Aether Solar Engineering
Solar brand equipment အစစ်အမှန်များကို ဈေးနှုန်းမှန် ဖြင့်ဖြန်ဖြူးရန် 2017 မှာစတင်ထူထောင်ခဲ့ပါတယ်။ အဓိကကတော့ အရည်အသွေးမှန်ပြီးကြာရှည်ခံရန်ဖြစ်ပါတယ်။
31/05/2026
Solar cable အကြောင်း
ဆိုလာစနစ်တစ်ခုမှာ ရေရှည်ခံဖို့ဆိုရင် Solar Cable တွေက တကယ်ကို အသက်သွေးကြောပဲဗျ။ သာမန်ကြိုးတွေနဲ့မတူဘဲ သူက ထူးခြားတဲ့ အလွှာ ၃ လွှာနဲ့ သေချာလုပ်ထားတာ။
ပထမဆုံး က Conductor (လျှပ်ကူးပစ္စည်း) ပေါ့။ သူက သာမန်ကြေးနီကြိုး မဟုတ်ဘူးနော်။ Tinned Copper လို့ခေါ်တဲ့ ကြေးနီကြိုးကို သံဖြူရည်စိမ်ထားတဲ့ကြိုးကို သုံးတာ။ ဒါမှ နေပူမိုးရွာထဲမှာ အချိန်ကြာလာရင် ကြေးနီတွေ ဂျီးတက်ပြီး ဆွေးမြေ့သွားတာမျိုး မဖြစ်မှာပါ။ ပြီးတော့ အကွေးအဆန့် လုပ်ရလွယ်အောင် ကြိုးအမျှင်အနုလေးတွေ အများကြီးနဲ့ ဖွဲ့စည်းထားတာ။
သူ့အပေါ်က ဒုတိယအလွှာ Insulation ကတော့ အပူဒဏ်ကို အရမ်းခံနိုင်တဲ့ XLPO ဒါမှမဟုတ် XLPE လို့ခေါ်တဲ့ ပစ္စည်းကို သုံးထားပြီး၊ အပြင်ဘက်ဆုံး တတိယအလွှာ Sheath / Jacket (အပြင်ဖုံးခွံ) ကလည်း နေရောင်ခြည်ထဲက UV ဒဏ်နဲ့ ရာသီဥတုဒဏ်ကို တိုက်ရိုက်ကာကွယ်ဖို့ XLPO ကိုပဲ အဓိက သုံးထားတာပါဗျာ။
"ဒါဆို သာမန် AC ကြိုးတွေ သုံးရင် ဘာဖြစ်မလဲ" လို့ မေးစရာရှိတာပေါ့။ Solar Cable တွေမှာ သာမန်ကြိုးတွေမှာမရှိတဲ့ ထူးခြားတဲ့ ဂုဏ်သတ္တိတွေ ရှိတယ်ဗျ။
ပထမဆုံးက UV နဲ့ ရာသီဥတုဒဏ်ကို အပြည့်အဝခံနိုင်တာ ပဲ။ နေပူထဲမှာ အပြင်မှာ ဒီအတိုင်း သက်တမ်း ၂၅ နှစ်ကျော် ပစ်ထားရင်တောင် ကြိုးခွံက ကွဲအက်မသွားဘူး။ အပူချိန်ဆိုရင်လည်း အနှုတ် ၄၀ ဒီဂရီကနေ ပတ်ဝန်းကျင်အပူချိန် ၉၀ ဒီဂရီ (ကြိုးတွင်းအပူချိန် ၁၂၀ ဒီဂရီ) အထိ အေးဆေးခံနိုင်တယ်။ ပြီးတော့ ဆိုလာကထွက်တဲ့ DC ဗို့အားက အရမ်းများတာမို့ DC 1000~ 1500V အထိ ခံနိုင်အောင် လုပ်ထားတာပါ။ နောက်ပြီး မီးလောင်ခဲ့ရင်တောင် အဆိပ်ငွေ့နဲ့ မီးခိုးအမည်းတွေ ထွက်မလာအောင် LSZH (Low Smoke Zero Halogen) စနစ်နဲ့ ထုတ်လုပ်ထားပါသေးတယ်။
ဈေးကွက်ထဲမှာလည်း Solar Cable ဆိုပြီး ဈေးနှုန်းနဲ့ အရည်အသွေး ကွာခြားမှုတွေ ရှိတယ်ဗျ။ အဓိကတော့ (၄) မျိုးလောက် ခွဲလို့ရတယ်နော်။
# ပထမတန်းစား (အကောင်းဆုံး): ကြေးကြိုး ၉၉.၉၅% စစ်စစ်ကိုမှ XLPE/XLPO အကာ ၂ ထပ်သုံးထားတာ။ ဒါကတော့ အပြင်မှာ နှစ် ၃၀ ကျော်အထိ အေးဆေးအကြမ်းခံတာပေါ့။
# ဒုတိယတန်းစား: ကြေးစစ်ပေမယ့် အပြင်ကာဘာက PVC ၂ ထပ် ဖြစ်သွားတယ်။
# တတိယတန်းစား: ကြေးနဲ့ အလူမီနီယံရောထားတဲ့ Alloy ကြိုးကို XLPE နဲ့ ဖုံးထားတာ။
# စတ္တုတ္ထတန်းစား (အညံ့ဆုံး): Alloy ကြိုးကို PVC နဲ့ ဖုံးထားတာပေါ့။
ဒီနေရာမှာ XLPE/XLPO ကာဘာက PVC ထက် နေပူထဲမှာ UV ဒဏ်နဲ့ အပူဒဏ်ကို ပိုခံနိုင်လို့ ဈေးပိုကြီးပေမယ့် အရည်အသွေးကတော့ တကယ့်ကို စိတ်ချရတာဗျ။
ဘာလို့ ကြိုးကောင်းဖို့ လိုတာလဲဆိုတော့...
ဓာတ်အားလေလွင့်မှု (Line Loss) နည်းအောင်လို့ပါ။ ကြေးမစစ်တဲ့ Alloy ကြိုးတွေ သုံးရင် ခုခံမှု (Resistance) များပြီး မီးအားတွေ လမ်းမှာတင် အပူအဖြစ် ပျောက်ဆုံးကုန်တာပေါ့။ ကြေးစစ်စစ် ၉၉.၉၅% သုံးမှ ဗို့ကျတာ သက်သာမှာပါ။
ကြေးညှိတက်တာ ကာကွယ်ဖို့။ Solar Cable စစ်စစ်တွေရဲ့ ကြိုးမျှင်လေးတွေကို ကြည့်ရင် ငွေရောင်သန်းနေလိမ့်မယ်။ အဲဒါ ကြေးညှိမတက်အောင် သံဖြူရည်စိမ်ထားလို့ (Tinned Copper) ဖြစ်ပြီး ခြစ်ကြည့်ရင်တော့ အတွင်းက ကြေးနီရောင်ကို တွေ့ရပါလိမ့်မယ်။
ရှော့ခ်ဖြစ်တာနဲ့ မီးဘေးအန္တရာယ်ကနေလည်း ကာကွယ်ပေးနိုင်တယ်။ ကာဘာမကောင်းတဲ့ကြိုးတွေက ကြာလာရင် နေပူထဲမှာ ခွံကြွပ်ပြီး ကွဲထွက်သွားပြီး ရှော့ခ်ဖြစ်၊ မီးလောင်တာမျိုးအထိ ဖြစ်နိုင်လို့ပါ။
ကဲ... တပ်ဆင်တဲ့အခါမှာလည်း သတိထားရမယ့် အင်ဂျင်နီယာနည်းကျ အချက်လေးတွေ ရှိသေးတယ်ဗျ။
အရေးအကြီးဆုံးကတော့ MC4 Connector တွေကိုပဲ သုံးပါနော်။ လက်နဲ့ လိမ်ပြီး တိပ်ပတ်တာမျိုး လုံးဝ (လုံးဝ) မလုပ်ရဘူးဗျ။ အဲဒါမျိုးလုပ်ရင် Arc (မီးပွား) ဖြစ်ပြီး မီးလောင်တတ်လို့ ရေစိုခံ၊ ဖုန်ဝင်ခံတဲ့ MC4 Connector တွေကို Crimping Tool (ကေဘယ်ညှပ်ကစ်) နဲ့ သေချာညှပ်သုံးရပါမယ်။
ပြီးတော့ ကေဘယ်ကို ကာကွယ်ဖို့အတွက် Solar Cable က အပြင်ဒဏ် ခံနိုင်တယ်ဆိုပေမယ့် တိရစ္ဆာန်ကိုက်တာတို့၊ အမိုးပြားစောင်းတွေနဲ့ ပွတ်မိပြီး ပွန်းပဲ့တာမျိုး မဖြစ်အောင် Conduit ပိုက်တွေ၊ Cable Tray တွေထဲ သေချာထည့်ပြီး သွယ်တန်းသင့်တယ်ဗျ။ နောက်ဆုံးတစ်ခုကတော့ DC စနစ်ဖြစ်လို့ အပေါင်း (+) အတွက် အနီရောင်နဲ့ အနုတ် (-) အတွက် အမည်းရောင်ကို သေသေချာချာ ခွဲခြားသုံးစွဲဖို့ပါပဲ။
အနှစ်ချုပ်ပြောရရင်တော့ဗျာ... ဆိုလာစနစ်တစ်ခုလုံး ရေရှည်စိတ်ချရဖို့အတွက် ကာဘာ ၂ ထပ်ပါပြီး XLPE/XLPO စနစ်သုံးထားတဲ့ ၉၉.၉၅% ကြေးကြိုးစစ်စစ် First Class Solar Cable တို့လို စံချိန်စံညွှန်းမီ Brand တွေ ကိုပဲ ရွေးသုံးဖို့ အကြံပြုချင်ပါတယ်ဗျာ။
Kyaw Oo ( 095017382)
AETHER Solar Engineering ( Since 2017 )
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Room 001( Ground Floor ) Bld # A-1 ShweGaBar Housing MinDaMa Road Mayangone Township
Yangon
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |