသွား​သောအဖွဲ့အစည်းမျိုးသွားရန်အချိန်​​ကောင်းပင်ဖြစ်ပါသည်။

မိတ်​ဆွေလုပ်ငန်းရှင်တစ်​ယောက်က​မေးသည်။
"စနစ်မရှိတာနဲ့စနစ်ရှိတာဘာကွာလဲ?မေးသည်"

"စနစ်မရှိ​တော့အရာရာကိုယ်ပါ​နေရတာ​ပေါ့"လို့ ကျွန်တော်ဖြေလိုက်ပါသည်။

လုပ်ငန်းရှင်များသည်အရာရာပါ​ဝင်နေရသည်။ညညအိပ်မ​ပျော်ဖြစ်ကြသည်။

အားလုံးသည်သူက "စမှစ​" ကြသည်။အချို့လုပ်ငန်းရှင်များသည်အရာရာကိုယ့်ပါရတာကြိုက်ကြ​လေသည်။

ဒီ့​တော့
လုပ်ငန်းက​"ခွာ" လို့မရ​တော့​ပေ။

လုပ်ငန်း​သေးချိန်မှန်ပင်မဲ့၊လုပ်ငန်းကြီးလာ​သောအခါဝန်ထမ်းများကိုတာဝန်ခွဲ​​ပေးရန်လိုအပ်ပါသည်။

သူ့တာဝန်ဖြစ်သူလုပ်ကိုင်​စေရန်​ဆောင်ရွက်သင့်သည်။လူမှန်​နေရာမှန်​တော့ဖြစ်ဖို့လိုအပ်ပါသည်။

လူအ​ပေါ်အ​ခြေခံတာထက်၊စနစ်​ပေါ်အ​ခြေခံတာကပိုပြီး​ကောင်းပါသည်။

စနစ်ကိုအ​ကောင်အထည်​ဖော်​သောသူများလည်း​ကောင်းဖို့လိုအပ်ပါသည်။

မိတ်ဆွေများယူဆချက်တစ်ခုခု Comment တွင်​ရေးခဲ့​ပေး​စေလိုပါသည်။ အယူမဆတူရင်​တော့ "Yes" လို့​ရေးခဲ့ပါ။

အခြားမိတ်​ဆွေလည်းသိ​စေချင်ပါက၊လွတ်လပ်စွာမျှ​ဝေနိုင်ပါသည်။

မိတ်​ဆွေများလုပ်ငန်းစနစ်တကျရှိကြပါ​စေ...

ကို​အောင်စည်လင်း
၁၈.၀၉..၂၀၂၀

Credit - ဆရာ Si Lin

Want your business to be the top-listed Business in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Room-4, Building (11), Mya Kan Thar Housing, Kamaryut Township
Yangon
11041

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:30
Thursday 09:00 - 17:00
Friday 09:00 - 17:00