U.S. Embassy Rangoon
Welcome to the official page of the United States Embassy in Burma! Welcome to the official page of the U.S. Embassy in Rangoon, Burma.
07/05/2026
𝐂𝐮𝐥𝐭𝐮𝐫𝐚𝐥 𝐂𝐨𝐧𝐧𝐞𝐜𝐭𝐢𝐨𝐧𝐬 𝟐𝟎𝟐𝟔
𝐄𝐱𝐩𝐞𝐫𝐢𝐞𝐧𝐜𝐞. 𝐄𝐧𝐠𝐚𝐠𝐞. 𝐄𝐱𝐩𝐥𝐨𝐫𝐞.
"𝐂𝐮𝐥𝐭𝐮𝐫𝐚𝐥 𝐂𝐨𝐧𝐧𝐞𝐜𝐭𝐢𝐨𝐧𝐬" အစီအစဉ်ကတော့ အတွေ့အကြုံအသစ်တွေ၊ နှီးနှောဖလှယ်မှုအသစ်တွေနဲ့အတူ ဒီမေလထဲမှာ ရန်ကုန်မြို့ကို ပြန်လည်ရောက်ရှိလာပါဦးမယ်။ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ ကိုရီးယား၊ ယူကေ နဲ့ အမေရိကန်သံရုံးတွေနဲ့ ယဉ်ကျေးမှုစင်တာတွေဟာ သက်ဆိုင်ရာနိုင်ငံအသီးသီးရဲ့ ယဉ်ကျေးမှုတွေကို ရန်ကုန်မြို့မှာတင် ဝင်ရောက်လေ့လာနိုင်ဖို့ သူတို့ရဲ့ တံခါးတွေကို ဖွင့်လှစ်ထားမှာဖြစ်ပါတယ်။
"𝐂𝐮𝐥𝐭𝐮𝐫𝐚𝐥 𝐂𝐨𝐧𝐧𝐞𝐜𝐭𝐢𝐨𝐧𝐬" ဆိုတာ လာရောက်လည်ပတ်သူတွေကို အနုပညာ၊ ဂီတ၊ အစားအစာနဲ့ လက်တွေ့ပါဝင်ဆင်နွှဲနိုင်တဲ့အစီအစဉ်တွေကတဆင့် ရိုးရာဓလေ့တွေ၊ တီထွင်ဖန်တီးမှုတွေနဲ့ လူမှုအသိုက်အဝန်းတွေအကြောင်းကို တွေ့ကြုံခံစားနိုင်မယ့် အခွင့်အရေးတွေပေးအပ်သွားမယ့် ပျော်စရာကောင်းတဲ့ နိုင်ငံတကာယဉ်ကျေးမှုပွဲတော်တစ်ခုပါပဲ။
တံခါးဖွင့်ပြီးကြိုနေကြမယ့် နေရာတစ်ခုချင်းစီတိုင်းမှာ နိုင်ငံတစ်နိုင်ငံချင်းစီအကြောင်းကို ပိုပြီးနားလည်နိုင်ဖို့၊ ဆက်ဆံရေးတည်ဆောက်ကြဖို့နဲ့ ကမ္ဘာလုံးဆိုင်ရာ မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုတွေကို ခိုင်မာအားကောင်းစေတဲ့ မတူကွဲပြားမှုကို ဆင်နွှဲကြဖို့ တမူထူးခြားတဲ့ အခွင့်အလမ်းတွေ ရှိနေမှာပါ။
ဒီအထူးခရီးစဉ်အတွက် အားလုံးကို ဖိတ်ခေါ်ပြီး အတူတူ မျှဝေခံစားကြဖို့ မိမိတို့ စိတ်အားထက်သန်စွာ စောင့်မျှော်နေပါမယ်။
------------------------------------------------
This May, 𝐂𝐮𝐥𝐭𝐮𝐫𝐚𝐥 𝐂𝐨𝐧𝐧𝐞𝐜𝐭𝐢𝐨𝐧𝐬 returns to Yangon with a new season of discovery and exchange. Embassies and cultural centers of Canada, France, Germany, Italy, Japan, Korea, the United Kingdom, and the United States will open their doors and welcome you into their countries — right here in Yangon.
𝐂𝐮𝐥𝐭𝐮𝐫𝐚𝐥 𝐂𝐨𝐧𝐧𝐞𝐜𝐭𝐢𝐨𝐧𝐬 brings together a vibrant celebration of international culture, offering visitors the opportunity to experience traditions, creativity, and community through art, music, food, and interactive programs.
Each Open House provides a unique opportunity to deepen understanding, build connections, and celebrate the diversity that strengthens our global partnerships.
We look forward to welcoming you and sharing this special journey together.
05/05/2026
အမေရိကန်နိုင်ငံ၏ စီးပွားရေးဆိုင်ရာ ကျွမ်းကျင်မှုများကို ဒေသခံလုပ်ငန်းရှင်များထံ တိုက်ရိုက်မျှဝေပေးမည့် "Next-Gen Digital Mastery" အလုပ်ရုံဆွေးနွေးပွဲကို သံရုံး၏ အကြီးအကဲ ဒေါက်ဂ်ဆောန်နစ်ခ်မှ မန္တလေးမြို့ရှိ ဂျက်ဖာဆင်စင်တာတွင် ဧပြီ ၂၉ တွင် စတင်ဖွင့်လှစ်ပေးခဲ့ပါသည်။ 🇺🇸🇲🇲
မိမိတို့အကောင်အထည်ဖော်လျှက်ရှိသည့် Freedom 250 မျှော်မှန်းချက်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့် ဤအစီအစဉ်သည် Google Analytics မှသည် Canva အထိ ဒီဂျစ်တယ်စီးပွားရေးနယ်ပယ်တွင် အောင်မြင်ရန်လိုအပ်သော နည်းပညာရပ်များကို လူငယ် ၅၀ ဦးအား လေ့ကျင့်သင်ကြားပေးမည် ဖြစ်ပါသည်။ ကိုယ်ပိုင်အမှတ်တံဆိပ်များကို တိုးတက်အောင်လုပ်ဆောင်နိုင်ရန်၊ ဝင်ငွေဖန်တီးနိုင်ရန်နှင့် စီးပွားရေးဆိုင်ရာ ချိတ်ဆက်မှုများကို ခိုင်မာအားကောင်းစေရန်ဆောင်ရွက်ရာတွင် အမေရိကန်နိုင်ငံ၏ ဈေးကွက်မြှင့်တင်ရေး အတတ်ပညာများကို ဒေသခံလူငယ်များ၏ အရည်အချင်းများနှင့် ပေါင်းစပ်ပေးခြင်းအားဖြင့် မျိုးဆက်သစ်လူငယ်များကို မိမိတို့ ပျိုးထောင်ပေးသွားမည်ဖြစ်ပါသည်။ 🚀
၂၀၂၆ တွင် အောင်မြင်မှုရရှိရန်အတွက် မည်သည့် ဒီဂျစ်တယ်ကျွမ်းကျင်မှုက အရေးအကြီးဆုံးဟု သင်ထင်ပါသနည်း။ မှတ်ချက်တွင် ဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါဦး။
-------------------------------------------------
CDA a.i. Doug Sonnek launched the "Next-Gen Digital Mastery" workshop at the Jefferson Center Mandalay on April 29, bringing American business expertise directly to local entrepreneurs. 🇺🇸🇲🇲
As part of our Freedom250 vision, this program equips 50 young adults with the tools needed to thrive in a digital economy—from Google Analytics to Canva. By connecting U.S. marketing know-how with local talent, we are empowering a new generation to grow their brands, generate income, and strengthen economic ties. 🚀
Which digital skill do you think is most important for success in 2026? Let us know in the comments!
Click here to claim your Sponsored Listing.
Category
Contact the organization
Telephone
Website
Address
110 University Avenue, Kamayut Township
Yangon
11041
Opening Hours
| Monday | 08:00 - 16:30 |
| Tuesday | 08:00 - 16:30 |
| Wednesday | 08:00 - 16:30 |
| Thursday | 08:00 - 16:30 |
| Friday | 08:00 - 16:30 |