Easy Learning English
Cambridge University မှ ထုတ်ဝေသောစာအုပ်များမှ ကိုးကားသည်။
about "I want you to"
17/08/2025
👨🏫I want you to ဆိုတာကတော့ ကျွန်တော်က ခင်များကို (ပြုလုပ်စေချင်/ပေးစေချင်) ဆိုတဲ့ ဆန္ဒရှိတာ / သူများကိ တောင်းဆိုချင်တဲ့ ဆန္ဒရှိတာကို ဖော်ပြပြောဆိုချင်တဲ့အခါမှာ အသုံးပြုကြပါတယ်။
Grammer သဘောတရားအရ စာကြောင်းတည်ဆောက်ပုံက ပုံမှန်အားဖြင့်...
Sub (ပြုလုပ်သူ) + want to (ချင်တဲ့ဆန္ဒထုတ်ဖော်ကချက်) + V1 (ကြိယာ) + Object(ပြုလုပ်ခြင်းခံရသူ) နဲ့တည်ဆောက်ကြပါတယ်။
I want you to တည်ဆောက်ပုံ You နေရာမှာ Third Parties များဖြစ်ကြသည့် Him/Her/it/them တို့နဲ့လည်း အစားထိုးအသုံးပြုနိုင်ပါသည်။ (သတိ--->>> him နေရာမှာ He, Her နေရာမှာ She, Them နေရာမှာ They တို့နဲ့ မှားယွင်းစွာ အသုံးပြုတက်သည်ကို သတိပြုပါ၊ လုံးဝအသုံးမပြုရပါ)။
ဉပမာစာကြောင်းများလေ့လာကြည့်ကြရအောင်....
I want to come to your party.
ကျွန်တော် ခင်ဗျားရဲ့ ပါတီပွဲကို လာချင်ပါတယ်။
I want you to come to my party.
ကျွန်တော် ခင်ဗျားကို ကျွန်တော့်ရဲ့ပါတီပွဲ ကို/သို့ လာစေချင်တယ်။
I want him to come to my party.
ကျွန်တော် သူ့ကို ကျွန်တော့်ရဲ့ပါတီပွဲ ကို/သို့ လာစေချင်တယ်။
I want her to come to my party.
ကျွန်တော် သူမကို ကျွန်တော့်ရဲ့ပါတီပွဲ ကို/သို့ လာစေချင်တယ်။
I want them to come to my party.
ကျွန်တော် သူတို့ကို ကျွန်တော့်ရဲ့ပါတီပွဲ ကို/သို့ လာစေချင်တယ်။
He is helping me with my job because I want it done by tomorrow. သူကျွန်တော့်ရဲ့ အလုပ်ကို ကူညီလုပ်ပေးနေပါတယ်၊ ဘာကြောင့်လဲဆိုတော့ ကျွန်တော် ထိုအလုပ်ကို မနက်ဖန် ပြီးမြောက်စေချင်တဲ့အတွက်ကြောင့်ပါ။ (ဘာသာပြန်လွယ်ကူစေရန် အဓိပ္ပာယ်မပျက်အောင်ပြန်ဆိုပေးထားသည်။
Q. What do you want to do this evening?
ခင်ဗျားဒီနေ့ညနေ ဘာလုပ်ချင်ပါသလဲ?
A. Well, I want to play with my friends.
ကောင်းပါပြီ, ကျွန်တော် ကျွန်တော့်သူငယ်ချင်းတွေနဲ့အတူကစားချင်ပါ တယ်။
#ပိုပြီးမှတ်မိသွားအောင်Videosဖိုင်များ နဲ့ နောက်ပို့စ်တွေမှာတင်ပေးပါမယ်။
12/07/2025
#ချစ်စရာကောင်းလိုက်တဲ့မိန်းကလေး! #လှလိုက်တဲ့မိန်းကလေး! #ယဉ်ကျေးလိုက်တဲ့မိန်းကလေး! လို့ အင်္ဂလိပ်လို ဘယ်လိုပြောရမလဲ?
Admin ရဲ့ အဖြေကို comment box မှာ ကြည့်ပေးပါ။
မိမိတို့ရဲ့ စိတ်ကူးလေးကိုလည်း comment မှာဖြေသွားပေးနော်။
ကိုယ့်အားကို အားကိုးပါ 💪💪💪
18/10/2023
အခြေခံသင်္ခန်းစာ English Grammar In Use မှ Present Simple အကြောင်း Am, is, are အသုံးပြုပုံ ကို လေ့လာလိုက်ကြရအောင် 🥰🥰🥰
Present Simple အကြောင်းအခြေခံသင်္ခန်းစာတွင် စတင်လေ့လာသူများအဖို့ နားလည်မှု တစ်စုတစ်ရာအခက်အခဲ ရှိခဲ့ပါက comment box နှင့် CB တွင် စာချန်ထားနိုင်ပါသည်။လွယ်ကူလေ့လာ အင်္ဂလိပ်စာion
လွယ်ကူလေ့လာ အင်္ဂလိပ်စာ am, is, are အသုံးပြုပုံ (Present Simple) English Grammar in use (အခြေခံအဆင့် Present Simple အကြောင်းသင်္ခန်းစာတွင် am, is, are အသုံးပြုပုံ ကို လေ့လာနိုင်ပါပြီ ။
Click here to claim your Sponsored Listing.
Category
Website
Address
Yangon
11012