Toe Toe Potato Chips

Toe Toe Potato Chips

Share

Since 1990

22/04/2026

💻 သင်္ကြန်အလွန် အလုပ်ပုံကြီးကြားမှာ 𝐓𝐨𝐞 𝐓𝐨𝐞 နဲ့ Mood ပြန်တင်လိုက်ရအောင်! 🚀✨

သင်္ကြန်ပိတ်ရက်အပြီး ရုံးပြန်တက်ရတဲ့ ပထမဆုံးအပတ်မှာ အလုပ်တွေကလည်း တောင်လိုပုံ၊ စိတ်ကလည်း အားလပ်ရက်မှာ ကျန်ခဲ့တုန်းမို့ စိတ်ပင်ပန်းနေပြီလား? 💤

အထူးသဖြင့် နေ့လယ်ခင်း (၂) နာရီကျော်ပြီဆိုတာနဲ့ မျက်လုံးကလည်း မှေးချင်၊ အလုပ်လုပ်ရတာလည်း အားမရဖြစ်နေတဲ့ "Afternoon Slump" ကိုကျော်ဖြတ်ဖို့ 𝐓𝐨𝐞 𝐓𝐨𝐞 ရှိတယ်နော်!

ဒီတစ်ပတ် ရုံးစားပွဲပေါ်မှာ Mood Booster အဖြစ် ဆောင်ထားသင့်တဲ့ 𝐓𝐨𝐞 𝐓𝐨𝐞 ရဲ့အရသာ (၂) မျိုးကတော့...

🍋 𝐓𝐨𝐦 𝐘𝐮𝐦 (ချဉ်စပ်အရသာ): အလုပ်တွေကြားထဲ ခဏလောက် Break ယူပြီး လန်းဆန်းသွားစေဖို့ ရှူးရှူးရှဲရှဲ အချဉ်အစပ်လေးက သင့်ကို ခံတွင်းပြန်လိုက်စေမှာပါ။

🌶️ 𝐌𝐚𝐥𝐚 (စီချွမ်မာလာ): အိပ်ငိုက်နေတာတွေကို အဝေးဆုံးကို လွှင့်ပစ်လိုက်ဖို့ 𝐌𝐚𝐥𝐚 ရဲ့ ထုံစပ်စပ်အရသာက မျက်စိပွင့်၊ အိပ်ချင်ပြယ်စေပြီး အလုပ်တွေပြန်ဖြတ်ဖို့ အားအင်အပြည့် ပေးမှာ အသေအချာပါပဲ။

ဘယ်အရသာနဲ့ပဲဖြစ်ဖြစ် 𝐓𝐨𝐞 𝐓𝐨𝐞 က သင့်ရဲ့ ပျင်းရိငြီးငွေ့စရာ Routine ထဲမှာ အပျော်တွေကို ပြန်ရှာဖွေပေးမှာပါ။ ကဲ... အခုပဲ ကိုယ့်စားပွဲပေါ်မှာရော၊ ဘေးနားက လုပ်ဖော်ကိုင်ဖက်တွေအတွက်ပါ 𝐓𝐨𝐞 𝐓𝐨𝐞 လေးတွေ ဆောင်ထားလိုက်တော့နော်! 🍿💨

#တိုးတိုး
#အာလူးကြော်

15/04/2026

အရင်က အမှတ်တရဟောင်းလေးတွေကို လွမ်းဆွတ်သတိရပြီး ဒီနှစ်သင်္ကြန်မှာလည်း "တိုးတိုး" နဲ့အတူ အမှတ်တရအသစ်တွေ ဆက်လက်ဖန်တီးကြမယ်နော် 🥰💦

10/04/2026

ဟိုအရင်တုန်းကလို လွယ်အိတ်တစ်လုံးစီလွယ်၊ ရေပက်ခံထွက်ခဲ့ကြတဲ့ ပျော်စရာကောင်းတဲ့ လမ်းလျှောက်သင်္ကြန် အမှတ်တရတွေကို ဒီနှစ်မှာ ပြန်နွှေးလိုက်ကြမလား 😉

ကားပိတ်တာတွေ စိတ်မရှုပ်ရဘဲ သူငယ်ချင်းတွေနဲ့ စုစုစည်းစည်း လမ်းလျှောက်လည်ရတာကလည်း တစ်မျိုးလေး ပျော်ဖို့ကောင်းတယ်နော် 🥰

ဘယ်လိုပဲလည်လည်၊ ဘယ်ပဲသွားသွား အဖော်မွန်အဖြစ်ရှိနေဖို့ 𝐓𝐨𝐞 𝐓𝐨𝐞 မှာ ရွေးချယ်စရာ အရသာ (၆) မျိုးကတော့ မပါလို့မဖြစ်ပဲပေါ့ 🥔

🔥 ရေစိုစိုနဲ့ ချမ်းနေချိန်မှာ စားလိုက်တာနဲ့ အချမ်းပြေစေမယ့် 𝐎𝐫𝐢𝐠𝐢𝐧𝐚𝐥 𝐂𝐡𝐢𝐥𝐢 နဲ့ 𝐌𝐢𝐧𝐢 𝐒𝐩𝐢𝐜𝐲
🍋 လမ်းလျှောက်ရတာ ပင်ပန်းနေချိန်မှာ ရှူးရှူးရှဲရှဲ အချဉ်အစပ်လေးနဲ့ ခံတွင်းပြန်လိုက်စေမယ့် 𝐓𝐨𝐦 𝐘𝐮𝐦 အရသာ
🍖 သူငယ်ချင်းတွေနဲ့ လမ်းဘေးမှာ နားရင်း တမြုံ့မြုံ့ဝါးဖို့ အကောင်းဆုံး 𝐒𝐰𝐞𝐞𝐭 𝐁𝐁𝐐 အရသာ
🧀 ကလေးရော လူကြီးပါ စွဲမက်စေမယ့် ဆိမ့်အိအိ 𝐂𝐡𝐞𝐞𝐬𝐞 အရသာ
🌶️ အခုနောက်ဆုံးထွက်ထားတဲ့ အလန်းဆုံးနဲ့ အစပ်ဆုံး 𝐌𝐚𝐥𝐚 အရသာအထိ စုံစုံလင်လင် ရှိတာဆိုတော့...

သင်္ကြန်ရေအေးအေးလေးနဲ့ "တိုးတိုး" ရဲ့ ကြွပ်ရွနေတဲ့ အရသာတွေကို တွဲဖက်ပြီး ဒီနှစ်ရဲ့ သင်္ကြန်ပိတ်ရက်တွေကို အမှတ်တရ အရှိဆုံးဖြစ်အောင် ဖန်တီးလိုက်ပါ 😊

ဒီတော့ သင်္ကြန်လည်ရင်းစားဖို့ ရေစိုခံ အိတ်လေးထဲမှာပဲဖြစ်ဖြစ်၊ ကားပေါ်မှာပဲဖြစ်ဖြစ် ဆောင်ထားဖို့ အခုကတည်းက နီးစပ်ရာဆိုင်တွေကနေ ကြိုတင်ဝယ်ယူ စုဆောင်းထားလိုက်တော့နော် 💦📦

#တိုးတိုး
#အာလူးကြော်

Want your business to be the top-listed Food & Beverage Service in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


No. 2785, Pyi Daung Zu Road, South Dagon Industrial Zone (2), South Dagon
Yangon