AcE Academic Consultancy

AcE Academic Consultancy

Share

Assignment တွေများနေလို့ စိတ်ညစ်နေပြီလား?

31/12/2024

“Happy New Year 2025! 🎉 From all of us at AcE Academic Consultancy, we wish you a year filled with growth, success, and new achievements. May your academic journey be inspiring, and may you reach every milestone you set your sights on. Cheers to a year of excellence and opportunities!”

25/12/2024

“🎄✨ Merry Christmas from AcE Academic Consultancy! 🎅🏼🎁 May this festive season bring joy, peace, and success to all our students and clients. We’re grateful for the opportunity to support your academic journey, and we look forward to helping you achieve even greater milestones in the coming year. Wishing you all a wonderful holiday filled with love, laughter, and learning! 🌟🎓 ”

28/11/2024

AI နဲ့ Plagiarism ကိုရှောင်ပြီး Academic Assignment ရေးနည်း

Assignment ရေးတယ်ဆိုတာ ကျောင်းသားတွေအတွက် မဖြစ်မနေ ရင်ဆိုင်ရမယ့်အလုပ်တစ်ခုပါ။ အသက်အရွယ် ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ academic ပိုင်းမှာ ပညာဆက်လက်လေ့လာသင်ယူနေတယ်ဆိုရင်တော့ Assignment တွေနဲ့ရင်းနှီးနေမှ အဆင်ပြေမှာပါ။ Assignment ရေးရပြီဆိုရင် တစ်ခါတစ်လေ မျှော်လင့်ထားတာထက် ခက်ခဲတာတွေလည်း ရင်ဆိုင်လာနိုင်ပါတယ်။ ကိုယ်,ကိုယ်တိုင်ရေးသားထားပေမဲ့ AI နဲ့ Plagiarism Pass မဖြစ်တဲ့အခြေအနေတွေရှိနိုင်ပါတယ်။ ဒီတော့ Plagiarism ဆိုတာဘာလဲ၊ AI နဲ့ plagiarism မိမှာဘယ်လိုရှောင်ရမလဲဆိုတာကို ရှင်းပြလိုက်ပါတယ်။

Plagiarism ဆိုတာဘာလဲ?

Plagiarism ဆိုတာ Internet public sources (စာအုပ်၊ website စတာတွေ) ကနေ ခွင့်မပြုဘဲ စာကြောင်းလိုက် ကူးယူတဲ့အရာပါ။ Source တွေကို မှန်မှန်ဖော်ပြမပေးဘဲ တိုက်ရိုက်ယူသုံးထားရင် plagiarism မိပါတယ်။ အခြားသူရဲ့ စာတွေကို ကိုယ့်မူရင်းဆိုပြီး သုံးတာက ကျောင်းသားတွေအတွက် ဆိုးရွားတဲ့ ရလဒ်တွေကိုဖြစ်စေနိုင်ပါတယ်။

AI မိခြင်းဆိုတာဘာလဲ?

AI-generated စာတွေ (ChatGPT, Quillbot စတာတွေက ထုတ်ပေးထားတာ) ကို တိုက်ရိုက်ယူသုံးရင် ဆရာတွေက Software tools နဲ့ ပြန်စစ်တဲ့အခါ အလွယ်တကူတွေ့နိုင်ပါတယ်။ ဒါကြောင့် AI ကို အကောင်းဆုံးအသုံးပြုနိုင်ဖို့နည်းလမ်းတွေကိုသိထားရပါမယ်။

Academic Assignment ရေးဖို့နည်းလမ်း ၆ ချက်

၁။ ကိုယ်ကိုယ်တိုင် ဖတ်ပါ၊ လေ့လာပါ

ကျောင်းမှာ သင်ခဲ့တဲ့ lessons နဲ့ ဆရာတွေပြောထားတဲ့ အချက်တွေကို အရင်ဆုံးနားလည်ဖို့လိုပါတယ်။ ကိုယ့်အနားမှာ ရှိတဲ့ စာအုပ်တွေ၊ PDF file တွေနဲ့ Website တွေကို အသုံးချပြီး ကိုယ်တိုင်နားလည်တတ်မြောက်အောင် သင်ယူပါ။

၂။ Plagiarism မမိစေဖို့ References ထည့်ပါ

Source တွေ (စာအုပ်၊ website) မှာဖတ်ထားတာတွေကို တိုက်ရိုက်ကူးမသုံးပါနဲ့။ Source တွေကိုမှီငြမ်းပြီး စာကြောင်းအပြောင်းအလဲနဲ့ သဘောတရားဖွဲ့စည်းရေးသားပါ။

၃။ AI ကို အကြံဥာဏ်ရဖို့အတွက်သာ သုံးပါ

AI Tools တွေကို idea ရဖို့အတွက်သာ သုံးပါ၊ ကူးချဖို့မဟုတ်ပါဘူး။ AI-generated စာတွေကို တိုက်ရိုက်ယူသုံးတာမျိုးမလုပ်ဘဲ ကိုယ်တိုင် ပြန်လည်
ဖွဲ့စည်းရေးသားပါ။ Grammar checking အတွက် Grammarly, Hemingway စတာတွေလည်း အသုံးပြုနိုင်ပါတယ်။

၄။ ကိုယ့်စာကို Tools နဲ့စစ်ပါ

Grammarly, Turnitin, PlagScan စတာတွေကို အသုံးပြုပြီး ကိုယ့်ရေးထားတာ Plagiarism မိ၊မမိ စစ်ပါ။ Tools တွေက ကျောင်းသားတွေ Assignment ရေးသားရာမှာ များစွာ အထောက်အကူပြုပါတယ်။

၅။ ကိုယ့်စာသားနဲ့ ပြန်ရေးပါ

Originality ပိုမိုရရှိဖို့ Text တွေကို တိုက်ရိုက်ကူးယူရေးသားချင်း မလုပ်ပါနဲ့။ စာဖတ်ပြီးနားလည်သဘောပေါက်သလောက် ကိုယ်ပိုင်စာသားနဲ့ပြန်ရေးတာက ပိုထိရောက်တယ်။

၆။ စဉ်ဆက်မပြတ် Learning လုပ်ပါ

သင်ခန်းစာတွေကို နေ့စဉ်ဆက်တိုက် လေ့ကျင့်
ဖတ်ရှုပါ။ ကိုယ်တိုင်နားလည်ပြီးဆိုမှ Assignment စရေးပါ။ ဒီလိုဆိုရင် လောလောဆယ်အချိန်မှာလည်း အဆင်ပြေ၊ အနာဂတ်မှာလည်း ပညာရေးအတွက် အထူးအထောက်အကူပြုစေမှာ ဖြစ်ပါတယ်။

Conclusion

Tools တွေနဲ့ ရေးသားတာက အချိန်တိုအတွက်ပဲသင့်တော်ပြီး နောင်အနာဂတ်ပညာရေးအတွက် အန္တရာယ်ဖြစ်နိုင်ပါတယ်။ AI နဲ့ plagiarism မမိအောင်ပြုလုပ်တဲ့နည်းလမ်းများစွာရှိတဲ့အထဲက ကိုယ်တိုင်လေ့လာရေးသားတဲ့နည်းလမ်းကိုပဲရွေးချယ်သင့်ပါတယ်။ Assignment ရေးရမှာကို ကိုယ်တိုင်ကကြောက်ရွံ့နေမယ်ဆိုရင်တော့ အဆင့်မြင့်ပညာရေးစနစ်မှာ ဘောင်ဝင်တန်းဝင်ဖြစ်ဖို့၊ အောင်မြင်ထူးချွန်ဖို့ အလားအလာနည်းနေမှာဖြစ်ပါတယ်။

ချစ်လှစွာသော Admin #1

27/11/2024

Assignment များများအပ်မဲ့ ညီငယ်/ညီမငယ်လေးတို့အတွက် Discounts ရမဲ့ အစီအစဉ်လေးရှိပါတယ်နော်✅

26/11/2024

Assignment တွေများလို့ စိတ်ညစ်နေတာလား?

Deadline ကလည်းနီးနေပြီ ဘာမှလည်းမလုပ်ရသေးဘူး စိတ်ရှုပ်နေပြီလား?
ဘာမှ စိတ်ရှုပ်မနေနဲ့ AcE ရှိတယ်။

HND/ NCC တတ်နေတဲ့ ညီငယ်/ညီမငယ်တို့အတွက် အထူးဦးစားပေးထားတဲ့ AcE ကို ယုံကြည်စိတ်ချအားကိုးလိုက်ပါ။ အတွေ့အကြုံရှိတဲ့ ဘာသာရပ်ဆရာတွေကိုယ်တိုင် ကျောင်းသားတစ်ယောက်ချင်းစီအတွက် သေချာ ရေးပေးမဲ့ Assignment ဆိုတော့ ကျောင်းသားကိုယ်တိုင်အတွက်လည်း အဆင်ပြေ၊ Assignment ပုံစံမျိုးစုံကို ဈေးနှုန်းချိုသာစွာနဲ့လည်းအပ်လို့ရတယ်ဆိုတော့၊ ဘာလိုသေးလဲ?
Ai, Plagiarism တွေ Pass ဖြစ်ပြီး ကျောင်းသားတစ်ယောက်ချင်းစီအတွက် သေချာဂရုစိုက်ပေးပြီး အချက်အလက်ပေါက်ကြားမှာလည်း စိတ်ပူစရာမလိုဘူး Full Confidentiality ပါ။
ကဲ ထွေထွေထူးထူးတွေမပြောတော့ဘူး “ညီငယ်/ ညီမငယ်လေးတွေအတွက် AcE ရှိတယ်”

Information အသေးစိတ်ကိုတော့ Page Messenger ကနေ ဆေးနွေးတိုင်ပင်စုံစမ်းလို့ရပါတယ်!

Want your business to be the top-listed Business in Yangon?
Click here to claim your Sponsored Listing.

Website

Address


South Okkalapa Twsp
Yangon
11091