City Loft
ကြယ်စင်အိမ်ရာ (StarCity) ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းရှိ ဆန်းသစ်သော အထူးစီမံကိန်း စိတ်ကူးတစ်ခု
01/07/2023
ယနေ့မှာဆိုရင် City Loft အိမ်ရာရဲ့ နောက်ဆုံးမြောက်တာဝါဖြစ်တဲ့ Tower 11 ကို အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ပါတယ်။ အရောင်းစဖွင့်တဲ့နေ့မှာပင် တခဲနက်ဝယ်ယူအားပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီးတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်။ အဆင်မပြေမှုလေးများရှိခဲ့ပါကလည်း နားလည်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်။
30/06/2023
လူငယ်လုပ်ငန်းရှင်တွေ အဓိကရွေးချယ်ဝယ်ယူတဲ့ City Loft အိမ်ရာမှာဆိုရင် အခန်းအမျိုးအစားစုံလင်စွာတည်ဆောက်ထားတာကြောင့် တစ်ဦးတည်းနေထိုင်လိုသူ၊ မိသားစုလိုက်နေထိုင်လိုသူ၊ ရင်းနှီးမြှုပ်နှံလိုသူတွေအတွက် စိတ်တိုင်းကျရွေးချယ်ဝယ်ယူနိုင်တဲ့ အိမ်ရာကောင်းတစ်ခုပဲ ဖြစ်ပါတယ်။
လေကောင်းလေသန့်ရပြီး သာယာအေးချမ်းတဲ့ ပတ်ဝန်းကျင်ဖြစ်လို့ မနက်တိုင်းတိတ်ဆိတ်ငြိမ်သက်မှုနဲ့အတူ စိတ်ချမ်းသာစွာ နိုးထနိုင်မဲ့အပြင် အခန်းအမျိုးအစားအနေနဲ့ Studio Room, One Bedroom, Two Bedroom, Three Bedroom ဆိုပြီး ၄ မျိုးရှိတာဖြစ်လို့ စိတ်တိုင်းကျရွေးချယ်ဝယ်ယူနိုင်ပါတယ်။
◻𝐒𝐭𝐮𝐝𝐢𝐨 𝐑𝐨𝐨𝐦
Studio Room က 312 SQ.FT ရှိပြီး တစ်ယောက်တည်း ရိုရိုးရှင်းရှင်းနဲ့ ကျစ်ကျစ်လစ်လစ် နေထိုင်လိုသူ၊ ရင်းနှီးမြှုပ်နှံလိုသူတွေအတွက် မျက်စိကျစရာရွေးချယ်စရာတစ်ခုဖြစ်နေပါတယ်။ Minimalist Lifestyle ကိုကြိုက်နှစ်သက်တဲ့ လူငယ်တွေဆို ဒီအခန်းက အသင့်တော်ဆုံးပါပဲ။
◻𝐎𝐧𝐞 𝐁𝐞𝐝 𝐑𝐨𝐨𝐦
484 SQ.FT ကျယ်ဝန်းပြီး နှစ်ကိုယ်တူဘဝ လျှောက်လှမ်းဖို့ စိတ်ကူးထားတဲ့ ကြင်စဦးဇနီးမောင်နှံတွေ၊ လူငယ်လုပ်ငန်းရှင်တွေ အဓိကရွေးချယ် ဝယ်ယူကြတာပဲဖြစ်ပါတယ်။ လုံလောက်တဲ့ အကျယ်အဝန်းနဲ့ ပေါ့ပေါ့ပါးပါးနေထိုင်မှု ပုံစံကိုရရှိမှာပါ။
◻𝐓𝐰𝐨 𝐁𝐞𝐝 𝐑𝐨𝐨𝐦
မိသားစုကမ္ဘာလေးတည်ဆောက်ဖို့ဆို 710 SQ.FT ရှိတဲ့ Two Bedroom ကအသင့်တော်ဆုံးပါပဲ။အိမ်ခန်းနှစ်ခန်းပါတဲ့အပြင် ကျယ်ဝန်းတဲ့ဧည့်ခန်းလည်းပါဝင်တာကြောင့် သားသားမီးမီးတို့နဲ့ ကျယ်ကျယ်ဝန်းဝန်းနေလို့ရပါတယ်။ ဒါ့အပြင် အခန်းတိုင်း ပြတင်းပေါက်တွေပါရှိတာဖြစ်လို့ နေရောင်ခြည်နဲ့ လေကောင်းလေသန့်ရပြီး စိတ်အေးချမ်းသာယာမှုကို ရရှိမှာပါ။
◻𝐓𝐡𝐫𝐞𝐞 𝐁𝐞𝐝 𝐑𝐨𝐨𝐦 𝐔𝐧𝐢𝐭 𝐀
ဘိုးဘိုးဘွားဘွားတွေနဲ့ မိသားစုစုံစုံညီညီနေချင်တဲ့သူတွေဆို 850 SQ.FT ကျယ်ဝန်းတဲ့ 3 bedroom ကိုရွေးချယ်ကြပါတယ်။ အိပ်ခန်းသုံးခန်းပါဝင်ပြီး Master Bedroom 1 ခန်း၊ Single Room 2 ခန်းနဲ့ ကျယ်ဝန်းတဲ့ ထမင်းစားခန်း၊ဧည့်ခန်းများ ပါဝင်တာကြောင့် လွတ်လွတ်လပ်လပ်နေချင်လိုသူတွေအနေနဲ့ အသင့်တော်ဆုံးပဲဖြစ်ပါတယ်။
◻𝐓𝐡𝐫𝐞𝐞 𝐁𝐞𝐝 𝐑𝐨𝐨𝐦 𝐔𝐧𝐢𝐭 𝐁
ဒီအခန်းလေးက 3 Bedroom Unit A ထက်ပိုမိုကျယ်ဝန်းပြီး 958 SQ.FT ကျယ်ဝန်းပါတယ်။ Master Bedroom 1 ခန်း၊ Single Bedroom 2 ခန်းပါဝင်ပြီး ဧည့်ခန်းကပိုမိုကျယ်ဝန်းတာကြောင့် သားသားမီးမီးတွေ လွတ်လွတ်လပ်လပ်ဆော့ကစားဖို့နဲ့ ကျယ်ကျယ်ဝန်းဝန်းနေထိုင်ချင်သူများအတွက် ရွေးချယ်သင့်ဆုံးအခန်းပဲဖြစ်ပါတယ်။
အသေးစိတ်ကိုတော့ 09 777 22 33 55, 09 777 22 33 66 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon
11401
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |