The Irrawaddy - Burmese Edition

The Irrawaddy - Burmese Edition

Share

The Irrawaddy magazine and its Web site cover Burma and Southeast Asia, providing in-depth news and information to international readers.

06/06/2026

စစ်မှုထမ်းပါသူများ ထွက်မပြေးရေး လွှတ်တော်အမတ်များ စောင့်ကြည့်ဖို့ ပဲခူးတိုင်း နယ်/လုံဝန်ကြီး ပြော

ဧရာဝတီ၊ ဇွန် ၆၊ ၂၀၂၆

ပဲခူးတိုင်းအတွင်း စစ်မှုထမ်းအကျုံးဝင်သူများအား ဆင့်ခေါ်ရာတွင် ထွက်ပြေး တိမ်းရှောင်ခြင်း မပြုလုပ်နိုင်ရန် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် စောင့်ကြည့် ကြပ်မတ်ပေးရန်လိုကြောင်း ပဲခူးတိုင်းအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ညီလန်းချိုက ဇွန်လ ၄ ရက်၌ ပြုလုပ်သည့် ပဲခူးတိုင်းလွှတ်တော်အစည်းအဝေးတွင် ပြောသည်။

ပေါက်ခေါင်းမြို့နယ် အမှတ် ၂ မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စွာလင်းက စစ်မှုထမ်းဆင့်ခေါ်မှုနှင့် ပတ်သက်၍ မေးမြန်းမှုအပေါ် ဖြေဆိုရာ၌ ထည့်သွင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ဦးကျော်စွာလင်းက နတ္တလင်း၊ ပြည်ခရိုင် ပြည်သူ့စစ်အဖွဲ့အစည်းများသည် ကျေးရွာများတွင် စစ်မှုထမ်းအသက်အရွယ်ရှိသူ တဦးလျှင် ကျပ် ၂ သောင်းမှ ၃ သောင်းခွဲနှုန်းအထိ စစ်မှုထမ်းကြေး ကောက်ခံနေကြောင်း၊ ပြည်မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများ၌ ပြည်သူ့စစ်အဖွဲ့အစည်းများမှ ကား ဆိုင်ကယ်များဖြင့် သွားလာကာ လမ်း၌ တွေ့သည့် လူငယ်အချို့အား စစ်ဆေးမေးမြန်းခြင်းမရှိဘဲ ဖမ်းဆီးခြင်း၊ ကျပ်သိန်း၁၀၀ နှင့်အထက် တောင်းခံကာ ပြန်လည်လွှတ်ပေးခြင်း၊ ညအချိန် ဧည့်စာရင်းစစ်ဆေးမှုအကြောင်းပြကာ လူငယ်များအား ဖမ်းဆီးခြင်း၊ ပန်းတောင်၊ ရွှေတောင်၊ အောင်လံမြို့များရှိ ပြည်သူ့စစ်အဖွဲ့များက ပြည်မြို့နယ်ဧရိယာအတွင်းသို့ စစ်မှုထမ်းအကြောင်းပြ နယ်ကျော်ဖမ်းဆီးခြင်းပြုလုပ်နေသည်ဟု ပြောသည်။

ထိုကြောင့် ပြည်ခရိုင်ရှိ လူငယ်လူရွယ်များမှာ အခြားမြို့ရွာများသို့ ထွက်ပြေးတိမ်းရှောင်ခြင်း၊ ကျန်ရှိနေသည့် လူငယ်လူရွယ်များမှာလည်း ကျီးလန့်စာစားဖြင့် လုပ်ငန်းများ လုပ်ကိုင်နေရကြောင်း၊ မိဘများအနေဖြင့်လည်း သားသမီးနှင့် ပတ်သက်၍ စိုးရိမ်ကြောင့်ကြမှုများ ခံစားနေကြရသလို စက်ရုံ အလုပ်ရုံများတွင်လည်း အလုပ်သမားရှားပါးမှုပြဿနာများ ရင်ဆိုင်နေကြရသည်ဟုလည်း ဆိုသည်။

အဆိုပါမေးမြန်းချက်နှင့် ပတ်သက်၍ ဗိုလ်မှူးကြီး ညီလန်းချိုက စစ်မှုထမ်းအကြောင်းပြ၍ ငွေကြေးကောက်ခံမှု ဖြစ်စဉ်များ သိရှိရသဖြင့် နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ တည်ဆဲဥပဒေအရ အရေးယူသည့် ဖြစ်စဉ်များကိုလည်း သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်ကို ချပြပြီးဖြစ်သည်ဟု ဖြေဆိုသော်လည်း အသေးစိတ်ပြောကြားခြင်း မရှိပေ။

ပဲခူးတိုင်းတွင် စစ်မှုထမ်းဆင့်ခေါ်ရေး အဖွဲ့ဝင် ၉ ဦးဖြင့် ဖွဲ့စည်းထားပြီး သတ်မှတ်အသက်အရွယ်ရှိသူများအား ဆင့်ခေါ်ကာ ဆေးအောင်မှသာ စစ်သင်တန်းကျောင်းများသို့ ပို့ဆောင်နေသည်ဟုလည်း ၎င်းက ဆိုသည်။

ပဲခူးတိုင်းအတွင်း၌ စစ်မှုထမ်းဥပဒေအရ အကြုံးဝင်သည့် အသက် ၁၈ မှ ၃၅ နှစ်အတွင်း အမျိုးသား ၇ သိန်း ၃ သောင်းကျော် ရှိပြီး ပြည်ခရိုင်၌ ၁၄ ဒသမ ၅၈ ရာခိုင်နှုန်း၊ နတ္တလင်းခရိုင်၌ ၁၃ ဒသမ ၀၅ ရာခိုင်နှုန်း ရှိကြောင်း၊ စစ်မှုထမ်းသင်တန်း အပတ်စဉ် ၂ မှ ၂၅ အထိ တိုင်းမှ သတ်မှတ်အင်အား၏ ၈၃ ဒသမ ၄၂ ရာခိုင်နှုန်းအထိ သင်တန်းကျောင်းသို့ ပို့ဆောင်ပေးပြီးဖြစ်သည်ဟု ၎င်းက ဆိုသည်။

ပုံစာ-၂၀၂၁ မေလ ၇ ရက်က ရန်ကုန်တွင် စောင့်ကြပ်နေသော စစ်သားတဦး/AFP

အိန္ဒိယက ဘာကြောင့် မင်းအောင်လှိုင်ကို လက်ခံတွေ့ဆုံခဲ့သလဲ (ရုပ်/သံ) 06/06/2026

အိန္ဒိယက ဘာကြောင့် မင်းအောင်လှိုင်ကို လက်ခံတွေ့ဆုံခဲ့သလဲ (ရုပ်/သံ)

ဧရာဝတီ၊ ဇွန် ၆၊ ၂၀၂၆

အာဏာသိမ်းခေါင်းဆောင် ဦးမင်းအောင်လှိုင်ဟာ ၅ ရက်ကြာ အိန္ဒိယခရီးစဉ်အပြီး နေပြည်တော်ကို ပြန်လည်ရောက်ရှိလာချိန်မှာ သူ့ရဲ့ ဒီခရီးစဉ်ဟာ အောင်မြင်တဲ့ခရီးစဉ်ဖြစ်တယ်လို့ သတင်းထောက်တွေကို ပြောတာတွေ့လိုက်ရပါတယ်။

၂၀၂၁ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဒီမိုကရေစီနိုင်ငံကြီးတခုကို သွားရောက်ခွင့်ရခဲ့တဲ့ ဒီခရီးစဉ်ဟာ အာဏာသိမ်းခေါင်းဆောင်အတွက် ထွက်ပေါက်တခုလို့ ယူဆနိုင်ပေမဲ့၊ အိန္ဒိယရဲ့ ဖိတ်ကြားမှု နောက်ကွယ်မှာတော့ တရုတ်နဲ့ ပထဝီနိုင်ငံရေး အားပြိုင်မှုတွေအပြင် နယ်စပ်ဒေသက အိန္ဒိယသူပုန်တွေအရေး စိုးရိမ်ချက်တွေ အဓိကပါဝင်နေတယ်လို့ လေ့လာသူတွေက သုံးသပ်နေကြတာပါ။

ဒါ့အပြင် နှစ်နိုင်ငံကြား သဘောတူညီခဲ့ကြတဲ့ စီမံကိန်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေဟာလည်းလည်း မြန်မာနိုင်ငံရဲ့ လက်ရှိ ပြင်းထန်နေတဲ့ စစ်မီးနဲ့ မတည်ငြိမ်မှုတွေကြောင့် လက်တွေ့မှာ အကောင်အထည်ပေါ်လာဖို့ အလှမ်းဝေးနေဆဲပဲလို့ သုံးသပ်နေကြပါတယ်။

https://youtu.be/gh9BwmHAxPc
#မြန်မာ #ဧရာဝတီ #အိန္ဒိယ #ခရီးစဉ် #တရုတ် #နယ်စပ်ဒေသ #အိန္ဒိယသူပုန် 'sHappeningInMyanmar

အိန္ဒိယက ဘာကြောင့် မင်းအောင်လှိုင်ကို လက်ခံတွေ့ဆုံခဲ့သလဲ (ရုပ်/သံ) အာဏာသိမ်းခေါင်းဆောင် ဦးမင်းအောင်လှိုင်ဟာ ၅ ရက်ကြာ အိန္ဒိယခရီးစဉ်အပြ...

Photos from The Irrawaddy - Burmese Edition's post 06/06/2026

ပေါက်နယ် ပျူရွာမှ ထွက်ပြေးသူ ၇၀ ခန့် လက်နက်များနှင့် ဖမ်းမိ

ဧရာဝတီ၊ ဇွန် ၆၊ ၂၀၂၆

မကွေးတိုင်း ပေါက်မြို့နယ်အတွင်း ဖြတ်သန်းသွားသည့် ပုသိမ်-မုံရွာကားလမ်းပေါ်ရှိ ရေပြာရဲစခန်းနှင့် ကုက္ကိုစု ပျူစောထီးကျေးရွာမှ လက်နက်မချဘဲ ထွက်ပြေးသည့် စစ်တပ်၊ ရဲ၊ ပျူစောထီး ၇၀ ခန့်ကို ယမန်နေ့ ညနေပိုင်း၌ ထပ်မံ ဖမ်းဆီးနိုင်ခဲ့ကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်များထံက သိရသည်။

ပေါက်မြို့နှင့် ၁၃ မိုင်ခန့်အကွာရှိ ရေပြာရဲစခန်းနှင့် ကုက္ကိုစု ပျူစောထီးကျေးရွာများကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းတပ်များက ဇွန် ၂ ရက်နှင့် ၄ ရက်နေ့များတွင် ထိုးစစ်ဆင်သိမ်းပိုက်နိုင်ခဲ့ပြီး ထွက်ပြေးလွတ်မြောက်သွားသူများအား အညာမြေတပ်ပေါင်းစုနှင့် ဒေသတွင်းတပ်ဖွဲ့များ ပူးပေါင်း၍ တောနင်းရှာဖွေခဲ့သလို ကင်းထောက်ရှာဖွေခဲ့ရာ ယမန်နေ့ ည ၇ နာရီခန့်တွင် ဖမ်းဆီးရမိခဲ့ခြင်းဟု သိရသည်။

“ကုက္ကိုစုပျူရွာက ပေါက်ကိုယ်တော် အားအထားရဆုံး ပျူစောထီးရာချီပြီးရှိတဲ့ စခန်းတခုပဲ၊ ဝင်တိုက်ခံရတဲ့အချိန်မှာ လက်နက်မချဘဲ မြိုင်စက်မှု ၂ ကို ပြေးကြတာ၊ မနေ့က နယ်မြေရှင်းလင်းရေးလိုက်လုပ်ရင်းနဲ့ ည ၇ နာရီလောက်မှာ ပေါက်နယ် တောတွင်းတနေရာကနေ အစုလိုက်ဖမ်းမိခဲ့တာ၊ ပျုစောထီးတွေရော မိသားစုဝင်တွေရော ပါတယ်၊ ၇၀ ကျော်ပေါ့”ဟု အညာမြေတပ်ပေါင်းစုမှ ကိုဘိုဘိုသန့်စင်က ပြောသည်။

ကုက္ကိုစုပျူစောထီးရွာအား ဇွန် ၄ ရက်တွင် သိမ်းနိုင်ခဲ့ပြီးနောက် ပျူစောထီးများနှင့် မိသားစုဝင်များမှာ လက်နက်ချ အညံ့မခံ ဘဲ လက်နက်အပြည့်အစုံဖြင့် မြိုင်နယ် စက်မှုတွင် အထိုင်ချထားသည့် စစ်တပ်ထံသို့ ထွက်ပြေးခဲ့ကြောင်း၊ ဖမ်းဆီးရမိသူများ၏ ဖြေကြားချက်များအရ ကုက္ကိုစုပျူစောထီးခေါင်းဆောင်နှင့် စစ်သား ၅ ဦးတို့ လွတ်မြောက်နေဆဲဖြစ်ပြီး နယ်မြေကျွမ်းကျင်သော ပျူစောထီးခေါင်းဆောင်မှာ လက်အောက်ငယ်သားများအား စွန့်ပစ်ကာ ထွက်ပြေး လွတ်မြောက်သွားခြင်းမျိုးဟု သိရသည်။

ထပ်မံ ဖမ်းဆီးရမိသော ပျူစောထီးများထံမှ ၆၀ မမ အပါအဝင် လက်နက် ၁၇ လက် သိမ်းဆည်းနိုင်ခဲ့သလို ဖမ်းဆီးရမိသည့် ပျူစောထီးများနှင့် မိသားစုဝင်များသည် လက်နက်မချဘဲ ပြန်လည်ခုခံမှုများ ပြုလုပ်ခဲ့သဖြင့် ဂျနီဗာကွန်ဗင်းရှင်း (Geneva Conventions) ဥပဒေများအရ စစ်သုံ့ပန်းအဖြစ် သတ်မှတ်ကာ ဘေးကင်းလုံခြုံစွာ ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း သိရသည်။

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Address


Yangon