Ko Aung - LifePolicy Educate
Your Trusted Life Insurance Partner, Contact - 09954170204
01/09/2023
အာမခံလုပ်ငန်း
တွေးတောကြောက်လန့်နေကြရမည်ဟု မဆိုသော်လည်း လူတို့တွင် ဘေးဥပဒ်အန္တရာယ် အမျိုးပေါင်းများစွာ ရှိသည်ကို သတိပြုသင့်၏။ လူသည် အချိန်အခါမရွေး သေတတ်၏။ ထိခိုက်ရှနာတတ်၏။ နာမကျန်းဖြစ်တတ်သည်။ ထိုအတူ လူတို့၏ပစ္စည်းများသည်လည်း အချိန်မရွေး ရန်သူမျိုး ငါးပါး အဖျက်အဆီးကြောင့်ဖြစ်စေ၊ ကံမကောင်း အကြောင်းမလှ၍ဖြစ်စေ ပျက်စီးဆုံးရှုံးတတ်သည်။ ထိုကဲ့သို့သော ဘေး အန္တရာယ်နှင့် အပျက်အစီးများမှာ လူတိုင်းလူတိုင်း အခါမရွေး တွေ့ကြုံရသော ဖြစ်စဉ်ပင် ဖြစ်သည်။ အိမ်ထောင်စုတစ်ခုလုံးအတွက်တာဝန်ကို ထမ်းဆောင်သူ တစ်ယောက်သည် ငွေကြေးစုဆောင်းပြီးမရှိမီ သေဆုံးသွားလျှင် ကျန်ရစ်သော အိမ် ထောင်များ အတိဒုက္ခရောက်ကြသည်သာ များ၏။ ထိုမှတစ်ပါး ပစ္စည်း ဥစ္စာ မည်မျှပင် ချမ်းသာကြွယ်ဝ နေသူဖြစ်စေကာမူ ရန်သူမျိုးငါးပါးတွင် တစ်ပါးပါးနှင့် ကြုံ တွေ့ ရလျှင် အနှစ်နှစ်အလလ စုဆောင်းခဲ့သမျှသည် နာရီပိုင်းရက်ပိုင်းအတွင်း အား လုံးမကုန်နိုင်ဟူ၍ မည်သူသည် ပြောနိုင်ပါ မည်နည်း။ အဖိုးများစွာ ထိုက်တန်သော အဆောက်အအုံကြီးများပင်လျှင် နာရီအနည်းငယ်အတွင်း မီးစာဖြစ်သွားသည်ကို လည်းကောင်း၊ အဖိုးတန်ကုန်ပစ္စည်းများ တင်ဆောင်သည့် သင်္ဘောကြီးများသည် နစ်မြုပ်ပျက်စီးရသည်ကိုလည်းကောင်း တွေ့ကြုံဖူးကြသည်သာ ဖြစ်၏။ ထိုကဲ့သို့သော အပျက်အစီး များနှင့် ကြုံတွေ့ရသောအခါတွင် ကြိုတင်တွေးတော၍ မထား ခဲ့သော ဒုက္ခအပေါင်းသည် ဝင်ရောက်လတတ်လေသည်။ ရှေးအခါက ကုန်သည်များသည် မိမိတို့၏လုပ်ငန်းတွင် တန်ဖိုးအများဆုံးဖြစ်သော ကုန်သင်္ဘောကြီးများ ပင်လယ်တွင် နစ်မြုပ်ပျက်စီးခြင်းဘေးနှင့် ကြုံတွေ့ရသောအခါ နေ့ချင်းညချင်း လူ ဆင်းရဲအဖြစ်သို့ ရောက်သွား တတ်ကြလေသည်။ ထိုသို့ ဖြစ်ရခြင်းကို ကာကွယ်နိုင်သော နည်းကောင်းလမ်းကောင်းများကို ရှာဖွေကြသောအခါတွင် တဦးတယောက်တည်း မတတ်နိုင်စေကာမူ အများနှင့်ဆောင်ရွက်ရသော် ဖြစ်နိုင်သည်ကို တွေ့ကြလေသည်။ ထိုနည်းကောင်းမှာ အာမခံ ထားသောနည်း ဖြစ်၍ ယခင်ကြုံတွေ့ခဲ့ရသော အပျက်အစီးတို့၏ ဒဏ်ချက် များကို သိသိသာသာ လျော့ပါးသွားစေလေသည်။ ထိုအခါမှစ၍ မမျှော်လင့်ဘဲ ကြုံတွေ့ရသော အပျက်အစီး အမျိုးမျိုးကြောင့် ဆင်းရဲဒုက္ခရောက်ရခြင်းများကို ကာကွယ်ရန် အာမခံထားသော စနစ်သည် ယခုခေတ် စနစ်များကဲ့သိ့ မဟုတ်သေးဘဲ သဘော မျှသာဖြစ်၏။ ရှေးအကျဆုံး အသက်အာမခံ တစ်ခုကို ၁၅၈၃ ခုနှစ်တွင် တွေ့ခဲ့ရ၍ ၁၆ဝ၁ ခုနှစ်တွင်မှ အင်္ဂလန်ပြည်တွင် အာမခံနှင့်ဆိုင်သော ဥပဒေရပ်များကို စတင်ထုတ်ပြန်ခဲ့သည်။ ၁၉၇၁ ခုနှစ်အထိ အာမခံစနစ်တွင် ရေကြောင်းအာမခံ၊ အ သက်အာမခံနှင့် မီးအာမခံဟူ၍ သုံးမျိုးသာ ရှိခဲ့သည်။ ကမ္ဘာ ပေါ်တွင် ရှေးအကျဆုံးနှင့်အကျော်ကြားဆုံးသော အာမခံကုမ္ပဏီ တခုမှာ လန်ဒန်မြို့ရှိ လွိုက်ကုမ္ပဏီဖြစ်ကေင်းဖြစ်ပေမည်။ အများဆုံးအသုံးပြုကြသော အာမခံမှာ အသက်အာမခံဖြစ်၏။ အသက်အာမခံထားသောအခါ လူ တစ်ယောက် သူကွယ်လွန်သောအခါ ကျန်ရစ်သူ သားမယားအတွက် အတိဒုက္ခမရောက်စေရန် ထားခဲ့လိုသော ငွေကို သတ်မှတ်၍ အချိုးကျနှစ်စဉ်ကြေးကို ပေးသွင်းသွားရသည်။ ထိုအာမခံထားသူ သေဆုံးသော အခါတွင် အာမခံကုမ္ပဏီက ကျန်ရစ်သော သားမယားအား သတ်မှတ်ထားသော ငွေကို ထုတ်ပေးရ၏။ ထိုအာမခံစနစ်အပြင် အသက်အာမခံငွေစု စနစ်တစ်မျိုးကိုလည်း အသုံးများကြသည်။ ထိုစနစ်မှာ ရိုးရိုး အသက်အာမခံကဲ့သို့ပင် သတ်မှတ်ထားသော ငွေအတွက် အချိုးကျနှစ်စဉ်ကြေးကို နှစ်အပိုင်းအခြားနှင့် သတ်မှတ်၍ ပေးသွင်းရ၏။ သတ်မှတ်ထားသော နှစ်မစေ့မီ ထိုသူသေဆုံး ခဲ့လျှင် သတ်မှတ်သောငွေကို ကုမ္ပဏီက ပေးလျော်ရသည်။ အကယ်၍ သတ်မှတ်ထားသော နှစ်အပိုင်းအခြားကုန် ဆုံးသွား၍ သတ်မှတ်ထားသောငွေကိုလည်း အပြည့်ပေး သွင်းပြီးလျှင် ထိုငွေကို အာမခံထားသူကိုယ်တိုင် ပြန်လည် ထုတ် ယူနိုင်ခွင့် ရှိသည်။ ပမာအားဖြင့် လူ တစ်ယောက်သည် ငွေကျပ် ၂ဝဝဝ ကို သတ် မှတ်၍ အနှစ် ၂ဝ အာမခံထားကာ နှစ်စဉ်ကျပ် ၁ဝဝ ကျ ပေးသွင်းသွား၏။ အာမခံ စာချုပ် အတည်ဖြစ်ပြီး၍ သတ်မှတ်သောနှစ်မစေ့မီ ထိုသူသေဆုံးပါက ကျန်ရစ်သော သားမယားအား ကုမ္ပဏီက ငွေကျပ် ၂ဝဝဝ အပြည့်ပေးလျော် ရသည်။ အကယ်၍ ထိုသူမသေဆုံးပဲ အနှစ် ၂ဝ ပြည့်အောင် နှစ်စဉ်ကြေးပေးသွင်းပြီးဖြစ်လျှင် ငွေကျပ် ၂ဝဝဝ ကို ထိုသူ အားပင်ပြန်၍ ထုတ်ပေးသည်။ မီးအာမခံ၊ ရေ ကြောင်း အာမခံတို့မှာလည်း ထိုစနစ်များ ကဲ့သို့ပင် နှစ်စဉ်ကြေးပေးသွင်းကာ တစ်စုံတရာ ဆုံးရှုံးနစ်နာမှု ရှိလျှင် အာမခံကုမ္ပဏီက ပေးလျော်ရသည်။ ၁၉၇၁ ခုနှစ်နောက် ပိုင်းတွင် စက်မှုလက်မှုလုပ်ငန်းများ တိုး တက်ဖွံ့ဖြိုးလာသကဲ့သို့ပင် အာမခံလုပ်ငန်းသည်လည်း တိုးတက်ဖွံ့ဖြိုးခဲ့သည်။ ယခင်က ရေကြောင်းအာမခံ၊ မီးအာမခံနှင့် အ သက်အာမခံဟူ၍ သုံးမျိုးသာ ရှိခဲ့သော် လည်း ထိုခေတ်မှစ၍ လူတို့တွင် တွေ့ကြုံရတတ်သော ပျက်စီးဆုံးရှုံးနစ်နာမှု ဟူသမျှကို အာမခံ ထားနိုင်ကြလေသည်။ မတော်တဆ ထိခိုက် နာကျင်မှု၊ ခြေလက်အင်္ဂါချို့ယွင်းမှုမှအစ မော်တော်ကားများ ပျက်စီးမှု၊ မော်တော်ကား အတိုက်ခံရမှုတို့ကိုပါ အာမခံထား နိုင်၏။ (ဟော်လီဝုရုပ် ရှင်မင်းသမီးများသည် မိမိတို့အသံကိုပင် အာမခံထားကြသည်။) ဂရိတ်ဗြိတိန်နိုင်ငံတွင် အသက် ၁၄ နှစ်မှ ၆၅ နှစ်အတွင်း ရှိ အလုပ်လက်ကိုင်ရှိ၍ တစ်နှစ်လျှင်ဝင်ငွေ အနည်းဆုံး စတာ လင်ပေါင် ၂၅ဝ ထက်မနည်း ရရှိသူတို့သည် အမျိုးသား ကျန်း မာရေး အာမခံအက်ဥပဒေအရ အာမခံထားကြရလေသည်။ ထိုအာမခံထားရာ၌ ပေးသွင်းရန်လိုအပ်သော ငွေကို အစိုးရ၊ အလုပ် ရှင်နှင့် ကာယကံရှင်သုံးဦးက ပူးပေါင်းတာဝန်ယူ၍ ပေးသွင်းရ၏။ အသက် ၁၄ နှစ် အထက်ရှိ လူတို့သည်လည်း အလုပ် လက်မဲ့ အာမခံကိုထားကြ၍ အလုပ်ရှိစဉ် ကုမ္ပဏီမှ သတ်မှတ်ထားသော ငွေရင်းကို ပေးသွင်းကြပြီးလျှင် အလုပ် လက်မဲ့ဖြစ်သည့်အခါများတွင် ထိုသို့ ပေးသွင်းထားသောငွေမှ အပတ်စဉ် အရစ်ကျ ရရှိခံစားကြ ရ၏။ ဤသို့ဖြင့် အလုပ် လက်မဲ့ပြဿနာမှာ ဖြေရှင်းပြီး ဖြစ်ရလေသည်။ သားသမီးများ၏ ပညာသင်ကြားရေးအတွက် စိတ်ချရစေရန် ငွေစုသည့်သဘောနှင့်လည်း အာမခံ ပြုလုပ် နိုင်၏။ ထိုစနစ်မှာ သားသမီးများငယ်စဉ်မှစ၍ အာမခံငွေကို ပေးသွင်းပြီးလျှင် ငွေကုန် ကြေးကျ အများဆုံး ပညာကို သင်ယူရမည့်အချိန်တွင် ထုတ်ယူသုံးစွဲရန် ဖြစ်၏။ မြန်မာနိုင်ငံအဖို့ဆိုလျှင် သားသမီးများကို တက္ကသိုလ်သို့ ပို့ချိန်မှာ ငွေကုန်ကြေးကျ အများဆုံး ဖြစ်ပေသည်။ ထိုကဲ့သို့သော အချိန်မျိုးတွင် ငွေကြေး အခက်အခဲနှင့် မကြုံရလေအောင် ကြိုတင်စီမံထားသော စနစ်ဖြစ်လေသည်။ ကြွေးမြီများကို အာမခံသော စနစ်လည်း ရှိ၏။ ပမာအားဖြင့် လူတစ်ယောက်သည် အိမ်တစ်ဆောင်ကို အကြွေးယူဝယ်ထား၍ ထိုအကြွေးမပြေမီ သေဆုံးသွားရာ ကျန်ရစ်သော သားမယား များက ဆက် လက် ပေးဆောင်နိုင်သော အခြေအနေမရှိလျှင် အိမ်မဲ့ယာမဲ့ ဖြစ်သွားပေမည်။ သို့သော် အထူးအာမခံစနစ် မျိုးအရ ထိုသူသေဆုံးသည်နှင့် တစ်ပြိုက်နက် ကျန်အကြွေး အားလုံးကို လျှော်ပစ်ရသည်။ အသက်ကိုဖြစ်စေ၊ ပစ္စည်းကိုဖြစ်စေ အာ မခံထားရာ၌ အာမခံကုမ္ပဏီက လူဖြစ်လျှင် အသက်အရွယ် ကျန်းမာရေး အခြေအနေတို့ကို စစ်ဆေး၍ အိမ်ရာပစ္စည်းတစ်ခုခုဖြစ်လျှင် ထိုပစ္စည်း၏ ခိုင်ခံ့မှု၊ လုံခြုံမှု အခြေအနေကို စစ်ဆေးပြီးမှ သင့်လျော်သော နှစ်စဉ်ကြေးကို သတ်မှတ်ကောက် ခံသည်။ ပမာအား ဖြင့် မီးအာမခံပြုလုပ်သော အိမ်တဆောင်အတွက် နှစ်စဉ်ကြေးကို သတ်မှတ်ရာ၌ အဆောက်အအုံ၏ ခိုင်ခံ့မှု အပေါ်တွင် အခြေပြုရသည်။ သံတိုင်၊ သံဘောင်၊ အုတ်၊ ကျောက် စသည့် မီးမစွဲနိုင်သော ပစ္စည်းများဖြင့် ဆောက်သောအိမ်သည် သစ်ဝါးတို့ဖြင့်ဆောက်သော အိမ်ထက် အာမခံ နှုန်းလျော့၍ ပေးရ၏။ ဤသို့ အာမခံနှုန်းထားနှင့်ဆိုင်သော အချက် အလက်များကို အာမခံဆိုင်ရာ ပါရဂူကြီးများသည် နှစ်ပေါင်းများစွာ လေ့လာတွက် ချက်၍ ပျမ်းမျှနှုန်းများကို သတ်မှတ်ထားကြလေသည်။[၁]
ကိုးကားချက်
မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)။
အထက်ပါအကြောင်းကို wikipedia မှ ပြန်လည်ကူးယူ ဖော်ပြခြင်း ဖြစ်သည်။
20/08/2023
သောကကင်းဝေးအသက်အာမခံဆိုတာ ဘယ်လိုမျိုးလဲ။
ဘယ်လိုအကျိုးခံစားခွင့်တွေရှိသလဲ စတွေကိုသိချင်ရင် မေးမြန်းစုံစမ်းနိုင်ပါတယ်။
19/08/2023
မနက်ဖြန် (၂၀)ရက်နေ့၊ တနင်္ဂနွေနေ့
နေ့လည် (၁) နာရီ မှ (၃) နာရီထိ
ပဲခူးမြို့ ကမ္ဘောဇဟင်္သာဟိုတယ်မှာ
ပြုလုပ်ကျင်းပမယ့်
အသက်အာမခံဟောပြောပွဲလေးရှိပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်။ စိတ်ပါဝင်စားတယ်ဆိုရင် LINN Life Insurance ရဲ့ Messenger ကနေသွားရောက်ဆက်သွယ်နိုင်ပါတယ်။
🌿အသက်အာမခံအကြောင်း သိလိုသူတွေ
🌿အသက်အာမခံထားရှိလိုသူတွေ
🌿အသက်အာမခံလုပ်ငန်းလုပ်ကိုင်လိုသူတွေ
မည်သူမဆို တက်ရောက်နိုင်ပါတယ်။
ကိုယ်ချစ်တဲ့မိသားစုဘဝလုံခြုံစိတ်ချဖို့
အာမခံထားရှိချင်တယ်ဆိုရင်
လာရောက်ဖို့ ဖိတ်ခေါ်ပါတယ်။
Messenger ကနေ
အမည် ဖုန်းနံပါတ်တို့နဲ့အတူ
စာရင်းပေးသွင်းနိုင်ကြပါတယ်။
လာမယ့် (၂၀)ရက်နေ့၊ တနင်္ဂနွေနေ့
နေ့လည် (၁) နာရီ မှ (၃) နာရီထိ
ပဲခူးမြို့ ကမ္ဘောဇဟင်္သာဟိုတယ်မှာ
ပြုလုပ်ကျင်းပမယ့်
အသက်အာမခံဟောပြောပွဲမှာ
ကျွန်တော်ရှိနေပါမယ်။
🌿အသက်အာမခံအကြောင်း သိလိုသူတွေ
🌿အသက်အာမခံထားရှိလိုသူတွေ
🌿အသက်အာမခံလုပ်ငန်းလုပ်ကိုင်လိုသူတွေ
မည်သူမဆို တက်ရောက်နိုင်ပါတယ်။
ကိုယ်ချစ်တဲ့မိသားစုဘဝလုံခြုံစိတ်ချဖို့
အာမခံထားရှိချင်တယ်ဆိုရင်
လာရောက်ဖို့ ဖိတ်ခေါ်ပါတယ်။
Messenger ကနေ
အမည် ဖုန်းနံပါတ်တို့နဲ့အတူ
စာရင်းပေးသွင်းနိုင်ကြပါတယ်။
18/08/2023
စိတ်ဖိစီးမှုကင်းကင်းနဲ့ ရည်မှန်းချက်တွေအတွက် အကောင်အထည်ဖော်နိုင်ဖို့ဆို ငွေကြေးကို သေချာ စီမံခန့်ခွဲနိုင်ဖို့ကလည်း အရေးကြီးတယ်နော်။ ဒါဆို ငွေကြေးစီမံတဲ့အခါမှာ မှားတတ်တဲ့ အမှားလေးတွေက ဘာတွေဖြစ်မလဲ အတူတူ ကြည့်လိုက်ရအောင်။
Thriving Towards Your Goals Successfully?
It starts with Financial Management! Avoid these common financial mistakes to pave the way to success.
16/08/2023
ဒီနေ့ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်ဟာ သင့်မိသားစုရဲ့ မနက်ဖြန်ပါပဲ။
မနက်ဖြန်တိုင်းမှာ အာမခံချက်ရှိစေဖို့ ဒီနေ့ပဲ ပြင်ဆင်စရာရှိတာပြင်ဆင်လိုက်ပါ။
အာမခံထားတယ်ဆိုတာ သင့်မိသားစုရဲ့ မနက်ဖြန်အတွက် ပြင်ဆင်ထားလိုက်တာပဲ ဖြစ်ပါတယ်။
အာမခံအကြောင်း လေ့လာနိုင်ဖို့ ကျွန်တော့်ရဲ့ Page လေးကို Like and Follow လုပ်ထားလို့ရပါတယ်နော်
ချစ်ခြင်းများစွာဖြင့်
Ko Aung - LifePolicy Educate
16/08/2023
ချစ်လှစွာသော မိတ်ဆွေများအတွက် တန်ဖိုးရှိတဲ့ လက်ဆောင်လေးတစ်ခုပေးချင်ပါတယ်။
မိတ်ဆွေအတွက် ..... မိတ်ဆွေ တန်ဖိုးထားရတဲ့ မိသားစုဝင်တွေအတွက် .....
စိတ်ချရတဲ့ အကာအကွယ်လေးတစ်ခုအကြောင်း သတင်းကောင်းပါး ပါရစေ။
ဒီအကာအကွယ်လေးအကြောင်း သိချင်ရင် ကျွန်တော့်ထံ ဆက်သွယ်လို့ ရပါတယ်နော်။
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon
11451