SHWE SHIN COMPANY LIMITED
EMPOWERING BETTER SOLUTIONS
20/08/2024
AlgoRun : Coding Game
မိဘများ သားသားမီးမီးတို့ကို ဂိမ်းပေးဆော့တဲ့အခါ သားသားမီးမီးတို့ရဲ့တွေးခေါ်ရည်ကိုတိုးတက်စေမယ့် ပေးဆော့သင့်တဲ့ဂိမ်းအမျိုးအစားထဲက တစ်ခုဖြစ်တဲ့ AlgoRun : Coding game လေးနဲ့မိတ်ဆက်ပေးမှာဖြစ်ပါတယ်။ ဒီဂိမ်းလေးဟာဆိုရင် သားသားမီးမီးတို့ရဲ့တွေးခေါ်နိုင်တဲ့ ဉာဏ်စွမ်းရည်ကိုတိုးတက်စေတဲ့အပြင် အခုလို IT ခေတ်ကြီးထဲမှာ Software တွေကိုတီထွင်ရေးသားကြတဲ့ programming language တွေမှာ တွေးခေါ်ရတဲ့ logical thinking တွေးခေါ်နည်းအဆင့်ဆင့်ကိုပါ အခြေခံတွေးခေါ်တတ်သွားစေမှာဖြစ်ပါတယ်။ မိမိတို့ကိုယ်တိုင်လည်းဆော့ကြည့်နိုင်သလို ဆော့ကြည့်ဖို့လည်းတိုက်တွန်းပါတယ်။ ဒီဂိမ်းလေးကိုဆော့နည်းလေးကတော့ စက်ရုပ်(robot)လေးကိုပေးတဲ့လမ်းကြောင်းလေးကနေတစ်ဆင့် ပန်းတိုင်ကိုရောက်ဖို့ တစ်လှမ်းချင်းစီအတွက်လမ်းကြောင်းပေးပေးရမှာပဲဖြစ်ပါတယ်။ အဲ့လိုမျိုးခြေလှမ်းတွေကိုစီပေးပြီးတာနဲ့ စက်ရုပ်(robot)လေးကို သွားခိုင်းလိုက်ရမှာပဲဖြစ်ပါတယ်။ စက်ရုပ်လေးက ကိုယ်ချပေးတဲ့လမ်းညွှန်ချက်အတိုင်းသွားမှာဖြစ်ပြီးတော့ ပန်းတိုင်ရောက်သွားတယ်ဆိုရင် level ကိုတစ်ဆင့်တက်သွားမှာပဲဖြစ်ပါတယ်။ Programming Logic ကိုအသားပေးထားတဲ့ဂိမ်းဖြစ်တာကြောင့် Function ဆိုတာမျိုးလည်းပါဝင်ထားပါတယ်။ ဂိမ်းလေးကို Android မှာကော iOS မှာပါထည့်သွင်းပြီးဆော့လို့ရတာကြောင့် ထွေထွေထူးထူးပြောမနေတော့ပါဘူးဗျာ။ အောက်ကသက်ဆိုင်ရာလင့်ခ်လေးတွေကနေ install လုပ်ပြီး သားသားမီးမီးတို့အတွက် game လေးသွင်းပေးထားလိုက်ပါဦးနော်။ နောက်ပိုင်းတွေလည်း အခုလိုမျိုးအင်တာနက်သုံးရင်း အကျိုးရှိတာမျိုးတွေဖတ်ဖြစ်အောင် Page ကိုလည်း follow လုပ်ထားလိုက်ပါဦးနော်။
Android: https://play.google.com/store/apps/details?id=com.bitcrumbs.AlgoRunFree&hl=en
iOS: https://apps.apple.com/us/app/algorun-learn-to-code/id1517210466
ရွှေရှင်ကုမ္ပဏီလီမိတက်မှ ဝဘ်ဆိုက်ဆားဗစ်များကို ဈေးနှုန်းချိုသာစွာဖြင့်ဆောင်ရွက်ပေးနေပါပြီ။
17/04/2024
မြန်မာ့နှစ်သစ်ကူးအခါသမယမှာ စိတ်၏ချမ်းသာခြင်း၊ကိုယ်၏ချမ်းသာခြင်းနှင့် လိုရာဆန္ဒများတစ်လုံးတစ်ဝပြည့်စုံပါစေကြောင်း ရွှေရှင်မိသားစုမှ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်ရှင်🙏🏼🩵
🎉🎉❤️
.mm
Shwe Shin Software Company Shwe Shin is a software development company which is based in Yangon, Myanmar, providing software services, web development and software development.
မြန်မာ့နှစ်သစ်ကူး အခါသမယမှာ စိတ်နှလုံးရွှင်လန်းချမ်းမြေ့ပါစေကြောင်း Shwe Shin မိသားစုမှ
ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်🫶🏼💕
ရွှင်လန်းချမ်းမြေ့ပါစေ 🩵💦
Shwe Shin Company Limited Empowering better solutions
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon