MHP
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from MHP, Yangon.
07/07/2025
N1 Soumatome Kanji 💖
https://www.facebook.com/share/p/19Em9akDZz/
N1 Soumatome Goi 💖
https://www.facebook.com/share/p/1Y2gHVhR3m/
N1 Soumatome Grammar 💖
https://www.facebook.com/share/p/1Xtqbekcyq/
N1 Speed Master Goi 💖
https://www.facebook.com/share/p/15tqeozkdD/
N1 Shinkanzen Grammar 💖
https://www.facebook.com/share/p/1A6Y1Z3vYC/
YouTube channel ✨♦️
https://www.youtube.com/channel/UCQEy9zDa6sgGPRdIB9woCrA
Telegram channel ✨♦️
https://t.me/Epajapanese
page ✨♦️
https://www.facebook.com/epajapanese?mibextid=ZbWKwL
N1 soumatome kanji ပညာဒါန🌸🌸🌸
N1 soumatome kanji (1-1)🌿
https://www.facebook.com/share/v/bvoQxhTtBpxNVYia/?mibextid=oFDknk
N1 soumatome kanji (1-1)အဖြေတိုက်
https://www.facebook.com/share/v/3KbH1rKhDrjB1d2x/?mibextid=oFDknk
N1 soumatome kanji (1-2)🌿
https://www.facebook.com/share/v/G8LEU6k2kqPVbJwY/?mibextid=oFDknk
N1 soumatome kanji (1-2)အဖြေတိုက်
https://www.facebook.com/share/v/AgSg2Va8sRG8zwPd/?mibextid=oFDknk
N1 soumatome kanji (1-3)🌿
https://www.facebook.com/share/v/QhwmvcdgcuY8yPes/?mibextid=oFDknk
N1 soumatome kanji (1-3)အဖြေတိုက်
https://www.facebook.com/share/v/ofonMrV31jPajxEc/?mibextid=oFDknk
N1 soumatome kanji (1-4)🌿
https://www.facebook.com/share/v/D7J8kvmGVkD9134i/?mibextid=oFDknk
N1 soumatome kanji (1-4)အဖြေတိုက်
https://www.facebook.com/share/v/mkqTvNKPquJS2V79/?mibextid=oFDknk
N1 soumatome kanji (1-5)🌿
https://www.facebook.com/share/v/rWwMNTKhbGw2PPdt/?mibextid=oFDknk
N1 soumatome kanji (1-5)အဖြေတိုက်
https://www.facebook.com/share/v/t5kaHjkdWaEF4CR9/?mibextid=oFDknk
N1 soumatome kanji (1-6)🌿
https://www.facebook.com/share/v/c1KHYLqy3V9T682k/?mibextid=oFDknk
N1 soumatome kanji (1-6)အဖြေတိုက်
https://www.facebook.com/share/v/NSjbUksUUWYe2p5n/?mibextid=oFDknk
N1 soumatome kanji (1-7)🌿
https://www.facebook.com/share/v/VnvN3SokyYXz5SvQ/?mibextid=oFDknk
ဂျပန်နိုင်ငံအပါအဝင်နေရာတော်တော်များများမှာမိမိကိုယ်တိုင်သတိထားမိ၍ဖြစ်စေ သတိမထားမိလိုက်သည်ဖြစ်စေ တစ်ဦးပေါ်တစ်ဦး ဒါမှမဟုတ် အများနဲ့တစ်ဦး ကိုယ်ထိလက်ရောက်အနိုင်ကျင့်ခံရတာ စိတ်ပိုင်းဆိုင်ရာအနိုင်ကျင့်ခံရတာမျိုးတွေကို ဖြစ်စေနိုင်တဲ့ Harassment အမျိုးအစား(၂၀)ကိုပြောပြပေးသွားပါမယ်
👹Harassment အမျိုးအစားများ
1.Power Harassment
パワーハラスメント (パワハラ)
•အထက်အရာရှိမှ လက်အောက်ငယ်သားကိုသူရဲ့အခွင့်အာဏာကိုအသုံးချပြီး ဖိအားပေးခြင်း၊ ရိုင်းစိုင်းသောစကားလုံးများဖြင့်ပြောဆိုခြင်း၊အလုပ်တွေအများအပြားခိုင်းစေခြင်း၊လူအများကြားတွင်မိမိရဲ့အခွင့်အာဏာကိုပြသ၍ခိုင်းစေပြောဆိုဆက်ဆံခြင်း
2.Sexual Harassment
セクシャルハラスメント (セクハラ)
•လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခြင်း၊ကိုယ်ခန္ဓာအားထိတွေ့ခြင်း၊မဖွယ်မရာစကားလုံးများဖြင့်ပြောဆိုဆက်ဆံခြင်း၊
3.Maternity Harassment
マタニティハラスメント (マタハラ)
•ကိုယ်ဝန်ဆောင်,မီးဖွားမယ့်မိခင်များအား စိတ်ပိုင်းဆိုင်ရာ ညှင်းပန်းခြင်း၊ မီးဖွားခွင့်မပေးခြင်း၊ကိုယ်ဝန်ဆောင်အမျိုးသမီးများအားအလုပ်အလွန်အကျွံခိုင်းစေခြင်း
4. Paternity Harassment
パタニティハラスメント
•ဖခင်များအား မိသားစုအတွက်အချိန်မပေးနိုင်လာက်အောင် အလုပ်တွေအလွန်အကျွံခိုင်းစေခြင်း၊ဖိအားပေးခြင်း
5. Moral Harassment
モラルハラスメント (モラハラ)
•စကားလုံးများဖြင့်စိတ်ပိုင်းဆိုင်ရာအနိုင်ကျင့်ခြင်း၊စိတ်ပိုင်းဆိုင်ရာညှင်းပန်းနိုင်စက်ခြင်း
6. Academic Harassment
アカデミックハラスメント (アカハラ)
•ဆရာ/သုတေသနအကြီးအကဲက ကျောင်းသားအားဖိအားပေးခြင်း
7. Alcohol Harassment
アルコールハラスメント (アルハラ)
•အရက်မသောက်ချင်/နိုင် သူအား အတင်းဖိအားပေးသောက်စေခြင်း
8. SOGI Harassment
SOGIハラスメント
•LGBT များအား စိတ်ပိုင်းဆိုင်ရာ လိင်ပိုင်းဆိုင်ရာနှင့်ပတ်သက်ပြီး ဖိအားပေးခြင်း အနိုင်ကျင့်ခြင်း
ဥပမာ gay အား မိန်းမဘာလို့မယူတာလဲ? အစရှိသဖြင့် မေးမြန်းခြင်း
9. Customer Harassment
カスタマーハラスメント (カスハラ)
•ဖောက်သည်မှ ဝန်ထမ်းအား အလွန်အမင်းတောင်းဆိုမှုပြုခြင်း/ညှင်းပန်းခြင်း ၊အလွန်အမင်းဈေးဆစ်ခြင်း ၊အလွန်အမင်းအပိုများတောင်းခြင်း
10. Remote Work Harassment
リモートハラスメント (リモハラ)
•Online meeting, WFH အချိန်တွင်ဖိအားပေးခြင်း
11. Social Media Harassment
ネットハラスメント (ネットハラ)
•SNS တွင် လူတစ်ဦးကို ပြင်းပြင်းထန်ထန်ပြောဆိုခြင်း ၊ မုန်းတီးရေးစာသားများရေးတင်ပြီး အပြစ်ဖို့ခြင်း
12. Lookism Harassment
ルッキズムハラスメント
•ခန္ဓကိုယ် မျက်နှာကို ကြည့်ပြီး အပြစ်တင်ပြောဆိုခြင်း
ဥပမာ ဝလာလိုက်တာ ပိန်သွားတယ်နော် ဝက်ခြံတွေထွက်နေတယ်နော် အစရှိစဖြင့် ပြောဆိုဆက်ဆံခြင်း
13. Age Harassment
エイジハラスメント
•အသက်အရွယ်ကိုကြည့်ပြီး ခွဲခြားဆက်ဆံခြင်း
အသက်ကြီးလို့ ငယ်လို့ အစရှိသဖြင့်ပြောဆိုပြီး ခွဲခြားဆက်ဆံခြင်း
14. Marriage Harassment
結婚ハラスメント (ケツハラ)
•လက်ထပ်ခြင်းနဲ့ပတ်သက်ပြီး ဝေဖန်ပြောဆိုခြင်း
ဥပမာ အိမ်ထောင်မရှိသေးတဲ့လူကို ဘာလို့လက်မထပ်သေးတာလဲ?အစရှိသဖြင့်မေးခွန်းများမေးခြင်း
15. Childbirth Harassment
出産ハラスメント
•အိမ်ထောင်သည်များအား ကလေးမယူသေးဘူးလား ကလေးမမွေးသေးဘူးလား? အစရှိသဖြင့် ကလေးမွေးဖွားခြင်းနဲ့ပတ်သက်ပြီး ဝေဖန်ပြောဆိုခြင်း
16. Name Harassment
ネームハラスメント
•သူတပါးရဲ့နံမည်နဲ့ပတ်သက်ပြီး ပျက်ရယ်ပြုခြင်း လှောင်ပြောင်ခြင်း နံမည်ပြောင်ပေး၍စနောက်ခြင်း
17. Housework Harassment
家事ハラスメント (カジハラ)
•အိမ်မှုကိစ္စများကို ဖိအားပေး လုပ်ကိုင်စေခြင်း၊ တစ်ဦးတစ်ယောက်တည်းကိုပဲ အိမ်အလုပ်များအားလုံးကိုလုပ်စေခြင်း လုပ်ကိုင်ရန်ဖိအားပေးခြင်း
18. Time Harassment
タイムハラスメント
•အချိန်နဲ့ပတ်သက်ပြီး ဖိအားပေးခံရခြင်း၊ အလုပ်ချိန်ထက်အချိန်များစွာစောလျင်စွာ အလုပ်သို့လာရောက်စေခိုင်းခြင်း အချိန်ပိုများစွာလုပ်ခိုင်းစေခြင်း နားချိန်တွင် အလုပ်ခိုင်းစေခြင်း
19. Dying Harassment
死亡ハラスメント
•သေဆုံးသွားနှင့်ပတ်သက်၍ သတင်းအမှားများ ထုတ်လွှင့်ပြောဆိုခြင်း ၊သေဆုံးသူနဲ့ပတ်သက်သောအတင်းအဖျင်းများပြောဆိုခြင်း
20. Environmental Harassment
環境ハラスメント
•ပတ်ဝန်းကျင်နဲ့ပတ်သက်သော မသင့်လျော်သောအပြုအမူများ စိတ်ပိုင်းဆိုင်ရာဖိအားပေးခြင်းများလုပ်ဆောင်ခြင်း
ဥပမာ လုပ်ငန်းခွင်အတွင်း အခြားသူများကအလုပ်မလုပ်ကိုင်နိုင်စေလောက်အောင် ဆူညံသံများဖြင့်နှောင့်ယှက်ခြင်း ၊ မသန်စွမ်းသမားများအား မသင့်တော်သော နေရာများသို့ခေါ်ဆောင်သွားခြင်း၊အေးလွန်းပူလွန်းသောအခန်းထဲတွင် အလုပ် လုပ်ကိုင်စေခြင်း
🛡️ Harassment ကိုတားဆီးဖို့ ဘာတွေပြုလုပ်ရမလဲ?
1. 📑 မှတ်တမ်းသိမ်းဆည်းထားပါ
• ဖြစ်ပွားချိန်၊ နေရာ၊ ပြောသူနာမည်၊ အားလုံးကိုမှတ်သားထားပါ
2. 📣 ယုံကြည်ရသူတစ်ဦးကို ပြောပါ
• အထက်အရာရှိ၊ HR၊ မိသားစု၊ သူငယ်ချင်း
3. 🏢 လုပ်ငန်းခွင်အတွင်း ရုံးသို့တိုင်ကြားပါ
• 総務部(soumu)、人事部(jinji)
လုပ်ငန်းခွင်တခုထဲသာမက ကျောင်း ဆေးရုံ ရပ်ကွက် အစရှိသဖြင့် နေရာပေါင်းစုံတွင် တွေ့မြင်ရလေ့ရှိသော စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုများစွာကို ခံစားနေရာသူများစွာရှိနေပါတယ် အဲ့ဒါကြောင့် မိမိကိုယ်တိုင်လည်း မပြုလုပ်မိအောင် ဒါမှမဟုတ် မိမိကိုယ်တိုင်လည်း အနိုင်ကျင့်ခံရသည်ရှိသော် အချိန်မီကာကွယ်တားဆီးနိုင်အောင် လုပ်ဆောင်ကြဖို့ အင်မတန်မှ အရေးကြီးပါတယ်✅✅
အားလုံးပဲအဆင်ပြေကြပါစေ🙏🙏
မြန်မာနိုင်ငံကို တရားဝင် ငွေဘယ်လိုလွှဲမလဲ
ဂျပန်ကနေ မြန်မာကို ငွေလွှဲနည်းကတော့ အမျိုးမျိုးရှိပါတယ်။ဒီ post မှာ တရားဝင်ငွေလွှဲနည်း ၃မျိုးကို တင်ပေးလိုက်ပါတယ်။
1. SBI
SBI နဲ့ငွေလွှဲမယ်ဆိုလျှင် SBI ငွေလွှဲကဒ်ရှိရပါမယ်။
ဒီငွေလွှဲကဒ်ကို SBI ကုမ္ပဏီကနေ လျှောက်ယူရပါမယ်။
ကဒ်လျှောက်ဖို့အတွက် ကိုယ့်ရဲ့အချက်အလက်(ဇိုင်းလျှူးကဒ်၊ my number၊ mail address)နဲ့ မြန်မာနိုင်ငံက လက်ခံယူမယ့်လူရဲ့ နာမည်လိုအပ်ပါတယ်။
ငွေကိုတော့ စာတိုက်ဘဏ်ရဲ့ ATM ကနေလွှဲရပါတယ်။
စာတိုက်ဘဏ်ရဲ့ ATMမှာ ငွေထည့်လိုက်ရင် ၁၀မိနစ်လောက်အကြာမှာ ကိုယ့်ရဲ့mail ထဲကို ဂဏန်၈လုံးပို့ပေးပါလိမ့်မယ်။
အဲ့ဒီဂဏန်းကို ငွေထုတ်မယ့်လူကိုပြောပြီး မြန်မာနိုင်ငံက ဘဏ်မှာ သွားထုတ်ရပါမယ်။
ငွေစျေးနှုန်းကတော့ ကိုယ်လွှဲတဲ့အချိန်ရဲ့ ငွေပေါက်စျေးပါပဲ။အောက်က SBI page ကို likeလုပ်ထားရင် နေ့တိုင်း ငွေပေါက်စျေးသိရမှာဖြစ်ပါတယ်။
ငွေလွှဲပုံလွှဲနည်းကို ဒီမှာကြည့်ရှုနိုင်ပါတယ်။
https://www.facebook.com/permalink.php?story_fbid=1836458063288511&id=1629792407288412
လက်ရှိမြန်မာနိုင်ငံက ဒီဘဏ်၃ခုကို တိုက်ရိုက်ပို့လို့ရပါတယ်။
ASIA GREEN DEVELOPMENT BANK
MYANMAR CITIZENS BANK
TUN FOUNDATION BANK
ကဒ်လျှောက်ပုံ လျှောက်နည်း အသေးစိတ်သိရှိလို့ပါက
SBI remit Myanmar pageက msg boxမှဆက်သွယ်ခြင်း
Viber +818040970792,+817031930739မှဆက်သွယ်နိုင်ပါတယ်။.............................................................................
2. Kyodai
Kyodai ဟာလည်းSBI နည်းတူပါပဲ ဂျပန်က ငွေလွှဲမယ့်လူမှာ kyodai ငွေလွှဲကဒ်ရှိရပါမယ်။
ဒီဟာကလည်း စာတိုက်ဘဏ်ကနေလွှဲရပါတယ်။
လွှဲပုံလွှဲနည်းကတော့ SBI နဲ့အတူတူပါပဲ။
ဒီမှာကြည့်ရှုနိုင်ပါတယ်။
https://www.facebook.com/100012442006431/videos/250525062038892/
ငွေစျေးနှုန်းကတော့ ကိုယ်လွှဲတဲ့အချိန်ရဲ့ ငွေပေါက်စျေးပါပဲ။အပေါ်က kyodai page မှာနေ့တိုင်း ငွေပေါက်စျေးတင်ပေးနေပါတယ်။
Kyodai ကတော့ မြန်မာနိုင်ငံက ဒီဘဏ်၄ခုကို ပေးပို့လို့ရပါတယ်။
AYEYARWADY BANK
C B BANK
MYANMAR CITIZENS BANK
ASIA GREEN DEVELOPMENT BANK
ကဒ်လျှောက်ပုံ လျှောက်နည်း အသေးစိတ်သိရှိလို့ပါက
အောက်ပါဖုန်းနံပတ်မြန်မာဝန်ထမ်းကိုဆက်သွယ်မေးမြန်းနိုင်ပါတယ် (Viber,Kyodai Myanmar FB ကနေလဲဆက်သွယ်မေးမြန်းနိုင်ပါတယ်)
၀၈၀ ၄၁၃၅ ၆၂၅၅......................................................................
3. Western Unionနဲ့ လွှဲနည်း
Western Union ကတော့ ဂျပန်က ငွေပို့မယ့်လူမှာ ငွေလွှဲကဒ် မရှိလဲရပါတယ်။
ငွေလွှဲချင်တဲ့အခါ Western Union ဆိုင်းဘုတ်ရှိတဲ့ဆိုင်ကိုသွားပါ။
ငွေလွှဲတဲ့ လျှောက်လွှာမှာ ကိုယ့်နဲ့မြန်မာနိုင်ငံက ငွေလက်ခံယူမယ့်လူရဲ့အချက်အလက်တွေဖြည့်ပြီး ငွေလွှဲလိုက်ရုံပါပဲ။(my number တော့ လိုအပ်ပါတယ်)
ငွေလွှဲပြီးပြီဆိုလျှင် ကိုယ့်လက်ခံစာရွက်မှာ ငွေလွှဲနံပါတ် ၁၀လုံး ရပါလိမ့်မယ်။
အဲ့ဒီနံပါတ်ကို မြန်မာနိုင်ငံက ငွေသွားထုတ်မယ့်လူဆီ ပို့ပေးလိုက်ပါ။
မြန်မာနိုင်ငံက ငွေထုတ်မယ့်လူက အဲ့ဒီနံပါတ်နဲ့ ငွေသွားထုတ်လိုက်ရုံပါပဲ။
လွှဲပုံလွှဲနည်းကိုတော့ ဒီမှာကြည့်နိုင်ပါတယ်။
https://m.youtube.com/watch?feature=youtu.be&v=hNw5hZbEXo8
Western Union ကတော့ မြန်မာနိုင်ငံအနှံ့က ဘဏ်တော်တော်များများကို လွှဲလို့ရပါတယ်။
ငွေစျေးနှုန်းကတော့ ကိုယ်လွှဲတဲ့အချိန်ရဲ့ ပေါက်စျေးပါပဲ။
ငွေစျေးနှုန်းသိချင်ရင်တော့ SEVEN BANK ဆိုတဲ့ဒီ appli
ကို Download လုပ်ထားလိုက်ပါ။
https://www.facebook.com/sevenbank.english/posts/717088301784404
မှတ်ချက် ။ ။ Western Union လည်းပဲ ဘဏ်ကနေငွေ လွှဲလို့ရပါတယ်။SEVEN BANK ဘဏ်ကဒ်လုပ်ထားဖို့တော့ လိုအပ်ပါတယ်။
https://m.youtube.com/watch?v=95tuPDmrTuA
https://m.youtube.com/watch?v=_47t1EHamXM #
ဂျပန်မှာ ပင်ပင်ပန်းပန်းနဲ့ ရှာဖွေထားတဲ့ငွေတွေ....
အသက်သာဆုံးနဲ့ အဆင်အပြေဆုံး မြန်မာနိုင်ငံကိုပြန်လွှဲနိုင်ဖို့ ဒီpost ကို တင်ပေးလိုက်ပါတယ်။
တရားဝင်ငွေလွှဲနည်းတွေဖြစ်တာကြောင့် ဒီလူဟာ တရားဝင်ငွေဘယ်လောက်လွှဲထားတယ်ဆိုတဲ့ မှတ်တမ်းတွေကျန်နေမယ်ဆိုတာကိုတော့ သဘောပေါက်ထားဖို့လိုအပ်ပါတယ်။
အားလုံးအဆင်ပြေကြပါစေ။
ဆရာ #အကီ pageမှ ကူးယူဖော်ပြပါသည်။ ။
Click here to claim your Sponsored Listing.
Website
Address
Yangon
11201