Myat Thu Aung

Myat Thu Aung

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myat Thu Aung, Construction Company, Yangon.

03/04/2024

အမိုးဧရိယာတွက်နည်း
°°°°°°°°°°°°°°°°°°°°°°°°°°°
✅ အမိုးဧရိယာ တွက်တဲ့အခါ အဓိကကတော့ အမိုးမိုးမဲ့ ခေါင်မိုးရဲ့ Projection Area ကိုသိဖို့ လိုအပ်ပါတယ်၊ Projection Area ဆိုတာက အမိုးအနားတွေ ရေးဆွဲထားတဲ့ မြေကြီးပေါ်က အတိုင်းအတာ ဧရိယာဖြစ်ပြီးတော့ ရေပြင်ညီ ဧရိယာလို့လည်း တချို့ကခေါ်ကြပါတယ်။

ဥပမာ။ ။ ပေ ၂၀ ပေ ၃၀ အဆောက်အဦး အတွက် အမိုး ၂ ပေခွဲ လိုအပ်မည်ဆိုပါက အမိုးရဲ့ Projection Area က ၂၄ ပေ ၃၄ပေ = ၈၁၆ စတုရန်းပေရှိပါတယ်။

(Floor Plan ရှိရင် တွက်ချက်ရ ပိုပြီးတော့ လွယ်ကူပါတယ်)

✅ နောက်ထပ် ခေါင်မိုးနဲ့ ပတ်သက်ပြီး သိထားရမဲ့ အချက် အလက်တွေကတော့ Roof Pitch, Degree နှင့် Slope Factor တို့ပဲဖြစ်ပါတယ်။

✅ Roof Pitch ဆိုတာက ခေါင်မိုးရဲ့ အစောင်းကို ပြင်ညီ ၁၂လက်မမှာ အစောင်း ဘယ်နှစ်လက်မ တတ်သွား သလဲဆိုတာ ကို သတ်မှတ်ခြင်း ဖြစ်ပါတယ်။

ဥပမာ။ ။ 1:12,2:12,3:12,....... စသဖြင့်

✅ Trigonometry အရ ပြင်ညီ အလျားက Adjacent နီးစပ်အနား ခေါင်အမြင့်က Opposite မျက်နှာချင်းဆိုင် အနားဖြစ်ပါတယ်၊ အသုံးများတဲ့ 22.5 Degree တို့ 30 Degree တို့ဆိုတာတွေက 5:12 နှင့် 7:12 တွေပဲဖြစ်ပါတယ်။

✅ O A O A H H /H H A O A O သီအိုရီဆိုအရ 5:12 သည် မျက်နှာချင်းဆိုင်ထောင့် ၂၂.၅ ဒီဂရီ လောက် ရပါတယ်၊ ထို့အတူ 7:12 သည်လည်း Calculator မှာ SHIFT >tan-1 နှင့် 7/12 ကို လျာလိုက်ရင် ၃၀ ဒီဂရီလောက် ရပါတယ်၊ ဒါတွေကတော့ ခေါင်မိုးရဲ့ စောင်းထောင့် Degree တွေပဲဖြစ်ပါတယ်။

✅ နောက်ထပ်လိုအပ်တာကတော့ Slope Factor ဖြစ်ပါတယ်၊ ရေပြင်အညီ ဘယ်လောက်ရှိရင် ခေါင်မိုးစောင်း ဘယ်လောက်ရှိသလဲဆိုတဲ့ မြောက်ဖော်ကိန်း ကို Slope Factor လို့ခေါ်ပါတယ်။

✅ ထောင့်မှန်ခံအနားကို နီးစပ် အနားနှင့် စားခြင်းဖြင့် Secant အချိုးရပါတယ်၊ Secant ဆိုတာက Cosine နှင့် Reciprocal ဖြစ်ပါတယ်၊ Reciprocal ဆိုသည်မှာ ၁ ကို အဲဒီ့ တန်ဖိုးနှင့် စားခြင်းကို ခေါ်ဆိုခြင်းဖြစ်ပါတယ်၊ Calculator အရ ဆိုလျှင် Cosine ရဲ့ Reciprocal ရှာရပါတယ်။

ဥပမာ။ ။ ခေါင်မိုး အစောင်း ၃၀ ဒီဂရီ မှာ Roof Projection Area က 816 sq.ft ရှိတယ်ဆိုရင် cos 30 က 0.866 ဖြစ်ပါတယ်။

✅ Secant 30 လိုချင်ရင်တော့ cos 30 ရဲ့ Reciprocal အပြန် အလှန် ကိန်းက 1.1547 ရပါမယ်၊ အခု တွက်ထားပေးတာကတော့ 30 Decreer Slope Roof ရဲ့ Slope Factor ပဲဖြစ်ပါတယ်၊ 8181.1547 = 942.2356 sq.ft ရတဲ့ အမိုးစောင်း ဧရိယာကို Yellow Book မှာ ကြည့်လိုက်လျှင် အမိုးပြား၊ အမိုးရိုက်သံ၊ လက်သမားနှင့် အလုပ်သမား စတာတွေကို ရပါလိမ့်မယ်။

✅ အသုံးများတဲ့ အမိုးတွေကတော့ Gable Roof မြင့်မိုရ်ပိတ်ပါတဲ့ ၂ ဖက်ချ ခေါင်နှင့် Hip Roof လေး ဘက်ချ ခေါင်တို့ဖြစ်ပါတယ်၊ Gable ဖြစ်ဖြစ် Hip ပဲဖြစ်ဖြစ် ပုံစံမတူပေမဲ့ ခေါင်းမိုး Pitch (သို့မဟုတ်) Degree တူလျှင် ဧရိယာ အတူတူပဲဖြစ်ပါတယ်။

မူရင်း ရေးသားသူအား ဂါရဝပြုပါသည် 🙏🏼🙏🏼🙏🏼

27/02/2024
13/10/2023

အိမ်ရှင်တွေအမြင်မှာ သံချောင်းပမာဏများမှ စိတ်ကျေနပ်မှုရှိကြပါတယ်။

ကျွန်တော့်အနေနဲ့လည်း အမြဲတမ်းရှင်းပြရပါတယ်။
တစ်အချက်က ကျွန်တော်တို့ဆောက်နေတာ သံကူတဲ့ ကွန်ကရစ်ဖြစ်ပါတယ်။
အဓိကဇာဆောင်သည် ကွန်ကရစ်ဖြစ်ပြီး ကွန်ကရစ်က မထမ်းနိုင်တဲ့ဝန်တွေအတွက် သံချောင်းထည့်ပြီး အားကူ ဇာတ်လိုက်ကပြရတာဖြစ်ပါတယ်။

နှစ်အချက်က စနစ်တကျခွဲခြမ်းစိတ်ဖြာမှုရှိတဲ့ နည်းပညာနှင့် ရိုးရာ အိမ်ဆောက်နည်းပညာကွာခြားမှုပါ။
စနစ်တကျခွဲခြမ်းစိတ်ဖြာပြီး သုတေသနရလဒ်များအရ သတ်မှတ်ထားတဲ့ နည်းဥပဒေသကို သုံးပြီး အင်ဂျင်နီယာတွေက တည်ဆောက်ခြင်းဖြင့် အဓိကဇာတ်ဆောင်နှင့် ဇာတ်လိုက်ကို သူ့နေရာနှင့်သူ စနစ်တကျ နေရာချထားပြီး ဇာတ်ပွဲတစ်ပွဲအောင်မြင်အောင် ဖန်တီးရပါတယ်။
မလိုအပ်ပဲ ဇာတ်လိုက်ကြီးပဲ ထည့်သုံးနေမယ်ဆိုရင် အပိုကုန်ကျငွေများသလို ဒီဇာတ်ကြီးက ငြီးငွေ့စရာ အနှစ်သာရမရှိတော့ပါဘူး။

ရိုးရာအိမ်ဆောက်နည်း(Thumbrule)ဆိုတာလည်း လက်မှုပညာ၊ အတွေ့အကြုံတွေကနေ ပေါက်ဖွားလာတဲ့ နည်းစနစ်၊ နည်းလမ်းတွေပဲ ဖြစ်ပါတယ်။ သို့ပေမယ့်လည်း သူ့မှာ ပုံသေကားချပ်လိုဖြစ်နေတဲ့အတွက် နေရာတကာမှာ ဒီနည်းလမ်းတစ်ခုတည်းနှင့်သွားလို့မရပြန်ဘူး။ သံတစ်တိုင်မှာ သံချောင်းဘယ်လောက်ထည့်ရမယ်ဆိုတာ Thumbrule အရ ပြောလိုက်ရင် လွယ်ပေမယ့် သူ့မှာ တိကျတဲ့အာမခံချက်မရှိသလို၊ အပိုအလိုလည်း ရှိချင်ရှိပါမယ်။ အဲ့ဒါကိုမှ ပိုများအောင်ထည့်လိုက်ရင် ကုန်ကျစရိတ်များသွားပြီး ဒီဇိုင်းပေါက်ထွက်သွားနိုင်ပါတယ်။

ဒီခေတ်ရဲ့ပြသနာကဘာလည်းဆိုရင် မလိုအပ်ပဲ သံချောင်းမထည့်တာကို ခိုတယ်လို့ ယူဆနေကြတာပါ။ ဒါကလည်း အပြစ်ပြောလို့မရပါဘူး။ သက်ဆိုင်ရာအင်ဂျင်နီယာက နည်းလမ်းတကျ ရှင်းပြတတ်ရပါမယ်။ ပုံထဲမှာ ဒီလောက်ပဲပြလို့ ဒီလောက်ပဲသုံးတယ်ဆိုပြီး မိမိအိမ်ရှင်ကို သွားရှင်းပြလို့မရပါဘူး။

ဒါကြောင့် မလိုအပ်ပဲသံချောင်းပမာဏများနေမယ်ဆိုရင် ဖြစ်နိုင်တဲ့ဆိုးကျိုးတွေကတော့
တိုင်တွေမှာဆိုရင် သံများရှုပ်ယှက်ခတ်ပြီး ကွန်ကရစ်အရောအနှောများ အူတိုင်မှာအပြည့်မရောက်ပဲ ကျောက်ဗြုပ်ပေါက် Segregation, Honeycomb များဖြစ်ပြီး ပြင်ပအစိုဓာတ်ကြောင့် အတွင်းက သံချောင်းများ သံချေးလိုက်ပြီး တိုင်ရဲ့ ကြံ့ခိုင်မှုအားနည်းခြင်း၊
ကွန်ကရစ်သားနည်းတဲ့အတွက် ဒေါင်လိုက်ဖိအားဒဏ်ခံနိုင်ရည်နည်းပြီး တိုင်အရင်းမှာ ဖောင်းကားခြင်းများ ဖြစ်စေပါတယ်။

ဒါကတော့ တိုင်တစ်ခုပဲ ဥပမာပေးသုံးသပ်ပြတာဖြစ်ပါတယ်။
ဒါကြောင့် အိမ်တစ်လုံးစာအတွက် ကွန်ကရစ်နှင့်သံချောင်းပမာဏ လိုအပ်သည်ထက် ပိုမများဖို့၊ မနည်းဖို့ဆိုရင် ကျွမ်းကျင်အင်ဂျင်နီယာတွေရဲ့ တွက်ချက်မှု မဖြစ်မနေလုပ်ရမှာဖြစ်ပါတယ်။

Want your business to be the top-listed Engineering Company in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon