Unil Opal Myanmar

Unil Opal Myanmar

Share

Unil Opal products are sold in many different languages depending on their destination.

24/01/2021

🔵အများဆုံး Kilo 15000 အထိပေးထားတာကြောင့် သာမာန်အင်ဂျင်ဝိုင်တွေထက် ၃ ဆ ပိုမို မောင်းနှင်လို့ရမယ့် Unil Opal ရဲ့ MEDOS 700 15W-40

🔵Unil Opal ရဲ့ MEDOS 700 15W-40 ဟာ ဒီဇယ်အင်ဂျင်တွေအတွက် အထူးထုတ်လုပ်ပေးထားတာဖြစ်ပါတယ်။

🏷️European က ACEA (Association Constructeurs European Automobile) ရဲ့ ACEA E-7

🏷️ USA က API (American petroleum institute) ရဲ့ CI-4

🏷️OEM( “Original Equipment Manufacturer.”) ရဲ့

⚫CATERPILLAR ECF 2

⚫CUMMINS CES 20078

⚫JASO DH-1

⚫KOMATSU EO15W40DH

⚫MAN M 3275

⚫MB ‌approval 228-3

⚫VOLVO VDS-3 စတဲ့အသိအမှတ်ပြုလက်မှတ်တွေရရှိထားတာကြောင့် အရည်အသွေးပိုင်းက တကယ့်ထိပ်တန်းအဆင့် မှာ ရှိပြီး စိတ်ချလက်ချ အသုံးပြုလို့ရတဲ့ ဆိုတဲ့ အာမခံချက်ကို အပြည့်အ၀ပေးပါတယ်။

🔵TBN သတ်မှတ်ချက် မှာလည်း 11.2 အထိ ရှိထားပါတယ်။

🔵 ရန်ကုန်ကနေ မန္တလေးသွားမယ်ဆိုရင် သာမာန်အင်ဂျင်ဝိုင်တွေက Kilo 5000 ကနေ 7000အထိပဲ ပေးထားတာကြောင့် ၁၀ခေါက်သာ သွားပြီးတိုင်း အင်ဂျင်ဝိုင်လဲရမယ့်အခြေအနေမှာ........

🔵ကျနော်တို့ Unil Opal ကတော့ Kilo 15000 အထိ ပေးထားတာကြောင့် ရန်ကုန်ကနေ မန္တလေးကို ၂၄ ခေါက်အထိ သွားလို့ရပါတယ်။

🔵ပြင်သစ်နိုင်ငံက တိုက်ရိုက်တင်ပို့ရောင်းချပြီး ACEA+APIရဲ့ အသိအမှတ်ပြုလက်မှတ်ရရှိတဲ့အပြင် OEM Approval ပါရရှိထားတဲ့ MEDOS 700 15W-40 အင်ဂျင်ဝိုင်ဟာ
EGR ( exhaust gas recirculation) နဲ့
SCR ( Vehicles with AD Blue®) systemပါ၀င်တဲ့အင်ဂျင်များအတွက် အထူးသင့်လျော်ပါတယ်။

🔵အထူးသဖြင့် SCANIA, VOLVOတို့လိုကားတွေမှာအသုံးများတဲ့ Euro 4 နဲ့ Euro 5 အင်ဂျင်များအတွက် မရှိမဖြစ်လိုအပ်တဲ့ MEDOS 700 15W-40 အင်ဂျင်ဝိုင်ဟာ လူကြီးမင်းတို့ရဲ့ အင်ဂျင်သက်တမ်းကို ရှည်စေမှာ အမှန်ပါပဲ။

🔵နိုင်ငံတကာမှာလည်း နှစ်နှစ်ခြိုက်ခြိုက်အသုံးပြုနေကြပြီးလူကြိုက်များတဲ့အကောင်းဆုံးအရည်အသွေးတွေနဲ့ Unil Opal ရဲ့ MEDOS 15W-40 အင်ဂျင်ဝိုင်တွေကို

🛑ရန်ကုန်
🛑တောင်ကြီး
🛑မန္တလေး
🛑ပြင်ဦးလွင်
🛑ပဲခူး
🛑ပြည် စတဲ့ မြို့ကြီးတွေမှာ၀ယ်ယူရရှိနိုင်ပါပြီ။

🔵 Distributed by Auto Motion Co.ltd

☎️Ph - 09447745452
☎️Ph - 09259083388
☎️Ph - 095194396
➕Address - No 30(B) , Anigar street , Yankin.

🏷️နယ်မှ ကိုယ်စားလှယ် ယူချင်တဲ့ မိတ်ဆွေ များ၊ ရန်ကုန်မှမှာယူချင်တဲ့ မိတ်ဆွေများ အနေနဲ့ Page messager က ဖြစ်ဖြစ် ၊ ဖုန်းက‌တစ်ဆင့်ဖြစ်ဖြစ် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။

13/01/2021

ကားအသစ်တွေမှာလည်း အင်ဂျင်ဝိုင်လျော့နိုင်လား ?
အင်ဂျင်ဝိုင် ဘာကြောင့်လျော့ရခြင်း အကြောင်းများနဲ့ ပတ်သက်သမျှတွေကို လာရောက်မေးမြန်ထားတာကို ပြန်လည်ဖြေကြားပေးလိုက်ပါတယ်။

Q. ကျွန်တော့်ကားမှာ အင်ဂျင်ဝိုင် ဖြည့်ထားတာ ၁လ လောက်ပဲ ရှိသေးတယ်။အခု အင်ဂျင်ဝိုင်တိုင်းကြည့်လိုက်တော့ တော်တော်လျော့နေတယ်ဗျာ။အဲ့တာဘာဖြစ်လို့လဲ?။ ထည့်ထားတဲ့ အင်ဂျင်ဝိုင်ကပဲ အရည်အသွေးမကောင်းတာလား။ ကျွန်တော့် ကား အင်ဂျင်ကပဲ ပြဿနာ ရှိနေတာလား ပြောပြပေးပါအုံး

A. အင်ဂျင်ဝိုင်တွေလျော့တာကတော့ ပုံမှန်ဖြစ်တတ်ပါတယ်။ဒါပေမယ့် ပုံမှန်ထက်ပိုပြီး လျော့နေတာက အင်ဂျင်ဝိုင် အရည်အသွေးမကောင်းလို့ ဖြစ်နိုင်သလို ၊ ကားအင်ဂျင်က ပြဿနာ ရှိနေတာမျိုးလည်းဖြစ်နိုင်ပါတယ်။
ကားအင်ဂျင် ပြဿနာနဲ့ ပတ်သက်ပြီးတော့ ၄ မျိုးရှိနိုင်တယ်။

(၁) Engine Head ထဲမှာ ရှိတဲ့ အဝင်အထွက် ၊ valve တွေမှာ ဗားဆီးလ် ၊ဗားဂိုက်တွေ စားပြီး ချောင်နေရင် အဲ့ဒီ့ ကြားထဲက အင်ဂျင်ဝိုင်‌တွေစိမ့်ထွက်ပြီး အင်ဂျင်ရဲ့ ပုံမှန်အလုပ်လုပ်နေကျဖြစ်တဲ့အထဲ မှာရောပြီး မီးလောင်ကျွမ်း သွားပါတယ်။
ဒါကြောင့်လည်းအင်ဂျင်ဝိုင်ခမ်းတာဖြစ်နိုင်ပါတယ်။

( ၂ ) အင်ဂျင်သက်တမ်း ကြာလာတာနဲ့ အမျှ Cylinder နံရံ နဲ့ Piston Ring တွေက ပွတ်တိုက်စား မှုကြောင့် ချောင်သွားတတ်တယ်။ဒါ‌ကြောင့်Piston ring တွေ ချောင်သွားပြီး မလုံတော့ရင် အဲ့ဒီကြားကနေ အင်ဂျင်ဝိုင်တွေက အင်ဂျင်ပေါ်ကို တက်သွားပြီး အင်ဂျင်က အလုပ်လုပ်တဲ့အခါ အင်ဂျင်ဝိုင်တွေပါ မီးလောင် သွားတတ်ပါတယ်။
ဒါလည်းဖြစ်နိုင်တဲ့ အကြောင်းတစ်ခုပါ။

( ၃ ) Piston ring တွေတပ်ဆင်တဲ့ ပုံမမှန်ရင်လည်း အင်ဂျင်ဝိုင်အကုန်မြန်ပါတယ်။

( ၄ ) အင်ဂျင်ဝိုင်ရဲ့ Main Oil seal တွေစားပြီး ချောင်လာရင်လည်း ဆီယိုနိုင်ပါတယ်။

ဒါတွေက အင်ဂျင်ရဲ့ ချို့ယွင်းမှုကြောင့် ဖြစ်တာတွေပါ။ သင့်တော်တဲ့ ၀ပ်‌‌ ရှော့ တွေမှာ နားလည်တတ်ကျွမ်းသူတွေနဲ့ တိုင်ပင်ပြီး ပြုပြင်ပါလို့ အကြံပေးချင်ပါတယ်။

တစ်ခုရှိတာက အခုနောက်ပိုင်း ထုတ်တဲ့ မော်ဒယ်အသစ် ကားတွေမှာလည်း အင်ဂျင်ဝိုင်လျော့တာမျိုးတွေရှိတတ်ပါတယ်။
Owner's Manual book ထဲမှာ ကားအမျိုးအစား အလိုက် Oil Consumption အကြောင်းပြောပြထားတာရှိပါတယ်။

အင်ဂျင်ဝိုင်မကောင်းတာကြောင့်ဆိုရင်တော့ ACEA , API နဲ့ OEM အသိအမှတ်ပြု တံဆိပ်တွေပါတဲ့ အရည်အသွေး အာမခံ အင်ဂျင်ဝိုင် Brand တွေကို ရွေးချယ် အသုံးပြုပါလို့ အကြံပေးချင်ပါတယ်ဗျာ။

Unil Opal ရဲ့ Q&A section လေးမှာ ကားအင်ဂျင်အကြောင်း ၊ အင်ဂျင်ဝိုင်အကြောင်းတွေကို ယခု Commet အောက်မှာ လာရောက်မေးမြန်းနိုင်ပါတယ်။
နောက်လ Unil Opal ရဲ့ Q&A section မှာ ပြန်လည်ဖြေကြားပေးသွားမှာဖြစ်ပါတယ်။

09/01/2021

ပြင်သစ်နိုင်ငံက ထုတ်လုပ်ပြီး မြန်မာနိုင်ငံကို တိုက်ရိုက်တင်ပို့ရောင်းချတဲ့ ACEA နှင့် API တို့ရဲ့ အသိအမှတ်ပြု လက်မှတ်ရရှိထားတဲ့ အပြင် OEM Approval ရရှိထားတဲ့ အရည်အသွေးအကောင်းဆုံး Unil Opal အင်ဂျင်ဝိုင် တွေဟာ Kilo 15000 အထိ‌‌ မောင်းနှင်နိုင်တာကြောင့်အခြားအင်ဂျင်ဝိုင်တွေထက် Kilo များစွာပိုမိုမောင်းနှင်နိုင်ပါတယ်။
ACEA နှင့် API တို့ရဲ့ စံချိန်စံညွှန်းများနဲ့ ကိုက်ညီမှုရှိတဲ့ အပြင် OEM Approval ရရှိထားတဲ့ အကောင်းဆုံး အရည်အသွေး တွေနဲ့ Unil Opal အင်ဂျင်ဝိုင် များကို
- ရန်ကုန်
- တောင်ကြီး
- မန္တလေး
- ပြင်ဦးလွင်
- ပဲခူး
- ပြည် စတဲ့ မြို့ကြီးတွေမှာ၀ယ်ယူရရှိနိုင်ပါပြီ။

06/01/2021

ACEA နဲ့ API ဆိုတာ......

⭐အင်ဂျင်ဝိုင်ဘူးတွေ ပေါ်မှာ ပါတဲ့ ACEA နဲ့ API ဆိုတဲ့ အမှတ်တံဆိပ်လေးတွေက ဘာလဲ ဆိုတာ သိပါသလား

👉တစ်ချို့အင်ဂျင်ဝိုင်တွေမှာ ACEA တံဆိပ်တစ်ခုသာ ပါ၀င်ပြီး

👉တစ်ချို့အင်ဂျင်ဝိုင်တွေမှာတော့ API တံဆိပ်တစ်ခုသာပါ၀င်တတ်ကြပါတယ်။

👉တစ်ချို့သောအင်ဂျင်ဝိုင်တွေမှာတော့ ACEA ရော ၊ API ရော မပါ၀င်တာမျိုးရှိပါတယ်။

📍အရည်အသွေးပြည့်မှီတဲ့ အင်ဂျင်ဝိုင်Brand ကောင်းကောင်းတစ်ခုမှာ ACEA (Association of Constructeurs European Automobile) နဲ့ API (American petroleum institute) စတဲ့ အသိအမှတ်ပြု လက်မှတ် တစ်ခု ရှိကိုရှိသင့်တဲ့ အပြင် OEM Approval လက်မှတ်ပါ ရှိသင့်ပါတယ်။

📍ACEA ၊ API နှင့် OEM က အသိအမှတ်ပြုလက်မှတ် ၃ ခုလုံးကို ကိုင်ဆောင်ထားနိုင်တဲ့ အင်ဂျင်ဝိုင် Brand ရဲ့ အရည်အသွေးက အကောင်းဆုံးလို့သတ်မှတ်လို့
ရပါတယ်။

◼️ACEA ဆိုတာကတော့ EU မှာ ရှိတဲ့ မော်တော်ယာဉ် ထုတ်လုပ်သူတွေကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်းကြီးတစ်ခုဖြစ်ပါတယ်။
◼️ACEA ရဲ့ အသိအမှတ်ပြု လက်မှတ်ရရှိဖို့အတွက် အင်ဂျင်ဝိုင်တွေကို သူတို့ရဲ့ ဓာတ်ခွဲခန်းမှာ စမ်းသပ်စစ်ဆေးဖို့အတွက် ပေးပို့ရပါတယ်။
◼️ACEA က သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းတွေနဲ့ စမ်းသပ်စစ်ဆေးပြီးလို့ အရည်အသွေးပြည့်မှီတယ်ဆိုရင်တော့ ACEA ရဲ့ အသိအမှတ်ပြုလက်မှတ် ရရှိမှာ ဖြစ်ပြီးတော့ ဈေးကွက်ထဲမှာဖြန့်ဖြူးရောင်းချတဲ့အခါ အင်ဂျင်ဝိုင် ဘူးပေါ်မှာ ထည့်သွင်း
ရေးသားလို့ရပါတယ်။

🏷️ACEA မှာ A ,B ,C နဲ့ E ဆိုပြီးသတ်မှတ်ချက်တွေရှိပါတယ်။

✔️A ကတော့ .....
❗အိမ်စီးကား‌တွေ ၊
❗၀န်နည်းသော ဗင်ကားတွေ အတွက် ဓာတ်ဆီအင်ဂျင်သတ်မှတ်ချက်တစ်ခုဖြစ်ပါတယ်။

✔️B ကတော့ Light Duty ဒီဇယ်အင်ဂျင်တွေအတွက်ဖြစ်ပါတယ်။

✔️C ကတော့
❗ကျောက်ဆန်ကာပါတဲ့ ခေတ်မှီမော်တော်ယာဉ်များ
❗ စွမ်းရည်မြင့်အိမ်စီးကား ၊
❗ ၀န်နည်းသော ဗင်ကား များရဲ့ ဓာတ်ဆီအင်ဂျင်
❗ Direct injectionစနစ်ပါတဲ့ ဒီဇယ်အင်ဂျင်တွေအတွက်ဖြစ်ပါတယ်။

✔️E ကတော့ ၀န်များစွာထမ်းပိုးပြီးရုန်းရတဲ့ ကားကြီးအင်ဂျင်တွေအတွက်ဖြစ်ပါတယ်။

◽API ဆိုတာကတော့ အမေရိကန်ရဲ့ ရေနံနဲ့ သဘာ၀ဓာတ်ငွေ့လောကမှာအကြီးဆုံး နဲ့ ဩဇာအရှိဆုံးသော အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။
◽API က အသိအမှတ်ပြုလက်မှတ်ရရှိဖို့ဆိုရင် သူတိုရဲ့ အရည်အသွေးသတ်မှတ်ချက် စံချိန်စံညွှန်းတွေနဲ့ ဓာတ်ခွဲခန်းထဲမှာ စမ်းသပ်စစ်ဆေးလို့ အရည်အသွေးပြည့်မှီတယ်ဆိုမှ အသိအမှတ်ပြုလက်မှတ်ထုတ်ပေးပါတယ်။
◽အသိအမှတ်ပြုလက်မှတ်ရရှိခဲ့ရင် အင်ဂျင်ဝိုင်ဘူးပေါ်မှာ ထည့်သွင်းရေးသားနိုင်ပါတယ်။

🏅API ရဲ့ Grade တွေကတော့ ဓါတ်ဆီအင်ဂျင်များအတွက်

✅SA(1930), SB(1951), SC(1967), SD(1971), SE(1979), SF(1988), SG(1993), SH(1993), SJ(2001), SL(2004), SM(2010), SN(2010) ,SN+(2017),SP(2020)ဟုခွဲခြားသတ်မှတ်ထားပါတယ်။

🏅ဒီဇယ်အင်ဂျင်များအတွက်သတ်မှတ်ထားသောအဆင့်အတန်းတွေကတော့

✅CA(1959), CB(1961), CC(1990), CD(1994), CD-II(1994), CE(1998), CF(2009), CF-2(2009), CF-4(2009), CG-4(2010), CH-4(1998), CI-4(2002), CJ-4(2010) ,CK-4(2017)တို့ဖြစ်ပါတယ်။

🏅ဓါတ်ဆီအဂျင်များအတွက်သတ်မှတ်ထားသောAPI Grade တွေထဲမှာ

⛔SA မှ SH အဆင့်အထိကို မော်တော်ယာဉ်ငယ်များတွင် ယခုအချိန်တွင်အသုံးပြုမှုမရှိတော့ပါဘူး။

⛔API-SJ, SL, SM, SN, SN+,SP ဂရိတ်များကိုသာ လက်ရှိတွင်အသုံးပြုနေပါတယ်။

⛔လိုအပ်ချက်များနဲ့ အညီနည်းပညာတွေ တစ်ဆင့်ပြီးတစ်ပြီး တိုးမြှင့် ထုတ်လုပ်ထားတာကြောင့် နောက်ဆုံးရောက်လေလေ ပိုကောင်းလေလေ လို့ သတ်မှတ်နိုင်ပါတယ်။

⛔Grade နည်းတဲ့ အင်ဂျင်ဝိုင်အမျိုးအစားတွေကို မော်ဒယ်မြင့် ကားအင်ဂျင်တွေမှာ ထည့်သွင်းအသုံးပြုလို့မရပါဘူး။

⛔မော်ဒယ်နိမ့်ကားအင်ဂျင်တွေမှာတော့ Grade မြင့်တဲ့ အင်ဂျင်ဝိုင်အမျိုးအစားတွေကို ထည့်သွင်းအသုံးပြုလို့ရပါတယ်။ထည့်သွင်းလည်း အသုံးပြုသင့်ပါတယ်။

🏷️OEM( “Original Equipment Manufacturer.”) ဆိုတာက မူရင်းကားထုတ်လုပ်တဲ့ ကုမ္ပဏီ တွေကနေ သူတို့ထုတ်လုပ်ထားတဲ့ ကားတွေနဲ့ သင့်တော်ကြောင်း အသိအမှတ်ပြု လက်မှတ်ဖြစ်ပါတယ်။

🏷️ဥပမာ

📌Volkswagen ကားတွေအတွက်ဆိုရင်

✔️VW-505.00
✔️VW-505.01

📌Mercedes Benz ကားတွေအတွက်ဆိုရင်

✔️MB-229.31
✔️MB-229.5

📌BMW ကားတွေအတွက်ဆိုရင်

✔️BMW longlife -12 E
✔️BMW longlife - 14 E စသဖြင့် မူရင်းကားကုမ္ပဏီတွေက ✔️Grade တွေခွဲခြားသတ်မှတ်ပြီး အသိအမှတ်ပြုလက်မှတ်တွေထုတ်ပေးပါတယ်။

🏷️OEM Approval က ကားကုမ္ပဏီတစ်ခုချင်းဆီက ထောက်ခံချက်ဖြစ်တဲ့အတွက် ရရှိဖို့အတွက်မလွယ်ကူပါဘူး။

🏷️ဒါကြောင့်အင်ဂျင်ဝိုင် ၀ယ်ယူတော့မယ်ဆိုရင် ဘူးပေါ်မှာ ACEA , API နဲ့ OEM အသိအမှတ်ပြုလက်မှတ်ပါမပါသေချာကြည့်ရှုပြီးမှ၀ယ်သင့်ပါတယ်။
🏷️ACEA , API နဲ့ OEM တံဆိပ် ၃ ခုလုံးပါရင် အကောင်းဆုံးအရည်အသွေးရှိတဲ့ အင်ဂျင်ဝိုင်လို့ ဆိုလို့ရပြီးတော့ ဈေးကလည်းသာမာန်ထက် နည်းနည်းပိုများပါတယ်။
🏷️ဘာကြောင့်လဲဆိုတော့ အင်ဂျင်ဝိုင်ရဲ့ အရည်အသွေးကို အာမခံပေးနိုင်လို့ ဖြစ်ပါတယ်။
🏷️ဒါကြောင့် အရည်အသွေးအာမခံ ပေးထားနိုင်တဲ့ အင်ဂျင်ဝိုင် တွေကို သုံးစွဲခြင်းအားဖြင့် စိတ်ချမ်းသာမှုကို ရယူပါလို့အကြံပြုချင်ပါတယ်။

🔵အခုလိုမျိုး ဗဟုသုတ ရရှိဖွယ်ရာများကို ဖတ်ရှု့လိုပါက ကျွန်တော်တို့ Page ကို Like and Share လုပ်ပေးပါခင်ဗျာ။


#အင်ဂျင်ဝိုင်

03/01/2021

🇲🇲ကျွန်တော်တို့ မြန်မာနိုင်ငံတော်ကြီးလုံး၀လွတ်လပ်သောအချုပ်အခြာအာဏာပိုင် သမ္မတ နိုင်ငံတော် ကြီးအဖြစ်ကြေညာလိုက်တဲ့ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ (၄)ရက်နေ့ မှစတင်ရေတွက်ရင် ယနေ့ဆို ၇၃ နှစ်တိုင်ခဲ့ပါပြီ။

🇲🇲ယနေ့တွင်ကျရောက်တဲ့ ကျွန်တော်တို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးရဲ့ ၇၃ ကြိမ်မြောက် လွတ်လပ်ရေးနေ့ကို Unil Opal မှ ကြိုဆိုဂုဏ်ပြုပါတယ်။

31/12/2020

Unil Opal ရဲ့ မိတ်ဆွေရောင်းရင်း ညီအကိုမောင်နှမ များအားလုံး နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း ၊ ကိုယ်ရဲ့ ကျန်းမာခြင်း တွေနဲ့ ပြည့်စုံပြီး စီးပွားဥစ္စာ ဆပွားများစွား တိုးတက်ကြီးပွားကြပါ‌စေလို့ ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။

Want your business to be the top-listed Business in Yangon?
Click here to claim your Sponsored Listing.

Category

Address


30(B) Anigar Street , Yankin Tsp
Yangon
11081