Hsu-Beauty Collection

Hsu-Beauty Collection

Share

Discover your beauty.

29/05/2023

💗ဒီနေ့မှာတော့ HSU - Beauty Collection မှ မိတ်ဆက်ပေးမှာကတော့ ...

💗ဆံကေသာကျန်းမာရေးအတွက် လိုအပ်တဲ့ အာဟာရကို
ဆံသားအတွင်းပိုင်းအထိ အထိရောက်ဆုံး အားဖြည့်ပေးပြီး
အသုံးပြုပြီးသွားရင်လဲ ဆံသားကို လုံးဝ စေးကပ်ခြင်းမရှိ လှပကျော့ရှင်းနေစေမယ့်💗

💗💗CALODIA ဆံသားလိမ်းဆီလေးပဲ ဖြစ်ပါတယ်ရှင့် ...💗💗

💲CALODIA ဆံသားလိမ်းဆီ – 15,000 MMK
💗(လက်ကားစျေး သီးသန့် ရှိပါတယ်နော် ... Chat Box)💗

💗ဝယ်ယူအားပေးချင်တဲ့ ချစ်ကာများအနေဖြင့် ထုံးစံအတိုင်း
🛎Page ရဲ့ Chat Box ကနေ မှာယူအားပေးနိုင်သလို

☎️၀၉ ၉၇၂၇ ၁၀၀ ၄၆
☎️၀၉ ၂၆၆၆ ၅၄၆ ၆၀ (Viber) ဖုန်းနံပါတ်များသို့လည်း ဆက်သွယ်မှာယူနိုင်ပါတယ်နော် ... 🥰

🚛Deli Fees ကလည်း အသက်သာဆုံးနှုန်းထားနဲ့ Service ပေးမှာဖြစ်လို့ စိတ်ချလက်ချနဲ့ မှာယူလိုက်ပါတော့ ... 🤩

💗အက်မင်တို့ Page အနေနဲ့ အမြဲစျေးရောင်းနေတဲ့ Page တခုမဟုတ်ပဲ ကာကာလေးတို့အတွက် အလှအပ ကျန်းမာရေးအတွက် အကျိုးရှိစေမယ့် အကြောင်းအရာများစွာကိုပါ ကြိုးစားတင်ဆက်ပေးသွားမှာ ဖြစ်လို့ စောင့်ကြည့်ပေးကြဖို့ မေတ္တာရပ်ခံပါရစေနော် ... 💗💗

💗အားပေးတဲ့ Customers တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးပင် တင်ရှိပါတယ် ... 🙏🙏🙏

26/05/2023

🥰ဒီနေ့မှာတော့ HSU – Beauty Collection Page မှ
ဆံသား ကျန်းမာစေဖို့အတွက် ဘယ်လို အစားအစာတွေ စားပေးသင့်လဲ?
ဆိုတဲ့ အကြောင်းအရာလေးကို မျှဝေပေးသွားမှာဖြစ်ပါတယ် ...

🥰အချိန် (၅) မိနစ်လောက်ပေးပါ ...

🥰စိတ်ဝင်စားတယ်ဆိုရင် ဆက်ပြီး ဖတ်ကြည့်လိုက်ရအောင်
🥰ဆံပင်တွေ တအားကျွတ်နေလို့ စိတ်မညစ်နဲ့တော့နော် …
🥰သန်စွမ်းတောက်ပြောင်ပြီး ကျန်းမာတဲ့ ဆံကေသာကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့
🥰အခု အက်မင်ပြောပြတဲ့ အစားအစာလေးတွေကို ပုံမှန်စားနေကျ အစာအုပ်စုတွေထဲ
ပေါ့ပေါ့ပါးပါး ထည့်စားပေးရုံပါပဲနော် ... ဘာတွေလဲ ဖြစ်မလဲ ?

🥰ဘာတွေဖြစ်မလဲ မလာခင် အရမ်းပြောချင်နေတာလေးတခု ထည့်ပြောပါရစေ ...
🥰အက်မင်တို့တွေဟာ ပြောင်းလဲလာတဲ့ ခေတ်အနေအထားပုံစံအရ အသင့်စားသောက်ကုန်တွေ၊ အာဟာရမညီမျှတဲ့ စားသောက်ပုံတွေ၊ နေထိုင်မှုပုံစံအမှားတွေကြောင့် ရောဂါအဆန်းတွေ ရောဂါအသစ်တွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတာ မျက်မြင်ကိုယ်တွေ့ဖြစ်ပါတယ်။

🥰ဒါကြောင့် ဆံကေသာအတွက်သာမက ခန္ဓာကိုယ်ကျန်းမာသန်စွမ်းစေဖို့အတွက် ဒီနေ့ကစပြီး မှန်ကုန်တဲ့ စားသောက်နေထိုင်မှုပုံစံတခုကို အကောင်အထည်ဖော် လုပ်ဆောင်ဖို့ အက်မင် တိုက်တွန်းပါရစေနော် ...

🥰ဒါဆိုရင် ဆံပင်အကြောင်း ပြန်ဆက်ပါမယ် ... ဆံပင်ဆိုတာ လူတစ်ယောက်အတွက် ဒုတိယမျက်နှာဖြစ်ပါတယ် ... ဒါကြောင့် ဆံကေသာ ကျန်းမာသန်စွမ်းဖို့ ဂရုစိုက်သင့်တာပေါ့ ...

🥰မျိုးရိုးကြောင့် ဆံပင်ပါးတာ၊ သွေးအားနည်းရောဂါ၊ ‌ဟော်မုန်း မညီမျှတဲ့ ပြဿနာတွေကြောင့် ဆံပင်ပါးတာဆိုရင်တော့ အခုဖော်ပြပေးမယ့် စားသောက်မှုပုံစံက ထိရောက်မှုအနည်းငယ်သာရရှိစေမှာ ဖြစ်ပါတယ်။

၁) သရက်သီး - ဟုတ်ပါတယ် အက်မင်တို့ အခုလိုရာသီမှာ ပေါပေါများများ ဝယ်ယူစားသုံးနိုင်တဲ့ သရက်သီးပါ။ အသီးမှာ သရက်ဆိုတဲ့အတိုင်း သရက်သီးဟာ အရသာလဲ အက်မင်တို့ မြန်မာပါးစပ်နဲ့ အံကိုက်ဖြစ်တဲ့အပြင် အခုလို ဆေးဖက်ဝင်တယ်ဆိုတာကြောင့် စာဖတ်သူတို့ စိတ်ဝင်စားသွားမယ် ထင်ပါတယ်။ သရက်သီးမှာ ဆီလီကာ၊ ဗီတာမင် A ၊ ဗီတာမင် B6 ၊ ဗီတာမင် C နဲ့ ဖောလစ်အက်ဆစ်တို့က ဆံသားသန်စွမ်းစေဖို့ များစွာ အထောက်အကူပြုပေးပါတယ်။ ဒါကြောင့် ရာသီပေါ်အစားအစာလဲဖြစ် ဆေးဖက်လည်းဝင်တဲ့ သရက်သီးကို တနေ့ နှစ်စိတ်လောက်စားပေးနိုင်ပါတယ်။

၂) ဥအမျိုးမျိုး - ဥ လို့ သိလိုက်ရပြီဆိုရင် ပရိုတင်းဓာတ်၊ ဗီတာမင် A ၊ ဗီတာမင် D ၊ ကာရိုတင်း၊ လူတိန်း နဲ့ ဇင့်ဓာတ်တို့ ပါဝင်နေတဲ့ ဥ အမျိုးမျိုးကို တစ်ပတ် (၄) ကြိမ်ခန့် စားသုံးပေးခြင်းဖြင့် ကျန်းမာတဲ့ ဆံသားကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

၃) ပဲပိစပ် - သံဓာတ်ကြွယ်ဝစွာပါဝင်ပြီး အိုမီဂါ 3 ၊ ဗီတာမင် B2 ၊ မဂ္ဂနီဆီယမ်တို့က ခန္ဓာကိုယ်အတွင်း ဟော်မုန်းတွေကို ထိန်းညှိ့ပေးပြီး ဆံပင်ကျွတ်ခြင်းသက်သာအောင် လုပ်ဆောင်ပေးနိုင်တာကြောင့် ပဲပိစပ် ကို တစ်ပတ် (၃) ကြိမ်လောက် စားသုံးပေးနိုင်ပါတယ်။

၄) ဟင်းနုနွယ် - အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်အများစုဟာဆိုရင် အက်မင်တို့လူသားတွေအတွက် များစွာ အထောက်အကူပြုတယ်ဆိုတာ ငြင်းခုံဖို့ လိုမယ် မထင်ပါဘူးနော်။ ဟင်းနုနွယ်မှာ ဖောလစ်အက်ဆစ်၊ သံဓာတ်၊ ဗီတာမင် A ၊ ဗီတာမင် C တို့လို အထောက်အကူပြု ဓာတ်ပေါင်းများစွာပါဝင်နေတာကြောင့် ဆံသားကျန်းမာသန်စွမ်းစေပါတယ်။ ဗီတာမင် A က ဦးရေပြား အစိုဓာတ်ထိန်းပေးပါသေးတယ်။ ဒါကြောင့် တစ်ပတ် (၁)ကြိမ် ကြော်ချက်၍ဖြစ်စေ၊ ပြုတ်သုပ်ဖြစ်စေ စားပေးသင့်ပါတယ်။ (ဆားထည့်ပြီးမကြော်ရဘူးနော်)

🥰ဒါကတော့ အက်မင်တို့ လက်တစ်ကမ်းအကွာမှာရှိနေပြီး နေ့စဥ်အာဟာရဖြည့်စွက်စားသုံးရာမှာ လွယ်လွယ်ကူကူ ရရှိနိုင်မယ့် အစားအစာအချို့ပဲ ဖြစ်ပါတယ် ...

🥰နောက်ထပ်လည်း ဆံသားကျန်းမာသန်စွမ်းရာမှာ အထောက်အကူများစွာဖြစ်စေတဲ့ အစားအစာအုပ်စုဝင် ဆေးဖက်ဝင် အစားအစာများလည်း ကျန်ရှိနေပါသေးတယ်နော်...

🥰အခုဖော်ပြပေးသွားတဲ့ အချက်အလက်ကိုးကားချက်များကတော့ အက်မင်အနေနဲ့ ကိုယ်တိုင် ရှာဖွေဖတ်ရှု့ထားတဲ့ အကြောင်းအရာများစွာထဲကမှ စာဖတ်သူ ကာကာတို့အတွက် လွယ်ကူစွာ လုပ်ဆောင်နိုင်မယ်လို့ ယူဆရတဲ့ အကြောင်းအရာအချက်အလက်များကိုသာ ရွေးချယ်ဖော်ပြပေးခဲ့တာဖြစ်ပါတယ်။

🥰ယခုလို အလှအပ ကျန်းမာရေး ဗဟုသုတ ရစရာ အကြောင်းအရာများကို စျေးလည်းရောင်းရင်းးး ကြားဖြတ် ဖော်ပြပေးသွားမှာဖြစ်လို့ အက်မင့်ရဲ့ HSU – Beauty Collection Page လေးကို အမြဲစောင့်ကြည့်ပေးဖို့ မေတ္တာရပ်ခံပါရစေ ...

🥰စိတ်ရှည်ရှည်နဲ့ ဖတ်ရှု့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်နော် ...🥰🥰🥰

(ကိုးကားမျှဝေတာဖြစ်တဲ့အတွက် မူရင်းအချက်အလက်ဖော်ပြထားသူများအားလုံးကို လေးစားစွာဖြင့်)🙏🙏🙏

24/05/2023

အားလုံးပဲ မင်္ဂလာပါ ... 😊

HSU - Beauty Collection Page ကနေ ကြိုဆိုပါတယ်နော် ...
အက်မင်တို့ Page ကနေပြီးတော့ လူကြီးမင်းတို့အတွက်

👍ကောင်းမွန်တဲ့ ဝန်ဆောင်မှု
🛒အရည်အသွေးကောင်းကုန်ပစ္စည်း
💲စိတ်ချရပြီး သင့်တင့်တဲ့ ပို့ဆောင်ခနှုန်းထား

တို့နဲ့အတူ မကြာမီမှာ ဝန်ဆောင်မှုပေးတော့မှာ ဖြစ်ပါတယ် ...ဆိုတဲ့အကြောင်း သတင်းကောင်းပါအပ်ပါတယ်။ 📣📣📣

မြန်မာနိုင်ငံသူ/သားများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေ ... 🙏🙏🙏

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Website

Address


No. 116/B, Shwe Tha Pyay Street, 54 Qtr. , Dagon (South)
Yangon
11431

Opening Hours

Monday 09:00 - 12:00
Tuesday 09:00 - 12:00
Wednesday 09:00 - 12:00
Thursday 09:00 - 12:00
Friday 09:00 - 12:00
Saturday 09:00 - 12:00
Sunday 09:00 - 12:00