Solar/Battery/Inverter professional Service

Solar/Battery/Inverter professional Service

Share

Solar/Battery/Inverter Professional Repair Service

27/01/2025

#အိမ်သုံး 6kW Solar System

အိမ်သုံးဆိုလာစနစ်များအတွက် တပ်ဆင်မည့် အိမ်တွင် သုံးဆွဲသည့် load ပေါ်မှုတည်ပြီး kW ကို ရွေးချယ် တပ်ဆင် အသုံးပြုကြပါသည်။

လျှပ်စစ်ဓါတ်အားကို အတော်အသင့် သုံးစွဲသည့် အိမ်အတွက် 6kW ဆိုလာစနစ်သည် အသင့်တော်ဆုံးဖြစ်မည်ဟု ဆိုရပေလိမ့်မည်။

6kW ဆိုလာစနစ်သည် လျှပ်စစ်ဓာတ်အား 6 ကီလိုဝပ်(6000 Watt) အထိ
ထောက်ပံ့ပေးနိုင်သော နေရောင်ခြည်စွမ်းအင်သုံးစနစ်ဖြစ်သည်။

တစ်နေ့လျှင် နေ၏ အမြင့်ဆုံးအချိန် ၅ နာရီ ရရှိပါက တစ်နှစ်လျှင် 8760 kWh ခန့် စွမ်းအင်ထုတ်လွှတ်နိုင်ပါသည်။

6kW ဆိုလာစနစ်သည် Load 3250W အသုံးပြုသော အိမ်များအတွက် ပိုမိုသင့်တော်သည်။

လျှပ်စစ်ဓာတ်အားခများကို လျှော့ချရန်နှင့် လျှပ်စစ်မီးပျက်တောက်မှုကို အစားထိုးရန် ကြိုးပမ်းနေသည့် အိမ်ပိုင်ရှင်များအတွက် ရေပန်းစားသော ရွေးချယ်မှုတစ်ခုဖြစ်ပါသည်။

အိမ်သုံးဆိုလာစနစ်တွင် ပုံမှန်အားဖြင့် အောက်ပါ အစိတ်အပိုင်းများ ပါဝင်ပါသည်။

ဆိုလာပြားများ(Solar panels) -
ဆိုလာပြားများသည် နေရောင်ခြည်ကို ဖမ်းယူကာ တိုက်ရိုက်လျှပ်စီးကြောင်း (DC) လျှပ်စစ်အဖြစ်သို့ ပြောင်းလဲပေးသည်။ 6kW ဆိုလာစနစ်တွင် ပုံမှန်အားဖြင့် တပ်ဆင်မည့် ဆိုလာပြား၏ ဝပ်ပေါ်တွင်မှုတည်၍ ဆိုလာပြား ၆ ပြား ကနေ ၁၂ ပြားထိ ချိတ်ဆက်တပ်ဆင်နိုင်ပါသည်။

ဥပမာ - 575 Watt ရှိသော ဆိုလာပြား ၁၂ ပြားထိ တပ်ဆင်နိုင်ပါသည်။

ဆိုလာအင်ဗာတာ(Inverter) -
ဆိုလာအင်ဗာတာသည် နေရောင်ခြည်စွမ်းအင်သုံးတွင် အရေးပါသောအစိပ်အပိုင်းဖြစ်သည်။ ဆိုလာပြားမှထုတ်ပေးသော တိုက်ရိုက်လျှပ်စီးကြောင်း
(DC) ကို အိမ်၏ လျှပ်စစ်စနစ်နှင့် တွဲဖက်အသုံးပြုနိုင်သည့် လျှပ်စီးကြောင်း (AC) လျှပ်စစ်အဖြစ်သို့ ပြောင်းလဲပေးပါသည်။

ဘက်ထရီ(Battery) -
ဆိုလာပြားမှ ထုတ်ပေးသော DC လျှပ်စစ်နှင့် အစိုးရလျှပ်စစ်ဓါတ်အားလိုင်း(utility grid) မှ AC လျှပ်စစ်ဓါတ်အားတို့ကို သိုလှောင်ပေးပြီး လိုအပ်အချိန်တွင် ပြန်လည်ထုတ်ပေးသော ကိရိယာဖြစ်သည်။

ထိုအပြင် ဆိုလာပြားများမှ ထုတ်ပေးသော လျှပ်စစ်ဓါတ်အားထက် အသုံးပြု လျှပ်စစ်ဓါတ်အား နည်းပါးသောအခါ ပိုလျံနေသော DC လျှပ်စစ်ဓါတ်အားကို ဘက်ထရီအားသွင်းရန်အတွက် အသုံးပြုပါသည်။

6kW solar system ၏ အင်ဗာတာသည် 48V ဖြစ်သောကြောင့် ဘက်ထရီသည်လည်း 48V သို့မဟုတ် 51.2V ဖြင့်ချိတ်ဆက်အသုံးပြုရပါသည်။

Battery runtime (hours) = (Battery capacity (Ah) x Battery voltage (V)) / Air conditioner wattage (W)

ဘက်ထရီ လည်ပတ်ချိန် (နာရီ) = (ဘက်ထရီ စွမ်းရည် (Ah) x ဘက်ထရီ ဗို့အား (V)) / အဲယားကွန်း ဝပ် (W)

ဥပမာ -
အကယ်၍ 1000 watts လေအေးပေးစက်ကို 51.2V 100Ah ဘက်ထရီနဲ့တွဲသုံးမည်ဆိုပါက

ဘက်ထရီ လည်ပတ်ချိန် = (100Ah x 51.2V) / 1000W = 5.12 နာရီ

(200Ah × 51.2V/ 1000W = 10.24 နာရီ

(300Ah × 51.2V/ 1000W = 15.36 နာရီ

စသည်ဖြင့် ခန့်မှန်းခြေ runtime ကို တွက်ချက်လို့ရပါသည်။

သုံးတဲ့အခါမှာလဲ ဘက်ထရီသက်တမ်းကြာရှည်စွာ သုံးနိုင်ရန်အတွက် Depth of Discharge(DOD) စံသတ်မှတ်ချက် ကို လိုက်နာရပါတယ်။

Gel battery ဆို 60%
Lithiun-ion နှင့် LifePO4 ဆို
80% အသုံးပြုရပါတယ်။

ပြောရမယ်ဆိုရင် Gel battery မှာဆို 40% ချန်သုံး၊ Lithiun-ion နှင့် LifePO4 ဆို 20% ချန်သုံးပေးပါက ဘက်ထရီသက်တမ်းကို ကြာရှည်စေပါတယ်။

ဘက်ထရီ အမျိုးအစားအနေနဲ့ Gel battery, lead-acid, Lithium-ion နှင့် LifePO4 ဘက်ထရီများကို အသုံးပြုနိုင်ပါသည်။ ဆိုလာစနစ်များအတွက် လူကြိုက်အများဆုံးက Lithum-ion နှင့် LifePO4 ဘက်ထရီအမျိုးအစားများဖြစ်ကြပါသည်။

6kW ဆိုလာစနစ်သည် ညနေပိုင်းတွင် လျှပ်စစ်မီးအများစုသုံးသော အိမ်များအတွက် သင့်လျော်ပါသည်။ ဆိုလာပြားများသည် နေ့ဘက်တွင် လုံလောက်သော စွမ်းအင်ကိုထုတ်ပေးပြီး ပိုလျံသောစွမ်းအင်ကို ညအချိန်အသုံးပြုရန်အတွက် ဘက်ထရီထဲတွင် သိမ်းဆည်းထားပါသည်။

အိမ်သုံးအဖြစ် အဲယားကွန်း 1hp ၊ ရေခဲသေတ္တာ၊ ရေမော်တာ 1 hp၊ CCTV၊ ထမင်းပေါင်းအိုးနှင့် မီးသီး၊မီချောင်းများ မီးလာနေသကဲ့သို့ အလှည့်ကျ အသုံးပြုနိုင်ပါသည်။

ကုန်ကျစရိတ်အနေနဲ့ အသုံးပြုသည့် ကုန်အမှတ်တံဆိပ်ပေါ်မှုတည်ပြီး အကြမ်းဖျင်းအားဖြင့် အနည်းဆုံး သိန်း ၁၃၀ မှ သိန်း ၁၆၀ ခန့် (သို့မဟုတ်) အများဆုံးသိန်း ၂၀၀ ခန့် (Installation & Accessories အပါအဝင် တပ်ဆင်ခ အပြီးအစီး) ကုန်ကျနိုင်ပါသည်။

#သုတ
#နေရောင်ခြည်စွမ်းအင် #ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်

Want your business to be the top-listed Engineering Company in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00