Foreign Medical Service
ထိုင်း၊ မလေးရှား နှင့် အိန္ဒိယ သို့သွား၍ ဆေးစစ်ဆေးကုရာတွင် အပိုကုန်ကျစရိတ်သက်သာအောင် အခမဲ့ အကြံပေးကူညီနေပါတယ်။
07/06/2026
**ဒူးနာလို့ #ဒူးဆစ်ထဲဆေးထိုးဖို့စဥ်းစားနေလား? #ဘာလို့ ပြန်နာရတာလဲ?** 🤔👇
Dr Min Lifestyle ဆေးခန်းက ဆရာမကိုယ်တိုင် ဒူးနှစ်ဖက်ဆေးထိုးထားတဲ့ပုံ (thanks to Prof Saya TW 🙏)
"ဒူးကလည်း နာလိုက်တာ... ဒူးဆစ်ထဲ ဆေးတစ်ခါတည်း ထိုးထည့်လိုက်ရင် ကောင်းမလား" ဆိုပြီး တွေးဖူးကြတယ်မလား။ ဒါပေမယ့် ကိုယ့်ဒူးက တကယ်ရော ဆေးထိုးရင် သက်သာမယ့် ဒူးနာမျိုးလား? အချို့ကျတော့လည်း ဆေးထိုးပြီးမှ ဘာလို့ ခဏခဏ ပြန်နာနေရတာလဲ?
ဒီနေ့ အားလုံးသိချင်နေတဲ့ ဒူးဆစ်ဆေးထိုးခြင်းအကြောင်းကို ရှင်းရှင်းလင်းလင်း ပြောပြပေးသွားပါမယ်။
# # # 🔹 (၁) ကိုယ့်ဒူးက ဆေးထိုးရင် သက်သာမယ့် ဒူးနာမျိုးလား?
ဒူးဆစ်ထဲ ဆေးထိုးတယ်ဆိုတာ ဒူးနာသမျှ လူတိုင်းအတွက် မဟုတ်ပါဘူး။ အဓိကကတော့ အောက်ပါအခြေအနေတွေမှာ ဆေးထိုးလေ့ရှိပါတယ် -
* **အဆစ်ရောင်တာ အရမ်းပြင်းထန်နေရင်:** အရိုးနုပွန်းပဲ့ပြီး ဒူးဆစ်တွေ ရောင်ရမ်း၊ ကိုက်ခဲ၊ ဖောရောင်နေတဲ့အချိန်မှာ အရောင်ကျဆေး (Steroid) ထိုးပြီး အမြန်သက်သာအောင် လုပ်လေ့ရှိပါတယ်။
* **ဒူးဆစ်ချောဆီ ခမ်းခြောက်နေရင်:** အသက်အရွယ်ကြောင့်ဖြစ်ဖြစ်၊ အဝလွန်လို့ဖြစ်ဖြစ် ဒူးဆစ်ထဲက အရည် (ချောဆီ) ခမ်းပြီး လမ်းလျှောက်ရင် ချောက်ချောက်နဲ့ မြည်တာ၊ တင်းခံနေတာမျိုးအတွက် ဂျယ်လ်ဆေး (Hyaluronic Acid) လို့ခေါ်တဲ့ ချောဆီအတု ထိုးပေးလေ့ရှိပါတယ်။
✨ အဆင့်မြင့်တွဲဖက်ကုထုံး (PRP + Hyaluronic Acid): အခုနောက်ပိုင်းမှာတော့ မိမိသွေးထဲက ပရိုတင်းဓာတ်ကို ပြန်ထုတ်ပြီး ဒူးဆစ်အရိုးနုတွေကို ပြန်လည်ပြုပြင်ပေးတဲ့ PRP (Platelet-Rich Plasma) ကုထုံးနဲ့ ဒူးဆစ်ချောဆီ Hyaluronic Acid ကို တွဲဖက်ထိုးနှံတဲ့ ခေတ်မီကုထုံးလည်း ရှိလာပါပြီ။ ဒီတွဲဖက်ကုထုံးက ဒူးဆစ်ကို ချောမွေ့စေရုံတင်မကဘဲ အဆစ်ရောင်တာကိုပါ သဘာဝအတိုင်း သက်သာစေလို့ ပိုပြီး ထိရောက်မှုရှိပါတယ်။
⚠️ **သတိပြုရန်မှာ -** ဒူးဆစ်ထဲ ဆေးထိုးခြင်းက အကိုက်အခဲနဲ့ အရောင်ကျဖို့၊ လှုပ်ရှားရအဆင်ပြေဖို့ **ယာယီ** ကူညီပေးတာဖြစ်ပြီး ပျက်စီးသွားတဲ့ အရိုးနုတွေကို အသစ်ပြန်ဖြစ်လာအောင် လုပ်ပေးနိုင်တာတော့ မဟုတ်ပါဘူး။ PRP နည်းကလည်း ပိုအာနိသင်ရှိပေမယ့် OA grade 1-3 ထိပဲ ရပါတယ်။
# # # 🔹 (၂) အချို့သူတွေ ဆေးထိုးပြီးမှ ဘာလို့ ပြန်ပြန်နာတာလဲ?
"ဆေးထိုးတုန်းကတော့ သက်သာသား... အခု ပြန်နာလာပြန်ပြီ" ဆိုတာ ဒါတွေကြောင့်ပါ -
၁။ **ဆေးရဲ့ သက်တမ်းကုန်သွားလို့:** ဒူးဆစ်ထဲထိုးတဲ့ ဆေးတွေက အမျိုးအစားပေါ်မူတည်ပြီး ၃ လကနေ ၁ နှစ်အထိပဲ ခံပါတယ်။ ဆေးအာနိသင်ကုန်ရင် ပြန်နာလာတတ်တာ သဘာဝပါ။
၂။ **ဒူးအဆစ် ပျက်စီးမှုက နောက်ဆုံးအဆင့် ရောက်နေလို့:** ဒူးဆစ်အရိုးနုတွေ လုံးဝပါးလွှာပြီး အရိုးအချင်းချင်း ပွတ်တိုက်မိနေတဲ့ အဆင့် (Severe Osteoarthritis) ဆိုရင် ဆေးထိုးလည်း မသက်သာတော့ဘဲ ပြန်ပြန်နာတတ်ပါတယ်။ (ဒီလိုအခြေအနေမျိုးက ဒူးဆစ်လဲတဲ့ ခွဲစိတ်မှုပဲ လိုအပ်တာပါ)။
၃။ **နေထိုင်မှုပုံစံ မပြောင်းလဲလို့:** ဆေးထိုးပြီး နာတာသက်သာသွားတာနဲ့ လှေကားတွေ အပြေးတက်တာ၊ အလေးအပင်မတာ၊ ဝိတ်မချတာတွေ ဆက်လုပ်နေရင် ဒူးဆစ်က ပြန်ရောင်ပြီး ပြန်နာလာမှာပဲ ဖြစ်ပါတယ်။
# # # 🏥 မြန်မာပြည်မှာတင် ကုသလို့ရပါပြီ (လိုအပ်ရင် ဘန်ကောက်အထိ ချိတ်ဆက်ပေးပါတယ်)
ခုခေတ်မှာ ဒူးနာဝေဒနာအတွက် ခေတ်မီဆန်းသစ်တဲ့ ကုထုံးတွေကို **မြန်မာနိုင်ငံထဲမှာတင် သေသေချာချာ ထိရောက်စွာ ကုသလို့ ရနေပါပြီ။** ဆေးထိုးရုံတင်မကဘဲ Physical Therapy (ရူပကုထုံး) နဲ့ အခြားအဆင့်မြင့်ကုထုံးတွေပါ အကုန်ရှိပါတယ်။
တကယ်လို့ မိမိရဲ့ ဒူးအခြေအနေအရ ပိုမိုရှုပ်ထွေးပြီး **ဘန်ကောက်က နာမည်ကြီးဆေးရုံကြီးတွေမှာ** သွားရောက်ပြသ ခွဲစိတ်ချင်တယ်ဆိုရင်လည်း **နိုင်ငံတကာအဆင့်မီ သေသေချာချာ ချိတ်ဆက်ဆောင်ရွက်ပေးမယ့် အစီအစဉ်တွေပါ ရှိပါတယ်နော်။**
# # # 🩺 မကုခင် သေချာအောင် အရင်တိုင်ပင်ရအောင်!
ဒူးနာတာကို ဒီတိုင်း မျက်စိမှိတ် ဆေးထိုးလိုက်တာမျိုး မလုပ်ပါနဲ့။ ကိုယ့်ဒူးအခြေအနေက ဘယ်အဆင့်ရောက်နေလဲ၊ ဆေးထိုးဖို့ တကယ်လို၊ မလို ဆိုတာ အရင်ဆုံး စစ်ဆေးဖို့ လိုပါတယ်။
💡 ဆေးကုသွားချင်ရင် သေချာအောင် **FMS ရဲ့ Dr Min Lifestyle Clinic** မှာ ကြိုတင်တိုင်ပင်စစ်ဆေးပေးလို့ရပါတယ်ခင်ဗျာ။
🧑⚕️ ကိုယ့်ရဲ့ ဒူးနာဝေဒနာကို အမြစ်ပြတ် သက်သာစေဖို့နဲ့ အကောင်းဆုံး ကုသမှုပုံစံကို ရွေးချယ်နိုင်ဖို့ အခုပဲ ဆွေးနွေးတိုင်ပင်ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ 💞
#ဒူးဆစ်နာကျင်ခြင်း #ဒူးဆစ်ဆေးထိုးခြင်း
02/05/2026
#ကျောရိုးစောင်းခြင်း
Scoliosis (ကျောရိုးစောင်းခြင်း) ကို ကုသမှုများသည် ခွဲစိတ်မှုမဟုတ်သော ကုသမှု သို့မဟုတ် ခွဲစိတ်မှုပြုလုပ်နိုင်ပြီး၊ လေ့ကျင့်ခန်းများ နှင့် ဆေးဝါးများ ပါဝင်ပါသည်။
#ခွဲစိတ်မှုမဟုတ်သောကုသမှုများတွင်
၁။ Braces - ကျောရိုးကို ဖိအားသက်ရောက်စေပြီး ကျောရိုးစောင်းခြင်း ကို ပိုဆိုးလာခြင်းမှ ကာကွယ်ရန် brace ကို ဝတ်ဆင်နိုင်သည်။
၂။ လေ့ကျင့်ခန်းများသည် ပင်မကြွက်သားများကို အားကောင်းစေပြီး ပျော့ပြောင်းမှုကို မြှင့်တင်ပေးနိုင်ပါသည်။ ယောဂ နှင့် Pilates ကုနည်းတို့သည်လည်း ခါးနာခြင်းကို သက်သာစေနိုင်သည်။
၃။ အကိုက်အခဲပျောက်ဆေးများ သို့မဟုတ် ရောင်ရမ်းမှုကို ဆန့်ကျင်သောဆေးများသည် နာကျင်မှုကို သက်သာစေနိုင်သည်။
၄။ အာဟာရ- အဆီများသောငါးများ၊ ပဲဆီစေ့များ၊ နနွင်း၊ ဂျင်းနှင့် လက်ဖက်စိမ်းလက်ဖက်ရည်ကဲ့သို့သော အစားအစာများသည် ရောင်ရမ်းမှုကို လျှော့ချပေးနိုင်သည်။
#ခွဲစိတ်ကုသမှုများ
ကျောရိုးစောင်းခြင်းသည် 40 ဒီဂရီထက်မကျော်ပါက လေ့ကျင့်ခန်းလုပ်ခြင်း၊ ကိုယ်ကာယကုထုံးဖြင့်ကုသခြင်း၊ ကျောရိုးထိန်းခါးပတ်ဝတ်ဆင်ခြင်း စသောနည်းလမ်းများသုံးနိုင်ပါသည်။
သို့သော် ကျောရိုးစောင်းခြင်းသည် 40-45 ဒီဂရီကျော်စောင်းနေပါက ခွဲစိတ်ရမည့်အခြေအနေဖြစ်ပါသည်။
ခွဲစိတ်မှုအား (TLIF) လို့ခေါ်တဲ့ကျောရိုးဆစ်များအားဆက်ခြင်းနည်းဖြင့် ခွဲစိတ်ကုသရမည်ဖြစ်သည်။ ထိုနည်းသည်ကျောရိုးလမ်းကြောင်းအားပုံမှန်ကျောရိုးလမ်းကြောင်းအတည့်အတိုင်းအကောင်းဆုံးဖြစ်အောင်ကုသပေးသည့်နည်းဖြစ်ပါသည်။ ရောဂါအခြအနေပါ်မူတည်ပြီး အခြားသင့်တော်သည့် ခွဲစိတ်နည်းလမ်းများလည်း လုပ်နိုင်ပါသည်။
➡️ ဘန်ကောက်က နာခွန်ထွန်ဆေးရုံကြီးမှာ ကုသခံယူလိုပါက အဆင်ပြေအောင် စီစဉ်ပေးနေ ပါတယ်။
📞Viber: 09797239686 ကနေလည်းမေးမြန်းစုံစမ်းနိုင်ပါတယ်။
ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်ကောင်းများ လက်မလွတ်စေရန်အတွက် likeနဲ့ follow’ လုပ်ထားပါနော် 💞
Click here to claim your Sponsored Listing.
Category
Contact the practice
Telephone
Website
Address
Baya Kyawthu Street, Next To Thitsar Road, South Okkalapa
Yangon