Beauty Blogger May

Beauty Blogger May

Share

Personal blog

17/07/2025

မြေဝယ်မကျ ဆိုတာဒါမျိုး….

မြေဆိုရင် စလစ်၊ပါမစ်၊ဂရန်၊ဘိုးဘွားမြေ၊လယ်မြေ၊ရွာမြေ၊ဥယျာဉ်ခြံမြေ ဆိုပြီး မြေအမျိုးအစားများစွာရှိပါတယ်….

အဓိက အချက်က စာရွက်စာတမ်းခိုင်မာတဲ့မြေအမျိုးအစားကိုဝယ်ပါ…

နောင်တချိန် စျေးတက်လာတဲ့အခါ ကိုယ်ကိုင်ထားတဲ့မြေက အရှုပ်အရှင်းကင်း စျေးကောင်းရတဲ့အခါ ကိုယ့်အတွက်
အရင်းအနှီးတခုကို အားစိုက်စရာမလိုဘဲ အမြတ်တခုရလိုက်သလိုပါပဲ….

အိမ်ခြံမြေဈေးတက်စေတဲ့ အကြောင်းရင်း
(၂) ချက် အဓိကတွေ့ရတယ်။
နံပါတ် (၁)ငလျင်
နံပါတ် (၂)ရွှေဈေး

မန္တလေးငလျင်ရဲ့အကျိုးဆက်က လူတွေ မြေဝယ်ထားမှဆိုတဲ့အသိဝင်စေတယ်။ ရွှေဈေးတက်တဲ့အခါ ရွှေရောင်းပြီး မြေပြန်ပြောင်းထားကြပြန်တယ်။ ဒီ(၂)ချက်ကြောင့် မြေဝယ်လိုအားပြန်ကောင်းလာတယ်လို့ မြင်တယ်။

မြေမှာ ဝယ်လိုအား ၂ မျိုးတွေ့ရတယ်။

-နေမယ့်သူတွေရဲ့ ဝယ်လိုအားနဲ့
-ရင်းနှီးမြုပ်နှံသမားတွေရဲ့ ဝယ်လိုအား

သင်္ကြန်ပြီးကတည်းက ဒီဝယ်လိုအားနှစ်ခုစလုံးတက်လာတာတွေ့ရတယ်။

မြေဈေးနူန်းက ဖြည်းဖြည်းမှန်မှန် တောက်လျှောက်တက်နေတာဖြစ်တဲ့အတွက် မြေရောင်းပြီးသားလူက အဲဒီရောင်းခဲ့တဲ့နေရာကို ကိုယ်ရောင်းခဲ့တဲ့ဈေးနဲ့ ပြန်ဝယ်လို့ မရနိုင်တော့ဘူး။ အဲဒီအတွက် မြေတကွက်ရောင်းပြီးပြီဆိုတာနဲ့ ကိုယ်ရောင်းထားတဲ့ငွေရဲ့ အနည်းဆုံး သုံးပုံတပုံလောက်ကို တခြားနေရာမှာ ပြန်ပြီးရင်းနှီးမြုပ်နှံမှ ကိုယ်ရောင်းခဲ့တဲ့မြေနေရာရဲ့ ဈေးတက်သွားမှုကို Cover ဖြစ်မယ်။ မြေပြန်မဝယ်ဖြစ်ရင် မြေရောင်းတဲ့သူက အရှုံးပဲလို့ စီးပွားရေးသမားတွေက တွက်တယ်။

မြေမှာက အဝယ်မရှိလည်း ဈေးဆင်းရောင်းတဲ့သူ၊ဈေးလျော့ရောင်းတဲ့သူ နည်းတယ်။ ဒါကြောင့်မို့ မြေဈေးကျဖို့က ဝယ်လိုအား နှစ်နဲ့ချီပြီးလျော့ကျမှ မြေဈေးကျနိုင်တယ်။ ၂၀၂၄ မှာ မြေဈေးကွက်မှာ ရင်းနှီးမြုပ်နှံမှုလုပ်တဲ့သူတွေနည်းပြီး နေမယ့်သူတွေပဲ ဝယ်ကြတဲ့နှစ်ဖြစ်လို့ မြေဈေး သိပ်မတက်ခဲ့ဘူး။ ရွှေဈေးတောက်လျှောက်တက်ခဲ့လို့ မြေကို လာကြည့်ရုံကြည့်ပြီး ပြန်သွားကြတဲ့သူတွေ များတယ်။ ရင်းနှီးမြုပ်နှံသမားနည်းသွားတဲ့အတွက် မြေဈေးဆက်မတက်နိုင်ပဲ တန့်နေခဲ့တယ်။ အဲဒီအချိန်တုံးက လာဝယ်ကြပါပြောခဲ့ပေမယ့် ဝယ်တဲ့သူ အင်မတန်မှနည်းတယ်။

အခု ၂၀၂၅ သင်္ကြန်အပြီးမှာ နေမယ့်သူရော၊ ရင်းနှီးမြုပ်နှံသူရော Sector နှစ်ခုလုံး အဝယ်သွက်တဲ့အတွက် မြေဈေးက ၃၀% ကနေ ၅၀% ထိ တကျော့ထိုးတက်သွားခဲ့ပြီ။

ရင်းနှီးမြုပ်နှံမှုသဘောက အဝယ်များချိန်မှာ ရောင်းရမယ်။ အရောင်းများချိန်မှာ ဝယ်ရမယ်လို့ သီအိုရီသိကြလောက်ပေမယ့် အများစုကတော့ အဝယ်များချိန်မှာ ဝယ်ကြပြီး အရောင်းများချိန်မှာ ရောင်းကြတဲ့သူတွေ ပိုများတယ်ဆိုတာတွေ့ရတယ်။

ဘာအလုပ်ပဲ လုပ်တဲ့သူဖြစ်နေနေ မြေနဲ့တွဲမလုပ်တဲ့သူ ကျန်နေခဲ့မယ်လို့ပဲ သုံးသပ်မိတယ်။

01/11/2024

‼️အခွင့်အရေး Vs ရပိုင်ခွင့်

❌တကယ်တန်း ဒီ ၂ခုက ဆင်သလိုလိုနဲ့မတူပါဘူး။

✅အခွင့်အရေးကို ရပိုင်ခွင့်လိုသဘောထားပြီးသုံးမိရင် မိတ်ပျက်တတ်ပါတယ်။

ကိုယ်တိုင်အတွေ့အကြုံနဲ့ ဖတ်ခဲ့ဖူးတဲ့စာလေး
ပြန်လည်မျှဝေပါရစေ…..☺️

♦️ ကုမ္ပဏီတခုမှာ ဝန်ထမ်းတွေ အလုပ်နောက်ကျရင်
ဖြစ်စေ၊ မလာနိုင်ရင်ဖြစ်စေ ခွင့်တင်ရမယ်ဆိုတဲ့
စည်းမျဉ်း၊ စည်းကမ်းတွေရှိတယ်။

တခါတလေ နောက်ကျတာ၊ ပျက်ကွက်တာတွေကို သနားသဖြင့် ခွင့်လွှတ်ပေးထားတယ်။ အစတုန်းကတော့ ကုမ္ပဏီကို နားလည်မှုရှိတယ်၊ မိသားစုဆန်တယ်ဆိုပြီး ကျေးဇူးတွေတင်ကြတယ်။

ကြာလာတော့ သူတို့ဟာ နောက်ကျခွင့်၊ ပျက်ကွက်ခွင့်ရှိတယ်လို့မြင်လာပြီး အမြဲလိုလိုနောက်ကျတာတွေ၊ ပျက်ကွက်တာတွေ ဖြစ်လာကြတယ်။

နောက်ကျတာတွေ၊ ပျက်ကွက်တာတွေများလာလို့ HR က သတိပေးတာတွေ၊ ကုမ္ပဏီစည်းကမ်းအတိုင်း အရေးယူတာတွေ လုပ်တဲ့အခါကျတော့ အရင်ကပေးခဲ့တဲ့ အခွင့်အရေးတွေကို ကျေးဇူးတင်ရကောင်းမှန်းမသိတော့ဘဲ သူတို့ရဲ့ရပိုင်ခွင့်ကိုတောင် ချိုးဖောက်တယ်လို့ ပြန်မြင်လာကြတယ်။

တကယ်တော့ ကုမ္ပဏီဘက်ကပေးခဲ့တဲ့ အထူးအခွင့်အရေးကို သူတို့ရဲ့ရပိုင်ခွင့်ပဲလို့မြင်သွားကြတယ်။ တကယ်တော့ ဒါက ကိုယ့်ရဲ့ ရပိုင်ခွင့်မဟုတ်ဘူးဆိုတာ အစောကြီးကတည်းက စိတ်ထဲမှာ သိနေဖို့လိုတယ်။

🔔နောက်တစ်ခု

♦️သူငယ်ချင်းတစု အတူတူစုပေါင်းပြီးအဆောင်ငှါးနေကြတယ်။

စေတနာကောင်းတဲ့သူငယ်ချင်းက ထမင်း၊ဟင်း အမြဲတစေချက်ကျွေးရာကနေ အကြောင်းအမျိုးမျိုးကြောင့် ချက်မကျွေးဖြစ်တော့တဲ့အခါ အရင်ကချက်ကျွေးခဲ့ဖူးတဲ့ ကျေးဇူးတရားတွေကိုမေ့ပြီး ချက်မကျွေးတာကိုပဲ အပြစ်တစ်ခုလို မြင်လာကြတယ်။

အစတုန်းကတော့ ချက်ကျွေးတာကို ကျေးဇူးတင်တယ်။ အချိန်ကြာလာတော့ ချက်ပြုတ်ကျွေးတာကို သူကပဲ မဖြစ်မနေလုပ်ရမည့် တာဝန်တစ်ခုလိုမြင်လာကြတယ်။

သူငယ်ချင်းက စေတနာကောင်းလို့ ချက်ပြုတ်ကျွေးတဲ့ အခွင့်အရေးကို ကြာလာတော့ သူ့တို့ရဲ့ရပိုင်ခွင့်လို့ မြင်လာပြီး ချက်မကျွေးဖြစ်တာကိုပဲ အပြစ်လို့မြင်လာတယ်။ အခွင့်အရေးကို ရပိုင်ခွင့်လို့ထင်သွားတဲ့ သဘောဖြစ်တယ်။

♦️ကျွန်တော် အသိမိတ်ဆွေတွေ၊ သူငယ်ချင်းတွေ၊
ဝန်ထမ်းတွေကို ၁သိန်း၊ ၂သိန်းမှသည် ၁၀သိန်း၊ သိန်း ၂၀ ၊ သိန်း ၁၀၀ အောက်အထိ (အတိုးမဲ့) အကျိုးအမြတ် တကျပ်၊တပြားမှ မယူဘဲ ချေးပေးခဲ့ဖူးတယ်။ ယခု စာရေးနေတဲ့ အချိန်အထိ ချေးပေးခဲ့တယ်။

ထုံးစံအတိုင်း ချေးပေးတဲ့အချိန်တုန်းကတော့ ကုန်းဦးချမတတ် ကျေးဇူးတွေတင်ပြီး ကျေးဇူးရှင်ကြီးပေါ့။

အချိန်တန်လို့ဖြစ်စေ ၊ ကျွန်တော်လိုအပ်လို့ဖြစ်စေ ပြန်တောင်းတဲ့အခါ ချေးပေးခဲ့တဲ့ ကျေးဇူးကိုမှ
မထောက် ရန်သူသဖွယ်ဆက်ဆံခံရတာတွေ၊ သူတို့ဘဝကိုမှမထောက်ထားတဲ့ သူယုတ်မာလိုတွေအဖြစ် ဆက်ဆံခံရတယ်။ တချို့ကတော့ အဲ့လောက်မဆိုးပေမယ့် ပြန်တောင်းရင် အနည်းဆုံးတော့ ငြိုငြင်ခံရတာချည်းပဲ။

တကယ်တမ်းပြန်စဉ်းစားကြည့်ရင် သူတို့ခက်ခဲလို့ ကိုယ်က အကျိုးအမြတ်တပြားမှမယူခဲ့တာက ကိုယ်ပါ။ ဒါပေမယ့် နောက်ဆုံးကျတော့ လူယုတ်မာ၊ လူဆိုးဖြစ်ပြီး ငြိုငြင်ခံရတာလည်း ကိုယ်ပဲဖြစ်သွားတယ်။ယူခဲ့တုန်းက မျက်နှာ၊ ယူခဲ့တုန်းက စိတ်ဓာတ်နဲ့ တခြားစီ ဖြစ်နေတာကို တွေ့ရတယ်။

♦️ကြာလာတော့ လူက Psycho တောင်ဝင်လာတယ်။ ကျေးဇူးတွေတောင်မှ အတင်မခံချင်တော့ဘူး။ ပြီးရင် ကျေးစွတ်ခံရတော့မှာ ကြိုသိနေလို့😅

❌ပြီးတော့လူတွေကို သိပ်ပြီးတော့မကူညီပေးချင်တော့ဘူး။ မဖြစ်လို့ကူညီရမယ်ဆိုရင်လည်း ဘာမှပြန်ပြီးတော့ မမျှော်လင့်တော့ဘူး။

လူတွေရဲ့အကျင့်က အမြဲတမ်း ပေါပေါများများရနေပြီဆိုရင် အဲ့ဒါကို ကျေးဇူးတင်စရာလို့မထင်တော့ဘူး။

တခါတလေမှ ရခဲတဲ့အရာမျိုးလောက်ကိုပဲ ကျေးဇူးတွေတင်တတ်ကြတယ်။

🔰ဝန်ထမ်းနဲ့အလုပ်ရှင်ကြား
🔰သားသမီးနဲ့မိဘကြား
🔰ချစ်သူ သမီးရည်းစားကြား
🔰လင်မယားကြား
🔰ညီအကို၊မောင်နှမကြား
🔰ဆရာတပည့်ကြား
🔰မိတ်ဆွေသူငယ်ချင်းကြား
🔰အသင်းအဖွဲ့တွေကြား အစရှိတဲ့ ဘယ်ဆက်ဆံရေးမှာမဆို အခွင့်အရေးဆိုတာ ပေးသင့်သလောက်ပဲပေးရတယ်။

✅အမြဲတမ်းပေးတော့မယ်ဆိုရင်လည်း ကိုယ်ပေးနိုင်တဲ့ ပမာဏလောက်ပဲ ပေးသင့်ပါတယ်။

✅လိုတာထက်ပိုတဲ့ အခွင့်အရေးမျိုးပေးမိရင် ကြာလာတဲ့အခါ လူအများစုက သူတို့ရဲ့ နဂိုမူလရပိုင်ခွင့်လို့
ထင်သွားကြတယ်။

တချိန်ချိန်မှာ ကိုယ်က အခွင့်အရေးတွေ ဆက်မပေး
နိုင်တော့တဲ့အခါ ကိုယ့်လုပ်ပိုင်ခွင့်နဲ့ကိုယ်လုပ်တာတောင် သူတို့ရဲ့ရပိုင်ခွင့်ကို ချိုးဖောက်တယ်လို့ ထင်လာတတ်ကြပါတယ်။ ကိုယ်ကပဲ မှားနေတယ်လို့လည်း သူတို့က မြင်လာကြတယ်။

အချို့သောသူတွေရဲ့စရိုက်ကများပြားလွန်းတဲ့ ကျေးဇူးတင်စရာတွေထက် အနည်းငယ်သော အလိုမကျမှုလေးတွေကိုသာစိတ်ထဲမှာ အမြဲတမ်းမြင်နေတတ်တဲ့သဘောရှိပါတယ်။

ဒါကြောင့် တခုခုဆို အခွင့်အရေးတွေပေးဖို့ စဉ်းစားတိုင်းမှာ တချိန်ချိန်မှာ ဖြစ်လာနိုင်တဲ့ရလဒ်ကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုပါသေးတယ်။

မဟုတ်ရင် အဲ့ဒီစေတနာတွေဟာ နောက်ဆုံးမှာ စော်ကားစရာတခုအဖြစ်သာ ကျန်နေခဲ့ပါလိမ့်မယ်။

ကျွန်တော်ငယ်ငယ်က အမေအမြဲတမ်း ပြောပြဖူးသလိုမျိုးပေါ့။ “သားရေ လူတွေက ကျေးဇူးရှိမှ ကျေးစွတ်တတ်ကြတာတဲ့” လူတွေကို သတိထားပြီးမှ ကူညီတာတို့၊ အခွင့်အရေးပေးတာတို့ လုပ်ပါတဲ့။ ငယ်ငယ်တုန်းကတော့ သိပ်နားမလည်ခဲ့ဘူးပေါ့။

စကားတစ်ခုတောင်ရှိသေးတယ်။

✅"လူသားတွေ ကျေးဇူးကန်းတဲ့အခါ နတ်ဘုရားတွေတောင် ဘုရားပြန်တနေရတာမျိုး”တဲ့

Phyo Arkar
28 March 202

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon